ဇီဇီJuly 15, 20151min038
လူပါးတုန်း ရေးချင်ရာ ရေးအူးမယ်လေ။   ခေါင်းစဉ်က လူရှိန်အောင် ပေးတာ ပါ။   :kwi: ဆိုရေးရှိရှိ မရှိရှိ ခင်ဇော် တစ်ကောင်ဟာ ကိုယ်ပြောချင်ရာကို ရှေ့မကြည့် နောက်မကြည့် အဲ … အလယ်လည်းမကြည့် ပြောတတ်တဲ့ အကောင်မှန်း ပိတ်သတ်ကြီးခန့်မှန်းမိလောက်ပါပြီ။ အဟိ။ :mrgreenn: ဂလို ကာဗာ အရင် ယူထားမှ။ ပြီးရင် ပြောချင်ရာတွေကို ပျော်ပျော်ကြီး ဆက်ပြောလို့ရပါပြီ။     မိမိဂီ စကား ငှါးပြောရရင် “မိန်းမထဲ ခင်ညားလောက် အကြောတင်းတဲ့ မိန်းမ မတွေ့ဖူးပေါင်” ဆိုပဲ။ (ယဉ်ကျေးအောင် ဘာသာပြန်ပြောတာပါ) :re: ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ ဘယ်သူ ဘာပြောပြော ကိုယ်လုပ်ချင်တာပဲ မျက်နှာပြောင်ပြောင် နဲ့ လုပ်ပစ်တာ။ […]


. မြသည် အင်မတန် အမြှောက်ကြိုက်သူ ဖြစ်သည်။ မနေ့က သင်ပုန်းထဲ ချစ်သော ကြောင်ကြောင် မှ “အဲလိုလေး တွေလဲ လုပ်စမ်းပါ” လို့ ချွန်သွားသည်။ သူကတော့ သူ့ အကြံဖြင့် လော်ဘီ ရန်ရှင်း အောင် တစ်ဖက်လှည့် ပြီး ပင့် ပြောခြင်းဖြစ်ပေသည်။ သို့သော် ထိုစကားသည် မြ အတွက်တော့ အားဆေးပေတည်း။ ငယ်တုန်းက နှလုံးသားကျိုးပျက်မှု များ ကို ပြန်ဖော်မည်။ တူးဆွ မည်။ အက်တစ်ဗ္ပိုင့် ဖြင့်တစ်နည်း ပက်စစ်ဗွိုင့် ဖြင့်တစ်ဖုံ ရေးမည် ဟု ပြင်ဆင်လေတော့သည်။ . မြ ၏ နှလုံးသားမြို့ဟောင်း တူးဖော်ချက် ပရော့ဂျက် ပေတည်း။ မရေးခင် လက်မတင်လေး  “ယူ့ စာတွေချည်း ဘဲ […]


၁။ ဝင်စို့ ထွက်စို့ ” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၁) မြန်မာပြည်ထဲက ရှမ်းပြည်မြောက်ပိုင်းရဲ့အစွန်အဖျားမြို့ကတော့ မူဆယ်မြို့ပါဘဲ။ မုတ္တမ၊မတ္တရာ ဆိုတဲ့မြို့လို မ နဲ့ စတဲ့ ခရီးလမ်းဆုံးမြို့လေးထဲက တစ်မြို့ပေါ့၊ ဟိုးအရင်နှစ်တွေက နှစ်ကြိ်မ်ရောက်ဘူးပေမယ့် ဒီတစ်ခေါက်ကတော့ ကြာကြာနေဖြစ်တယ်လို့ဆိုရပါမယ်။ အဲတော့ တို့တို့ တိတိ သိခဲ့သမျှ လေးတွေ ပိုများလာတာပေါ့။ ဒီမြေဒီဒေသ ရောက်ပြီဆိုတာနဲ့ မြို့အခေါ်ကွာခြားချက်လေးတွေကို သိလာရပြန်ပါတယ်။ ကျနော်တို့ရဲ့” မူဆယ် “ကို သူတို့ က ” မုကျယ်” သူတို့ရဲ့ ” ကျဲ့ဂေါင် “ကို ကျနော်တို့က “ကျယ်ခေါင်” သူတို့ရဲ့ “ရုလီ” ကို ကျနော်တို့အခေါ်”ရွှေလီ” အသံဖလှယ်တာခြင်းနည်းနည်းတော့ကွာပါတယ်။ ကျနော်တို့ဘက်ခြမ်းနဲ့သူတို့ဘက်ခြမ်း လမ်းလေးတစ်လမ်းဘဲကွာပါတယ်။ ဒါပေမယ့် အဆောက်အဦ […]


