၃။ ခိုးပေါက် ” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၃)   တရုပ်ပြည်နဲ့မြန်မာပြည် နယ်နိမိတ်ကို သံတိုင်တွေနဲ့ခြားထားပါတယ်။ သံတိုင်တွေက လူတစ်ရပ်ကျော်ကျော်မြင့်ပြီးအဖျားမှာသံချွန်တွေတပ်ထားပါတယ်။ အရာရာကိုကျော်လွှားနိုင်တဲ့ဉာဏ်အပြည့်ရှိတဲ့ ကျနော်တို့လူမျုးိတွေက သံတိုင်ကို ကျယ်အောင်ချဲ့ထားပြီး လူတစ်ယောက်စာဝင်လို့ရအောင်လုပ်ထားပါတယ်။ ခိုးပေါက်လို့ခေါ်ပါတယ်။ ဒီလိုခိုးပေါက်လေးတွေက လေးဘက်လေးတန်မှာ ရှိပါတယ်။ တောင်ဘက်မှာတော့ ဆင်ဖြူပေါက်နားလေးမှာ ရှိပါတယ်။ မြောက်ဘက်ဆိုရင်တော့ မန်ဝိန်းပေါက်အလွန် မြန်မာရိုးရာအနှိပ်ခန်း တွေနားမှာ ရှိပြန်ပါတယ်။ ခိုးဝင်ခိုးထွက်သူကိုဖမ်းဘို့ ရဲကားတွေက အမြဲကင်းလှည့်နေပါတယ်။ အဲလို ပါတ်ပါတ်လည်ကာထားတဲ့နေရာအတော်များများမှာ နယ်ခြားမျဉ်း မဖြတ်ကျော်ရဆိုတာကို ဆိုင်းဘုတ်အဝါကြီးတွေနဲ့ သတိပေးစာရေးထားပါတယ်။ ခိုးထွက်တာမိသွားရင် ဒဏ်ငွေယွမ် ၂၀ဝ ကနေ ၅၀ဝထိ ရိုက်တတ်ပါတယ်။ သူတို့ဥပဒေအရတော့ တစ်နှစ်အောက်ချုပ်နှောင်ထားခွင့်ရှိတယ်လို့ဆိုပါတယ်။ စာအုပ်အနီမရှိသူ တွေကတော့ မူဆယ်ဘက်ကနေ ကျယ်ခေါင်ဘက်ကိုအလုပ်လာလုပ်ရင် ကျပ်တစ်ထောင်အကုန်မခံနိုင်တော့ ခိုးပေါက်ကိုဘဲအားကိုးကြရပါတယ်။ ကျယ်ခေါင်မြိုထဲကို […]


. မြ တွင် မောင် ပေါင်းများစွာရှိသည်။ အရင်းတွေလဲ ပါသည်။ ဝမ်းကွဲ တွေလဲ ရှိသည်။ သူတို့ ထဲ မှ တစ်ယောက် ရဲ့ ဇာတ်လမ်း ဖြစ်သည်။ စပြီ။ သူ၏ ဖခင်က ရာထူးရှိသော်လည်း ဘေးပေါက်မရှိ ဝန်ထမ်း မို့ မိသားစု တွင် နဲနဲ ရုန်းရသည်။ ထိုအချက် က ပင် သူ့ ဘဝ ရည်မှန်းချက် ကို  တော်တော်လေး ကြီးသွားစေခဲ့ သည်။ သူများတကာ လို ကျူရှင် မယူနိုင်သည့် ဘဝ တွင် ကိုယ်ထူကိုယ်ထ လေ့လာရသည်။ သူများတွေ ထက် နှစ်ဆ ထား ကြိုးစားရသည်။ ပညာရေး မှာ ထူးချွန်ခဲ့ သူမို့ […]


