ကျွန်မ၏အိမ်တွင် ကလေးနှစ်ယောက် ရှိသည်။ မောင်နီ နှင့် မောင်ဖြူ ဟုပင် ခေါ်ကြပါစို့။  ကျွန်မ၏ မောင်နှစ်ဝမ်းကွဲများ ဖြစ်သည်။  မောင်နီ၏ အဖေ နှင့် မောင်ဖြူ၏ အမေသည် မောင်နှမဖြစ်သောကြောင့် သူတို့နှစ်ဦးမှာ ညီအစ်ကိုတစ်ဝမ်းကွဲများ တော်စပ်သည်။ မောင်နီက မောင်ဖြူထက် နှစ်ရက်သာကြီး၏။ သူတို့နှစ်ဦးလုံးသည် ယခုနှစ်ကျောင်းဖွင့်လျှင် သတ္တမတန်းသို့ တက်ရောက်ကြမည်ဖြစ်သည်။ မောင်နီ၏ မိဘနှစ်ပါးသည် လွန်ခဲ့သော သုံးနှစ်ခန့်က ဆုံးသွားကြပြီဖြစ်သည်။ မောင်နီ့တွင် အစ်မတစ်ယောက်ရှိ၏။ သူတို့မောင်နှမနှစ်ဦးကို အဒေါ်အရင်းဖြစ်သော မောင်ဖြူ၏ အမေက စောင့်ရှောက်ထားသည်။ ယခုအခါ မောင်နီ၏ အစ်မကို တစ်ဝမ်းကွဲအဒေါ်များက ခေါ်ယူစောင့်ရှောက်ထားသောကြောင့် အိမ်တွင် မောင်နီတစ်ယောက်သာ ကျန်တော့၏။ မောင်ဖြူ့တွင်တော့ ညီတစ်ယောက်ရှိသည်။ မောင်ဖြူ့အောက် ငါးနှစ်ခန့်ငယ်သည်။ ထို့ကြောင့် မောင်ဖြူတို့မိသားစုတွင် မောင်ဖြူ့အဘွား (အမေ၏ […]


SawAungApril 24, 20151min011
၂၀၁၅ ၊ ဧပြီ ၂၃ရက် ၊ ကြာသပတေးနေ့ ညနေ (၆)နာရီ (၃၀)မိနစ် မိုးတွေရွာတယ် ……. လျှပ်စီးတွေ လက်တယ်…… ပူပြင်းတဲ့အချိန်မှာ တောင့်တတဲ့အရာ ချက်ချင်းဆိုသလို ရောက်လာတယ်။ စိတ်ထဲက……….တစ်ခဏ နေ့တိုင်းလေး ဒီလိုလေးဆို ဘယ်လောက်ကောင်းမလဲ….. စဉ်းစားလိုက်တယ်………..။   အတွေးက ဖျတ်ကနဲ ဖျတ်ကနဲ ဖျတ်ကနဲ တစ်ဖက်က ခေါင်မိုးမလုံတဲ့ မိသားစုတွေကတော့……….။ အို……………….. အတွေးတွေ……အတွေးတွေ။ ……………………………………………………….. ဒါဟာ………ကိုယ်ချင်းစာတရား…နံပါတ်(၁)။ xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx   ရင်နှင့်ရင်း၍ အောင်မိုးသူ  


