SawAungMay 7, 20151min07
တစ်ချက်….နှစ်ချက်…..သုံးချက်….. အချက်ပေးသံမပြဘဲ ပေါက်ကွဲတဲ့အသံ မကြားနိုင်တဲ့ ငါတို့ရဲ့အနီးဆုံးတစ်နေရာက….. တစ်ဖြည်းဖြည်းတုံးလာတဲ့ ငါတို့ဦးနှောက်တွေနဲ့…. ညနေစောင်းရင်အိမ်ကိုပြန်တဲ့ခြေလှမ်းတွေက ယိုင်နဲ့နဲ့ဖြစ်နေတုန်း… အိမ်အပြန်ကို မေမေစောင့်နေရောပေါ့ ညတွေတိုင်း.(ညတိုင်းညတိုင်း)မှာ မလင်းတဲ့ငါတို့နေရာကနေ မှောင်နေတဲ့မြို့ပြကိုငေးမောကြည့်နေမိပါရဲ့ ဟိုးအဝေးမှာတရွေ့ရွှေ့နဲ့ လာနေတဲ့ခြေလှမ်းတွေ သူတို့တွေအခုထိ(ခုချိန်ထိ)အိမ်ပြန်မရောက်သေးဘူး။ တွေးရင်း(ငေးရင်း)….တွေးရင်း(ငေးရင်း) သက်ပြင်းအကြိမ်ကြိမ်ချမိတယ် မေမေ…. လောကမှာဘာအရေးကြီးဆုံးလဲ မမေးနဲ့………….. တစ်……….ပိုက်ဆံ နှစ်………..ငွေ သုံး………..လိုနေတာဒိုးပြားတွေပဲ(ရက်ပါလိုလိုက်မဆိုပါနဲ့) ဘဝတစ်ခုနဲ့တစ်ခုအရင်းတည်ခဲ့တဲ့နေ့တွေ…ရက်တွေ…ညတွေ အိုကွယ်….မျက်ရည်နွံထဲဖြစ်ဖြစ်…တံတွေးခွက်ထဲဖြစ်ဖြစ် ပက်လက်မျောစရာရှိတာသာမျော အရေးကြီးတာ နှခေါင်းဖော်ပြီးနေတတ်ဖို့ပဲ။ မေမေ……ကျန်းမာပါစေ အမြဲတမ်းဆုတောင်းအသံ ကောင်းကင်ထက်မှာလွင့်ပျံလို့ ဒါပေမယ့် မြေပြင်ကခြေလှမ်းတွေက ကလေးတွေကစားတဲ့စက်ဘီးတာယာလိုပါပဲ(ဦးတည်ရာပျောက်နေတယ်) ယိုင်နဲ့နဲ့ ထိမ်းရင်းကျောင်းရင်း မြို့ပျက်ထဲမှာဖက်တွယ်နေတဲ့ သူဖုန်းစားတစ်ယောက်လို အမှောင်ကြားက အလင်းစက်ကိုရှာဆဲပဲ မေမေ……..။ မေမေ….ပြောခဲ့တယ် လောကမှာဘာအရေးကြီးဆုံးလဲ…. တစ်……စာနာမှု… နှစ်…….စာနာမှု… သုံး…….စာနာမှု… အို….မေမေရယ်…. အားလုံးဟာ…သားတို့ငယ်ငယ်တုန်းက ရှာခဲ့တဲ့ မြောင်းထဲကဖန်ဂေါ်လီလိုပါပဲ ရှိမလားလို့ မြောင်းထဲကိုဟိုစမ်းဒီစမ်းပေါ့ နောက်ဆုံးတော့ မြောင်းပုပ်နံ့က လက်ထဲကိုပဲစွဲကပ်လာတယ် ဒီလိုနဲ့ ……… ဒီလိုနဲ့ (ဒီလိုနဲ့…………….ပဲ) သားးးးးးးးးးးးးးလမ်းလျှောက်ရင်း…….လမ်းလျှောက်ရင်း…………. နေမထွက်လာတဲ့ အရုဏ်တက်ချိန်မှာ…..အမှောင်ထဲကနေ အမှောင်ကိုလှမ်းကြည့်လိုက်တယ် မေမေ……။ xxxxxxxxxxxxxxxxxxxxxxxxxxxxxx ရင်နှင့်ရင်း၍ […]


