pitiOctober 2, 20111min014
ပထမ  Good Idea က စက်တင်ဘာ 26, 2011 မှာ “မြန်မာပြည်ထဲမှာပဲ တရုတ်တွေက မြန်မာတွေကို အနိုင်ကျင့်ကုန်ပြီ ” ဆိုတဲ့ Post လေးကို ဖတ်လိုက်ရပါတယ်။ နောက်တော့  Foreign Resident  ကစက်တင်ဘာ 28, 2011 မှာ  ” မြန်မာတွေကို အနိုင်ကျင့်ကုန်ပြီ Who made it ??? ” ဆိုတဲ့ Post ရေးပီး အမြင်အသီးသီး ပြောထားတာလေးတွေ တွေ့ရပါတယ်။ Good Idea က ဟာဂျူလီ(ကသာ) ရဲ့ Facebook စာမျက်နှာကနေ ကူးယူဖော်ပြပါတယ်လို့ ဆိုပါတယ်။ ရွာသူရွာသားတွေ ဖတ်ပီးကြပီလို့ ထင်ပါတယ်။ နှစ်ယောက်စလုံးရေးထားတာကိုလေ။ ကျနော်လည်း ဖတ်ပီးတော့ စိတ်ထဲမှာ ခံစားမိတာလေးကို ရေးချင်စိတ်ပေါက်လာတယ်။ […]


koyin sithuOctober 2, 20111min043
ကျွန်တော်တို့ ပုရိသ ယောက်ျားတွေအနေနဲ့ ဒီခေတ်ကြီးထဲမှာ ကိုယ်ကိုယ်တိုင် ချစ်လို့ ယူကြတာပဲ ဖြစ်ဖြစ်၊ မိဘက သဘောတူလို့ လက်ထပ်တာပဲဖြစ်ဖြစ်… ကိုယ်ရဲ့ ဘဝလက်တွဲဖော်မိန်းမရဲ့ သန္တန်ကို များစွာ သိရှိဖို့လိုပါတယ်။ ဒါကြောင့် ယူသင့်သော မိန်းမရဲ့ စရိုက်နဲ့ မယူသင့်သော မိန်းမတွေရဲ့ စရိုက် လက္ခဏာကို ဖော်ပြပေးလိုက်ပါတယ်။ သေချာကတော့ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုတည်ဆောက်ချင်ရင် အချစ်တစ်ခုတည်းနဲ့ မဖြစ်နိုင်ဘူးဆိုတာပါပဲ။ ရွာသူရွာသားတွေကို ဘယ်လိုထင်ကြပါသလဲဗျာ…? မယူသင့်သော အကြင်မိန်းမတို့၏ သန္တန် ငြင်းခုံတတ်သည့် အလေ့ရှိသော ငြူစူစောင်းမြောင်းပြောဆိုလေ့ရှိသော မြင်မြင်သမျှ လိုချင်တက်မက်လေ့ရှိသော များစွာချက်ပြုတ် စားတတ်သော လင်ယောက်ျားမစားမီ အဦးအများစားတတ်သော သူတစ်ပါး၏ အိမ်သို့ သွားတတ်နေတတ်သည့် အလေ့ရှိသော မိန်းမမျိုးကို သားတစ်ရာပင် ရငြားသော်လည်း လင်ယောက်ျားသည် စွန့်ပစ်ရာ၏   ယူသင့်သော […]


စဆရ ႀကီးOctober 2, 20111min029