Ma MaJuly 18, 20156min016
တစ်နေ့ပြီးတစ်နေ့ကို စိတ်ပါရင် ချဲ့ရေးလိုက် ၁၁ကျပ်ကျရင် ချုံ့ရေးလိုက်နဲ့ ရေးလာလိုက်တာ …………………….   အခုရေးမယ့် အပိုင်း ၁၅ ကတော့ ဩဂုတ်လ ၁ရက်နေ့ကနေ ၁ဝ ရက်နေ့အထိဖြစ်ပါတယ်။   ဒါကတော့ တစ်လလုံးရဲ့ ကာတွန်းတွေ။ <><><><><><><><><><><><><><><><><><><><><><><> တခါက ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်မှာ…. ကျောင်းထိုင်ဆရာတော်ကြီးတစ်ပါးရဲ့ ကျောင်းဝင်းထဲမှာ ခွေးမကြီးတစ်ကောင်ဟာ ခွေးလေးတွေမွေးပြီး ရက်ပိုင်းထဲမှာပဲ သေသွားတယ်တဲ့။   ဆရာတော်ကြီးက ခွေးမကြီး မရှိရင် ခွေးလေးတွေတော့ ဒုက္ခပဲ၊ သေကုန်ကြမှာပဲလို့ စိုးရိမ်မိသတဲ့။   ဒါပေမယ့် ကျောင်းကိုလာကြတဲ့ ဒကာတွေ ဒကာမတွေက အမိမဲ့တဲ့ခွေးပေါက်စနလေးတွေ တွေ့တော့ သနားပြီး မွေးစားဖို့ ခေါ်သွားကြသတဲ့။   အဲဒီလိုနဲ့ အမေခွေးမကြီးသာရှိရင် လမ်းဘေးမှာပဲ ကြီးပြင်းရမယ့် ခွေးကလေးတွေဟာ အိမ်မွေးခွေးတွေ […]


SawAungJuly 17, 20151min015
ဒီနေ့တော့ ဝက်သားနဲ့ ဒညင်းသီး နှပ်စားဖို့ စဉ်းစားထားတာနဲ့။ ဒညင်းသီးဝယ် ပြုတ်ထားလိုက်တယ်။ ပြုတ်တဲ့နေရာမှာလည်း အပြင်မှာရောင်းတဲ့ဆိုင်တွေလို ပြုတ်တဲ့ရေတွေ မမည်းအောင် ဂရုစိုက်ရတယ်။ ရေတွေမည်းသွားတယ်ဆိုတာကလည်း ဒညင်းသီးရဲ့ အခွံက အမှုန်တွေကြောင့်လေ။ အဲ့ဒါကြောင့် ဒညင်းသီးကို အခွံကွာရုံခဏပြုတ်ရပါတယ်။ ပြီးရင် ရေအေးနဲ့စိမ် အခွာတွေကိုနွှာပြီး ရေအသစ်နဲ့ ပြန်ပြုတ်ရင် ရေတွေလည်း မည်းမနေတော့ပါဘူး။ နောက်တစ်ချက်က ပိုအရသာရှိအောင် ဆားအနည်းငယ် သကြားအနည်းငယ် ပဲငံပြာရည်နဲ့ ဟင်းခတ်မှုန့် အနည်းငယ်ထည့်ပြီးပြုတ် ပိုအရသာရှိပါတယ်။ ဝက်သားနဲ့ဒညင်းသီးနှပ်တဲ့ နေရာမှာတော့ ကျတော်က လုံးချက်ပါတယ်။ ပထမဆုံး ဝက်သားကိုဆေး ကြက်သွန်နီကို ပါးပါးမလှီးပဲ လေးစိပ် ကြီးရင် ခြောက်စိပ်ခွဲထည့်ပါတယ်။ ဂျင်းနဲ့ကြက်သွန်ဖြူ နှစ်မွှာလောက်ကို ညက်အောင်ထားပြီးထည့်မယ်။ ဆားအနေတော် ဟင်းခတ်မှုန့်နေရာမှာ ကျတော်ကတော့ အချို့မှုန့်မသုံးပါဘူး။ City mart တွေမှာ […]


