PareByokeSeptember 25, 201130min01
Tu Youyou, Discoverer Of Malarial Drug, Receives Medical Prize http://www.huffingtonpost.com/2011/09/12/tu-youyou-malaria-medical-prize_n_958586.html By MALCOLM RITTER  09/12/11 08:07 AM ET W YORK — A scientist who discovered a powerful malaria drug and two others who illuminated how proteins fold within cells have won prestigious medical awards. The Albert and Mary Lasker Foundation announced the $250,000 prizes Monday and […]


PareByokeSeptember 25, 201133min00
အသက် ရှစ်ဆယ်တစ်နှစ်အရွယ်ရှိ  အာရှ အမျိုးသမီး သိပ်ပံပညာရှင်တဦးအား အမေရိကန်ဆေးဘက်ဆိုင်ရာ ထူးချွန်ဆုချီးမြှင့်ခြင်း ယင်းပညာရှင်ရဲ့ဆေး ကြောင့် ကမ်ဘာ တဝှမ်းလုံးမှာရှိတဲ့ ငှတ်ဖျား ရောဂါ သယ် သန်းပေါင်း များ စွာကိုကုစား နိုင်ခဲ့ Chinese Scientist Dr. Tu Youyou 屠呦呦 Wins Prestigious 2011 Lasker Award http://www.asianscientist.com/academia/tu-youyou-屠呦呦-2011-lasker-debakey-clinical-research-award-artemisinin-malaria/ BY JULIANA CHAN SEPTEMBER 12, 2011 81-year-old Chinese scientist Dr. Tu Youyou has won the 2011 Lasker DeBakey Clinical Medical Research Award for her discovery […]


black chawSeptember 24, 20111min013
စိတ်ကူးချိုချို စာအုပ်တိုက်မှ ထုတ်ဝေခဲ့သော ဆရာကြီးရွှေဥဒေါင်း ” စစ်ကိုယ်တွေ့ ” အတွေ့အကြုံနှင့် အတွေးအခေါ် ဆောင်းပါးများ စာအုပ်ပါ ” ရွှေဥဒေါင်း ၏ ဖြောင့်ချက်များ ” ဆောင်းပါးကိုဖတ်၍ ဤစာကိုရေးပါသည်။ အရက်သောက်တာ မကောင်းဘူးဆိုတဲ့ အဆိုကို ယေဘုလျ အားဖြင့် ကျွန်တော် လက်ခံပါတယ်။အရက်ကြောင့် ဘဝပျက်နေတဲ့လူတွေ၊ အရက်ကြောင့် မိသားစုတစ်ခုလုံး ဒုက္ခတွေ တောင်လိုပုံနေကြတာတွေ တွေ့ခဲ့ဘူးပေါင်းများပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါတစ်ရံ အရက်သောက်တတ်ပါတယ်။ သေချာတာကတော့ ကျွန်တော် မူးပြီးအန်တဲ့အဆင့်အထိ အလွန်အကျွံ မသောက်ဘူးတာပါပဲ။ အရက်မသောက်ရလို့ လေတွေတစ်အေ့အေ့ တက်တဲ့ အဆင့်ကို မရောက်ခဲ့ဘူးပါ။ ရှင်းရှင်းပြောရလျှင် ကျွန်တော်အရက်သောက်ရတာ ကြိုက်ပါသည်။ အရက်ကိုလူမှန်းသူမှန်းမသိအောင် သောက်ပြီး အော်ဟစ်ဆဲဆိုနေသောသူများကိုတွေ့လျှင် အရက်ကို သိက္ခာချနေတာပဲဟု ကျွန်တော်ထင်ပါသည်။ အရက်မှာ အပြစ်လုံးဝမရှိပါ။ […]