http://myanmargazette.net/70683/uncategorized-other/copypaste မှာ သူကြီးမန့်ထားတာ သဘောမကျလို့ ဒီ Post ကို ရေးလိုက်တာလဲဖြစ်သလို ကျန်တဲ့သူတွေရဲ့ အမြင်ကိုလည်း မြင်ချင်လို့ ရေးလိုက်တာပါ။ ဒီတစ်ခါတော့ သူကြီးတွေးတာကို မူမမှန်ဘူးထင်တဲ့အတွက် ကန့်ကွက်တယ်ဗျာ ပြောရမယ်ဆိုရင် အရှည်ကြီးပဲ.. သူကြီးက မြန်မာတစ်မျိုးသားလုံး( ကျွန်တော်ပါ အပါအဝင် )ကန့်ကွက်နေကြတဲ့ မြစ်ဆုံဆည်စီမံကိန်းကိစ္စကို ဖျက်သိမ်းလိုက်တာ သိပ်ကျေနပ်ပုံမရဘူးထင်တယ်။ သူပြောထားတာ ဒီလိုပါ = ဆိုတော့.. ကိုယ့်စွမ်းအားအရည်အချင်းနဲ့.အရင်းအမြစ်နဲ့.. လျှပ်စစ်ဓါတ်အားလည်း ပြည်တွင်းလိုအပ်မှု.. လုံလုံလောက်လောက်မထုတ်နိုင်.. သူများနိုင်ငံက ရင်းနှီးမြုတ်နှံမှုလည်း.. သဘာဝဂေဟအပျက်မခံ. လက်မခံရင်တော့… အမှောင်ထဲ. .နေနိုင်စွမ်းကို.. လေ့ကျင့်ထားကြဖို့တော့ လိုလိမ့်မယ်…။ လျှပ်စစ်စွမ်းအင်ဆိုတာ.. သိကြားမင်းက.. မိုးပေါ်ကနေ.. မိုးကြိုးပစ်ချပြိးပေးနေတာမဟုတ်…။ ဒီကမရရင်.. ဘယ်ကထုတ်ယူမလည်း ဆိုတာလည်း.. စဉ်းစားကြရလိမ့်မယ်..။ ကဲ.. ဆက်လုပ်ကြစို့…။ ဆိုတော့ကာ ပြောချင်တာတွေ တစ်ခုချင်းစီ […]


koyin sithuSeptember 30, 20111min06
ကျွန်တော်ဟာ ဝံပုလွေတစ်ကောင်ပါ။ ဝံပုလွေဖြစ်ခဲ့တဲ့အတွက်ကျွန်တော့်ကို ကျွန်တော်ဘယ်တုန်းကမှ မရှက်ခဲ့ဖူးပါဘူး။ ဝမ်းလည်းမနည်းခဲ့ပါဘူး။ ဒါပေမဲ့ဒေါသထွက်စရာ တစ်ခုတော့ရှိတယ်။ ဘယ်နှယ့်ဗျာ … လူတွေများ မကောင်းလိုက်ပုံ၊ မတရားလိုက်ပုံများ၊နေရင်းထိုင်ရင်းနဲ့ ကျွန်တော်တို့ ဝံပုလွေတွေက ယုတ်မာသတဲ့။ ကောက်ကျစ်သတဲ့၊ ကျွန်တော်တို့ဘယ်မှာများ ကောက်ကျစ်ယုတ်မာသတုန်း။ အစာဖြစ်တဲ့ သားကောင်တွေကို တတ်စွမ်းသလို နည်းလမ်းနဲ့ရှာဖွေစားသောက်တယ်။ ဒါကို ယုတ်မာတယ်ခေါ်သလား။ ။             တခြားအကောင်တွေကရော၊သူလိုကိုယ်လိုပဲ သားကောင်တွေကို ဖမ်းပြီး စားကြတာပဲ။ သူတို့ကျတော့ ယုတ်မာတယ်လို့မပြောကြဘူးဗျာ။ ဥပမာ – ဇီးကွက်လို အကောင်းမျိုး၊ မျက်လုံးပြူးပြူးနဲ့ ညမှသာ ထွက်ရဲ၊အစာရှာတဲ့ ကောင်ကိုကျတော့ ပညာရှိ ဇီးကွက်တဲ့။ လာဘ်ကောင်တဲ့။ ဧည့်ခန်းတွေ၊စင်မြင့်တွေ ဘာတွေပေါ်မှာ တယုတယ ထားကြတယ်။ ((တွေးကြည့်မိတယ်… တချို့သူတွေများဆိုကိုယ့်ကို မွေးဖွားပေးခဲ့တဲ့၊ ကျွေးမွေးပြုစုခဲ့တဲ့ ကျေးဇူးရှင်မိဘနှစ်ပါးကိုအမှတ်တရ ဓါတ်ပုံ ခံခံညားညားနဲ့ […]