SawAungApril 23, 20151min017
မျက်တောင်တွေ တစ်ဖျတ်ဖျတ်ခတ်နေတဲ့ကြားက အချိန်ကလေးအတွင်းမှာ ကျွန်တော်သူ့ကိုသတိရမိတယ်။ မေလဆိုရင် သူဟာကျွန်တော့်ဘဝထဲကထွက်ခွာသွားတာ (၂၄)နှစ်…………….. ဘာမှမသိလိုက်တဲ့ သူ့ရဲ့အငွေ့အသက်တွေကို စိတ်မှန်းနဲ့ ကျွန်တော်တမ်းတမိနေတုန်းပဲ။   သူကျွန်တော့်အပေါ် နွေးထွေးခဲ့မှာပါ သူကျွန်တော့်ကို ပဲ့ကိုင်ခဲ့မှာပါ မှန်းဆရင်း သူဟာ ကျွန်တော့်ကိုအားပေးသူ။   လောကဒဏ်ကြားမှာ ကျွန်တော်လမ်းလျှောက်ဆဲပါ (၂၄)နှစ်အကြာမှာ သူဘယ်ရောက်သွားသလဲ.. သူဟာ တစ်ခါတစ်ခါ ကျွန်တော့်အနားရောက်လာတယ်။ တစ်ခါတစ်ခါ အနားကပ်ပြီး စကားတစ်ခွန်းပြောတယ်။   “ဘဝ”ဆိုတာ ဒီလိုပါပဲ သားရယ်တဲ့…။ ……………………………………… တကယ်တော့………………………. သူခေါ်တဲ့အသံတောင် မမှတ်မိတော့တတဲ့ကျွန်တော့်မှာ မှောင်ပိတ်နေတဲ့ ခံစားမှုအထဲကနေ တစ်စုံတစ်ရာကို ကျွန်တော်ရှာဖွေမိတယ်။ …………………………………………… (၂၄)နှစ်ဆိုတဲ့ အတိုင်းအတာမှာ “အဖေ”ဟာ ကျွန်တော့်ဘဝထဲမှာ အလင်းတန်းတစ်ခုအဖြစ် တည်ရှိနေဆဲ မှောင်ပိတ်နေတဲ့ ခံစားမှုထဲမှာပေါ့။ ……………………………………………………   ရင်နှင့်ရင်း၍ အောင်မိုးသူ


alinsettApril 23, 20154min026
အပတ်စဉ်တင်ပြပေးနေတဲ့ …. အလင်းခြုံတဲ့သတင်း Zone (သို့မဟုတ် ) အောင်ဇေမီဒီယာရဲ့ သတင်းအစီအစဉ်ကနေ ဒီတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ …     ထိုင်းနိုင်ငံထဲမှာ တရားမဝင် မြန်မာ အလုပ်သမားတွေကို အရှိန်အဟုတ်မြှင့် စစ်ဆေး ဖမ်းဆီးနေတဲ့သတင်း .. ကိုးကန့်ဒေသတွင်း တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး တိမ်းရှောင်နေရတဲ့ ဒုက္ခသည်    ၆ သောင်းကျော်ရဲ့ နောက်ဆုံးရ သတင်းများ… ကိုးကန့်ဒေသနဲ့ ရခိုင်ဒေသတွေမှာ ဖြစ်ပွါးနေတဲ့ ပြည်တွင်း စစ်ပွဲဆိုင်ရာ သတင်းများ … ကရင်ပြည်နယ်က ဇွဲကပင်တောင်ပေါ်ကို တက်ရောက်နိုင်ကြဖို့ ကေဘယ်လ်ကားစီမံကိန်း လုပ်ကိုင်ရေးကို ဂျပန်နဲ့ ကိုးရီးယားနိုင်ငံတို့က စိတ်ဝင်စားနေတယ်ဆိုတဲ့သတင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြကြချိန်က ရဲတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားတဲ့ တောင်သူဒေါ်ခင်ဝင်းရဲ့ […]


Travis ZawApril 23, 20151min05
https://www.facebook.com/notes/10153242147608276/?pnref=story တောကျတယ်ဆိုဆို ခေတ်မမီဘူးပြောပြော ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ မြန်မာပြည်မှာ အသံဆူဆူတွေကို အသုံးပြုကြ၊ သဘောကျကြပါတယ်။ မိုးမလင်းမီကတည်းက ဖွင့်လိုက်ကြရတဲ့ ကုသိုလ်ရေးနှိုးဆော်သံကနေ ဘတ်စ်ကားသံ၊ လုပ်ငန်းခွင်သံ စသဖြင့် အသံမျိုးစုံဟာ ဒီနေ့ခေတ်မှာတော့ ဆူညံသံတွေ ဖြစ်လာခဲ့ပါပြီ။ ဆူညံသံတွေကို နာရီကနေ ရက်၊ ရက်ကနေ လအထိ ဆက်တိုက် ကြားရတဲ့အခါ ဒေါသဖြစ်တာတွေ၊ စိတ်မထိန်းနိုင်တော့ဘဲ တုံ့ပြန်မိတာတွေ၊ အရေးယူအပြစ်ပေးရတာတွေ ဖြစ်လာပါတယ်။ မြန်မာတွေဝန်းကျင်က ဆူညံသံတွေ ညံလွန်းနေပြီလားဆိုတဲ့ ခေါင်းစဉ်နဲ့ DVB ဒီဘိတ်ကို မျိုးမျိုးက တင်ဆက်ခဲ့ပါတယ်။ ဦးဆောင်ဆွေးနွေးသူတွေအဖြစ် စာရေးဆရာ အတ္တကျော်၊ စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာစိုးမင်း၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာအောင်လေးတင်နဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဒေါက်တာအေးမင်းတို့က ပါဝင်ကြပါတယ်။ . […]