koyin sithuSeptember 23, 20111min016
ကျွန်တော်သည် ပြာလွင့်နေသော မိုးတိမ်များကို ငေးကြည့်နေရင်း ဘာမှန်းမသိသေးသော ခံစားမှုတစ်မျိုးကို ခုခံ ကာကွယ်နေရလေ၏။ ဒုက္ခဆန်သော ကျွန်တော့် နံနက်ခင်းတွေကို အလင်းထွန်းညှိပေးဖို့ ဘာဘီအရုပ်မလေးနှင့် တူသော ချစ်စရာကောင်းသော သူမသည် ကျွန်တော့်ထံသို့ ရောက်လာခဲ့ပါသည်။ ရင်းနှီးခင်မင် ချစ်ခင်မှုများက ကျွန်တော့်တို့ နှစ်ယောက်အကြားကို အခိုင်အမာ ရစ်ပတ်ချည်နှောင်ခဲ့ပေမယ့် မသမာသူ ကံကြမ္မာက ကျွန်တော်တို့ နှစ်ယောက်ကို ဟိုလိုလို၊ ဒီလိုလို လုပ်ခဲ့တဲ့အတွက် ကျွန်တော့်တို့ရဲ့ ဆက်ဆံရေးဟာ ယခုအချိန် ပျက်စီးခဲ့ရပါပြီ။ အချိန်အတော်အတန် ကြာမြင့်ခဲ့ပေမဲ့ သူမအကြောင်း စဉ်းစားမိလျှင် ကျွန်တော်က ရင်ခုန်နေဆဲ..။ သူမဟာ ကျွန်တော့်ကို ငြင်းခွင့် မရလောက်အောင် ရူးသွပ်စေခဲ့ပါတယ်… နွေဦးရာသီရဲ့ ကြွေကျလာတဲ့ သစ်ရွက်ခြောက်ချွန်ချွန်လေးတွေက သူမနာမည်ကို ကျွန်တော့် နှလုံးသားမှာ ရေးထိုးသွားခဲ့ပြီ။ သဘာဝတရားရဲ့ ကျယ်ဝန်းနက်ရှိုင်းမှုထဲသို့ […]


weiweiSeptember 23, 20111min014
ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမထဲမှာ မဟာသိပ္ပံဘွဲ့ဝတ်စုံကြီးနဲ့ ပူလောင်အိုက်စပ်တဲ့ မိတ်ကပ်မျက်နှာနဲ့ ထိုင်နေရင်း ဦးနှောက်က ဘွဲ့တစ်ခုအတွက် တွက်ချက်နေမိပါတယ်။ အကြောင်းရင်းကိုပြန်စဉ်းစားလိုက်တော့ B.Sc တုန်းက qualify ဖြစ်အောင် လိုက်ခဲ့မိတာက စမှားခဲ့တာပဲ။ အဲဒီတုန်းက ဘာသာစုံယူခဲ့တဲ့ ကျူရှင်လခ၊ စာမေးပွဲဖြေပြီး အမှတ်ကောင်းကောင်းရအောင် နည်းမျိုးစုံနဲ့လိုက်ခဲ့တဲ့ အကျိုးကျေးဇူးတွေကြောင့် မဟာဘွဲ့ဆက်တက်ခွင့်ရခဲ့တာဆိုတော့ … ဆက်တက်ခွင့်ရပေမယ့်လည်း တက်ချင်မှ တက်လို့ရတာကို ဆက်တက်မိတာကလဲ ဂုဏ်မက်မိလို့လား၊ အလုပ်ရဖို့ ပိုသေချာအောင်လား၊ ဘာမှလုပ်စရာမရှိလို့ မိဘပိုက်ဆံထိုင်ဖြုန်းတာလား၊ ဘာပဲဖြစ်ဖြစ် အလကားအိမ်မှာနေရမယ့်အတူတူဆိုပြီး ဆက်တက်ခဲ့မိတယ်။ နေ့စဉ်ကျောင်းသွားခဲ့တဲ့ လမ်းစရိတ်၊ စားစရိတ်တွေဖယ်ထားပြီး စာတမ်းအတွက် ဆရာမကို ပေးခဲ့ရတာက အသားတင် ရှစ်သိန်းတောင်၊ ဆရာမပြောတော့ research လုပ်ခ ဈေးကြီးလို့တဲ့။ ဘာပဲဖြစ်ဖြစ် သူလုပ်ပေးခဲ့လို့ စာအုပ်တစ်အုပ်ဖြစ်ခဲ့တာပဲလေ။ စာအုပ်ရိုက်ခ၊ ကူးခ၊ ချုပ်ခတွေကလဲ တစ်သိန်းနီးနီးကုန်ခဲ့တယ်။ […]


