alinsettApril 14, 20161min014
သပြေခက်နဲ့ချည်း ရေပက်ကြမှလို့ မဆိုလိုပါဘူး။ . . . . . . မီးသတ်ပိုက်နဲ့ စူးရှနာကျင်အောင် မပက်ဘူး ဆိုပါစို့. . . ကျောကော့အောင် ခွက်စောင်းခုတ်တာတွေ မလုပ်ကြဘူးဆိုပါစို့. . . ခေါင်းကနေရေလောင်းတာတို့ မျက်စိတွေ နားရွက်တွေထဲထိ ခံရခက်အောင် ပက်တာတို့ မလုပ်ဘူးဆိုပါစို့။ အမူးအရူးတွေရဲ့ ရိုင်းပြခက်ထန်တဲ့ လှုပ်ရှားမှုတွေ မရှိဘူး ဆိုပါစို့. . . ယာဉ်မတော်တဆမှုတွေ. . .ရန်ပွဲတွေ. . . မရှိဘူးဆိုပါစို့။ အဲ့ဒါလေးတွေ မရှိဘူးသာ ဆိုရင်ပေါ့ဗျာာာာ ကျနော် ဒီသင်္ကြန်မှာ လမ်းပေါ် ထွက်လာမှာ. . . အခုတော့ . . . ဟောဒီ ဟေးလားဝါးလားသင်္ကြန်တွင်းမှာ လမ်းပေါ် […]


alinsettApril 11, 20161min021
ဘာသာပြန် စာရေးဆရာမ ဝင့်ပြုံးမြင့်၏ လက်ရာ ”လူလည်းတထွေ ရေလည်းတခြား”စာအုပ်ကို ခံစားခြင်း (စာပေခံစားမှုဆောင်းပါး) ——————————– ဝတ္ထုစာအုပ်လို့ အမည်တပ်ထားတဲ့ စာအုပ်တစ်အုပ်ကို ဖတ်ရင်း ‘ရသ’ဆိုတာကြီးကို ခံစားမိဖို့ မေ့သွားတာမျိုး သင်တို့ ဖြစ်ဖူးပါသလား။   ကျွန်တော် ဖြစ်ဖူးပါသည်။ ကျွန်တော်ဖတ်လိုက်မိသော စာအုပ်တစ်အုပ်ကတော့ ကျွမ်းကျင်သောစာရေးဆရာတစ်ယောက်ယောက်၏ အတတ်ပညာ အနုပညာဖြင့် ဖန်တီးထားသည့် ဝတ္ထုတစ်ပုဒ် မဟုတ်ပါဘဲ တကယ်ကြုံတွေ့ခဲ့ရသမျှ အဖြစ်မှန်ကို ကြုံတွေ့သူကိုယ်တိုင်က မှတ်တမ်းတင်ထားသည့် စာအုပ်တစ်အုပ် ဖြစ်နေသောအခါ. . . ကျွန်တော်သည် ‘ရသ’ ခံစားဖို့ထက် အဲ့သည် တကယ့်အဖြစ်အပျက်ထဲကို စိတ်အာရုံက စီးမျောပါဝင်သွားပြီး စာရေးသူကြုံခဲ့ရသမျှကို ဘေးကနေ လိုက်ပါကြည့်ရှုနေရသူလို ဖြစ်သွားသည်။   ထို့နောက် စာမျက်နှာတွေသာ ဖတ်၍ ပြီးဆုံးသွားသည်။ ကျွန်တော့် အတွေးစဉ်ကတော့ […]


