တစ်ခုသော နွေအကုန်၊ မိုးအကူး ကာလတစ်ခုတွင် မိုးကြီး သည်းထန်စွာ ရွာသွန်းလျက် ရှိနေ၏။ လျှပ်စီးများ တဝင်းဝင်း၊ မိုးခြိမ်းသံများ တဂျုန်းဂျုန်းနှင့် ကြောက်မက်ဖွယ် ရွာသွန်းလျက် ရှိနေသည့် မိုးကြောင့် ပတ်ဝန်းကျင် တစ်ခုလုံးသည်လည်း နေ့ခင်း ချိန်ခါပင် ဖြစ်လင့်ကစား မည်းမည်း မှောင်လျက်သာ ရှိနေချေ၏။ မိုးနှင့်အတူ လေပြင်းများလည်း တိုက်ခတ်လေ၏။ မိုးဒဏ်၊ လေဒဏ်အောက်တွင် သစ်ပင် များသည်လည်း ယိမ်းထိုးလျက် ရှိချေ၏။ ထိုသစ်ပင်များ ထဲတွင် နတ်ရွာ သင်္ချိုင်းကုန်းမှ မန်ကျည်းပင်ကြီး ၃ ပင်လည်း ပါဝင်လေသည်။ ထိုမန်ကျည်းပင်ကြီး ၃ ပင်သည် မိုးလေအောက်တွင် လှုပ်ခါ ရမ်းနေ၏။ အမှောင်ထု ကြီးစိုးထားသော ပတ်ဝန်းကျင် အောက်တွင် လျှပ်စီး တစ်ချက်တစ်ချက် […]