နှလုံးသား ချစ်သံဇဉ်ကို နှင်းဆီက ကိုယ်စားပြုသတဲ့လား သဇင်များကြတော့လည်း တော်ဝင်ပန်း ဆိုပဲ အပိုမချွဲ မကြိုလည်းလှ ကြိုလည်းလှ  ငိုမပြပါနဲ့ ပန်းရယ် နန်းအလယ်မှာ မထယ်ဝါပေမယ့် ဆယ်ခါ ကြွေပါလေလည်းမွှေး  အို   ပန်းကလေးရေ လမ်းနဘေး  အလွမ်းတေးနဲ့  စတေးနေရလေခြင်း မင်းရဲ့  ဖြစ်ခြင်းတွေကြားမှာ သမုဒယမပါ သစ္စာကင်းမဲ့ ဒင်းတို့ရဲ့  ခြေဖဝါးအောက် ပြားပြားမှောက်ရပေမယ့် မချိလေတဲ့ စိတ်တွေနဲ့ ရှိနေခဲ့မေတ္တာကိုအရင်းခံ မချွင်းချန်သစ္စာသမား  အပြေးအလွှားလာနေသမို့ အားတင်းလို့ဖြင့် ကြိုလင့်ပါ ၊


black chawJuly 14, 20151min038
အခု တလော ရွာထဲ လူအဝင်နည်းပါတယ်…။ မင်းကရော ရွာထဲရောက်လို့လားလို့ မေးရင်တော့ ဖြေစရာအဖြေ ရှိပါတယ်…။ ဟုတ်ကဲ့…။ ရောက်ပါတယ်…။ ပို့စ်မတင် ကွန်းမန့်မရေးဖြစ်ပေမယ့် မန်းဂဇက် ဆိုတာ ငယ်ချစ်ဦး ရည်းဇားဦးကြီးဆိုတော့ ခိုးကြည့်ရင်ခုန် ရတာနဲ့တင် ကျေနပ်နေတဲ့ သဘောပါ…။ ရွာထဲလူအဝင် နည်းတာ အခုမှ မဟုတ်ပါ…။ ဟိုတုန်းကလည်း နည်းခဲ့ဘူးတာပါပဲ…။ ကျွန်တော်တို့ မောင်ဂီတို့ ဖလန်းဖလန်း ဖြစ်တဲ့ အချိန်မျိုးမှာတောင်  လူအဝင်နည်းလို့ ရွာကို ပြန်လာကြပါဗျို့ လို့ ကဗျာတစ်ပုဒ် ပေါ်ထွက်လာခဲ့ဘူးပါတယ်…။ ကိုပေါက်ရေးတာ ထင်ပါရဲ့…။ အဲ့ဒါ ဟိုတုန်းက…။ နောက်…ကိုမိုက်…ဖလန်း…ဖလန်း ဖြစ်တဲ့အချိန်မှာလည်း လူအဝင်နည်းနေလို့ ရွာသူားတွေ နာမည်တတ်ပြီး ကိုမိုက် လူခေါ်တဲ့ ကဗျာ ထွက်လာခဲ့တာပါပဲ…။ အမှတ်မမှားဘူးဆိုရင် ကိုမိုက်ရဲ့ အဲဒီကဗျာကို သူကြီးက […]