CourageApril 22, 20151min017
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၂ အီကြာကွေးအား တို့ထိမိခြင်း   အီကြာကွေးဆိုလို့ လက်ဘက်ရည်နဲ့ တို့စားရတဲ့ ဂျုံမှုန့်ကို ရေနဲ့ဖျောကာ နှဲ၊ ရှည်မျောမျောလေး ဖြစ်အောင်ဆွဲကာ အလည်သားကို သံပြားနဲ့ဖိ၊ ဆီပူပူထဲထည့်ကျော်ပြီးမှ ရလာတဲ့ နှစ်ချောင်းပူး စားစရာ အီကြာကွေးကို ပြောတာမဟုတ်ရပါဘူး။ မောင်ကာကြီးတို့ ငယ်စဉ်ကတည်းကနေ အခုချိန်ထိ ကြိုက်နှစ်သက်ခဲ့ရတဲ့ ဟာသသူရဲ့ကောင်း ဆရာအီကြာကွေးကို ပြောတာပါ။ ဆရာကြီးရဲ့ ဟာသတွေဖတ် သရော်စာတွေဖတ်ပြီး မောင်ကာကြီးလိုပြောင်တတ် လှောင်တတ်လာတဲ့ သူတွေလဲနည်းမှာမဟုတ်။ ဆရာကြီးရဲ့ စာတွေမှာ အမြဲတွေ့ရတတ်တဲ့ ဆန်းသစ်တဲ့ တင်စားမှုတွေ ထူးခြားတဲ့ စကားလုံးတွေကို မောင်ကာကြီးကတော့ အပြင် ဘဝမှာတောင် ယူပြီး သုံးနှုန်းခဲ့ဖူးပါရဲ့။ တစ်ကယ်တန်းကျ ဆရာအီကြာကွေးဆိုတာ စာပေအလုပ်တစ်ခုတည်းကိုပဲ တစ်စိုက်မတ်မတ်လုပ်သွားခဲ့တဲ့ purify စာရေးဆရာတစ်ယောက်ပါ။ […]


hmeeApril 22, 20151min031
                                    သူ့ နာမည်က ဦးသောင်းတင်လို့ ခေါ်ပါတယ်။  အသက်ကတော့ ၅ဝကျော်ပါပြီ။ လူပျိုကြီးပါ။ ညီမဖြစ်သူနဲက အတူနေပါတယ်။  မွေးလာကတည်းက နားမကြားပါဘူး။ ဒါ့ကြောင့် စကားလည်း မပြောတတ်ဘူး။ ငယ်ငယ်တုန်းက  နေ့ခင်းဘက် မျက်စိ မြင်ပါတယ်။ ည ဘက်ဆိုရင်တော့ မမြင်ရဘူး။ အခု အသက်ရလာတော့ နေ့ဘက်တောင် ခပ်ဝါးဝါးပဲ မြင်ရပါတော့တယ်။ မတ်တပ်ရပ်နေရင်  မြေပြင်ကို မမြင်ရ ထိုင်နေရင် မတ်တပ်ရပ်နေသူကို မမြင်ရပါဘူး။ ဒါပေမဲ့ သူ့ဘဝကို အရှုံးမပေးထားဘူး။  သူ တတ်တဲ့ […]