ကြောင်လေးSeptember 23, 20111min014
ညကအိပ်မပျော်ခင် ဟုတွေးဒီတွေးလျှောက်တွေးနေမိတယ်။ အတွေးနဲ့ပတ်သက်ပြီးဘာရေးစရာတွေရှိသလဲလို့ပေါ့ အဲဒီလိုတွေးရင်းမိတ်ဆွေတစ်ယောက်ရဲ့အတွေးကိုသတိယမိလို့ရေးလိုက်ဦးမယ်။ မြန်မာနှစ်သစ်ကူး လတန်ခူးရောက်တော့မယ်ဆိုရင် လမ်းတွေ၊ဈေးတွေ၊ကားဂိတ်နဲ့လူစည်ကားရာနေရာတွေမှာ ဒီလိုကြော်ညာပြီးရောင်းနေတဲ့အသံတွေကြားမိကြမှာပေါ့။ သိကြားမင်းကအနက်ရောင်ဝတ်စုံဝတ်ပြီး ကျွဲကိုစီး  ဆင်းတယ် လက်တစ်ဖက်ကအိုးမဲပေပြီးလက်တစ်ဖက်က ကတ်တရာပုံးကိုကုိုင်ထားတယ်၊ ခေါင်းမှာလည်းဒန်အိုးကိုမှောက်ပြီးစောင်းထားတယ်။ လူ့ပြည်မှာ ဘက်ထရီအိုးရောင်းဝယ် ပြုပြင်ခြင်းလုပ်ငန်းတွေကောင်းမယ်။ ဖရောင်းတိုင်လှောင်တဲ့လုပ်ငန်းတွေကောင်းမယ် ပုဂလိကမီးပေးလုပ်ငန်းတွေထွန်းကားလာမယ် (ဟိုတုန်းကပါ၊အခုတော့အဲဒီလိုမဟုတ်တော့ပါဘူး၊မိုးနှောင်းကာလရန်ကုန်မြို့မှာ  တနေ့ ၂ နာရီလောက်ပဲမီးပျက်နိုင်တော့မယ်တဲ့၊ (နယ်တွေမှာတော့တနေ့နှစ်နာရီလောက်ပဲမီးလာမယ်ထင်တယ်) မြန်မာတစ်နိုင်ငံလုံးသုံးတာ ၁၅၀ဝ မက်ဂါဝပ်တောင်မကုန်ဘူးဆိုပဲ) ထားလိုက်ပါတော့…………… ကျွန်တော်ပြောချင်တာအဲ့ဒီအကြောင်းမဟုတ်ပါဘူး ဦးမာဃလို့ခေါ်တဲ့ ဘိုတော်သိကြားမင်းအကြောင်းပါ၊ ဦးမာဃကြီးက နောက်ပါဝိသုကြုံနတ်သားကိုခေါ် … ရွေပုရပိုဒ်နဲ့ ခွေးသားရေပုရပိုဒ်တွေယူလာ….. လူ့ပြည်ကိုတစ်နှစ်တစ်ခေါက်ဆင်းပြီးကောင်းတဲ့သူနဲ့မကောင်းတဲ့သူတွေကိုခွဲခြားမှတ်တမ်းတင်တယ်ဆိုပါတယ်။ လာရင်လဲ ဂဠုန်စီးလိုက် ၊ကျွဲစီးလိုက်နွားစီးလိုက်ပေါ့။။ သူ့မှာစီးစရာယာဉ်ရှားလို့ထင်ပါတယ်။ ဒီတစ်နှစ်လာပြီးရင်တော့   နတ်ပြည်က နှစ်လေးရာကျော်  ရထားပျံတွေကို နတ်   က ည န  မှာအပ်၊ မော်ဒယ်မြင့်ရထားပျံအသစ်တွေတင်သွင်းဖို့  idea   ကိုလူ့ပြည်ကရသွားမှာပါ။။ ဒါကလည်းတွေးစရာမဟုတ်ပါဘူး ကျွန်တော့မိတ်ဆွေပြောတဲ့အကြောင်းကလူ့ပြည်ကိုတစ်နှစ်တစ်ခေါက်ဆင်းတဲ့အကြောင်းပါ။ […]


