ko sixOctober 16, 20171min06
။။။။။။။။။။။။။ ထက်ခြမ်း ခြမ်းပစ်ဖို့ စိတ်ကို စာရင်းသွင်းထားတယ်။ မီးဖြစ်စေ ရေဖြစ်စေ နေရာရှိမှ ခမ်းနားကြောင်း သိလာရ။ ကြိုးဆိုတာ ခပ်များများလိမ်နိုင်မှ ဝိုင်ဆိုတာ ခပ်များများ စိမ်နိုင်မှ ဒီလိုပါပဲ ရယ်စရာမဟုတ်ဘဲ ရယ်နေခဲ့ရတဲ့နေရာမှာ ကြတ်ခိုးတင်ပြီး မိုက်ချင်နေတုန်း။ တစ်ခုပဲ ကံတရားက ကံစမ်းတိုင်း ကျေးဇူးချည်း အတင်ခံနေရတာတော့ အများကြီး နင်နေပြီ ကိုယ့်လူရယ်။ ကိုစစ်


manawphyulayOctober 13, 20172min017
Water Bus စတင်ထွက်ရှိပြီ သတင်းကြားသဖြင့် အလုပ်ဆင်းတဲ့အချိန်တွင် စောပြီး နန်းသီတာဆိပ်ကမ်းသို့ သွားရောက်ခဲ့ရာ သင်္ဘောစီးခရီးသည်များ စောင့်စားနေသည်ကို တွေ့ရပါတယ်။ ကြည့်လိုက်တော့ ကိုုယ့်လို အလုပ်ဆင်းပြန်သူ သိပ်မတွေ့ရပဲ မိသားစုအလိုက် အပျော်လိုက်စီးမည့်သူများကို တွေ့ရတယ်။ သင်္ဘောရဲ့စတင်ရာ ဂိတ်ကတော့ ဗိုလ်တစ်ထောင်ဘုရားမှ ဂိတ်စတယ်လို့ ပြောတယ်။ ဒါနဲ့ ခဏစောင့်နေတော့ တစ်ထပ်သင်္ဘောတစ်စီး ကမ်းကပ်လာတယ်။ နေရာမရမှာစိုးတဲ့အတွက် ဗိုလ်တစ်ထောင်ဘုရားဘက်ကို စီးဖို့ စိတ်ကူးလိုက်ပြီး လိုက်သွားလိုက်တယ်။ သင်္ဘောပေါ်မှာတော့ ထိုင်ခုံအပြည့်ပဲတင်တဲ့အတွက် လျော့သွားတဲ့လူဦးရေပဲ တင်တာဆိုတော့ လူအများကြီးတော့ လိုက်စီးလို့မရဘူးပေါ့။ နောက်ဗိုလ်တစ်ထောင်ဘုရားဂိတ်ရောက်တော့ အကုန်ဆင်းခိုင်းပါတယ်။ ဂိတ်ဆုံးပြီတဲ့။ ကိုယ်က အိမ်ပြန်မှာလေ အင်းစိန်ထိစီးမှာဆိုတော့ ကမ်းကို ကြည့်လိုက်တော့ လူတွေ လူတွေ မနည်းမနောပဲ ဆင်းပြီး ပြန်တက်ဖို့ မလွယ်လောက်ဘူး။ ဒါနဲ့ ယူနီဖောင်းဝတ်ကောင်လေးကို အကျိုးအကြောင်းပြောပြတော့ […]


ko sixOctober 11, 20171min010
::::::::::::::::::::::::::::::::::: ဆံပင်ဖြောင့်လိုက်ရုံနဲ့ ရုပ်က ဖြောင့်မသွားဘူး ဆိုလိုတာက ဟွန်းမတီးရနယ်မြေမှာ စကားကျယ်ကျယ်ပြောနိုင်သလိုမျိုး အမှိုက်မပုံရရပ်ကွက်ထဲ အမှိုက်တွေ ဖြန့်ချထားကြသလိုမျိုး တစ်နေ့တစ်နေ့ ရင်ရှုပ်အောင် ဖန်တီးထားတဲ့ ရုပ်ရှင်ဇာတ်ကားက ဝင်ငွေသောက်သောက်လဲ မြတ်နေတဲ့အခါ မိသားစုထဲ ဝင်လာတဲ့ တရားမဝင် ယဉ်ကျေးမှုက ခါးပိုက်ထဲခွေနေတဲ့ မြွေပွေးထက်ဆိုးတယ် အဖြူရဖို့ ဘာရောင်တွေများ ရောနေဦးမှာလဲ။ ကိုစစ်