alinsettMay 7, 20153min012
အပါတ်စဉ် စီစဉ်တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone (သို ့မဟုတ်) အောင်ဇေမီဒီယာရဲ့ ဒီတစ်ပါတ် သတင်းကဏ္ဍကနေ တင်ပြပေးသွားမယ့် သတင်းတွေကတော့…      ဘာသာရေး လွတ်လပ်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာကောင်းတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ်နဲ့ မြန်မာ့အခြေအနေသတင်း ၊    မြန်မာပြည်ရဲ့ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှု ပဋိပက္ခများ တားဆီးရေးအတွက် ကနေဒါနိုင်ငံက ဒေါ်လာ ခြောက်သိန်းနီးပါး ကူညီပေးအပ်တဲ့သတင်း၊    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို တိုက်တွန်းပြောကြားလိုက်တဲ့ သတင်းအချက်အလက်များ၊    သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက် ကျောင်းသားကျောင်းသူတွေကို လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့သတင်းများ၊  ဒေသခံပြည်သူ ရ […]


AlinchoMay 5, 20151min050
  .ဟိုးရှေးရှေးတုန်းကပေါ့ကွယ် အလွန်သာယာလှပတဲ့ ရွာကြီးတစ်ရွာရှိသတဲ့။ အဲဒီရွာကြီးရဲ့ သာယာ လှပပုံတွေ၊ .ရွာသူရွာသားတွေရဲ့ ဖော်ရွေပြီးဉာဏ်ပညာ ပြည့်ဝပုံတွေဟာ ရွာနီးချုုပ်စပ်မှာ အလွန် တရာမှ သတင်းကြီးသတဲ့။ .အဲဒီရွာလေးရဲ့ကောင်းသတင်းတွေကို မိန်းမပျိုလေးတစ်ဦးကလည်း သူနဲ့ရင်းနှီးပြီးလေးစားရတဲ့ အဲဒီရွာသူအန်တီတစ်ယောက်ဆီက .ကြားသိရပြီး အလွန်တရာမှ စိတ်ဝင်စားကာ အချိန်ရတိုင်း ရွာနားနီးစပ်ကနေ စောင့်ကြည့်အကဲခတ်နေသတဲ့။ အဲဒီလိုနဲ့ မိန်းမပျိုလေးဟာ .ရွာကလေးရဲ့ ကောင်းသတင်းတွေဟာ အပြောမျှသာမဟုတ်တာကို သိရှိရပြီး ရွာလေးရဲ့ သာယာလှပမှုတွေကိုခံစားရင်း အသိပညာ .ဗဟုသုတတွေကိုလည်း သင်ယူလေ့လာ ချင်တဲ့အတွက် ရွာသူတစ်ယောက်အဖြစ် မှတ်ပုံတင်ကာ ရွာထဲကို .အရဲစွန့်ဝင်ရောက်လာခဲ့သတဲ့ကွယ်။   .ရွာထဲကိုရောက်ရှိပြီးတော့လည်း မိန်းမပျိုလေးဟာ ရွာသူရွာသားများနဲ့ ရင်းနှီးချင်လာပြန်သတဲ့။ ဒါပေမယ့် ရွာထဲမှာ .မိန်းမပျိုလေးရဲ့အသိဆိုလို့ အန်တီဒုံတစ်ယောက်သာ ရှိတာကြောင့် အဖော်မဲ့ နေရှာတဲ့ မိန်းမပျိုလေးဟာ အဝေးကနေပဲ .ရွာသူရွာသားတွေရဲ့ […]