SawAungApril 22, 20151min026
အဲသည်နေ့က ကျွန်တော်တို့အိမ်ကို မကြီးကခွေးလေးတစ်ကောင်ယူလာခဲ့တယ်။ အဲ့သည်တုန်းက ၂၀၀၅ခုနှစ် လောက်ကပေါ့။ ကျတော်က အိမ်အလုပ်နဲ့ အိမ်မှာကလေးတွေစာသင်နေခိုက်အချိန်။ အိမ်ကလူ အကုန်က ကြောင်လေးတွေဆို သိပ်မချစ်တတ်ကြဘူး။ ကျွန်တော်အပါအဝင်ပေါ့။ အဲသည်အချိန်တုန်းက အစိုးရဝန်ထမ်း တွေဟာလည်း နေပြည်တော်ကိုပြောင်းရတဲ့အချိန် မှတ်မှတ်ရရပါပဲ။ ကျွန်တော့် အစ်မကလည်း MRTV-4 မှာမဟုတ်ဘဲ ဘဏ်မှာလုပ်နေတဲ့အချိန်။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အစ်မကြီးက နေပြည်တော်ပြောင်း ရမှာမို့ အထီးနဲ့အစ်မနှစ်ကောင်ရှိတဲ့အထဲက “ကဲကဲ”ဆိုတဲ့ တယ်ရီယာခွေးမလေးကို အစ်မကိုပေးလိုက်တာ ပါပဲ။ ရောက်ရောက်ချင်း အဖော်မဲ့နေတဲ့ ကျွန်တော့်အတွက်ပျော်စရာပါပဲ။ အိမ်မှာလည်း အမွှေးပွပွခွေးလေး တစ်ခါမှ မမွေးဖူးသေးတော့ ပျော်တာပေါ့။ “ကဲကဲ”က ရောက်ခါစ သုံးနှစ်သမီးလောက်ရှိမှာပါ။ ထိန်းရကျောင်းရ တာ ကျွန်တော့်အလုပ်ပဲပေါ့။ မကြီးကတော့ ပေးလိုက်တဲ့သူတွေက အလုပ်ရှုပ်မှာစိုးလို့ တားဆေးထိုးပေး လိုက်တယ်ပြောတယ်။ ရောက်တာတစ်ပတ်လောက်ကြာတဲ့အခါ “ကဲကဲ”မှိုင်မှိုင်နေတာ ကျွန်တော် […]


naywoon niApril 21, 20151min019
အရက်​သမားပို့စ်​ -၁ ​ခေတ်​​တွေက ​ပြောင်​းလဲလာခဲ့ပြီ။ အမျိုးသမီး​တွေ​တောင်​ လူမြင်​ကွင်​းမှာ ​ပေါ်​ပေါ်ထင်​ထင်​ ဘီယာဘူး ကိုင်​ရဲတဲ့ အချိန်​မှာ အရက်​အ​ကြောင်​း မ​ကောင်​း​ပြောပါက အဆဲ​တောင်​းသလိုဖြစ်​​တော့မယ်​ ။ ဆို​တော့ကာ အရက်​အ​ကြောင်​း အ​ကောင်​းအဆိုး သိခဲ့သ​လောက်​ ကြုံ​တွေ့ခဲ့ရသ​လောက်​က​တော့ဖြင်​့ ဒီလိုပါဗျာ ဆိုပြီး ကိုယ့်​ဂုဏ်​ ကိုယ်​​ဖော်​ မသူ​တော်​အလုပ်​ ဝင်​လုပ်​ရ​တော့မယ်​ ။ နို့မို့ဆို သိ​နေရက်​နဲ့ ကြိုမ​ပြောရ​ကောင်​းလား လို့​တော့ အ​ပြောမခံနိုင်​​ချေဘူး ။ ​ ​နေဝန်​းနီ က အရက်​နဲ့ ဘဝခါးဆက်​ပြတ်​ခဲ့ရသူ ။ အနီးပါတ်​ဝန်​းကျင်​မှာ သိတဲ့သူ​တွေက ဇိုး စာရင်​း အသွင်​းခံထားရသူ ။ ကျင်​လည်​ခဲ့သ​လောက်​ ကျင်​လည်​နိုင်​တဲ့ အရက်​​လောက ထဲမှာ အနိုင်​နဲ့ပိုင်​းထားသူလို့ ကိုယ့်​ကိုကိုယ် ယူဆထားသူ( ကျင်​လည်​နိုင်​တဲ့ အရက်​​လောက ဆိုတာ ကိုယ်​့ဝင်​​ငွေ​လေးနဲ့ […]