YE YINT HLAINGJuly 17, 20151min024
တရက်သောညနေတွင် ဖုန်းအဆက်အသွယ်ရသဖြင့် မတွေ့ရသည်မှာကြာပြီဖြစ်သော ညီ တစ်ဦးကဲ့သို့ချစ်ခင်ရသည့်မောင်ဝမ်း ရှိရာသို့ထွက်လာခဲ့သည်။ မောင်ဝမ်းရှိရာ အဆောင်သို့ ရောက်ချိန်တွင် မောင်ဝမ်းမှာ အဆောင်ရှေ့တွင် ကျနော့် အားအသင့်စောင့်ကြိုနေလေသည်။ လာ အကို လဘက်ရည်ဆိုင် သွားရအောင် လဘက်ရည်ဆိုင်သို့ရောက်သော် မောင်ဝမ်းက ပေါ့စိမ့် ရိုးရိုးနှစ်ခွက်ဟု မှာပြီးမှ ကျွန်တော့အား အကို့ ရှယ်သောက်မလား ရှယ်တခွက်ပြောင်းမှာလိုက်မယ် လိုပါဘူးငါ့ညီရာ လဘက်ရည်သောက်တိုင်း အကိုကတော့ ရှယ်တွေ ရိုးရိုးတွေအာရုံ မရှိပါဘူးကွာ ရိုးရိုးပဲထားလိုက်ပါ။ဘယ်လိုလည်း ညီကော အဆင်ပြေလား? လစာတော့ တိုးလာပါတယ် အရင်လိုတော့ အဆင်မပြေဘူးအကို အဖေက ပင်စင်ယူသွားပြီး ကျ နော့အောက်က အငယ် နှစ်ယောက်က အတန်းတွေ တက်လာတယ် ။ စားစရိတ် ပုံမှန်ဆိုပေမဲ့ ကျောင်းစရိတ်တက်လာတာပေါ့ဗျာ။ လစာတိုးသွားပြီဆိုတော့ အခု ဘယ်လောက် ရလဲ? […]


၂။ ဝင်စေ……………. ထွက်စေ……………….. ” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၂)   မူဆယ်ရောက်လာပြီး တရုပ်ပြည်ထဲကိုဝင်မယ်ဆိုရင် ပထမဆုံးလိုအပ်တာကတော့ မှတ်ပုံတင်ပါဘဲ။ မှတ်ပုံတင်ပါရင် မြန်မာ့လဝကရှေ့မှာတန်းစီ မှတ်ပုံတင်ပြ ဓါတ်ပုံရိုက်ပြီး ငွေတစ်ထောင်ကျပ်ပေးလိုက်တဲ့အခါ တစ်ပါတ်ယာယီနေထိုင်ခွင့် တစ်ခါသုံး ကဒ်ပြားအစိ်မ်းလေးလက်ထဲကိုရောက်လာတယ်ဆိုရင် တရုပ်ပြည်ထဲကိုဝင်လို့ရပါပြီ။ ၆ညအိပ်ရရက်နေ့ခွင့်အတွက်ကျပ်တစ်ထောင်ပါ။ အဲဒီကဒ်လေးကိုယူ တရုပ်ပြည်ထဲကိုဝင်တဲ့ အဆောက်အဦထဲကိုဝင်လိုက်ပါ။ လူတွေတန်းစီနေတဲ့နောက်က ဝင်တန်းစီလိုက်ပါ။ အဲဒီနေရာနားကိုရောက်ပြီဆိုရင် “စာအုပ်ဖွင့်ပေးပါ။ မဆူညံရ လက်ကိုင်ဖုန်းမသုံးရ ဓါတ်ပုံမရိုက်ရ၊” ဆိုတာတွေကိုပုံလေးတွေနဲ့ပြထားပါတယ်။ တန်းစီပါ၊ ရပ်မျှဉ်းအဝါထက်မကျော်ရဘဲ တစ်ယောက်နဲ့တစ်ယောက်ခွာပြီးဝင်ပါ လို့ရေးထားပေမယ့် ကျနော်တို့ မြန်မာတွေက တော့ ရှေ့လူနဲ့နောက်လူ ဇွတ်ကပ်ထားကြတာပါဘဲ။ ကြားဖြတ်တိုးလို့မရအောင်ပိတ်ထားတာကအကျင့်ပါနေတာကိုး။ သူတို့ရှေ့ရောက်တဲ့အခါ ဦးထုပ်ဆောင်းထားရင်ချွတ်ခိုင်းမယ်။ မျက်မှန်ချွတ်ခိုင်းမယ်။ သူတို့စည်းကမ်းနဲ့မကိုက်ညီရင် တစ်လုံးစနှစ်လုံးစတတ်တဲ့မြန်မာစကားနဲ့ပြောမယ်။ “တန်းစီ ” တို့ “စာအုပ် “တို့ […]