black chawSeptember 30, 20111min037
  လူတိုင်းမှားဘူးကြပါတယ်။ ခွင့်လွှတ်နိုင်တဲ့အမှားနဲ့ ခွင့်မလွှတ်နိုင်တဲ့ အမှားပဲကွာတာပါ။ လုံးဝအပြစ်ကင်းစင်တဲ့လူဖြစ်ဘို့ မလွယ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း မှားခဲ့ဘူးတာပါပဲ။ မကြာမကြာလည်း မှားတတ်ပါတယ်။ ကျောင်းသားတစ်ယောက် စာမေးပွဲတစ်ခုကိုဖြေတဲ့အခါ အနည်းဆုံး ၂ဝ ရာခိုင်နှုန်းမှားရင်တောင် ဂုဏ်ထူးပေးပါတယ်။ ၂ဝ % မှားခွင့်ပေးတဲ့ သဘောပါပဲ။ တစ်နည်းအားဖြင့် ၈ဝ ရာခိုင်နှုန်းမှန်အောင် ဖြေနိုင်ရင် ဂုဏ်ထူးရပါတယ်။ ကျောင်းသားတစ်ယောက်ဟာ ၆ဝ ရာခိုင်နှုန်းမှားခွင့်ရှိနေပါသေးတယ်။ တစ်နည်းအားဖြင့် ၄ဝရာခိုင်နှုန်း မှန်အောင်ဖြေနိုင်တဲ့ ကျောင်းသားဟာ စာမေးပွဲအောင်ပါသေးတယ်။ ၄ဝ ရာခိုင်နှုန်းမှန်အောင် မဖြေနိုင်ခဲ့ရင်တောင် ၃၅ လောက်မှန်ရင် မော်ရေးရှင်းနဲ့ အောင်နိုင်ပါသေးတယ်။ အဲဒီတော့ အမှားကို ကြောက်နေဘို့ မလိုပါဘူး။ မှားမှာကြောက်နေရင် အမှန်နဲ့လည်း မနီးစပ်ပါဘူး။ ဘဝမှာ ရည်ရွယ်ချက် မြင့်မြင့်မားမားရှိသူတွေကတော့ အမှားနည်းနိုင်သမျှနည်းအောင် ကြိုးစားရမှာပေါ့။ ဒါမှ ဘဝစာမေးပွဲကြီးမှာ […]


black chawSeptember 29, 20111min03
ကားဘီး အလိုင်းမင်း ချိန်သည် ဆိုတဲ့ ဆိုင်းဘုတ်ကလေးကို ဖတ်ဘူးကြမှာပါ။ ဘီးအလိုင်းမင်း မမှန်ရင် ဘယ်ဘက်ဆွဲလိုက် ညာဘက်ဆွဲလိုက်နဲ့ မောင်းလို့မကောင်းပါဘူး။ ကျွန်တော်တို့ လူတွေမှာလည်း စိတ် အလိုင်းမင်း မမှန်ရင် လုပ်ရကိုင်ရပြောရဆိုရတဲ့ နေရာမှာ အဆင်မပြေတာတွေများပါတယ်။ ဘီးအလိုင်းမင်းချိန်သလိုပဲ၊ စိတ်ကိုလည်း အလိုင်းမင်းချိန်ပေးဘို့လိုပါတယ်။ အပြုသဘောအမြင်ထက် အပျက်သဘောအမြင်က များနေတယ်လို့ ကိုယ့်စိတ်ကို ပြန်သုံးသပ်မိရင် စိတ်ကို အလိုင်းမင်းချိန်ဘို့ လိုနေပါပြီ။ တရားထိုင်တာဟာလည်း စိတ်အလိုင်းမင်း ချိန်နည်းတစ်မျိုးပါပဲ။ စိတ်ဓါတ်ကို ခွန်အားပြည့်စေတဲ့ စာတွေ ဖတ်တာဟာလည်း