CourageJuly 21, 20151min016
ချစ်သော နေ့ရက်များ အခန်း(၁)                 မိန်းကလေးတစ်ယောက်ကို ချစ်မိရင် ရင်ထဲမှာ ဘယ်လိုဖြစ်သွားမလဲလို့ ကျွန်တော် အကြိမ်ကြိမ်တွေးဖူးခဲ့တယ်။ အဲ့ဒီ့အတွေးရဲ့ အဖြေကိုလဲ အခါခါ မေးကြည့်ဖူးပါရဲ့။ ဒါပေမယ့် ကျွန်တော်တစ်ခါမှ အဖြေရှာမရခဲ့ဘူး။ ရုပ်ဝတ္ထုပိုင်းကိုသာ အာရုံစိုက် အရေးပေးတတ်တဲ့လူတွေရဲ့ အချစ်ဆိုတဲ့စကားဟာ ကျွန်တော့အတွက်တော့ အပေါစားရုပ်ရှင်တစ်ခုကို ကြည့်နေရတာလောက်တောင် တန်ဖိုးမရှိခဲ့ဘူးလေ။ တစ်ကယ်တန်းသာ အပေါ်ယံ ရူပနိကယ်ကိုပဲ အချစ်ဆိုပြီး သတ်မှတ်နေကျရင် လောကမှာ ရုပ်ဆိုးသူတွေ လူပျိုကြီး အပျိုကြီးပဲဖြစ်ကုန်မှာပေါ့။ ဒါမှမဟုတ် လူတွေအားလုံးဟာ ပြုပြင်ထားတဲ့ အလှအပတွေနဲ့ပဲ ဖြစ်ကုန်ကျမှာပေါ့။ ကျွန်တော်ကတော့ အချစ်ဆိုတာကို ခံစားမှုတစ်ခုအဖြစ်ပဲ သတ်မှတ်ချင်တဲ့သူလေ။ ခံစားမှု ဝါဒီသမားလို့ဆိုချင်လဲဆို။ လူတစ်ယောက်ကို တစ်ကယ်ချစ်မိသွားတဲ့အချိန် ရင်ထဲမှာ ဘယ်လိုတွေဖြစ်သွားမလဲ… အချစ်ဆိုတာကရော ဘယ်လိုအချိန်မှာ နှလုံးသားထဲ ခိုးဝင်ကာ ဒေါင့်တစ်နေရာမှာ ပုန်းခိုနေလိမ့်မလဲလို့ […]


၆။ မတူ၍တူသော ” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၆)   ကျနော်က နေ့ဘက်ကျယ်ခေါင်မှာအလုပ်လုပ်ပြီး ညဘက်မှာ ရွှေလီထဲသွားအိပ်ပါတယ်။ ကျနော်အိပ်တဲ့အခန်းက နေ လှမ်းကြည့်လိုက်ရင် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကိုမြင်နေရပါတယ်။ လွန်ခဲ့သောနှစ်တွေကျနော်ရောက်တုန်းက ဒီနေရာကခြုံနွယ်ပိတ်ပေါင်းတွေနဲ့ပြည့်နေတဲ့ မြေကွက်လပ်ကြီးပါ။ နောက်တစ်ခေါက်ထပ်လာတော့ အဲဒီဝိုင်းထဲမှာ ဖြစ်သလိုဆောက်ထားတဲ့ မိုးကာတဲလေးတွေအပြည့်။ လူတွေကလဲရှုပ်ယှက်ခပ်။ ရေသုံးတော့ လမ်းဘေး ရေတိုင်ငုတ်ကနေပိုက်ဆွဲပြီးသုံး။ လျှပ်စစ်မီးတော့မရှိ။ မွေးထားတဲ့ဆိတ်တွေကလဲ အများကြီး။ အိမ်ရှေ့ထွက်ပြီးထမင်းဟင်းချက်ပြုတ်နေတော့ မီးခိုးလေးတွေက တအူအူ။ အဲတော့မှ သူတို့နိုင်ငံမှာလဲ နေစရာမရှိတဲ့” ကျူး”တွေရှိပါလားလို့သိခဲ့ရပါတယ်။ အခုတစ်ခေါက်ရောက်လာတော့ အဲဒီနေရာမှာအဆောက်အဦးအသစ်ကြီးဖြစ်နေပါပြီ။ ဈေးဖွင့်မယ်လို့ပြောပါတယ်။   ကျနော်စရောက်တဲ့အချိန်မှာမပြီးသေးပါဘူး။ ဆေးသုတ်နေတုန်းဘဲရှိပါသေးတယ်။ (အဲဒီမှာ အရင်နေခဲ့တဲ့ကျူးတွေကို ဖယ်ခိုင်းပြီးဈေးဆောက်တာလို့သိရပါတယ်။ မရှိလို့ လာနေ ၊ ပိုင်ရှင်က ဖယ်ပေးဆိုတော့လဲ အသာတကြည်ဖယ်ပေး။ ဆန္ဒပြတယ် ဘာဖြစ်တယ် […]