2013_ew_RubinGoogleRobot_0-600x390.gif

ေဇယ်ာစံApril 21, 20151min036
စတိဗ်ဂျော့ဘ် မုန်းခဲ့တဲ့ လူတစ်ယောက်အကြောင်း အခန်း (၁) “ လဲသေလိုက်လေ။ အဲဒီလို သောက်သုံးမကျတဲ့လူတစ်ယောက် အကြောင်း ကို ဘာများ အထွေအထူး ဆွေးနွေးနေရမှာလဲ .. ” ……လို့ စတိဗ် ဂျော့ဘ် က အင်တာဗျူးး တခု မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောခဲ့ဖူးတယ် ဆိုရင် … စာဖတ်နေတဲ့လူ အံ့ဩသွားလိမ့်မယ်။ အခန်း (၂) ဖြစ်ခွင့်ရမယ် ဆိုရင် .. ကျွန်တော် က စတိဗ်ဂျော့ဘ် ပဲ ဖြစ်ချင်ခဲ့တာ …။ အဲဒီလို အချိန်မျိုးမှာမှ အဲဒီ အကြောင်း ကို ကျွန်တော် အရင်ဆုံး ဖတ်ခဲ့ရတဲ့ အချိန်မှာ တော်တော့်ကို ကျွတ်သွားတယ်။ အမှန်ပါပဲ ..။ ကျွန်တော်တို့ ခင်ဗျားတို့ […]


သဘာဝမီးအရောင်ကြောင့် လင်းနေတာမဟုတ်ဘဲ လူတို့ဖန်တီးပြုလုပ်ထားတဲ့ လျှပ်စစ်မီးအရောင်ကြောင့်လင်းနေတဲ့ အဲဒီမြို့ရိုးကို ကျွန်တော်ကြည့်ပြီး ရင်နာနေတယ် မေမေ။ လူတိုင်းစိတ်လွတ် လက်လွတ်ငေးမောခွင့်မရှိတဲ့ အဲဒီမြို့ရိုးကိုရှေ့ကို ကျွန်တော်မရောက်တာလည်း ကြာပြီမေမေ။ တစ်ခုတော့ရှိတယ်။ ဒါကတော့ ကျွန်တော် အပတ်စဉ်တိုင်း ဒီတောင်ပေါ်ကနေ အဲဒီမြို့ရိုးကို ငေးမောဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ခါ ဝေဝိုးနေတဲ့ မျက်ဝန်းထဲက မြို့ရိုးဟာ ကျွန်တော့်အတွက် တစ်ခုခုလိုအပ်နေသလိုပါပဲ။ ၁။ အပူတွေရှပ်တိုက်ပြေးလွှားနေတဲ့ မန္တလေးမြို့ရဲ့ နေ့လယ်ခင်းဟာ ကျွန်တော့်ရင်ထဲက ဖြစ်တည်မှုအပူစုတွေကို ဖယ်ရှား မပစ်နိုင်တာကတော့ သေချာနေတယ်။ ဆိုင်ကယ်သံတွေဆူညံနေပြီး နန်းမြို့ရိုးရှေ့မီးပွိုင့်ထောင့်မှာ လူတွေပြွတ်သိပ်နေတော့ လူ့ပင်လယ်လှိုင်းလုံးကြီးဟာ တစ်ခုခုကိုရိုက်ခတ်တော့မယ့် အသွင်နဲ့ တာထွက်ဖို့ ဆိုင်းပြင်နေကြတယ်။ ဆိုင်ကယ်လီဗာလေးကို အသင့်အနေအထားဖြစ်အောင် ကိုင်ထားရင် မြင်နေရတဲ့ မီးနီလေး စိမ်းဖို့ စက္ကန့်ဒိုင်ခွက်ပေါ်က တရွေ့ရွေ့ အနုတ်လက္ခဏာဆောင်သွားတဲ့ ဂဏာန်းလေးတွေရဲ့ ရွေ့လျားမှုကိုကြည့်နေရတာလည်း […]