စိတ်အလိုင်းမင်းချိန်နည်းတစ်မျိုးပါပဲ။ ကျွန်တော်လည်း ကိုယ့်စိတ်ကိုယ် အလိုင်းမင်းချိန်ဘို့ စာတွေ ဖတ်ခဲ့ဘူးပါတယ်။ သင်ယူဘို့ လိုအပ်တယ်ထင်လို့ သင်တန်းတွေ တက်တာဟာလည်း အလိုင်းမင်းချိန်နည်းတစ်မျိုးပါ။ သင်ယူခဲ့ဘူးတဲ့ မှတ်စုတိုလေးတွေထဲက တစ်ခုကို ပြန်တင်ပြတာပါ။ မန်နေဂျာ တစ်ယောက်ရဲ့ များပြားလှတဲ့ […]


ခ်စ္စ/ဆရာSeptember 29, 20111min048
မန္တလေးဂေဇက်မှ မိသားစုများခင်ဗျား ချစ်စရာအလွန်ကောင်းသောကြောင့် ချစ်စရာ ဟူ၍လည်းကောင်း အချစ်တို့၏ ဆရာဖြစ်သောကြောင့် ချစ်ဆရာ ဟူ၍လည်းကောင်း အမည်တွင်သော ကျွန်တော် ချစ်စ/ဆရာ မှ ရိုသေလေးစားစွာ ဂါရဝပြု တင်ပြခွင့်ပြုကြပါရန် ခွင်ပန်အပ်ပါသည်ခင်ဗျား။ အကြောင်းအရာ။ ။ မန္တလေးဂေးဇက်ကြီးကို သန့်ရှင်းသာယာစေရန် ကျွန်တော်တို့မှာလည်း တာဝန်ရှိသည်ဟု ခံယူမိပါသည် ဂေဇက်၏ စည်းကမ်းအမှတ် ( ၉ ) ကို တိတိကျကျပြဌာန်းထားသော်လည်း တိတိကျကျမလိုက်နာသော မန်ဘာများကို ထုပ်ပယ်သင့်ကြောင်း အကြုံ ဆွေးနွေးအပ်ပါသည်။ အထူးဆိုလိုသည်မှာ မိုက်ကယ်ဂျော်နီအောင်ပု ဟူသော အခြောက်ယောင်ယောင် ဂေးယောင်ယောင် ပရောဂဆရာယောင်ယောင် ဓမ္မကထိကယောင်ယောင် နိုင်ငံရေးသမားယောင်ယောင် ယောင်တောင်ပေါင်တောင် အရက်သမားအား ဂေဇက်အတွင်းမှ သွားလိုရာသွားစေသတည်း မောင်းထုပ်ကြပါရန် တောင်းဆိုပါသည်ခင်ဗျား။ ကျွန်တော့်အနေနှင့် စည်းကမ်းအမှတ် ( ၁၁ ) […]


ကြောင်လေးSeptember 28, 20111min06
သတ္တလောကကြီးမှာ သတ္တဝါတွေဟာလောဘ၊ဒေါသ၊ဆန္ဒတွေအရ၊တစ်စုံတစ်ခုကိုရရှိအောင်ကြိူးစားကြ၊အချင်းချင်းပြိုင်ဆိုင်နေကြ၊ အနိုင်တိုက်ခိုက်နေကြပါတယ်။တချို့ကကိုယ့်ရှင်သန်ရပ်တည်ရေးအတွက်ကြိုးစားကြ၊မဖြစ်မနေတိုက်ခိုက်ကြသလို တချို့ကြတော့ လောဘအလိုကိုလိုက်ပြီးတော့သူများထက်သာချင်လို့၊ပြိုင်ဆိုင်ကြ အနိုင်တိုက်နေကြတာပါ။ ဒီလိုကြိုးစားလို့ကိုယ်လိုချင်တာရပြီ၊အောင်မြင်ကြပြီ အောင်နိုင်ကြပြီဆိုရင်ကော တည်မြဲမှာလား?တကယ့်အောင်နိုင်ခြင်းလား? အဲဒီအကျိုးရလဒ်တွေဟာ တကယ့်ပျော်ရွှင်စရာတွေ ကျိန်းသေဖြစ်လာသလား?