ကြောင်ကြောင် ပြောတဲ့ “ဒီရွာထဲမှာကို အဲလိုမျိုး သာဓက များစွာရှိတယ်။ ဆန်းစစ်ကြည့်ရင် ကိုယ့်လူထိလို့ ပြန်လုပ်တယ်လို့ တွေ့နိုင်တယ်။” ဆိုတာကိုဖတ်လိုက်မိလို့ပါ။ “အပြေးချန်ပီယံ ကျော်ကိုကို” ကို ပြောခဲ့တာ ကိုယ်ကတော့  သေချာပြီး ရွာထဲ တစ်ခြားဘယ်သူရှိသေးလဲတော့ မမှတ်မိ။ ဒါနဲ့ဘဲ ရေးမလား၊ မရေးရမလား စဉ်းစားရင်းနဲ့ လိုနေတဲ့ အချိန် ကို ဖြုန်းရင်းရေးလိုက်ပါတယ်။ အပ်ကြောင်းထပ်နေတဲ့ ဓာတ်ပြားပြန်ဖွင့်ရရင် ၈၈အရေးအခင်းမှာ ကိုယ်တိုင်ကျောင်းသားတစ်ယောက် အနေနဲ့ ပါခဲ့တာတွေပါ။ အဲဒီအချိန်မှာ မာစတာတန်းကျောင်းသူ။ လူပေါင်း ၈ ယောက်ဘဲ ရှိခဲ့တဲ့ အတန်းမှာ နိုင်ငံခြားက နေ ဘွဲ့တွေယူလာတဲ့ ဆရာကြီးများ ရဲ့ စေတနာ အပြည့်နဲ့ သင်ကြားတဲ့ စာတွေ ကို ဆည်းပူးနေခဲ့သူပါ။ တိုင်းပြည်ရဲ့ ဘက်စုံ ချွတ်ခြုံကျလာတဲ့ […]


ko sixApril 8, 20161min06
ငါ တစ်ယောက်တည်း အနော်ရထာကို တွက်တယ်။ ငါ ကျန်စစ်မင်းရဲ့ပုံသေနည်းကို မှတ်တယ်။ ငါ ဗိုလ်ချုပ်အောင်ဆန်းရဲ့သီအိုရီကို မြှောက်တယ်။ ငါ ငါ ငါ တွက်တယ်။ နာရီထဲမှာပုန်းနေတဲ့ သမိုင်းကွင်းဆက်တွေက ၆၀%လောက်တောင် မပျော်ဝင်ဘူး။ ကဲ မနေ့ထဲက ဒီနေ့ကို နုတ်လိုက်ရင် မနက်ဖြန်ကျန် မကျန် တွက်တတ်တဲ့သူတွေ ဖွင့်ထားတဲ့ တံခါးကနေ ပြန်ထွက်သွားပါတော့။ ။ ကိုစစ်


manawphyulayApril 8, 20161min010
“HAPPY THINGYUN FESTIVAL & MYANMAR NEW YEAR” မြန်မာနှစ်သစ်ကူး အတာသင်္ကြန်နေ့လေးများကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ Manawphyulay မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ မြန်မာသက္ကရာဇ် (၁၃၇၈) ခုနစ် နှစ်သစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်သည့် ဘဝများကို သာယာဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်ကြပြီး ယခုလက်ရှိလုပ်ကိုင်နေသော စီးပွားရေး နှင့် လူမှုရေး လုပ်ငန်းများတွင်လည်း ဆထက်တပိုးအောင်မြင်ကြပါစေကြောင်း မနောဖြူလေး မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။ မင်္ဂလာရှိသော နေ့ရက်လေး ဖြစ်ပါစေ.. အားလုံး မှတ်မိသေးရင် ကော့မန့်တစ်ချက် တို့ပေးခဲ့နော်…. အားလုံးကို အမြဲ သတိရ ခင်မင်လျှက် မနော