ခင္ခMay 4, 20151min013
.အစေးခြောက်ကပ် .နွယ်ချင်းယှက်လို့ .တွန်းတက်ထိုးလာ .အမှီအားပြု .နွယ်တစ်စုသည် .အလွန်ပူလှ .နွေအခါသမယမှာ .အပြင်မှာရှိ .အပူဒါဏ်ထိတော့ .ခြောက်သွေ့သဏ္ဍန်ဟန် .ဖြေလျော့ပြန်လျှင် .ယှက်နွယ်စုခဲ့ .အားတက်ဖွယ်တို့ .နှမျောလှပေသကား။     ခင်ခ။


naywoon niMay 4, 20151min016
အရက်​သမား ပို့စ်​ -၃ ​နေဝန်​းနီ တို့ အရက်​စ​သောက်​တတ်​တဲ့ အချိန်​ကို ပြန်​​ပြောင်​းကြည်​့ရင်​​တော့ အရက်​​သောက်​ကြတဲ့သူ​တွေဟာ အချိန်​​တွေပို​နေတာရယ်​ ။ ပိတ်​မိ​နေတဲ့ လူမှုအသိုက်​အအုံထဲက​နေ ထွက်​​ပေါက်​ရှာတာရယ်​ သွား​တွေ့တယ်​ ။ ​ကျောင်​းချိန်​ အလုပ်​ချိန်​က​နေ အားလပ်​တဲ့ အချိန်​​တွေမှာ ​ဖျော်​​ဖြေ​ရေးကိစ္စ မရှိသ​လောက်​ ။ စိတ်​ပါဝင်​စားရာ အ​တော်​များများ လုပ်​ခွင်​့မရှိဘူး လို့ကန်​့သတ်​ခံထားရတဲ့ ဆိုရှယ်​လစ်​​ခေတ်​​နှောင်​းပိုင်​း ။ ရန်​ကုန်​နဲ့ မန္တ​လေး မှာကလွဲရင်​ ကျန်​တဲ့နယ်​​တွေမှာ စိတ်​အပမ်​း​ဖြေစရာ တီဗွီ ဗီဒီယို လက်​ချိုး​ရေလို့ရတယ်​ ။ တစ်​လမ်​းလုံးမှ လျှပ်​စစ်​မီး သုံးနိုင်​တဲ့အိမ်​ လက်​ညိုးထိုးပြီးလိုက်​​ရေလို့ရတယ်​ ။ ​ပြောမဲ့သာ​ပြောရတာ အဲ့အချိန်​က အရက်​ဆိုင်​ ဆိုတာက အစိုးရ စား​ဖျော်​နဲ့ အမိန်​့ရ အရက်​ဖြူဆိုင်​ပဲ ရှိတာ ။ အပြင်​ဆိုင်​ဆိုလို့ ​ခေါက်​ဆွဲ​ကြော်​​ရောင်​းတဲ့ […]


WowMay 3, 20151min047
ကျနော်ကတော့ လူတွေမှာ ရွေးချယ်စရာမရှိတဲ့ဘွဆိုတာကို လက်မခံဘူးဗျ… အနည်းနဲ့ အများသာရှိမယ်.. လူတိုင်းကိုယ့်လမ်းကြောင်းကိုယ်ရွေး ကိုယ်ရွေးချယ်တဲ့ဘွရဲ့ ကောင်းမွေ ဆိုးမွေကို ကွကိုယ်ခံ.. ပြောချင်တာက အခု လောက်ကိုင်မှာ တပ်ရင်းလုံးပြုတ် သေကြ၊ ဒဏ်ရာရကြတဲ့ စစ်သားလေးတွေ.. မသနားဘူးလား .. ကျနော်လဲ လူပဲ.. သနားတာပေါ့.. ဝမ်းသာအားရ သေပြီဆိုပြီး တင်တဲ့သူတွေအကုန် ကျနော် fb မှာ ဘလော့ပစ်တယ်… မခံစားနိုင်လို့.. အစိုးရမကောင်း၊ စားဝတ်နေရေးကြပ်တည်း၊ ပညာရေးစနစ်မကောင်း… ဒါတွေဘယ်လိုပြောပြော စစ်သားဆိုတဲ့ ဘွက သူတို့ရွေးချယ်မှုလေ.. စစ်သားမလုပ်ပဲ ဆိုက်ကားနင်းစား၊ ရေထမ်းစား အခြားလုပ်စရာတွေ အောလဗုံ… စစ်သားဖြစ်ပြီဆိုထဲက ပြည်သူအများစုမုန်းတာခံရမယ်၊ ပြည်သူ/ကျောင်းသား/ဘုန်းကြီး ကို သတ်ရင်သတ်၊ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပြီး နိုင်မယ်၊ ရှုံးမယ်၊ ဒဏ်ရာရမယ်၊ သေမယ်… […]