မနက် က ရွာထဲ အမြန် ဝင် အကြည့်  ကြောင်ကြောင် ရဲ့ ပို့စ် ခေါင်းစဉ် ကို မြင်ပြီး အသေအချာမဖတ်သေးဘဲ ရန်ထောင် လိုက်မိတာ တွေး ပြီး နဲနဲ ရှက် သွားတယ်။ များများတော့ မဟုတ်ပါဘူး။ 😉 အားလုံး ဖြစ်နေကျ သဘောမှာ ရှိတာဘဲ။ တစ်ဖက်သပ် ကိုယ့်အမြင်၊ ကိုယ့် အတွေး  နဲ့ ဒါဆို သူတော့ ဒီလို ပြောတော့မှာဘဲ။ ဒီလို လုပ်တော့မှာဘဲ ဆို တဲ့ စိတ် ရှေ့တန်းထားပြီး ကိုယ့်ဟာကို ကောက်ချက်ချ တာတို့၊ ဆုံးဖြတ်ချက်ချတာတို့ လုပ်လိုက်ခြင်းပါ။ သိုးဆောင်း မှာတော့ Confirmation bias (or) myside bias ပေါ့။ […]


SawAungJuly 16, 20151min018
မိုးရာသီနှင့် ပတ်သက်ရင်တော့ အကြောင်းအရာများစွာ ရှိခဲ့ဖူးသည်။ အချို့က မိုးရာသီကို မနှစ်သက်ပေမယ့် ကျွန်တော်ကတော့ မိုးရာသီကို နှစ်သက်သူတစ်ယောက်ပင်။ ကိုယ်မွေးတဲ့ လကတည်း (မေ)လပင်ဖြစ်လို့လား မသိ။ မိုးရာသီကို နှစ်သက်သည်။ မိုးရာသီရောက်ပြီဆို ပြန်ပြောင်းအကြောင်းတွေးစရာတွေက အများအပြားပင်။ ငယ်ငယ်က ကျောင်းတက်ချိန်အစ ယခုထက်တိုင် မိုးရာသီနှင့်ပတ်သက်တာပြောမကုန်အောင် ရှိခဲ့သည်။ အခုလည်း မိုးတွေရွာနေပြီ။ မိုးရာသီနှင့်ပတ်သက်ရင်တော့ အစားအသောက်အကြောင်းကို အရင်သတိရသည်။ အခုမှ အစားအသောက်အပေါ် ဝါသနာကြီးမှန်း သိခဲ့သည်။ ငယ်ငယ်တုန်းကတော့ အမေ့လက်ရာနှင့် အစ်ကိုတွေရဲ့ လက်ရာနဲ့တင် ရင်းနှီးခဲ့ရသည်။ မေမေကတော့ အမြဲပြောသည် အမေအလုပ်လုပ်တုန်းက အဖေက ထမင်းဟင်းချက်သည်။ နံနက်ဆို ဆိုင်ရောက်လာပြီး မိန်းမဈေးဖိုးပေးဆိုကာ ဖွယ်ဖွယ်ရာရာချက်ကျွေးတတ်သည်။ ကျွန်တော်ကတော့ ဖေ့ဖေ့ပုံရိပ်ကို သိပ်မမီလိုက်ပေ။ လေးနှစ်ဆိုသည်အရွယ်ဆိုတော့ ဝိုးတဝါးပင်။ မိုးရာသီဆို မှတ်မှတ်ရရက ခရုပြုတ်နှင့် […]