တွေးကြည့်ရအောင်ပါ။   ဂဠုန်ဦးစော ဦးစောဟာ ဗိုလ်ချုပ်အောင်ဆန်းကိုအထင်တွေလွဲတယ်၊မနာလိုခြင်းတွေဖြစ်တယ်၊ဒါကြောင့်ဗိုလ်ချုပ်ရဲ့နေရာ ကိုလိုချင်တယ်။ ဗိုလ်ချုပ်ကို ယှဉ်ပြိုင်ခဲ့တယ်၊  တိုက်ခိုက်ခဲ့တယ်၊ သူအနိုင်ရခဲ့ပါတယ်။ဒါပေမယ့်…………………. ဗိုလ်ချုပ်နေဝင်း ဦးနေဝင်းဟာ နိုင်ငံအာဏာကို ၁၉၆၂ မှာသမ်းပိုက်ပြီး  ၂၆ နှစ်လုံးအုပ်ချုပ်ခဲ့ပါတယ်။ သူကွယ်လွန်သွားတဲ့အခါကြတော့  နိုင်ငံခေါင်းဆောင်တစ်ယောက်အနေနဲ့ မဟုတ်ပဲ မထင်မရှား… ဗိုချုပ်မြင့်အောင် နတခ တိုင်းမှူးဘဝကနေ ဝန်ကြီးဘဝထိရောက်၊ နောက်တော့………. ဗိုလ်ချုပ်ခင်ညွန့် ထောက်လှမ်းရေးအကြီးအကဲတစ်ယောက်အနေနဲ့ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တာပါ။ နိုင်ငံရေးမှာရော ဘာသာရေးမှာပါ ထင်ပေါ်ကြော်ကြားခဲ့ပြီး နေရာတော်တော်ရခဲ့သူပါ။အခုတော့….. မဝေဝေ B.Sc  ဘွဲ့ကနေ  M.Sc ဘွဲ့ ကိုနည်းမျိုးစုံသုံးပြီးရအောင်ကြိုးစားခဲ့တယ်။ သင်တန်းဆင်းလက်မှတ်တွေအများကြီးငွေကုန်ခံအချိန်ကုန်ခံပြီးယူခဲ့တယ်။အခုတော့ရလာပြီး ဘွဲ့ယူတဲ့အခါကြတော့မှ…..    


koyin sithuSeptember 28, 20111min011
ဇာတုေဿာဏီမေး – အရှင်ဂေါတမ – မိန်းမတို့မည်သည် အဘယ်ကို အလိုရှိပါကုန်သနည်း။ အဘယ်အလို့ငှာ လေ့လာကြပါသနည်း။ အဘယ်ကို နှလုံးသွင်းကြပါကုန်နည်း။ မိန်းမတို့၏ လိုအပ်ချက်မှာ အဘယ်မှာလျှင် အဆုံးရှိပါသနည်း။ ဗုဒ္ဓဖြေ – မိန်းမတို့သည်ကား ယောင်္ကျားကို အလိုရှိကြကုန်၏။ တန်ဆာဆင်ယင်အလှပြင်ခြင်းကိစ္စ၌ လေ့လာကုန်၏။ သူတို့၏ ဆောက်တည်ရာကား သားပေတည်း။ သူတို့၏နှလုံးသွင်းမှုကား လင်တူမယားမရှိမှုကိုပင် ဖြစ်ကုန်၏။ ဆန္ဒကား မိမိအိမ်၌ အစိုးရခြင်းလျှင် အဆုံးရှိကုန်၏။


black chawSeptember 27, 20111min022