SawAungJuly 21, 20151min010
ရွှေလက်ကောက် တစ်တောင်ဆစ်လောက်နဲ့ ပိုက်ဆံအိတ်အိတ်ကို ချိုင်းမှာချိတ်လို့  ဖြိုးအောင်ရှေ့မှာ ထောင်တန်တစ်ထပ်ကို တံတွေးဆွတ်ပြီး ရေနေတဲ့ ဒေါ်ရွှေပုရဲ့လက်ကို မျက်လုံးကမခွာနိုင်ဘူးဖြစ်နေသည်။ “သုံးသောင်းနော်.. ငဖြိုး… နင့်မို့လို့ အတိုးကို  တစ်ရက်….ငါးရာပဲယူတာ……….” ဒေါ်ရွှေတုတ်ကြီးလက်ထဲမှ ငွေသုုံးသောင်း ဖြိုးအောင်လက်ထဲသို့ ရောက်လာလေသည်။ ဖြိုးအောင် ငွေသုံးသောင်းအားကြည့်ရင်း ဝမ်းသာသလိုလို ဝမ်းနည်းသလိုလိုပင်။ သည်ငွေသုံးသောင်းအတွက်  ဖြိုးအောင် ဒေါ်ရွှေပုကြီးအား အကြွေးသုံးသောင်း မပေးနိုင်တဲ့အချိန်အတွင်း တစ်ရက်ကို မတ်တိုး ငါးရာပေးရမည်ဖြစ်သည်။ ဒါက ဖြိုးအောင်တို့လိုမျိုး ဆင်ခြေဖုံးရပ်ကွက်တွင် ထုံးစံလိုဖြစ်နေသည်။ ငွေကြေးတစ်ရက်တာ အဆင်မပြေသူများ အလောတကြီးလိုသူများ ဈေးရောင်းရန်အတွက် အရင်းလိုနေသူများသည် မတ်တိုး (သို့မဟုတ်) နေ့သွင်းပေးရျ် ယူကြရသည်။ (မတ်တိုး – အရင်းမပေးနိုင်မချင်း… တစ်ရက်အတိုး(ယူသောငွေပမာန၏ 5 (သို့) 10 ရာခိုင်နှုန်း) ပေးသွားရမည်ဖြစ်သည်။) (နေ့သွင်း – […]


     တကယ်တော့ ဒီဇာတ်မှာ ဒါရိုက်တာက ကံဇာတ်ဆရာ ချန်လှပ်ခံရတာကငါ မကြံတတ်တာကမင်း လွမ်းခြင်းတွေကိုငါ့ဆီပုံ မယုံရသူကို မင်းက ခစား အမှားကိုတဲ့အမှန်ထင် ပြန်ပြင်ဖို့ မင်းမတွေး ဝေးတော့မှ လက်ကမ်း ဆက်ကျွမ်းဦးမယ့်ငါ့နှလုံးသား အရှုံးသမားမို့   ပြုံးထားဖု့ိဝေလာဝေး သေကာမှဖြင့် အေး ၊