“   သင်္ကြန် နဲ့ ရေ   “     ငယ်ငယ်က တည်း က စိတ်ထဲမှာ သင်္ကြန်ဆိုတာ ပျော်စရာပွဲကြီးပါဘဲ။ စက်ဘီးနဲ့လည်မယ် ကားနဲ့လည်မယ် အရက်လေး ဘီယာလေးသောက်ပြီး မြူးမယ် စတုဒီသာလိုက်စားမယ် သူများကိုရေပက်ရမယ် ကိုယ်ကလည်းရေပက်ခံရမယ် ည ရောက်တဲ့အခါ  မဏ္ဍပ်တွေမှာအဆိုအကတွေလိုက်ကြည့်မယ်။ အရွယ်လေးရောက်လာတော့ ကောင်မလေးတွေနဲ့ အတူတူလည်မယ် ဇာတ်လမ်းတွေရှာမယ် နည်းနည်းလေးကြီးလာတော့ မလည်တော့ဘဲ မဏ္ဍပ်ထိုင်တယ်ပေါ့။   မြန်မာ့ရိုးရာ ရေသဘင်ပွဲ ဘာညာ ဘာညာ နာမယ်တွေတပ်ပေမယ့် (သင်္ကြန်ပွဲဖြစ်ခဲ့တဲ့ ဇစ်မြစ်လိုက်ရင် တော့ ဘယ်လိုအဖြေထွက်လာမယ် မသိတာအမှန်ပါဘဲ) လက်တွေ့ကျကျ ပြောရင် အခုနောက်ပိုင်းမှာ သင်္ကြန်က လူအများအတွက် ရေပက်တဲ့ပွဲဖြစ်ပေမယ့် လူအချို့အတွက်တော့ ရေခပ်တဲ့ပွဲပါဘဲ။ မဏ္ဍပ်ဆောက်မယ်  (မဏ္ဍပ်ဆောက်ချင်တိုင်း ဆောက်လို့မရပါဘူး […]


black chawApril 7, 20163min017
ခေးမလေး တစ်ယောက် အတော်မိုက်တယ်ဆိုပြီး မိတ်ဆွေ တချို့ က တဖွဖွ ပြောနေတာကြောင့် အစဉ်အလာ မပျက်အောင် သူမရဲ့ Page မှာ တင်ထားတဲ့ ပုံလေးတွေ သွားအားပေးရပြန်ပါတယ်။ ပုံလေးတွေ တစ်ပုံခြင်း ကြည့်ပြီး ပြစ်မှား…အဲ..အဲ..အားပေးနေရင်း တစ်ပုံမှာ student party with my kid ဆိုတဲ့ စာသား တွေ့လိုက်ရပါတယ်။ OMG!!! အဲဒါနဲ့ သတင်းပေးတဲ့ မိတ်ဆွေ ကို လှမ်းပြောရပါတယ်။   ခေးမလေး က မိုက်တယ် ဆိုတာကိုတော့ လက်ခံပါတယ်ဗျာ။ ဒါပေမယ့် ကြည့်လည်း ပြစ်မှားဦးဗျ။ အိမ်ထောင်ရှိ တယ်ထင်တယ်နော်…၊ student party with my kid ဆိုတာ တွေ့လိုက်တယ်။ ကလေးပုံတစ်ပုံလည်း တွေ့လိုက်တယ်ဗျ။ […]


ဇီဇီApril 6, 20165min031
Right Approach to get Good Attention ~~~~~~~~~~~~~~~~~~~~~~ ဘာရယ်လို့ အမည်တတ်လို့မရတဲ့ အကြောင်းအရာလေးတွေ ပြောပြမို့။ ငိငိ၊ လူတွေ ရဲ့ စိတ်လိုအင် တစ်ခု က အာရုံစိုက်မှု (Attention) ခံချင်တယ်။ အာရုံစိုက်ခံရအောင်လုပ်တတ်တယ်။ ဒါပေမဲ့ ချဉ်းကပ်နည်း (approach) ပေါ် မူတည်ပြီး ရရှိတဲ့ ပမာဏ ကွာသွားတာပါပဲ။ အဲဒါကို ကိုယ်တွေ့လေးနဲ့ ယှဉ်ရေးချင်လို့ပါ။ :mrgreenn: ယခင် နဲ့ ယခု အသက် အပိုင်းအခြားဟာ ၂၆ နှစ် မတိုင်ခင်နဲ့ အလွန် ကို ပိုင်းခြားထားပါတယ်လို့။ ကိုယ်ကတော့ ကွကိုယ် ရင့်ကျက်လာတယ်လို့ ယူဆပြီး ထင်ရာစိုင်းနေတာ ခုထိပဲ။ :mrgreenn:   ကံကောင်းတာ တစ်ခုက အသက် […]