      ကျနော်တို့ တိုင်းပြည်ဟာ မင်းမဲ့ တိုင်းပြည် မဟုတ်သလို… စည်းကမ်း သတ်မှတ်ချက်တွေ မဲ့နေတဲ့တိုင်းပြည်လည်း မဟုတ်ပါဘူး။ အုပ်ချုပ်တဲ့ အစိုးရ ရှိတယ်။ ထုတ်ပြန်ထားတဲ့ စည်းကမ်း သတ်မှတ်ချက်တွေလည်း ရှိတယ်။ ဒါပေမဲ့… ပြဿနာက ဘာလဲဆိုတော့ …. စည်းကမ်းဆိုတာ … လိုက်နာကျင့်သုံးရမယ့်အရာ လို့ စွဲစွဲမြဲမြဲ ရှိမနေကြဘဲနဲ့ … စည်းကမ်း သတ်မှတ်ချက်တွေကို ဆိုင်းဘုတ်ချိတ်ထားရုံမျှ ဖြစ်နေတာပါပဲ။ ကွမ်းမစားရ လို့ စာတော့ ကပ်ထားပါရဲ့။ ဒါမယ့်အဲ့ဒီ သတိပေးစာအောက်မှာပဲ ကွမ်းတပျစ်ပျစ်။ အမှိုက် မပစ်ရ လို့ သတိတော့ ပေးထားပါရဲ့။ ဒါမယ့် အဲ့ သတိပေးစာ ဆိုင်းဘုတ်ကိုယ်တိုင်က အမှိုက်ပုံထဲမှာ ထောင်ထားရသလို ဖြစ်တဲ့အထိ အမှိုက်တွေ ပစ်ကြတယ်။ […]


ko sixOctober 8, 20171min08
သူ့ဘာသာ မပျံချင်ပါဘူး။ မြှောက်ထိုးပင့်ကော်တရားမှာ ပျော်ဝင် အမှောင်ထဲ အမြင့်ထင်နေခဲ့ရ သွားချင်ရာမသွားခဲ့ရပါဘူး ဒီမိုကရေစီ မရှိတဲ့အရပ် လေဟပ်တိုင်း ရွေ့နေခဲ့ရ။ သေချာတာက ဦးနှောက်မပါဘူး လုံးလုံး။ ကိုစစ်