alinsettJuly 16, 20151min011
အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ … ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ပြန်လည် ပြင်ဆင်ပေးဖို့အရေး တောင်းဆိုချက်သတင်း၊ ကျောင်းသားသပိတ် ၊ အရေးအခင်းကြောင့် ဖမ်းဆီးခံထားရတဲ့ ကျောင်းသား၊ ကျောင်းသူအပါအဝင် ဝန်းရံပြည်သူတချို့ကို အာမခံနဲ့ ပြန်လွှတ်ပေးတဲ့သတင်း၊ မြန်မာပြည်မှာ ပထမဆုံးအနေနဲ့ နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့် လက်မှတ် (PR) စတင်း ထုတ်ပေးလိုက်တဲ့သတင်း၊ တပ်မတော် ကိုယ်စားလှယ် ၁၄ဝ ကျော်ရဲ့ ရွေးကောက်ပွဲ ဝင်မယ့်အရေးနဲ့                           သမ္မတ ဦးသိန်းစိန်ရဲ့ ရွေးကောက်ပွဲ ဝင်ခြင်း ဆိုင်ရာ သတင်းအခြေအနေများ၊ မြန်မာ စစ်တပ်အပေါ်ပြည်သူလူထုက အထင်အမြင်လွဲမှားစေနိုင်တဲ့ အပြုအမူ အပြောအဆိုများ ပြုမူပြောဆိုရင် အရေးယူမယ့်အကြောင်း သတင်းထုတ်ပြန်ချက်၊ လက်ရှိ ဖြစ်ပွါးနေတဲ့ မြန်မာတိုင်းရင်းသားဒေသတွေအတွင်းက စစ်ဘေးအခြေအနေသတင်းများ၊ မြန်မာပြည်ဟာ အခုလက်ရှိကာလအတွင်း သွေးလွန်တုပ်ကွေး […]


aye.kkJuly 15, 20151min014
  ဒေါ်ရင်ထုဟုဆိုရလျှင် နာမည်အရင်းတော့ မဟုတ်ပါဘူး ။ ဒေါ်ရင်ထုက လူအများအား စကါးပြောလိုသည့် အကြောင်းကိစ္စ ပေါ်ပေါက်သည့်အခါတိုင်း ရင်ဘတ်ကို ထု၍ထု၍ ပြောဆိုတတ်သဖြင့် နာမည်ရင်းပျောက်ဆုံးပြီး ဒေါ်ရင်ထုလို့  အမည်တွင်သွားပါတယ် ။ ဒေါ်ရင်ထုဟာ အင်မတန်မှပင် ပုဂ္ဂိုလ်ရေးရာ အရ အလွန်ခင်မင် လေးစားစရာ ကေါင်းလွန်းတဲ့သူပါ။ အရာရာကို တန်ဘိုးသိမြင် တန်ဘိုးထားတတ်လွန်းပြီး  အချိန်နှင့်အမျှ အလုပ်နှင့်လက် မပြတ် တရစပ် အမြဲလုပ်နေတတ်တာမို ့ကျွန်မအနေနဲ ့က မလေးစားပဲ မနေနိုင်မိတာ အမှန်ပါပဲ။ တစ်ရက်မှာ ကျွန်မစိတ်မှာ မနေနိုင်တော့ပဲ  ကြီးကြီးရေ၊ ကြီးကြီးက အချိန်တိုင်း အလုပ်လုပ်နေတာ နဲနဲပါးပါးလေးတောင် မနားတော့ဘူးလား မေးမိပါတယ် ။ ကြီးကြီးက ကျွန်မကို အခုနားနေတာပဲ မောလွန်းလို့လေ ဟုပြန်ပြောပါတယ် ။ ကျွန်မကို […]


YE YINT HLAINGJuly 15, 20151min06
လုပ်ငန်းတနေရာစာလေး ရဖို့ အတော်ကို ရုန်းကန် လှူပ်ရှားနေရသည်။ စိတ်ကြိုက်လုပ်ငန်း မရမခြင်း နေ့စဉ် အိတ်စိုက် နေရသည့် စားသောက် သွားလာ ဧည့်ခံ နေရသည့် စရိတ်ကလည်းမနည်း။ ညီအကို တတွေ နှင့် သူငယ်ချင်း တစု အစုလိုက် အပြုံလိုက် အလှည့်စား ခံခဲ့ရပြီး (၁၀)နှစ် စုလျှင်တောင် မရနိုင်သည့် ငွေကြေး လုပ်ငန်းအမှားကြောင့် (၁)နှစ် အတွင်း ကုန်ခဲ့ရပြီ။နောက်တကြိမ် မှားလျှင် သေဖွယ်ရာပင် ရှိတော့သည်။ ရောက်ပြီ အကို အတွေးများနေရာမှ ဝင်းအောင် ပြော၍ ကြည့်မိတော့ စည်းဝင်းအကျယ်ကြီး ကာရံထားပြီးဖြစ်သည့် အထပ်မြင့်အဆောက်အဦးကြီး ဆောက်လုပ်မည့် လုပ်ငန်းခွင်သို့ရောက်ပြီဖြစ်ကြောင်း သိလိုက်သည်။ လာ အကို ဟိုဘက်ခြမ်းမှာ ဆိုင်လေး ရှိတယ် …အဲဒီကိုသွားရအောင် ဝင်းအောင်ခေါ်သည့်နောက်သို့လိုက်ပြီးများမကြာမှီ အလျား […]