DSCF1537-600x397.jpg

. မြသည် အတိတ် ကို ပြန်ပြန် ၍ လွမ်းတတ်သူ ဖြစ်သည်။ အခုလည်း ကိုရုပ်ဆိုးကြီး ပါသည့် ဂျပန်ကား ကြည့်ပြီး လွမ်းမိပြန်သည်။ ကိုရုပ်ဆိုးကြီး ကိုတော့ မဟုတ်။ . နာအိုးတို ကို ဖြစ်သည်။ . နာအိုးတို ဆိုသည်မှာ ညီမပြုံး ချစ်စနိုးမွှန်းသည့် အရိုးပေါ် အရေတင် မင်းသမီးက ပြန်မကြိုက် သည့် တယောသမားလေးဖြစ်သည်။ ဇာတ်လမ်းထဲ အကျီင်္ပန်းရောင်၊ အဖြူရောင်၊ အဝါရောင်လေးများ ကို ဘောင်းဘီအဖြူနှင့် တွဲဝတ်လေ့ ရှိသည်။ မင်းသမီး ကတော့ သူ့ ကို ယောကျာင်္းတစ်ယောက် လို့ စိတ်ထဲထားမရ လို့ ပြောပြီး ငြင်း လေသည်။ ဘာဘဲဖြစ်ဖြစ် မြကတော့ သူ့ရဲ့ စူပုတ်ပုတ်မျက်နှာပေး […]


” ကစားပွဲ ရဲ့ အဖြေ” လက်ဝှေ့ကြိုးဝိုင်းအတွင်း ယှဉ်ပြိုင်ဆဲ အချိန်အတွင်းမှာ လိုက်သူ လိုက် ပြေးသူ ပြေး ထိုးသူ ထိုး ရှောင်သူ ရှောင် သူ့နည်း သူ့ဘောင် လွတ်အောင်ရှောင် ထိအောင်ထိုး တာက ပြိုင်ပွဲသဘာဝ။ လက်ခုပ်သံ ရရ မရရ ဘယ်လိုပြေးပြေး မပြေးပြေး ဘယ်လိုထိထိ မထိထိ ဘယ်လိုထိုးထိုး မထိုးထိုး ပရိတ်သတ် ဘယ်လို ကြိုက်ကြိုက် မကြိုက်ကြိုက် အလဲမထိုးနိုင်သမျှ ဆုံးဖြတ်ပိုင်ခွင့်ရှိသော ဒိုင် အနိုင်ပေးသူသာ တရားဝင်ဆိုတာ ဆင်ခြင်မိလိုက်ပါတယ်။ ကိုပေါက်လက်ဆောင်အတွေးစဉ်


ဒီနေ့ လဲ မြ သင်ပုန်း ရေးဖို့ ချော်ပြန်ပြီ။ မှင်စာကောင်လေး ရဲ့ ဆွဲထုတ်လိုက် တဲ့ “သဂျီး နှင့် သူ၏ ဗြုတ်စဗျင်းတောင်းများ” များ ထဲ က တစ်မျှင် ကို လိုက်ဆွဲဖို့ ဖြစ်သည်။ သူ ရည်ရွယ်ပြောသော အကြောင်းထဲ က မဟုတ်သည်က တစ်ကြောင်း၊ တစ်ရာ ရှာနေသော မြသည် နှစ်ခါရရန် အကြံဖြစ်သည် က တစ်ကြောင်း ဤ သင်ပုန်း ကို ကြားဖြတ် ရေးလိုက်ပေသည်။ . မြသည် disturb လုပ်ရန် အလွန်လွယ်၏။ { ဒီအကြောင်းကတော့ … ဘားမန်းပြည် ဒမိုခွေစီ ရမှ ဖြစ်စေ ကျုပ်တို့တွေ စီဂျေ ကတ်တွေ ရပြီ […]