ကြောင်လေးSeptember 23, 20111min08
အကိုကြောင်ကြီးရေ ရွေးစေ့နဲ့ချိန်သည်ဖြစ်စေ  ပိသာလေးနဲ့ချိန်သည်ဖြစ်စေ တန်ဘိုးခြင်းကတော့အတူတူပါ။ ရွှေကိုချိန်တဲ့အလေးနဲ့ပတ်သက်ပြီးတော့နဲနဲပြောချင်ပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော့အဖမှာရွှေချိန်တဲ့ကြေးချိန်ခွင်လေးနဲ့ အလေးတွေရှိပါတယ်။ အဖေက ပန်းတိမ်ဆရာလည်းမဟုတ်ပါ။ရွေလဲမရောင်းပါ၊ပရဆေးဖော်သူလည်းမဟုတ်ပါ။ဝန်ထမ်းတစ်ဦးသာဖြစ်ပါတယ်။ ဘာကြောင့် ဒီချိန်ခွင်လေးအဖေ့ဆီမှာရှိနေတယ်ဆိုတာတော့မသိပါ။ကျွန်တော်မမွေးခင် နဲ့အရွယ်မရောက်ခင်တုန်းက ရွှေအပေါင်ခံသားတော့မသိဘူး။ ဒါက အကြောင်းမဟုတ်ပါဘူး…..ပြောချင်တာက ရွှေချိန်တဲ့အလေးတွေအကြောင်းပါ။ အလေးတွေက ဟိုခေတ် ခြင်္သေ့ခေါင်းနဲ့ ကြေးမတ်စေ့တို့ ၊ငါးမူးနှစ်ထပ်စေ့လိုအစေ့သေးသေးလေးတွေပါ။ အလေးတွေရဲ့အလေးချိန်ကိုတော့ကျွန်တော်မသိပါဘူး။ကျွန်တော်တို့မောင်နှမတတွေ ယူဆော့ကြတာပါ။ဈေးရောင်းတန်းဆော့ကြတာပေါ့။ အလေးတွေအပါ်မှာ   ၁ိ၊     ၅ဲ  ၊     ရဲ ၊ ၅မူး   ၃မူး  လိုးရေးထားတာတွေ့ပါတယ်။အမနှစယောက်ကတော့ ၊ဒါက  တစ်ကျပ်သား၊ဒါက ငါးမူး သား၊ဒါကတော့ခုနစ်ပဲသား စသည်ဖြင့်ပြောတာကြားဖူးပါတယ်။အနီရောင်အစေ့လေးတွေကိုလည်းတွေ့ရပါတယ် တစ်လုံးနဲ့တစ်လုံးအရွယ်မတူပါဘူး၊နဲနဲတော့အကြီးအသေးကွာပါတယ်၊အမတွေကတော့ရွေးစေ့လေးတွေလို့ခေါ်ပါတယ်။ ကျွန်တော်အရွယ်ရောက်လာတော့ အမရဲ့ယောကျားကိုငယ်ငယ်ကကျွန်တော်တို့ ကစားခဲ့ကြတဲ့ရွှေချိန်တဲ့ ချိန်ခွင်လေးအကြောင်းကြွားပါတယ်။ ရွှေချိန်တဲ့အလေးတွေက  ကျွန်တော်တို့သုံးနေတဲံ့ တစ်ဆယ်သား၊ငါးဆယ်သား၊တစ်ပိသာလေးတွေနဲ့မတူဘူး သီးသန့်လုပ်ထားတာ၊ ရွှေရဲ့အလေးချိန်သတ်မှတ်ချက်က သီးသန့်လုပ်ထားတာ လို့ပြောမိပါတယ်၊ကျွန်တော်ဒီလိုပဲထင်ထားတာကိုး။ အဲဒီမှာယောက်ဖကရှင်းပြပါတယ်၊အလေးချိန်သတ်မှတ်ချက်ကအတူတူပါဘဲတဲ့၊ရွှေကိုပိသာလိုက်ရောင်းဝယ်မှုကိုလူအများမလုပ်ကြလို့ အလေးတွေကို အနုစိပ်ဖန်တီးထားတာတဲ့။ ဟုတ်သားပဲ၊ရွှေကို တစ်ဆယ်သားအခေါက်ဆိုရင် […]