SawAungJuly 21, 20151min011
သည်လိုပေါ့ သည်လိုနဲ့ စိတ်ကူးကပေါက်လာတယ်။ အစားအသောက်တစ်ခုလုပ်စာဖို့။ စိတ်ကူးတာပေါက်တာ ပင်ပန်းတယ်လေ။ ဒီလကုန် (၃၁)ရက် သောကြာနေ့က လပြည့်နေ့ (၁)ရက်နေ့ စနေနေ့ (၂)ရက်နေ့က တနင်္ဂနွေနေ့။ ရုံးကတော့ စနေနေ့မပိတ်ဘူး။ နေ့တစ်ဝက်လောက်တောင် ပိတ်ပေးဖို့ပြောတာ ဘောစိက မရဘူးချည်း ပြောတာ။ အဲ့သည် စနေနေ့ကို ကိုယ့်ဖာသာပိတ်ပြီး သုံးရက်အော့ဖ်လိုက်မယ်ပေါ့။ အဲ့သည်တော့ တစ်ရက်လောက် အပင်ပန်းခံပြီး မုန့်လုပ်စားမယ်။   မုန့်လုပ်စားဖို့ စဉ်းစားပြန်တော့ မုန့်ပျားသလက် ဘိန်းမုန့်  ကီးမားပေါ့။ ဒါပေမယ့် ဒီတစ်ခေါက်တော့ မုန့်ပျားသလက်လုပ်စားဖို့ အာသီသဖြစ်နေတယ်။ မေးကြပြန်တယ်။ မုန့်ပျားသလက်နဲ့ ဘိန်းမုန့် ဘာကွာသလဲတဲ့။ ကျွန်တော့်အထင် မုန့်ပျားသလက်က ဘိန်းစေ့မပါဘူး။ မြေအိုးလေးနဲ့လုပ်တယ်။ မုန့်ဖြူ ဖြူ ပေါ်မှာ ပျားသလက်လို့ အပေါက်လေးတွေ ပါတယ်။ ကြက်သွန်မြိတ် ၊ […]


alinsettJuly 21, 20151min04
                                            အစိုးမရ —– လွင်ပြင်ကျယ်ကြီးထဲက ပန်းခင်း ပန်းခင်းထဲက ပန်းပွင့် ပန်းပွင့်ရဲ့ ပွင့်ဖက်ကလေး ပွင့်ဖက်ကလေးပေါ်က ပျားတစ်ကောင်………. ဒဏ်ရာ တချို့ကို ကြိတ်မှိတ်ခံစားရင်း. . . ဖျတ်ခနဲပေါ့. . . မြေပြင်ပေါ် ပြုတ်ကျ. . . သူ. . . ဘယ်ဆီဘယ်ဝယ် . . . ရောက်သွားသလဲ. . .   […]