aye.kkOctober 4, 20171min014
အတိတ်ဆိုတာ လူတိုင်းမှာရှိပါတယ်။ အတိတ်နဲ ့ပတ်သက်ရင် ကောင်းတဲ့အတိတ်ရှိခဲ့သလို မကောင်းတဲ့အတိတ်လည်းရှိပါတယ်။ ကောင်းတဲ့အတိတ်ကတော့ ဘယ်အချိန်ခါမှာဘဲဖြစ်ဖြစ် ပြန်ပြီးတွေးမိ,စဉ်းစားမိတိုင်း ကိုယ့်ကိုယ်ကိုအားရကျေနပ်တဲ့စိတ်နဲ ့ထပ်တူကြည်နှူးဝမ်းသာစိတ်တွေ ဖြစ်ပေါ်ခံစားရစေပါတယ်။ မကောင်းတဲ့အတိတ်ကတော့ ဘယ်အချိန်မှာဘဲဖြစ်ဖြစ် ပြန်ပြီးတွေးမိ,စဉ်းစားမိတိုင်းလဲ ကိုယ့်ကိုယ်ကိုအားမလို,အားမရစိတ်တွေနဲ့ထပ်တူပူပန်ဝမ်းနည်းစိတ်တွေသာ ဖြစ်ပေါ်ခံစားရစေပါတယ်။ ကောင်းတဲ့အတိတ်ဆိုတာလဲ မိမိရဲ ့ပြုလုပ်ဆောင်ရွက်ခဲ့တာတွေပါဘဲ။ မကောင်းတဲ့အတိတ်ဆိုတာလဲ မိမိပြုလုပ်ဆောင်ရွက်ခဲ့တာတွေပါဘဲ။ မိမိစိတ်မှာဖြစ်ပေါ်လာတဲ့စိတ်ခံစားဖြစ်ပေါ်မှုတွေအရ, အကောင်းစိတ်,အဆိုးစိတ်တွေအတိုင်း၊ ပြုမူဆောင်ရွက်မိကြလို ့သာ ကောင်းတဲ့အတိတ်,မကောင်းတဲ့အတိတ်တွေဖြစ်ပေါ်ခံစားကြရတာပါ။ မကောင်းတဲ့အတိတ်က အဆိုးစိတ်တွေအတိုင်းသာ ပြုမူဆောင်ရွက်,လုပ်မိခဲ့ကြတဲ့အတွက် ကိုယ့်ကိုယ်ကိုစိတ်ဆင်းရဲစေတာကလွဲရင် ပစ္စုပ္ပန်အတွက်လဲ  အကျိုးမရှိပါဘူး။ ကောင်းတဲ့အတိတ်က အကောင်းစိတ်တွေအတိုင်းသာ ပြုမူဆောင်ရွက်,လုပ်မိခဲ့ကြတဲ့အတွက် ကိုယ့်ကိုယ်ကိုလည်း စိတ်ချမ်းသာမှုရရှိစေတဲ့အပြင် ပစ္စုပ္ပန်အတွက်လဲ အကျိုးရှိပါတယ်။ မကောင်းတဲ့အတိတ်ဆိုတာ ကိုယ့်မှာမရှိခဲ့ရင်၊စိတ်ချမ်းသာမှုသာခံစားကြရမှာပါ။ မကောင်းတဲ့အတိတ်မှကင်းဝေးနိုင်ဘို ့အတွက် အသိတရား,ကိုယ်ချင်းစာတရားရှိရပါမယ်။ အသိတရား,ကိုယ်ချင်းစာတရားက စိတ်ကိုထိန်းချုပ်နိုင်တဲ့လက်နက်ကောင်းတွေပါဘဲ။ လက်နက်ကောင်းတွေနဲ ့စိတ်ကိုထိန်းချုပ်နိုင်ပါမှ မကောင်းတဲ့အတိတ်ကနေ ကင်းဝေးနိုင်ကြမှာပါ။ အားလုံး- မကောင်းတဲ့အတိတ်မှကင်းဝေးနိုင်ကြပါစေ။              


    နယ်ဘက်က ကားလမ်းမတွေပေါ်မှာ … အိမ်မွေးအကောင်ပလောင်တွေ သွားလာနေတာကြောင့် ကားမောင်းရတာ အနှောင့်အယှက် ဖြစ်တဲ့အကြောင်းလေး ပြောချင်လာတယ်။   ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမပေါ်မှာတောင် ခွေးတွေ/ နွားတွေ ဖြတ် တက်လာလို့ အန္တရာယ်ကြီးစွာ ရှောင်ရ…(မရှောင်သာတဲ့အခါ တိုက်ခဲ့ရ)တဲ့ အဖြစ်တွေ ကြုံဖူးသူ မနည်းပါဘူး။ အရှိန် ကီလို 100 လောက်နဲ့ မောင်းလာတဲ့ ကားတွေအနေနဲ့ ရုတ်တရက် ဖြတ်ပြေးလာတဲ့ ခွေး၊နွားတွေကို ရှောင်ဖို့ ဘေး ဆွဲချလိုက်ဖို့ဆိုတာတာလည်း အန္တရာယ်များသလို … အဲ့လောက် အရှိန်နဲ့ မောင်းနေရာကနေ အဲ့ဒီခွေးကို မတိုက်မိခင်မှာ  ဘရိတ်နင်းပြီး ရပ်ချလိုက်ဖို့ကလည်း လွယ်မှ မလွယ်တာနော်။ အဲ့တော့ အမြန်လမ်းမှာ ကီလို ၁၀ဝ လောက်နဲ့မောင်းနေရင်းကနေ ဟိုးခပ်ဝေးဝေးရဲ့ဘယ်ညာ […]