alinsettMay 2, 20155min032
    ၂၀၁၅ ၊ မေလ ၁ ရက်နေ့ ၊ ဒါဟာ … အလုပ်သမားနေ့လေ။ အလုပ်သမားတယောက်အနေနဲ့ ရုံးပိတ်ရက်ပဲ … အားလပ်တာပေါ့။ အားလပ်ရက်ကိုမှ …. လေ့လာရေးအဖြစ် အသုံးချပြီး အသုံးကျစေမယ့် ခရီးတိုတခု ထွက်ခဲ့တယ်ဆိုပါတော့ … ။ ရန်ကုန်ကနေ ဧပြီလ ၃ဝ ရက်နေ့ည ၁ဝ နာရီကားနဲ့ ပြည်မြို့ကို ထွက်ခွါခဲ့ပါတယ်။ ကျနော်စီးလာတဲ့ ဘုန်းမြတ်ပိုင် အဝေးပြေးယာဉ်ဟာ  ပြည်မြို့ကိုရောက်တော့ မေလ ၁ ရက်နေ့ မနက်အစောကြီး ၄ နာရီ။ ငါးနာရီထိုးတဲ့အထိ မြို့ထဲက အဝေးပြေး ကားဝင်းအနီးမှာ ရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေလိုက်တယ်။ အဲဒီနောက် … အဝေးပြေးယာဉ်ရပ်နားစခန်းရှေ့ကနေ ပြည်မြို့ရဲ့ အထင်ကရဖြစ်တဲ့ ရွှေဆံတော်စေတီဘက်ကို […]


naywoon niMay 1, 20151min011
အရက်​သမားပို့စ်​ -၂ မြန်​မာပြည်​မှာက ရှိရှိသမျှလူဦး​ရေရဲ့ ၄၀% ​ကျော်​က အရက်​​သောက်​သုံးကြသူ​တွေပါ ။ ​နေ့စဉ်​ရက်​ဆက်​ မပျက်​မကွက်​ ​သောက်​သုံးသူ​တွေကိုသာ အရက်​သမားလို့ သတ်​မှတ်​ပြီး ​နေ့စဉ်​ရက်​ဆက်​ မသောက်​နိုင်​တဲ့သူ​တွေက​တော့ အရက်​သမားစာရင်​းမဝင်​ပြန်​ပါဘူး ။ (ဥပမာ ​နေဝန်​းနီ တို့လို​ပေါ့ ။ အကြံအဖန်​​လေးရမှ ​ဘောလုံးပွဲ အကြံ​ပေး ၂လုံး အကြံ​ပေး​လေးလုပ်​ က​လေး​တွေကြားထဲ fb အ​ကောင်​့​လေးလုပ်​​ပေး ။ တစ်​ခါတစ်​​လေလည်​း အ​မေ့ဆီက နဲနဲပါးပါးဘတ်​တဲ့ ​ငွေ​ယား​လေးရှိ​နေမှ ဘီယာဆိုင်​​ပြေး ။ ) ​နေ့စဉ်​​သောက်​နိုင်​ဖို့​ဝေးစွ ။ တစ်​ပတ်​တစ်​ရက်​​တောင်​ ဘီယာနားမကပ်​နိုင်​ဘူး ။ ကံများဆိုးချင်​​တော့ ​နေဝန်​းနီ ​ပေးလိုက်​တဲ့ အသင်​းက ခွက်​ခွက်​လန်​​အောင်​ရှုံး​နေ​တော့ ​ဘောလုံးပွဲ​လောင်​းတဲ့သူ​တွေ ​နေဝန်​းနီ မြင်​ရင်​ထွက်​​ပြေး​နေပြီ ။ ၂လုံးသမား​တွေ​ကောပဲ ။ ​နေဝန်​းနီ​ပေးလိုက်​တဲ့ ဂဏန်​းက […]