alinsettApril 2, 20161min05
”ကျ ု ပ်”. . . ”ကျ ု ပ် ”ဆိုပါတော့ဗျာ လွန်ခဲ့တဲ့တစ်နှစ်လောက်က . . . သွားကိုက်ဝေဒနာ ခံစားရတယ်။   ဘယ်အရာကမှ အဲ့ဒီဝေဒနာလောက် သောက်ရေးမကြီးတော့ဘူးလို့ ယူဆမိတဲ့ မိနစ်ပိုင်းအတွင်းမှာပဲ. . .   ကျုပ်ဟာ. . . သွား/ခံတွင်း ဆရာဝန်ဆီ ပြေးပြီး. . . ဒုက္ခပေးနေတဲ့ အခေါင်းပေါက်နဲ့သွားတစ်ချောင်းကို နှုတ်ပေးသင့်ပါကြောင်း…တောင်းဆိုပစ်လိုက်တယ်။     ”နှုတ်ခ”နဲ့”နှုတ်ပေးအပြီး” ”ကိုယ့်အင်္ဂါအစိတ်အပိုင်း သွားဖုံးမှာ”ကွက်လပ်ဖြစ်သွားချိန်မှာပဲ . . . ကျုပ်ရဲ့ဝေဒနာဟာ . . .               ယူပစ်သမျှ သက်သာသွားတယ်။ […]


အာဂApril 2, 20161min07
မနက်ဖြန် ဟာ…မနက်ဖြန် လိုခပ်ယို့ယို့လေးနေပဲတာကောင်းတယ်။ မှောင်တာတွေများ နေရင် မီးထွန်းဖို့လိုအပ်တယ်။ ချစ်ခြင်းတရား က ပစ်ခွင်းလိုက်တဲ့ မြားတစ်စင်းလိုပဲ။ နေမရှိဘဲနဲ့ လတစ်စင်း ဖြစ်ခွင့်မရှိတော့ဘူးတဲ့လား။ နင်မရှိရင်ရော……ငါ……။ တိမ်တွေက ငါ့ရင်ဘတ်လိုမျိုုး စကားမပြောတတ်ဘူး။ ဒါပေမဲ့…..ခံစားမှုတွေပျံသန်းတယ်။ စိတ်စေရာလိုက်ရွေ့လျားတယ်။ နေပူရင် မိုးရွာစေချင်တယ်။ မိုးရွာရင် နေပူစေချင်တယ်။ ချစ်နေတုန်း မုန်းစေချင်တယ်။ မုန်းနေတုန်းကျပြန်ချစ်စေချင်တယ်။ အမြင့်မှာ ထိုင်နေတုန်းက လေတိုက်လို့တိုက်မှန်းမသိ။ မြေပြင်ပေါ်ဗုံးဗုံးလဲကျတော့မှ….နှလုံးသားက တအီအီနဲ့..။ သစ္စာတရားဆိုတာ တစ်ခါတစ်ခါကြတော့ ခြစ်ရာများတယ်။ မြန်မာလို့လည်း ချစ်တယ်။ မြန်မာလိုလည်း သစ္စာမဲ့တယ်။ တစ်ကမ္ဘာလုံးလည်း….အချစ်အမုန်း..နဲ့..ကိစ္စတုံးနေကြ။ ပြောပြီးသား စကားလုံးတွေကို လေထဲကနေပြန်ပြန်ဖမ်းရမယ်ဆို အမှန်တွေ..အမှားတွေ…အချင်းချင်း ခလုပ်တိုက်မိတော့မှာပဲ။ နေဝင်ချိန်ကိုပဲ တစ်ချိန်လုံး ဘဝကကြည့်ကြည့်နေရတော့ နေထွက်ချိန်ကိုတွေ့ရရင်…တစ်မျိုးကြီးပဲ..။ မိန်းကလေး။ကောင်မလေး။ယောက်ျားလေ။ကောင်လေး။ မိန်းမကြီး၊အဘွားကြီး၊ယောက်ျားကြီး၊အဘိုးကြီး။ လူတိုင်းရင်ဘတ်ထဲမှာဘာကြောင့် အချစ်သစ်ပင်ကို ပျိုုးခဲ့ကြတာလဲ။ မြေမြိုတာထက် အချစ်မြိုခံရတာခက်ခဲတယ်။ […]