ရန်ကုန်မှ နေပြည်တော်အသွား Express ကားကြီးပေါ်တွင်ဖြစ်သည်။ နေပြည်တော်ရောက်လျှင်လာကြိုမည့် သူငယ်ချင်း ကဖုန်းဆက်ပြီးမေးသည်။ ” မင်းတို့ကား ဘယ်အချိန် နေပြည်တော်ကိုရောက်မလဲ “ တစ်ခါမှ မသွားဘူးသေးသဖြင့် အနားရှိ စပယ်ယာကို လှမ်းမေးလိုက်ဖြစ်သည်။ “ ညီလေး နေပြည်တော်ကို ဘယ်အချိန် ရောက်မလဲကွ “ ကျွန်တော့်မေးခွန်းကို စပယ်ယာပြန်မဖြေပါ။ မကြားလို့များလားထင်ပြီး နောက်တစ်ခွန်းထပ်မေးလိုက်သည်။ “ ဟေ့ ညီလေး နေပြည်တော်ကို ဘယ်အချိန် ရောက်မလဲကွ “ စပယ်ယာပြန်ပြောလိုက်သည်မှာ “ ခင်ဗျား ကားနဲ့ ခရီးမသွားဘူးဘူးထင်တယ် “ ဟူ၍ ဖြစ်ပါသည်။ မျက်နာကလည်း သိတ်ကြည်ပုံမရပါ။ ကျွန်တော် နားလည်လိုက်ပါသည်။ ခရီးသွားလျှင် အချိန်မမေးကောင်းဘူး ဆိုသည့် မြန်မာတို့ဧ၊၊် အရိုးစွဲနေသော အယူအဆဟောင်းကြီးကိုလည်း သတိရလိုက်ပါသည်။ ထို့ကြောင့် သူငယ်ချင်းလုပ်သူအား […]


blazeSeptember 26, 20111min06
တကယ်တော့ Royalties (၄) မျိုးမကဘဲ အများကြီးရှိပါတယ်။ Trade Mark Royalties, Book Publishing Royalties, Artwork Royalties, Software Royalties ဆိုပြီး သက်ဆိုင်ရာကဏ္ဍအလိုက် မူပိုင်ခွင့် နဲ့ပတ်သက်တဲ့ အကျိုးအမြတ်အပေါ် ရာခိုင်နှုန်းခွဲဝေမှုတွေရှိပါတယ်။ ဂီတစီးပွားရေးလုပ်ငန်းတွေမှာ အသုံးပြု နေတဲ့ Royalties (၄) မျိုးအကြောင်းကို လက်ရှိမြန်မာပြည်ဂီတ ဈေးကွက်မှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို နှိုင်းယှဉ်ပြီးတင်ပြသွားပါ့မယ်။ နိုင်ငံတကာပုံစံနဲ ့မတူတဲ့အချက်အလက်တွေကတော့ တပုံတပင်ပါပဲ။ Royalties ကြောင့်ဖြစ်တဲ့ ဂီတလောကရဲ့ အကွဲအပြဲဇာတ်လမ်းတွေလည်း မနည်းလှပါဘူး။ ဒီလိုပြဿနာတွေဟာလည်း အနောက် နိုင်ငံရဲ့ဂီတလုပ်ငန်းတွေမှာ အကြိမ်ကြိမ်ဖြေရှင်းရင်း နောက်ဆုံးနည်းလမ်း အမှန်ပေါ်ရောက်လာ ကြတာပဲ ဖြစ်ပါတယ်။ ဒါတောင် အာဖရိကတိုက်ရဲ့ နိုင်ငံအများစုက ဂီတလုပ်ငန်းတွေမှာ အခုထိ Royalties နဲ့ ပတ်သက်တဲ့ […]


စဆရ ႀကီးSeptember 26, 20111min011
