ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကပေ့ါ…ရွှေဟင်္သာကွန်ဒိုမှာ ကျောင်းသားတစ်ယောက်ကို ကွန်ပျူတာအိမ်လိုက်သင်ပေးဖူးပါတယ်။ တစ်ရက်တော့ အဲဒီကျောင်းသားက ဆရာမကို ကျွန်တော် ဒီနေ့တော့ အပြင်မှာ အကျွေးအမွေးနဲ့ ဧည့်ခံပါရစေဆိုပြီး ပြောလာပါတယ်။ နောက်ဆုံးငြင်းမရတော့ လက်ခံလိုက်ရပါတယ်။ ကွန်ဒိုရှေ့ကနေ ဖြတ်လာတဲ့ တက္ကစီတစ်စင်း တားပြီး ပါရမီလမ်းကို ငှားပါတယ်။ ကားဆရာကို ရှေ့နားကလမ်းတိုလေးကနေ သွားခိုင်းတာကို ကားသမားက မသွားဘဲ ပြည်လမ်းပေါ်ကနေ တဆင့် ဓမ္မာရုံလမ်းကို သွားဖို့ ပြင်ပါတယ်။ အဲဒီမှာ ဇာတ်လမ်းစတော့တာပါပဲ။ တက္ကစီဆရာကို သွားခိုင်းတဲ့လမ်းအတိုင်းမသွားလို့ဆိုပြီး ကားပေါ်မှာ ဗျစ်တောက်ဗျစ်တောက်လုပ်ပါတော့တယ်။ ကားဆရာက နားညည်းတယ်ဗျာ။ ပိုက်ဆံလည်းမပေးနဲ့တော့ ခင်ဗျားအခုဆင်းဆိုပြီး ပြည်လမ်းပေါ်မှာ ကားကိုထိုးရပ်လိုက်ပါရော။ ဟိုကျောင်းသားကလည်း စိတ်ဆတ်တဲ့သူဆိုတော့ ကားပေါ်ကချက်ချင်းဆင်းပြီး နောက်က တက္ကစီကိုတားပြီး တက်ကော။ ပထမစီးတဲ့ကားဆရာကလည်း တက္ကစီခပေးဆိုပြီးတောင်းကော။ ကိုယ်တော်ချောကလည်း မပေးနိုင်ဘူးဆိုပြီး တင်းခံနေပြီး နောက်စီးတဲ့ကားဆရာကို အတင်းမောင်းခိုင်းပါလေရော။ […]