၅။အသက်ရှင်ခြင်းအတွက်အသက်ရူသံများ ” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၅)   မနက်မနက်ဆိုရင် တရုပ်ပြည်ဘက်က တံခါးဖွင့်ပြီဆိုတာနဲ့ မူဆယ်ဘက်က လူတွေကားတွေ ဆိုင်ကယ်တွေ ထော်လာဂျီတွေ အသီးသီးဝင်လာကြပါတယ်။ အားလုံးက အပျော်လာသူမရှိ အလုပ်လုပ်ဘို့ဝင်လာကြတာပါ။ မြန်မာလူမျိုးအတော်များများက မူဆယ်ဘက်မှာနေကြပါတယ်။ မူဆယ်ဘက်ကနေ ရွှေလီ ကျယ်ခေါင်ထဲလာ အလုပ်လုပ်သူတွေလဲအများကြီးပါဘဲ။ မူဆယ်မှာအိမ်ငှားနေပြီး မနက်မိုးလင်းမှ ကျယ်ခေါင်ဘက်ကိုလမ်းလျှောက်ပြီးဝင်လာကြတာများပါတယ်။ တရားဝင်ဂိတ်ပေါက်ကနေဝင်လာသူရှိသလို ခိုးပေါက်ကနေဝင်လာတဲ့သူတွေလဲရှိပါတယ်။ အချို့ကတော့လဲ ရွှေလီဘက်က ရှမ်းရွာလေးတွေထဲမှာအိမ်ငှားနေကြပါတယ်။ ရွှေလီထဲကနေ ကျယ်ခေါင်ဘက်ကိုသွားလုပ်တဲ့လူတွေရှိသလို မူဆယ်ဘက်ကနေပြီးကျယ်ခေါင်ရွှေလီထဲကို လာပြီးဈေးရောင်းကြသူတွေလဲရှိပါတယ် ဈေးလာရောင်းတဲ့သူတွေထဲမှာ တံမြက်စီး ကြက်မွေးရောင်းသူကတော့ ပုံမှန်တွေ့နေရတဲ့သူတွေပါ။ ခြေလျင်လျောက်ပြီးဝင်လာသူတွေရှိသလို စက်ဘီးနဲ့လည်ရောင်းသူတွေလဲရှိပါတယ်။ မနက်ဝင်လာပြီး ညနေအထိ တစ်နေကုန် လှည့်ပါတ်ပြီး ရောင်းကြတာပါ။ လက်တွန်းလှည်းလေးတွေနဲ့ဈေးရောင်းထွက်တဲ့ အချဉ်ပေါင်းသည်လေးတွေကလည်း ရွှေလီထဲထိခြေဆန့်လို့ရောင်းကြပါတယ်။ ဝက်သားတုတ်ထိုးသည်လေးတွေကတော့ကျယ်ခေါင်မြို့ရဲ့နေရာအနှံ့ရှိနေပါတယ်။ နောက်ညပိုင်းမှလာတဲ့ မီးဖိုလေးဆွဲလာတဲ့ ဘယာကြော်သည်လေးတွေလဲရှိ။ […]


ဇီဇီJuly 20, 20153min020
  ကိုယ့် မှာ တော့ အရင်က နောက်နေကျ လျှောက်ပြောနေကျ စကား တစ်ခွန်းရှိတယ်။ တစ်ရွာလုံးနဲ့ တစ်ယောက် ရန်ဖြစ်ရင်..ပြတ်သနာဖြစ်ရင်… တစ်ရွာလုံးက မှားပြီး တစ်ယောက်တည်း သမားက မှန်တယ်ဆိုပြီး တာရာမင်းဝေပြောဖူးတာလေး မှတ်ထားတာ။ :mrgreenn:   တစ်ယောက်တည်းက တစ်ရွာလုံးကို တည့်အောင် လုပ်ရတာ ဘယ်လွယ်ပါ့မတုန်းးး!!! တစ်ရွာလုံးက တစ်ယောက်တည်း အလိုကို လိုက်ရတာ လွယ်ကူတယ်ပေါ့။ ဆိုတော့ “တစ်ရွာလုံး အလွန်” ဆိုပြီး အမြဲ ရွဲ့စောင်းပြောနေကျပေါ့လေ။ 😈 တစ်ယောက်တည်း သမားက ကိုယ်ဖြစ်တဲ့ အချိန်မှာ အဲဒီလို ကိုးကားလို့ သိပ်ကောင်းပါတယ်။ :mrgreenn: အဲ …!!!  အဲဒီ တစ်ရွာလုံးထဲမှာ ပါတဲ့ တစ်ယောက်က ကိုယ်ဖြစ်လာရင်တော့ အဲဒီ တစ်ယောက်တည်း […]