alinsettApril 30, 20154min013
အလင်းခြုံတဲ့ သတင်း Zone ( သို့မဟုတ်) အောင်ဇေမီဒီယာကနေ အခုတစ်ပါတ်တင်ပြပေးမယ့် သတင်းတွေကတော့ …   မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ဖြစ်ပွါးနေဆဲပဲလို့ ပြောဆိုလိုက်တဲ့ ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ပြောဆိုမှုများ ၊ အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ့နဲ့ မေလ ၂ ရက် ကဆုန်လပြည့်နေ့တွေအတွင်း မြန်မာပြည်တွင်းက အလုပ်သမားတွေ ဆန္ဒပြကြမယ့်သတင်း… မြန်မာအလုပ်သမား အယောက် ၂ဝ လိုက်ပါလာတဲ့ ယာဉ်တစ်စီး ၊       ထိုင်းနိုင်ငံမှာ တိမ်းမှောက်ခဲ့ပြီး မြန်မာ ၉ ဦး သေဆုံးသွားတဲ့ သတင်း၊ မြန်မာပြည်တွင်းမှာ မိုးထစ်ချုန်း ရွာခြင်းများနဲ့ မိုးကြိုးမုန်တိုင်း အန္တရာယ်များ ကျရောက်နေတဲ့ သတင်း ၊ US ၊ တက်ဆက်စ်ပြည်နယ်၊ အမာရီလိုမြို့မှာ […]


manawphyulayApril 30, 20151min021
ဘယ်ရွာဒေသ၊ ဘယ်မြို့ကဟု တိကျသေချာ၊ မသိပါလည်း ဝင်လာခိုနား၊ ခရီးသွားကို နားစဉ်ခဏ၊ အားရွှင်ပျဖို့ ရင်မှ ကြိုဆို လှိုက်လှဲစွာဖြင့် လမ်းခုလတ်က ရွာကလေးပါ။ ပြည့်စုံပျော်ပါး၊ ခရီးသွားလား နွမ်းပါးထီးကျန်၊ ခရီးပြန်လား စုန်ဆန် ဖြူမည်း၊ မူမခွဲဘဲ အမြဲတစေ၊ ဧည့်ဝတ်ကျေဖို့ ဖော်ရွေကြိုဆို လှိုက်လှဲစွာဖြင့် လမ်းခုလတ်က ရွာကလေးပါ။ ဘဝတွက်တာ သိလိုရာကို စုံတကာစေ့ တွေ့ရှိရသည့် လေ့လာကြည့်ရှု၊ မှတ်တမ်းပြုသော် တစ်ခုမဝှက်၊ ကမ်းလင့်ဆက်ဖို့ မပျက်ကြိုဆို လှိုင်လှဲစွာဖြင့် လမ်းခုလတ်က ရွာကလေးပါ။ စာပေ အရေးအသား ရေးကြ မှတ်ကြ ငြင်းကြ ခုံကြ စည်းလုံးစွာဖြင့် အပြုံးမပျက် ရွာကလေးပါ။ ဧည့်သည်ခဏ၊ သင့်ဘဝတွက် ဆန္ဒလိုရာ ပြည့်ဝပါလျှင် ဘယာငြိမ်းဆိတ် ရင်ခွင်ရိပ်မှာ ချွေးသိပ်နှစ်ခြိုက် ရေးခြစ်လိုက်လေ […]


SawAungApril 30, 20151min021
မနေ့က အိမ်ကအပြန်ပေါ့။ ရုံးမှာ အဲကွန်းနဲ့ လူမပင်ပန်း စိတ်သာပင်ပန်း ပေမယ့် အိမ်အပြန်တော့ ဘတ်စ်ကားစီးရတာ တော်တော့်ကိုပင်ပန်းပါတယ်။ သည်လိုနဲ့ ဘဝကြီးကို ဖြတ်သန်းလာတာ နှစ်အတော်ကြာတော့ ငြီးငွေ့လာပါ တယ်။ တစ်ခါ တစ်ခါ စိတ်ဓာတ်ကလည်း ကျလာပြန်တယ်။ ခုတလောလည်း ကျတော်စိတ်ဓာတ်ကျနေတာ ကိုယ့်ကိုယ်ကိုပဲသိပါတယ်။ နံနက်ဆို အစောကြီးထ ထမင်းချ ို င့်ထည့် ရုံးတက် ရုံးအပြန် အိမ်ကို ဘတ်စ်ကားစီးရ တစ်နာရီကျော်ကြာ တယ်။ အမှန်တော့ ကားပိတ်နေတာပါ။ အိမ်နဲ့ မြို့ထဲက အလွန်ဆုံး နာရီဝက် လောက်သာမောင်းရတဲ့ အကွာအဝေးပါ။ အိမ်ရောက်တာနဲ့ ဘာဟင်းချက်ထားလဲကြည့်။ ဟင်းသိပ်မရှိရင် လမ်းထိပ် အရွက်ကလေးနည်းနည်းပါပါးဝယ် ရေဆေးပြီး လှီးထား။ လေ့ကျင့်ခန်းနည်းနည်း လုပ်၊ ရေချိုးပြီးရင် ဟင်းရွက်သင်ထားတာကို ကြော်လှော် ထမင်းစားပြီးလို့ […]