ဟဲ့ ထ ထ မျက်နာသစ်သွားတိုက်ရမယ်။ ပြီးရင် ပြီးရင် ဪ အိမ်သာတက်ရမယ်။ ဝမ်းကလွယ်တော့လမ်းမှာ ဒုက္ခရောက်ရင်မလွယ်။ ပြီးတော့ ပြီးတော့ အင်း လက်ဆေး။ ကော်ဖီဖျော်။ ဘီစကစ်လေးပါးစပ်ထဲတစ်ချက်ပစ်ပြီး လျှာလေးနဲ့မွှေ။ စားသောက်သောက် မြန်မြန်လုပ်ပြီးတော့ အလှပြင် ပြင် အင်း မနေ့ညက မီးပူတိုက်ထားတဲ့ ဒီနေ့မနက်ဝတ်မယ့်ဝတ်စုံသုံးစုံ အဲဟုတ်ဖူး တစ်စုံ နှစ်စုံက ရွေးလို့ရအောင် အရံထား ကိုယ်နဲ့ကပ်လိုက်ခွာလိုက်။ နံရံကပ်မှန်ပေါ်က ကိုယ့်ခန္ဒာကိုယ် လေးဆယ့်ရှစ်ပတ်လောက်ကပ်လိုက် ခွာလိုက် လှည့်ပတ်ကြည့်။ စိတ်တိုင်းကျရွေးပြီး ဝတ်လိုက်တော့ တစ်ခုလိုသေးတယ် အဲ အဲဆိုမှ မိတ်ကပ်ပြင် နှုတ်ခမ်းညို အိုတွဲတွဲကို အနီဆိုးရမလား အညိုဆိုးရမလဲလို့ စဉ်းစားရင်းလွန်ဆွဲ။ အနီရောအညိုပါစပ်ဆိုးလိုက်တော့ အလှတို့စိုရွဲသွားသလိုလို အို မျက်တောင်လေးကို ပေကလပ် ပေကလပ်ခတ်ကြည့် ဆွဲဆောင်မှုှရှိရဲ့လား ပြန်ညှိ […]


naywoon niApril 21, 20151min011
ဂွစာပို့စ်​ အချိန်​ပြည်​့ လူ​တွေကို ဒဲ့ ကြည်​့တတ်​သူဖြစ်​​နေ​တော့ ကြားသမျှ စကား​တွေ မဆုံးခင်​ အ​တွေးက အဆုံးထိ​တွေးမိလိုက်​ပြီးပြီ ။ အဲ့ဒါက မ​ကောင်​းမှန်​းသိ​ပေမယ်​့ ကိုယ်​နဲ့ နှစ်​​ပေါင်​း​လေးဆယ်​​ကျော်​ အတူယှဉ်​တွဲ​နေလာခဲ့တာဆို​တော့ အကျင်​့က ​ဖျောက်​မရတာခက်​တယ်​ ။ တက္ကသိုလ်​တုန်​းက ကဗျာ​ရေး​ဖော်​ ကို​အောင်​ဂျမ်​းရဲ့ ဲ​ဆေးလိပ်​တစ်​တိုနဲ့ လျှာကိုဓားလို​သွေး နာတာရှည်​​ရောဂါ​မွေးမယ်​ ဆိုတဲ့ ကဗျာတစ်​စ လိုပဲ ​ဟော့ဒိ ဖွားဘက်​​တော်​ ပါးစပ်​ကြီးက မ​ပြောရမ​နေနိုင်​​ပေါင်​ ​ပြော​ပြောမိ​နေ​တော့ မခက်​ဘူးလား :)။ တစ်​ရက်​က ဟိုး​လေးတစ်​​ကျော်​ ​ပြော​နေကြတဲ့ကိစ္စ ။ သူတို့​ပြောမှ လူ​တွေ ပိုပြီးစိတ်​ဝင်​စားကြ ။​မေးကြ မြန်​းကြ စုတ်​သပ်​ကြ ။ ​တောက်​​ခေါက်​တဲ့သူက​ခေါက်​ ။ အဆင်​းဘီးတပ်​​ပေးသူကလည်​းမရှား ။ သူတို့မျှမျှ တတ​ပြောပါတယ်​ဆိုမှ ပြစ်​မှုကပိုထင်​ရှားသွားတဲ့ စ​တေးတပ်​​တွေကလည်​း ​ဖေ့စ်​ဘုတ်​ထဲမှာပွစိရိုက်​သွား […]