မောင် ပေSeptember 22, 20111min014
အမှာစာ ။  ။ ဆရာသုမောင် ၏ ကွမ်းစကား စာအုပ်များ ကို ဖတ်ဖူးကြမည် ဟု ထင်ပါသည် ။ မန်းတလေး ဂေဇက် ရှိ မောင်ပေ့ တင်ခဲ့သမျှ ကွမ်းပို ့စ်များမှာ လည်း ၊ ဆရာသုမောင် ကို လေးစားအားကျပြီး အတုခိုးရေးထားသားခြင်း ဖြစ်ကြောင်း ဝန်ခံခဲ့ပါသည် ။ ယခုရေးတင်သည် ပို ့စ်မှာလည်း ၊ တပ်စရာ ခေါင်းစဉ် ခက်နေပါသဖြင့် ၊ ကွမ်းပိုစ် ဟု တပ်လိုက်ပါသည် ။ ကျွန်တော် ချစ်ခင်၊လေးစား၊အားကျရပါသော ဆရာသုမောင် တစ်မောင် တစ်ယောက် ကောင်းရာသုဂတိ မှ ၊ ကောင်းရာဘုံ မှ နေ၍ မောင်ပေ့အား တပည့်တစ်ယောက်တိုးပြီဟုဆိုကာ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါစေ […]


Moe ZSeptember 22, 20111min024
မိုးစက် မန္တလေးကို ခဏခဏရောက်ဖြစ်ပါတယ်။ အလုပ်ကိစ္စနဲ့ရော အမျိုးတွေဆီအလည်သွားတာရောပေါ့။ ဒီတစ်ခေါက်တော့ အလုပ်ကလွှတ်လို့ workshop တစ်ခုသွားတက်ရတယ်။ အလုပ်ကစီစဉ်ပေးတဲ့ ဟိုတယ်မှာပဲ အဖော်တွေနဲ့အတူတည်းဖြစ်ခဲ့တယ်။ အလုပ်ကိစ္စမပါရင်တော့ အမျိုးတွေအိမ်မှာပဲတည်းတယ်။ မဟုတ်ရင် ကိုယ့်ပိုက်ဆံကုန်မှာကိုး  🙂 ။ မိုးစက်က morning person မဟုတ်ပါ။ ကိုယ့်အိမ်မှာဆိုရင် မနက် ရးဝဝ နာရီမထိုးမချင်း ထလေ့မရှိပေမယ့် ခရီးသွားရင်တော့ ၆းဝဝ နာရီဆိုရင်အပြင်ထွက်ဖို့ အဆင်သင့်၊ နေရာဒေသအသစ်မှာ လေ့လာစူးစမ်း(စပ်စု)ရမယ့် အချိန်တွေကိုတော့ အိပ်ပစ်ဖို့နှမျောတယ်လေ။ အခုတစ်ခေါက်မန္တလေးခရီးမှာ တည်းရတဲ့ဟိုတယ်ကမြို့လည်ခေါင်မှာပါ။ ထုံးစံအတိုင်း ၅ နာရီခွဲမှာထ ရေချိုးအဝတ်အစားလဲပြီးတော့ ၆နာရီအတိ။ Breakfast စားဖို့ကစောသေးတော့ အတူလာတဲ့အဖော်တွေကိုစောင့်ရင်း Lobby မှာသတင်းစာထိုင်ဖတ်နေလိုက်ပါတယ်။ ၆နာရီဆိုပေမယ့် sightseeing ထွက်တဲ့ နိုင်ငံခြားသားဧည့်သည့်တွေ၊ check out လုပ်တဲ့သူတွေနဲ့ Reception […]


koyin sithuSeptember 21, 20111min03
ကောင်းကင်နှင့် မြေကြီးအကြားတွင် ရှိသော ဝိရောဓိလေညင်းများကို ကျွန်တော် အကြာကြီးစောင့်စားခဲ့သည်။ တိမ်မည်းမည်း တစ်ဆုပ်သည် အဝေးဆီသို့ တရွေ့ရွေ့မျောသွားကြသည်။ သော့ခတ်ထားခြင်းမရှိသော်လည်း တချို့တံခါးများမှာ ဖွင့်လို့မရ။ လေပြည်တွေ တသုန်သုန် တိုက်ခတ်နေ၏။ ဘဝမှန်ကို ထိုသူတို့အား မပြောလိုပါ။ ဖြည်းဖြည်းချင်တော့ ဖြစ်သွားမှာပဲပေါ့။ အချိန်တန်သည့် တိုင်အောင် နတ်ရုပ်ထုတွေ ကိုးကွယ်မှုက  ပျောက်မသွား။ သဘောက ဉာဏ်ကိစ္စအရာမှာ ချို့ယွင်းဆဲ။ ကျွန်တော် အချိန်တော်တော်များများမှာ လူပြိန်းဖြစ်ခဲ့ဖူးသည်။ လေအေးပေးစက် အခန်းထဲတွင် ထုံထိုင်းညံ့ဖျင်းခဲ့တာလည်း အမှန်ပင်ဖြစ်သည်။ ရာသီတစ်ပတ်နွမ်းလေးတွေ နောက်ပြန်လည်တုန်း ကိုငှက်ကြီး သီချင်းတွေ ကြိုက်တတ်ခဲ့၏။ မနက်ဖြန်တွေကို ဖုန်းတစ်လုံးထဲမှာ နှိုးစက်ပေးခဲ့၊ ဇယားကွက်ရေးဆွဲရင်း အကြာကြီး လူဖြစ်ဖို့ အားထုတ်နေမိ၏။ မရိုးသားဘူးဆိုလည်း ပြောတဲ့အတိုင်းရှိစေတော့။ ရိုးသားတယ်ဆိုရင်လည်း ဂုဏ်ယူတတ်ဖို့ ကျွန်တော် ပျင်းခဲ့ပါပြီ။ ဗို့စ်အား […]