alinsettApril 29, 20154min019
ရန်ကုန်မြို့ပြ သင်္ကြန်ပွဲတော်ကို ”မချစ်မနှစ်သက်သူနဲ့ ပေါင်းသင်းဆက်ဆံရသလို” ခံစားမိပြီးတဲ့နောက်ပိုင်း. . . သင်္ကြန်ရောက်တိုင်း ကျနော် အိမ်တွင်း အောင်းပါတော့တယ်။ တွင်းအောင်း သတ္တဝါလည်း မဟုတ်လေတော့  အိမ်တွင်း ကြာကြာ မအောင်းနိုင်တော့တဲ့နောက်ပိုင်း. . . သင်္ကြန်ရောက်တိုင်း ခရီးစဉ်တခုခု ဆွဲပြီး ရန်ကုန်နဲ့ဝေးရာကို ပြေးပါတယ်။  ငွေကြေး ပြည့်စုံပေါများသူလည်း မဟုတ်လေတော့ ကျနော့်သူငယ်ချင်းတယောက်ရှိရာ ကရင်ရွာကလေးဆီကိုပဲ ဒီနှစ်တွေထဲ သွားဖြစ်နေတယ်ဆိုပါတော့. . .။ >>>>>>>>>>>>>>>>>>>>>> မနှစ်က (၂၀၁၄)သင်္ကြန်တွင်းမှာတော့ ကရင်ရွာထဲ မြို့ထဲ လျှောက်မသွားပဲ မြစ်ကမ်းစပ်တို့ တောင်ထိပ်တွေတို့ကို သွားနေခဲ့တာ။ ဆိုတော့ မနှစ်က သင်္ကြန်ဆိုတဲ့ အငွေ့အသက်ကို လုံးမဝ မရ။ ရေလောင်း ရေပတ်ခြင်းဟာ ကျနော်ဆိုတဲ့ချာတိတ်နဲ့ မဆိုင်ရေးချ မဆိုင်ခဲ့။ ဒီနှစ် ၂၀၁၅ […]


## မျက်စိမှိတ်၍ မုန့်ဝယ်စားပါ ##    “” ဟိုက်ရှ် …… ဟိုက်ရှ် !!! “”    မောင်ဆာမိ တစ်ယောက် အသံထွက်မတတ် မျက်လုံးပြူးသွားသည် ။ စားလက်စ မုန့်ဟင်းခါးကို ဆက်ပဲစားရကောင်းနိုးနိုး မစားဘဲ ထားခဲ့ရကောင်းနိုးနိုး ဝေခွဲမရ ။ တခဏတော့ မှင်တက်နေမိပြန်သည် ။   ဪ … ဘာရယ်မဟုတ် တစ်စားပွဲတည်းထိုင်နေသော မျက်စောင်းထိုးလက်တစ်ကမ်းမှ မာတုဂါမပေါက်စလေးကိုကြည့်မိပြီး ဤသိုဲ့လျှင် ဖြစ်နေခဲ့သည် ။ ထိုမုန့်ဟင်းခါးဆိုင်သို့ မောင်ဆာမိ ရောက်ပြီးမကြာမှီ ထိုကလေးမ ရောက်လာခဲ့သည် ။ မောင်ဆာမိ မုန့်ဟင်းခါးမှာပြီး သူဆက်လက်မှာသည် ။ အစားငမ်းသောမောင်ဆာမိသည် ဗိုက်ဆာဆာနှင့် မုန့်ပွဲရောက်သည်နှင့် အလှူစား စားလေတော့သည် ။ သုံးလေးဇွန်းမျှ ဖလူး […]