“လုံးပါး ပါး တဲ့ ဆန်သမား ” တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (၉)   တမြန်မနေ့ ညက ဖေစ်ဘုတ်ဝင်တော့ လေထဲကမိတ်ဆွေတစ်ယောက်က “နက်ဖြန်ကျနော် အဲဒီကိုလာမယ် ရောက်ရင် ဖုန်းဆက်လို်က်မယ်” ဘာအတွက်လာမှာလဲလို့မေးတော့ သူတို့ရစရာရှိတဲ့ အကြွေးတွေ မရသေးလို့ လိုက်လာတာလို့ပြောပါတယ်။ အခုရက်ပိုင်းမှာ ငွေဈေး မငြိမ်တော့ ရစရာရှိတာမြန်မြန်ရချင်လို့ ဆင်းလာတာလို့ပြောပါတယ်။ သူတို့က ဆန်ကုန်သည်တွေပါ။ မနေ့ည မိုးချုပ်ချုပ်လောက်ရောက်တော့ ဖုန်းဝင်လာပါတယ်။ သူတို့ရောက်နေပြီ ဆိုတဲ့အကြောင်း နန်းတော်ပေါက်နားက ဟိုတယ်မှာတည်းတယ်ဆိုတဲ့အကြောင်းသတင်းပေးတာပါ။ အဲတော့ အားတဲ့အချိန်ဖုန်းဆက်လိုက်ပါ သူတို့ နဲ့တွေ့မယ်ဆိုပြီး ချိန်းလိုက်ကြပါတယ်။ သူဖုန်းဆက်လာတော့ မှ “ဆန်သမား “တွေ မူဆယ်ဘက်ကို အခုရက်အလာစိတ်တာ သတိထားမိပါတယ်။ ပြီးခဲ့တဲ့ လဆန်းရက်ကလဲ ကျယ်ခေါင်ထဲက လက်ဖက်ရည်ဆိုင်မှာ မိတ်ဆွေတစ်ယောက်က သူနဲ့ပါလာတဲ့သူတွေနဲ့မိတ်ဆက်ပေးပါတယ်။ အခုမှတွေ့ရတဲ့မိတ်ဆွေပေမယ့် […]


ムラカミJuly 12, 20154min040
ဗျို့ သဂျီး ကြည့်မရတာကြာလို့ ဆော်ပြီ မှတ်ပါ။ တခြားဟုတ်ရိုးလားဗျာ။ ရွာထဲ က ပိုစ့်တွေကို Category ခွဲတဲ့ ကိစ္စပေါ့။ ဘယ်လိုခွဲသင့်တယ် ဆိုတာတော့ မပြောပါဘူး။ (ကျနော် က press pro မဟုတ်တာကြောင့်) ဘာတွေ လွဲနေသလဲ ဆိုတာတော့ ဆွေးနွေးချင်ပါတယ်။ ထင်ရာမြင်ရာလည်း ပြောပါအုံးမယ် ရွာသူားတွေလည်း ဘယ်ဟာတိုး ဘာလျှော့ ပြီး ဘယ် sub-category ကို ဘယ် category အောက် ပြောင်းသင့်တယ် ဆိုတာကိုတော့ ဝိုင်းဝန်း ဆွေးနွေးကြစေလိုပါတယ်။ Tag တွေနဲ့ customized ဖြည့်လို့ရတယ်ဆိုပေမယ့် … ခုထက်ပိုပြီး Categories က စနစ်ကျန နေသင့်တာအမှန်။ ဗြုတ်စဗျင်းတောင်း ဖြစ်တယ် ဆိုတာလည်း ဥကိုင် ခညာ […]