ဦးေက်ာက္ခဲSeptember 30, 20171min013
ထိုင်းမှာ နေခဲ့တုန်းကပေါ့ … ထိုင်းတွေက မြန်မာတွေကို မုန်းတယ် ၊ နှိမ်တယ် ဘယ်လိုပဲဆိုဆို … အေးရှန်း အိမ်နီးချင်းထဲမှာတော့ ဖမာ့ (မြန်မာ) တွေကို အတော်ခင်သား ။ အထူးသဖြင့် တတိယနိုင်ငံတစ်ခုမှာ ဆုံကြည့် ၊ သူတို့မှာ ဖမာ့တွေကိုတွေ့ရင် ဆွေရင်း မျိုးရင်းတွေ့ရသလို အတော်ပျော်ကြတာ ။ ပေါင်းလို့သင်းလို့လည်းကောင်း အတော် အနွံတာခံကြရှာပါတယ် ။ သူတို့အမြင်မှာ ဖမာတွေက သတ္တိကောင်းတယ် ၊ ပြောရဲဆိုရဲရှိတယ် … နိုင်ငံခြားသားကို မကြောက်တတ်ဘူးတဲ့ …   သူတို့ အစိုးရက ဘယ်လိုပဲ ဘရိန်းဝက်ရှ် လုပ်ထား လုပ်ထား ၊ သူတို့ အတွင်းစိတ်မှာ ဖမာ့တွေကို အတော် ကြည်ညိုကြတာဗျ … တကယ် […]


aye.kkSeptember 30, 20171min09
တစ်ဦးနဲ ့တစ်ဦး အတွေးများမတူသလို ခံယူချက်များလည်းမတူညီကြပါ။ တစ်မိသားစု အရင်းအချာပင်ဖြစ်နေပါစေ အတွေးများမတူ,ခံယူချက်များမတူညီကြသဖြင့် နားလည်မှုတွေ လွဲမှားဖြစ်ပေါ်ကြရသည်။ စိတ်၌မှီတည်၍ဖြစ်ပေါ်လာသော မတူသောအတွေး,မတူသောခံယူချက်တို ့သည် ချစ်ခြင်းတရားမှအမုန်းတရားဘက်သို ့လည်းကောင်း အမုန်းတရားမှချစ်ခြင်းတရားဘက်သို ့လည်းကောင်း ဖော်ဆောင်ပြောင်းလဲတတ်သည့် ၊ အကျိုး,အပြစ်တို ့အား ခံစား,စံစားရသည်။ အမုန်းတရားရှိနေသော သူ၏စိတ်က သူ ့အတွေးမှာ တဖက်သားအပေါ်စာနာတတ်သည့်စိတ်မထားရှိနိုင်သဖြင့် ထိုအမုန်းတရားဖြစ်မိနေသူအပေါ်၌ ဝစီကံအရ,ကျူးလွန်မိကာ မခံသာသည့်စကားတို့ဖြင့် ပစ်မှားပြောဆိုကာ ဆက်ဆံသည်။ အပြောခံရသည့် တဖက်သား၏စိတ်၌ကား အမုန်းတရားများကင်းရှင်းနေသောကြောင့် ထိုသူ၏အမုန်းတရားအပေါ်၌ စိတ်ဆိုးခြင်းမဖြစ်ပေါ်ပါ။ သူ၏မေတ္တာစိတ်ဖြင့်သာ၊ထိုသူ၏အမုန်းတရားအား ချေဖျက်ပစ်နိုင်ရန်သာ၊ ကြိုးစားအားထုတ်သည်။ ကြိုးစားအားထုတ်မှုရလာဒ်အရလည်း အမုန်းတရားမှချစ်ခြင်းတရားဘက်သို ့ဖော်ဆောင်ပြောင်းလဲသွားကာ အကျိုးတရား  ကြီးမားစွာရရှိ ခံစား,စံစားရသည်။ ဤအကြောင်းအရာကို စဉ်းစားဆင်ခြင်ကြည့်မိပါလျှင် စိတ်၌မှီတည်၍ ဖြစ်ပေါ်နေသော မတူသောအတွေး,မတူသောခံယူချက်တို ့ကြောင့်ဖြစ်ရသည်ကို တွက်ဆယူ၍ရပါသည်။ မောင်နှမအရင်းအချာများ၌လည်း တစ်ဦးနဲ ့တစ်ဦးသိတ်ချစ်နေကြပါလျှင် အပြစ်မမြင်နိုင်ကြပါဘဲ၊ မည်မျှပင်အဆိုးတရားအား အကြိမ်ကြိမ်ပင်ပြုလုပ်ထားမိခဲ့ပါစေ။ အဆိုးပြုလုပ်မိသူအပေါ်တွင်၊ အကောင်းကိုသာရှာကြံတွေးသည်။ အစဉ်ခွင့်လွတ်သည့်စိတ်၊ခံယူချက်ထားရှိနိုင်သည်။ တချို ့ကြပြန်တော့လည်း […]