အတိတ်ကို အနာဂတ်က စား ပစ္စုပ္ပန်ရထားပေါ်မှာ အဖော်မပါသူ ငါ ၊ တစ်နေ့တစ်မျိုးတွေ့ အချိုးအကွေ့တွေမှာ ဆိုးပေ့ဆိုတဲ့ ဝေဒနာတွေဟာ မကျေညာပဲ ဝင်လို့သာလာခဲ့ အသာနွဲ့နေလို့မရ  ဘဝ ၊ လှပခြင်းဆိုတာ ဘယ်လိုပါလဲ မသဲကွဲသူအတွက် ထွက်လာတဲ့အဖြေဟာ သုည ထုံအအ ငါ့ခမျာ  ကံဇာတ်ဆရာကို လာဘ်မထိုးတတ်တော့လည်း သောက်ကျိုးနည်းရတာ အဆန်းမဟုတ် စန်းဆုတ်တဲ့ နှလုံးသားမှာ  အမုန်းများစွာက နေရာယူ သေချာသူက ဘယ်ဆီမသိ  ပြန်ကြည့်မိတော့ အထီးကျန် နည်းမမှန်အချစ်တွေက အပြစ်တွေကွ တဲ့ ပစ်လေသမျှ အချစ်မြား  နစ်သွားမပါတဲ့ ဖောင်တိန်လို နောင်အကြိမ်ကြိမ်ငိုချင်းချ  လိုရင်းရယ်ကမရောက်လေတော့ သောက်ပေဦး နောက်တစ်ပက် မှောက်လျက်သာလဲပါစေ အသည်းညှာကြွေသည်ဘဝ ဤမျှနှင့်သာကျေနပ်လေ ၊


သည်ရက်ပိုင်း ကျွန်မ၏စိတ်တွေ အလွန်ရှုပ်နေသည်။ ကျန်းမာရေးအခြေအနေကြောင့်လည်း ပါမည်ထင်သည်။ အကြောင်းအရာပေါင်းစုံ၊ အတွေးပေါင်းစုံတို့သည် ကျွန်မ၏ ဦးနှောက်အတွင်းသို့ စုပြုံဝင်ရောက်လာကြသည်။ အတွေးတို့သည် ခံစားချက်များအဖြစ် ပြောင်းလဲသွားသောအခါ ကျွန်မသည် တစ်ယောက်တည်းသာ နေချင်သူအဖြစ် ပြောင်းလဲသွားခဲ့လေသည်။   ကျွန်မတွင် ချစ်သူတစ်ဦးရှိသည်။ ကျွန်မကို အရမ်းချစ်သလို ကျွန်မကလည်း မလျော့သောအချစ်ဖြင့် ချစ်ပါသည်။ ကျွန်မတို့နှစ်ဦးလုံးသည် တစ်ယောက်၏အချစ်ကို တစ်ယောက်က နားလည်ကြသည်။ မတူညီသော အကျင့်စရိုက်များကြားတွင် တူညီသောအချစ်ဖြင့် ဘဝတစ်ခုတည်ဆောက်ရန် ကြိုးစားနေကြဆဲကာလဖြစ်သည်။ ကျွန်မတို့နှစ်ယောက်သည် အများအမြင်တွင် သိပ်ချစ်ပြီး နားလည်မှုရှိကြသော ချစ်သူနှစ်ယောက်ဖြစ်လေသည်။   သို့သော် ဗွေဖောက်သူက ကျွန်မပင်ဖြစ်သည်။ အချစ်ဆိုသည်မှာ သိနေရုံမျှနှင့် လုံလောက်ပြီလား ဟူသော မေးခွန်းသည် ကျွန်မထံတွင် အခါခါ ဖြစ်ပေါ်လာသည်။ စကားကြီးစကားကျယ်များ ပြောလေ့ရှိသော ကျွန်မသည် အများအမြင်တွင် […]