natureJuly 11, 20151min028
N+080715 ရန်ကုန်မြို့ကားဂျမ်း မန်းဂေဇက်ရွာထဲမှာစရေးခဲ့တဲ့ပိုစ့်ကတော့ ဘုရင့်နောင်ကားဂျမ်းအကြံပေးပါဆိုတဲ့ပို့စ်ကလေးပါပဲ။ အခုတော့ ရန်ကုန်တမြို့လုံးပဲကားဂျမ်းဖြစ်ကုန်ပါပြီ။ အရီးလတ်ရဲ့တာဝန်ပေးချက်အရ စဉ်းစားလို့ရသလောက် ဉာဏ်မှီသလောက်ရေးလိုက်ပါတယ်။ ဘုရင့်နောင်ကားဂျမ်းဆိုတာက ဆန် ကြက်သွန်အာလူး ကုန်ခြောက် ငါးခြောက်တွေရောင်းတဲ့ တနိင်ငံလုံးကိုဖြန့်တဲ့ အဓိကဒိုင်ဖြစ်တဲ့အတွက် ကားအဝင်အထွက်များပါတယ်။ တစ်နှစ်ထက်တစ်နှစ် ဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ ကားအဝင်အထွက်များလာပါတယ်။ ၁၂ဘီးကားလို ကားအရှည်တွေပါဝင်လာပါတယ်။ ဘုရင့်နောင်တံတားက အဓိက အလုပ်အသွားအပြန်အတွက် ရုံးသွားရုံးပြန်အတွက်အဓိကဖြစ်ပြီး အင်းစိန် ရွှေပြည်သာတံတားတွေက ကုန်စည်စီးဆင်းမှုအတွက်အဓိကကျပါတယ်။ ကျနော့်အမြင်ဘုရင့်နောင်ကားဂျမ်းရဲ့အဓိကအချက်က အာဆီယံစံဆိုပြီးကုန်တင်ကားတွေ ကုန်ကိုတဝက်လောက်လျှော့ထင်ဖို့အမိန့်ထုတ်တာက အရင်ထဲကဂျမ်းဖြစ်ချင်နေတာကို ရှင်းမရအောင် ဖြစ်စေတယ်လို့ထင်ပါတယ်။ အခုတော့ရန်ကုန်တမြို့လုံးပဲ၆လမ်းသွားလမ်းမကြီးတွေမှာပါကားဂျမ်းဖြစ်လာပါတယ်။တဖြည်းဖြည်းနဲ့လဲပိုပိုဆိုးလာပါတယ်။ ကားဂျမ်းဘာကြောင့်ဖြစ်သလဲဆိုတာစဉ်းစားကြည့်ကြရအောင်- ကားဂျမ်းဖြစ်တဲ့အကြောင်းအရင်းတွေကတော့ ၁။ ကားအရေအတွက်မ ျားလွန်းခြင်း ၂။ လမ်းက ျဉ်းခြင်း ၃။ ယာဉ်မောင်စည်းကမ်းမရှိခြင်း ၄။ လမ်းရဲ့ Joint တွေမှာကားတွေလမ်းလုရင်း block ဖြစ်ခြင်း။ ၅။လမ်းလယ်မှာချထားတဲ့တုံးတွေက ကားဂျမ်းကိုချုပ်ထားသလိုဖြစ်ခြင်း ကားအရေအတွက်များလွန်းရင် […]


alinsettJuly 11, 20152min029
    အိုးးးးးးဗျ. . . ရလဲ့. . . .ရှေ့မှာ Taxi ငှားဖို့ တားနေပြီ။ ဘက်မှန်ကနေ ဘေးဘယ်ညာကို လှမ်းshow လိုက်တော့လည်း ကျနော်ထက်အရင်ဦးအောင် .ပြေးဝင် ခေါ်တင်မယ့် Taxi ဆိုလို့ တစ်စီးတလေတောင် မမြင်ရ။   ဒါဖြင့် ကျနော် စစထွက်ချင်း .ဈေးဦးပေါက်ဖို့ သေချာသလောက်ပေါ့။ အဟော့။   အင်း။ တားနေတာက အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်။ ပေါင်း နှစ်ယောက်။ သူတို့ ပုံစံက ချမ်းသာတဲ့ လူတန်းစားပုံတော့ မပေါက်ဘူး။ တန်ဖိုးကြီးအဝတ်အစားတွေ ဝတ်မထားဘူး။ ခပ်နွမ်းနွမ်းပဲ။   ဒါပေမဲ့ အဲ့ဒီနှစ်ယောက်ထဲက  အမျိုးသမီးဖြစ်သူကို မြင်ရတာ တစ်ခုခု ပိုပိုကဲကဲ ဖြစ်နေသလားလို့။ ဘာပိုနေသလဲဆိုတော့ အပြင်အဆင် […]