ဦးေက်ာက္ခဲSeptember 24, 20171min029
မောင်ကျောက်ခဲ ခလေးအရွယ်ကနေခဲ့တဲ့ အိမ်နားမှာ ရပ်ကွက်ဘောလုံးကွင်း တစ်ကွင်းရှိတယ်ခင်ဗျ ။ ကာလရွေ့လျောလို့ အဘတို့ခေတ်ကို ရောက်တော့မှ ၊ အဲသည့် ဘောလုံးကွင်းလည်း ဘဝပြောင်းပြီး ရေလုပ်ငန်း အအေးခန်းကုန်လှောင်ရုံ ဖြစ်သွားပါတယ် … အိုဘယ့် အနတ္တ အစိုးမရ ၊ ထားပါတော့လေ … ။ အဲသည့် ဘောလုံးကွင်းရဲ့ နံဘေးမှာ ရပ်ကွက်ကောင်စီရုံး ရှိတယ်ဆိုတော့ ၊ အခါကြီးရက်ကြီး … လွတ်လပ်ရေးနေ့တို့ ပြည်ထောင်စုနေ့တို့ဆိုရင် မြို့နယ်က ကြီးမှူးပြီး နိုင်ငံတော် အခမ်းအနားပွဲတွေ ကျင်းပတဲ့ နေရာပါခင်ဗျာ ။ ထုံးစံအတိုင်း မဆလခေတ် ပေါ်လစီ အာဝါဒါး ဝိဝါဒါးတွေ ဖတ်ပြပြီး “xxx ရေး … ဒို့အရေး” “အရေးတော်ပုံ အောင်ရမည်” ဆိုတဲ့ ကြွေးကြော်သံတွေ […]


KyaemonSeptember 22, 201726min01
တရုပ်ပြည်မှာရေကာတာလုပ်လို့ရန်ဇီမြစ်၊မြစ်ဝါစတဲ့အခရာမြစ် ရစင်းကကောသွားတယ်လို့ဦးထွန်းလွင်ကဟောပါတယ်၊   ၊၎င်းဟောတဲ့အတိုင်းမဟုတ်မမှန်ပါ, ၊ခုထိမကောကြပါ၊ ၊မြစ်တွေကမကောတဲ့အကြောင်းရှေ့ဆောင်းပါးတွေမှာဖော်ထားပါတယ်၊   ၊ရန်စီမြစ်ပေါ်ကချုံကင်းမြို့နဲ့နန် ဂျင်းမြို့တို့ရဲ့အခြေအနေကိုလဲအထူးလေ့လာတင်ပြခဲ့တယ်၊၊   ခုဆိုရင်မြစ်ဝါကလန်ဇိုးမြို့နဲ့မြစ်ဝါကမ်းရိုးတလျောက်ကိုခဏဝင်ကြည့်ပြီး၊ရန်စီကနန်ဂျင်းကိုပြန်သွားမယ်၊     ပုံတွေကို ကလစ်နှိပ်ရင်ပုံကြီးတွေမြင်နိုင်တယ်  ၊မြစ်ဝါပေါ်Gansu၊ပြည်နယ်လန်ဇူမြို့ Lanzhouကပုံတွေပါ၊ အနောက်တိုင်းလိုဘဲ   ၊ဧည့်ခရီးသယ်တွေအပျော်စီးဘို့ အမြန်သင်္ဘောတွေကိုအငှါးပေးစီးရင်းစီးပွါးဖြစ်၊၊     ၊မြစ်ဝါပေါ်Ningxiaနင်ရှာပြည်နယ်Qingtongxia Grand Canyonအရပ်ကတောင်ကမ်ဘားရှူခင်းသာ     ၊မြစ်ဝါတလျောက်ယှဉ်ပြီးတည်ဆောက်ထားတဲ့အမြန်မောင်းလမ်းမကြီး   ၊မြစ်ဝါလဲ မကောကြောင်းတွေ့နိုင်၊   ၊ ရန်စီပေါ်ကနန်ဂျင်းကိုပြန်သွားကြည့်ရအောင်၊ ၊ရေကာတာမှလျှပ်စစ်အားတွေရလို့လုပ်ငန်းတွေတွင်ကျယ်အောင်မြင်နေတာကိုမြင်တွေ့ရပါမယ်၊     ၊နန်ဂျင်းကားကုမ္ပဏီက ၊ယူကေအင်္ဂလန်ပိုင်နံမယ်ကြီးအပျံစားကား MG Roverကုမ္ပဏီကို ၊ဈေးကြီးပေးပြီးဝယ်ခဲ့တယ်၊   MGပုံစံအတိုင်းနန်ဂျင်းမှာကားတွေထုတ်လုပ်ပြီးကမ႓ာကိုတင်ပို့ရောင်းချဘို့စီမံထားတယ်၊     ၊လွန်ခဲ့တဲ့ ၁ဝနှစ်(၂၀၀၇)ကသတင်း   Nanjing Auto launches first homemade […]