alinsettJuly 20, 20154min09
အဲဒီညဟာ ညရယ်လို့ စတင်ချိန်ကတည်းက မသင်္ကာစရာ အငွေ့အသက်တွေ ခံစားလို့ ရနေတဲ့ညပဲ။ မကောင်းတာ တစ်ခုခု ဖြစ်လာလိမ့်မယ်ဆိုတဲ့  မလုံခြုံသောစိတ်ခံစားမှုကို တငွေ့ငွေ့ ပေးနေတဲ့ည များလားလို့။ တစ်ခါတစ်ခါမှာ ကိုယ် ထင်တာတွေ ဖြစ်မလာဘူးဆိုပေမဲ့ တစ်ခါတစ်ခါကျတော့ ကိုယ် ထင်မထားတာတွေက မထင်မှတ်တဲ့ထောင့်ကနေ ဘွားခနဲ ရောက်လာတတ်တယ်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ညတစ်ညဟာ မင်္သာစရာ ညှီစို့စို့အငွေ့အသက်တွေ ရှိနေပြီလို့ တွေးမိလိုက်ချိန်မှာ ကိုယ့်ဘက်က သတိမလွတ်အောင် အမှားမရှိအောင် ကြို တွေး ပြင်ဆင်ရမှာပဲ။ အဲ့လိုနဲ့ ကျနော့်ကားကို တားတဲ့သူတွေကို အကဲခတ်ရတယ်။ သွားမယ့် လမ်းကြောင်းဟာ ရွှေပြည်သာ၊လှိုင်သာယာ ဒါမှမဟုတ် တောင်ဒဂုံ ၊မြောက်ဒဂုံ စတဲ့ နေရာတွေဘက်ဆိုရင် လူလည်းပြတ် နာမည်ဆိုးလည်း ထွက်နေတာမို့ မလိုက်ဖို့ တွေးထားတယ်။ ဒါပေမဲ့ ချွင်းချက်အနေနဲ့ […]


Ko out of...July 20, 20151min04
နိုင်ငံရေးသမားတွေဟာသူတို့ကို အတိုက်အခံလုပ်ရင် ဖမ်းစီးမယ်….အပြစ်ပေးအရေးယူမယ်…. ထောင်ချမယ်…. ထို့အတူ ဘာသာရေးသမားတွေလည်း သူတို့နဲ့မတူ သူတို့၏ရန်သူလုပ်ပြီး ဖမ်းစီး..ထောင်ချ…အပြစ်ပေး…အရေးယူတာချင်း တူလေတော့… တရားစစ် တရားမှန်ဆိုတာ ဘယ်မှာလဲလို့စဉ်းစာမိတယ်…. ဒါကြောင့် မြန်မာပြည်မှာ အဏာရှင်နိုင်ငံရေးသမားနဲ့…ကောက်က ျစ်ညစ်ပတ်တဲ့နိုင်ငံရေးသမားတွေဘဲရှိတယ်… ထို့အတူဘဲ မြန်မာပြည်မှာ အဏာရှင်ဘုန်းကြီးနဲ့…အမြင်က ျည်းမြောင်းသည့် ဘာသာရေးသမားတွေဘဲ နေရာ ယူနေကြမယ်ဆိုရင်တော့ မြန်မာပြည်တိုးတက်ဖို့အလှမ်းဝေးနေဦးမယ်လို့မြင်မိပါကြောင်း………


၄။ ရေမကြည် မြက်မနုသော်ငြားလည်း ” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၄)   ဟိုးရှေးရှေးကလူတွေက ဘဝနေထိုင်စားသောက်ရေးအတွက် ရေကြည်ရာမြက်နုရာကို လှည့်လည်ရှာဖွေရပါသတဲ့။ အခုခေတ်မှာတော့ ရေနောက်ကိုမသောက်ချင် မြက်ခြောက်ကိုလဲမစားချင်တော့ ကိုယ့်မြေကိုယ့်ရေကို ခွဲခွာပြီး ထမင်းတစ်လုတ်အတွက် အိုးပစ်အိမ်ပစ်နေရသူတွေရှိပါတယ်။ ရေမကြည် မြက်မနုပေမယ့် အခြေအနေအရ နေရတာပေါ့။ ဒီလိုလူတွေက တရုပ်ပြည်နယ်စပ်က ကျယ်ခေါင်မြို့မှာအများကြီးတွေ့နိုင်ပါတယ်။ ဒီကျယ်ခေါင်ထဲမှာရောရွှေလီမှာပါ မြန်မာလုပ်သားတွေ အတော်လေးများပါတယ်။ ကျနော်တို့မြန်မာများထုံးစံအတိုင်းတစ်ယောက်ရောက်တယ်ဆိုရင် တစ်နွယ်ငင်တစ်စင်ပါ ဆိုသလိုဘဲတစ်ရွာလုံးနီးပါး အကုန်လိုက်လာကြတာပါဘဲ။ ကိုယ့်ရပ်ကိုယ့်ဒေသမှာလုပ်ငန်းကိုင်ငန်းကရှားပါးတာကိုး။ ရှားပါတယ် ဆိုတဲ့အထဲမှာက မြေပျောက်ရေရှား ဆိုတာတွေကလဲရှိသကိုးဗျ။ နောက်ပြီး အခုခေတ်လူငယ်တွေဆိုတာကလဲ မြို့တက်ပညာသင်လာတဲ့သူများလာတော့ ပင်ပန်းဆင်းရဲတဲ့ လယ်အလုပ်ကိုင်းအလုပ်ဆိုတာကို မလုပ်ချင်ကြတော့ဘူးလေ။ မြို့တက်ပြီးသက်တောင့်သက်သာနဲ့ငွေရတဲ့အလုပ်ကိုဘဲလုပ်ချင်ကြပါတော့တယ်။ ဒီတော့အလုပ်ပေါတယ်ဆိုတဲ့ နေရာ ကိုနားစွင့်ပြီး ပြေးကြတာပါဘဲ။ ဒီကျယ်ခေါင်ဘက်မှာကအလုပ်ပေါတယ်လို့ဆိုနိုင်ပါတယ်။ ဒီကအလုပ်ပိုင်ရှင်တွေကလဲ ဒေသခံတွေကို အလုပ်သိပ်မခေါ်တာကိုတွေ့ရပါတယ်။ […]