koyin sithuSeptember 21, 20111min02
မိုးရာသီဆိုသည်မှာ အစိမ်းရောင် လှလှလေးများကို လွမ်းရသည့် ကိစ္စဟု ကျွန်တော့်ဘဝတွင် တစ်ခါမှ မထင်ဖူးခဲ့ပေ။ အခုတော့ ကျွန်တော်သည် သူမနှင့် ပတ်သက်သမျှကို ပြန်စဉ်းစားရင်း ဖျားနေခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် ဘုရားသခင်သည် ကျွန်တော့် အစွဲအလမ်းများကို ကူညီနိုင်လိမ့်မည်ဖြစ်ပါသည်။ လေထဲတွင် ရနံ့သေးသေးလေးများ ပျံသန်းနေကြ၏။ သူမသည် ကျွန်တော့်ရင်ထဲတွင် ဓါတ်ပုံရိုက်ထားသလို စွဲမြဲနေသည်။ ဘာကြောင့်မှန်း မသိဘဲ သူမအကြောင်း လေးနက်စွာ စဉ်းစားနေမိသည်။ ကာလတရားအတွင်း သူမ၏ ပုံရိပ်များသည် စက်တင်ဘာ မိုးရာသီ အမှတ်တရများဖြစ်ပါသည်။ သူမနှင့် မျက်လုံးချင်းဆုံတိုင်း ကျွန်တော့်ရင်ထဲတွင် အမည်မသိသော ရူးသွပ်မှုတစ်ခုရှိနေသည်ဟု ကျွန်တော် သတိပြု၏။ ကျွန်တော့် သွေးကြောထဲတွင် သူမ၏ နှုတ်ခမ်းများက ပျံ့နှံ့နေခဲ့ပြီ။ ကျွန်တော်က သူမကို ဂရင်း (Green) ဟု တိတ်တဆိတ် […]


kolulaySeptember 21, 20111min010
လူလေးကို လူလေးဆရာပြောပြတဲ့ အကြောင်းလေးပါ။ တစ်နေ့မှာ ခရီးသွားတစ်ယောက်ဟာ ဝေးလံခေါင်သီတဲ့ အရပ်ဒေသတစ်ခုကို မျက်စိလယ် လမ်းမှားပြီးရောက်သွားတယ်ဗျ။ အသိကမရှိ အချိန်က မိုးချုပ်နေတော့ တည်းခိုဖို့ အိမ်တစ်အိမ်မှာ ခွင့်တောင်မယ်ဆိုပြီး အိမ်တံခါးသွားခေါက်တယ်။  “ဒေါက် ဒေါက် ဒေါက် “  အိမ်ရှင် –       ”      ဘယ်သူလဲကွ  “ ခရီးသွား –      ”     ကျွန်တော် ခရီးသွားပါခင်ဗျာ။ ကျွန်တော် မျက်စိလည် ပြီးရောက်လာလို့ တစ်ညလောက်တည်းခိုချင်လို့ပါ ခင်ဗျာ။  “ လို့ပြောလို်က်တယ်။ အိမ်ရှင်က သူ့အိမ်မှာက သမီး မိန်းကလေးတွေ ရှိလို့ဆိုပြီး ငြင်းလွှတ်လိုက်ပါတယ်။ ဒါနဲ့ပဲ နောက်တစ်အိမ်ရောက်သွားတယ်။ နောက်တစ်အိမ် အိမ်မှာလည်း ”  ဒေါက် ဒေါက် ဒေါက် […]