ဦးေက်ာက္ခဲSeptember 19, 20171min020
  အောင်ရင်တို့ ထူးအိမ်သင်တို့ရဲ့ နာမည်ကျော် သီချင်းလေး … 🎶 အို မေ့မရပြီ စိတ်မှာစွဲ … ဟဲ ဟဲ 🎶 … လို့ လွမ်းချင်းကလေးများချမိရင် အရင်ဆုံးသတိရတာက ၈၈၈၈ အရေးတော်ပုံကြီးပါပဲ ။ မြေပေါ် မြေအောက် ကွန်မြူနစ်တွေကပဲ လှော်လှော် ၊ ဆမူဆာ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးကပဲ ဖွဖွ ၊ တို့ကျောင်းသားများကပဲ တော်လှန်တော်လှန် … စားဝတ်နေရေး ကြပ်တည်းလွန်းလို့ ကားဂိတ်နေသင်္ဘောအောင်း ဆိုက်ကားဂိတ်ပါမကျန် မဆလ ဘိုနေဝင်းကို အပြုတ်တိုက်ခဲ့ကြတာ ၂၉-နှစ်ပြည့်ခဲ့ပါပြီ ။ “ဆန်တစ်ပြည် ၁၆-ကျပ် စိန်လွင်ခေါင်းကိုဖြတ်” “ရရင်ရ မရရင် ချ ၊ ရရ မရရ ချ” ဆိုပြီး ဇမ်းတင်လိုက်တာ ပိုဆိုးတဲ့ […]


Mr. MarGaSeptember 12, 20171min06
တစ်နှစ် တစ်နှစ်ဟာ ဘာမှ မကြာလိုက်သလိုနဲ့ အသက်တစ်နှစ် ထပ်ကြီးလာပြန်ပေါ့… အိုင်တီခေတ်ကြီးထဲမှာ အိုင်တီသမားလုပ်ဖို့ ရွေးမိတဲ့ ကိုယ့်ကိုယ်ကိုပဲ ထိုင် မေတ္တာပို့ရမလား မသိ… တစ်နေ့တစ်နေ့ နည်းပညာနောက်ကို မျက်ခြေမပြတ်အောင် ပြေးလိုက်နေရတာ ပင်ပန်းလာမိတယ်။ အပြောင်းအလဲမြန်လှတဲ့ ခေတ်ကြီးထဲ နေထိုင်မှုပုံစံပါ တဖြည်းဖြည်း လိုက်ပြောင်းလာတာတော့ သတိထားမိရဲ့ ရုံးနဲ့အိမ်၊ အိမ်နဲ့ရုံးကြား လွန်းပြန်ထိုးရင်း ရုံးတက်ချိန်တွေ စောလာသလောက် အိမ်ပြန်ချိန်တွေ ပို ညဉ့်နက်လာခဲ့ ပိတ်ရက်တွေမှာတော့ တစ်ပတ်စာ အိမ်အလုပ်တွေနဲ့ နပန်းလုံးရင်း လူဟာလည်း တဖြည်းဖြည်း အိမ်တွင်းပုန်း သတ္တဝါ ဖြစ်မှန်းမသိ ဖြစ်လာရဲ့ အားလပ်ချိန်တွေမှာ အပြင်လောကနဲ့ ဆက်နွှယ်ထားတဲ့ ပုံရိပ်ယောင်ဘဝထဲမှာပဲ အချိန်အများစု ကုန်ဆုံးရင်း ကျန်တဲ့အချိန်တွေမှာ စာအုပ်နဲ့ ရုပ်ရှင်တွေပဲ ကိုယ့်အနားမှာ ထားမိနေရဲ့ ဒါတွေအကုန်လုံးဟာ ကိုယ်ပိုင်ရွေးချယ်မှုနဲ့ […]