ဇီဇီApril 1, 20162min010
Sorbet /sɔːrˈbeɪ/ is a frozen dessert made from sweetened water with flavouring (typically fruit juice or fruit purée, wine, and/or liqueur, and very rarely honey).   ဒီ တစ်ပတ် စမ်းထားတာကတော့ သစ်သီးတွေနဲ့ လက်ကျန် ဝိုင်ဖြူတို့နဲ့ လုပ်ထားတဲ့ ရေခဲခြစ် ပါ။ ခွိ။ :mrgreenn:   စိတ်ကူးရှိသလို ကွန့်မြူးနိုင်ပါတယ်။     ကျနော်ကတော့ ချင်တွယ်စရာ ပန်းကန်လုံး တစ်ခု (အကြီးအသေးကတော့ လူများမများပေါ်မူတည်ပြီး ချင်ပါ) ယူလိုက်ပါတယ်။ ပါဝင်သစ်သီးတွေကို တစ်ပန်းကန်စာဆီ ချင်တွယ်ပြီး ဖျော်ရည်စက်ထဲကိုထည့်ပါတယ်။ များရင် […]


naywoon niMarch 31, 20161min016
လောင်းကစားနဲ့ နေဝန်းနီ -၁ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် ဆိုပေမင့် သူများတွေလိုလည်း(strong) ဗေဒင်ကြည့်နေတဲ့ ဥူးပဇင်း ဒါတ်ပုံ မရိုက်ရဲတော့ (/strong)ကိုယ့်အကြောင်းကို ပြန်ပြောတာပဲ အန္တရာယ်ကင်းပါတယ်လေ ။ နေဝန်းနီ တို့ငယ်ငယ် မူလတန်းကျောင်းသားကတည်းက ဖဲရိုက်တတ်သဗျ ။ သုံး/လေးတန်း ရှစ်နှစ် ကိုးနှစ်လောက်ပေါ့ ။ တစ်ကနေ တစ်ဆယ် ထိပါတဲ့ ကားချပ်လေးတွေ ထပ်ပြီးကစားရတာလေ ။ နံပါတ်တူတဲ့သူကစားကြေး ။ တစ်ခါတစ်လေ ကိုယ့်လက်ထဲကိုင်ထားတဲ့ ကားချပ်ဖြစ်ဖြစ် ကစားဖော်လက်ထဲကိုင်ထားတဲ့ ကားချပ်ဖြစ်ဖြစ် ကုန်သွားရင် အနိုင်အရှုံး ဆုံးဖြတ်ဖို့ ကွမ်မီး တို့ ဘူကြီးတို့တွဲပြီး ဆုံးဖြတ်တာလေ ။ ရှစ်နှစ် ကိုးနှစ်ကလေး ဘူကြီးရိုက်တတ်တာ ဆန်းသလား ။ ဆန်းတာက နေဝန်းနီက သူများထက် ဉာဏ် ကောင်းတယ်လို့ပဲ […]