. မြတို့ မျိုးရိုး သည် နယ် ဖက်မှ ဖြစ်သည်။ အဖေ့ ရဲ့ ဇာတိမြို့ က ပလာတာ နာမည်ကြီး ဖြစ်သည်။ အဖေ့ အဖေ  ရဲ့ မြို့လေး က တော့ နာမည်ကြီး ခေါက်ဆွဲ ကို အမည်တပ်ခေါ်နိုင်သည်။ အဖေ တို့ ညီအစ်ကို အတွက် အဖိုး က မြင်းကြီးများ ဝယ်ထားသည် ဟု ပြောသည်။ တစ်ခါတစ်ရံ အဖေ့ ရဲ့ ငယ်ပုံပြင်ထဲ က မြင်းနက် ထွားထွား ကြီး များ  မြင်ယောင်ကြည့်မိသည်။ . မြရဲ့ အဖိုး သည် စီးပွါးရှာကောင်း ပုံရခဲ့သည်။ သက်တမ်း တော့ သိပ်မရှည်လိုက်။ အဖေတို့ ဆယ်ကျော်သက် […]


ムラカミJuly 19, 20156min010
နောက်ထပ် တနှစ် ဇူလိုင် ၁၉ ကို ပြန်ရောက်လာပြန်သပေါ့။ နောက်ထပ် အာဇာနည် နေ့ တနေ့..။ မနှစ်က သည်လို နေ့မျိုး မှာ အတော်လေး အသံတွေ ဆူခဲ့တာ မှတ်မိသေးရဲ့…။   ချီတက် အလေးပြုမယ် ၊ ခွင့်ပြုမယ် မပြုဘူး။ ဥဩ ဆွဲ မဆွဲ ကစလို့ နောက်ဆုံး ဟွန်းတီးရင် ဘာဖြစ်တယ် ညာဖြစ်တယ် အဆုံးပေါ့..။   သည်နှစ်ကျတော့ အသံတွေ ပြန် တိတ်နေလိုက်ကြတာ…။ တခါက ယဉ်ကျေးမှု ဌာနက ကိုယ်ဖိရင်ဖိ စောင့်ရှောက်ထားတဲ့ မီးနည်းနည်း လောင်သွားသော ဗိုလ်ချုပ်အိမ်ကလေး ဖွင့်တုန်း လူစုပြီး သွားလည်ကြမယ်လို့ ဘယ်သူငယ်ချင်းမှ ပြောတာ ရှဲတာမတွေ့ရ..။ ရွာထဲမှာလည်း သဂျီး ကစပြီး ဘယ်သူမှ အစဖော်ရေးတာ ပြောတာ မမြင်မိသေး။     […]