နဝေတိမ်တောင်အချစ်

အာဂApril 2, 20161min07

မနက်ဖြန် ဟာ…မနက်ဖြန် လိုခပ်ယို့ယို့လေးနေပဲတာကောင်းတယ်။
မှောင်တာတွေများ နေရင် မီးထွန်းဖို့လိုအပ်တယ်။
ချစ်ခြင်းတရား က ပစ်ခွင်းလိုက်တဲ့ မြားတစ်စင်းလိုပဲ။
နေမရှိဘဲနဲ့ လတစ်စင်း ဖြစ်ခွင့်မရှိတော့ဘူးတဲ့လား။
နင်မရှိရင်ရော……ငါ……။

တိမ်တွေက ငါ့ရင်ဘတ်လိုမျိုုး စကားမပြောတတ်ဘူး။
ဒါပေမဲ့…..ခံစားမှုတွေပျံသန်းတယ်။ စိတ်စေရာလိုက်ရွေ့လျားတယ်။
နေပူရင် မိုးရွာစေချင်တယ်။ မိုးရွာရင် နေပူစေချင်တယ်။
ချစ်နေတုန်း မုန်းစေချင်တယ်။ မုန်းနေတုန်းကျပြန်ချစ်စေချင်တယ်။
အမြင့်မှာ ထိုင်နေတုန်းက လေတိုက်လို့တိုက်မှန်းမသိ။
မြေပြင်ပေါ်ဗုံးဗုံးလဲကျတော့မှ….နှလုံးသားက တအီအီနဲ့..။

သစ္စာတရားဆိုတာ တစ်ခါတစ်ခါကြတော့ ခြစ်ရာများတယ်။
မြန်မာလို့လည်း ချစ်တယ်။ မြန်မာလိုလည်း သစ္စာမဲ့တယ်။
တစ်ကမ္ဘာလုံးလည်း….အချစ်အမုန်း..နဲ့..ကိစ္စတုံးနေကြ။
ပြောပြီးသား စကားလုံးတွေကို လေထဲကနေပြန်ပြန်ဖမ်းရမယ်ဆို
အမှန်တွေ..အမှားတွေ…အချင်းချင်း ခလုပ်တိုက်မိတော့မှာပဲ။
နေဝင်ချိန်ကိုပဲ တစ်ချိန်လုံး ဘဝကကြည့်ကြည့်နေရတော့
နေထွက်ချိန်ကိုတွေ့ရရင်…တစ်မျိုးကြီးပဲ..။

မိန်းကလေး။ကောင်မလေး။ယောက်ျားလေ။ကောင်လေး။
မိန်းမကြီး၊အဘွားကြီး၊ယောက်ျားကြီး၊အဘိုးကြီး။
လူတိုင်းရင်ဘတ်ထဲမှာဘာကြောင့် အချစ်သစ်ပင်ကို ပျိုုးခဲ့ကြတာလဲ။
မြေမြိုတာထက် အချစ်မြိုခံရတာခက်ခဲတယ်။
ပြောထားတယ်နော်…မနက်ဖြန်အထိဆက်ဆက် ရှင်သန်ပါ အချစ်။

အာဂ

(သတိရလို့ပြန်လာတာ ။)

7 comments

  • ခင်ဇော်

    April 4, 2016 at 1:18 pm

    လူ အလို နတ်မလိုက်နိုင်ပေါ့ဟယ်။

    :a:

    Reply

  • Thint Aye Yeik

    April 4, 2016 at 5:15 pm

    အင်းးး ဆက်ဆက်လည်း ကပ် ပါလာသေးးးး

    :k:

    စကားလုံးတွေ ကြွယ်ဝနေတဲ့ စာမူလေးမို့ နှစ်ခြိုက်မိပါတယ် ကိုဂရေ

    Reply

    • အာဂ

      April 4, 2016 at 6:38 pm

      အာ့ချိုစာမူခ​ပေးဘာ ခ်​ခ်​

      Reply

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    April 6, 2016 at 2:43 pm

    တော်တော်မိုက်ပါလားဟဲ့

    Reply

    • အာဂ

      April 6, 2016 at 5:59 pm

      လူ လိမ္မာလေးပါဗျာ

      Reply

  • ဦးကြောင်ကြီး

    April 10, 2016 at 8:22 am

    ကဗြာစရာအာဂ
    တခါတခါနှာပွ
    ဗလာမပါလာဘ
    အသာအယာဖွာခြ…

    Reply

Leave a Reply

Your email address will not be published.