ပြောချင်နေတာ အတော့်ကို ကြာပါပြီ။ မပြောဘူးလို့ ကြံစည်နေတာလဲ ကြာလှပါပြီ။ ဒီနေ့တော့လဲ ပြောချင်ရာကို ပြောလိုက်တော့မယ်။ တစ်ချို့တစ်ချို့သောသူများသည် စာများများရေးသားကြသည်။ စာအုပ်၊ စာပေပေါင်းစုံမှ ကောက်နှုတ်ချက်များဖြင့်လည်းကောင်း၊ ၎င်းတို့၏ စိတ်ကူးကွန့်မြူးရာများကိုလည်းကောင်း ရေးသားကြခြင်းဖြစ်သည်။ အမှီသဟဲပေါင်းစုံဖြင့် ထုတ်နှုတ်ရေးသားကြခြင်းဖြစ်သည်။ အထောက်အထားကောင်းမွန်မှု၊ စကားလုံး ပြေပြစ်ချောမွေ့မှုကြောင့် ဖတ်ရှူရသူများအဖို့မှာလည်း ရသအပြည့်အဝရှိသည်။ တစ်ချိန်က ကျွန်တော်ကိုယ်တိုင်သည်လည်း ရသစာပေ အဖတ်များခဲ့သူတစ်ယောက်ဖြစ်သည်။ အတ္ထုပ္ပတ္တိများကိုမူ တော်ရုံတန်ရုံဖတ်ခဲသည်။ သူများအကြောင်း စပ်စုရာ ကျသည်ဟု ထင်မိသောကြောင့်ဖြစ်သည်။ ထိုစဉ်က ကျွန်တော်သည်ကား ဆယ်ကျော်သက်အရွယ်မျှသာ ဖြစ်သည်။ ဆယ်ကျော်သက်အရွယ်ကို ကျော်လွန်လာသောအခါ လုပ်ငန်းသဘာဝအရလည်းကောင်း၊ ပညာရှာဖွေခြင်းအရသော်လည်းကောင်း အတ္ထုပ္ပတ္တိများကိုသာ အဖတ်များလာခဲ့သည်။ ထိုသို့ဖတ်ရှူရင်းဖြင့် ကိုယ်ကိုယ်တိုင် မကျင်လည်ခဲ့ရသော အလွှာပေါင်းစုံအကြောင်း၊ ကိုယ်ကိုယ်တိုင် မသိ၊ မမြင်လိုက်ရသော ခေတ်များ၏အကြောင်း၊ အောင်မြင် ကျော်ကြား၊ ထင်ရှားခဲ့သူတို့၏ […]


Moe ZSeptember 25, 20111min014
မနေ့က Boss ကစီစဉ်ပေးလို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညစာစားပွဲတစ်ခုလုပ်ဖြစ်ခဲ့တယ်။ မိုးစက်တို့ဝိုင်းမှာ အားလုံးက လက်မထပ်ရသေးသူ(single)တွေချည်းပဲစုမိကြတယ် (ကြော်ငြာဝင်တာမဟုတ်ပါ  🙂  ဆွေးနွေးကြတဲ့ခေါင်းစဉ်နဲ့ သက်ဆိုင်လို့ပါ)။အမေရိကန်နိုင်ငံသား အမျိုးသမီး ၁ယောက်၊ အမျိုးသား၂ယောက်၊ ဖိလစ်ပိုင်သူ ၂ယောက်၊ ပြင်သစ်သူ ၁ယောက်၊ မိုးစက်နဲ့ နောက်သူငယ်ချင်းတစ်ယောက် အားလုံး ၈ယောက်ပေါ့။ မိုးစက်တို့အတူတူ အလုပ်လုပ်ခဲ့ကြတာ၂နှစ်လောက်ရှိပြီဆိုတော့ အားလုံးရင်းရင်းနှီးနှီးနဲ့ တစ်ယောက်အကြောင်းလဲ တစ်ယောက်သိနေကြပါပြီ။ အလုပ်ချိန်မှာစကားသိပ်မပြောဖြစ်ကြတော့ အခွင့်အရေးရတုန်း စားရင်းသောက်ရင်းနဲ့ ပြောကြတဲ့စကားတွေ ရေပက်မဝင်ဘူး။ ဟိုပြောဒီပြောနဲ့ နောက်ဆုံး ခေါင်းစဉ်တစ်ခုအောက်ရောက်သွားတယ်။ အမေရိကန်သူကစပြောတာ different culture of love ကို ဘယ်လိုမြင်သလဲတဲ့ (သူကမြန်မာ tour guide တစ်ယောက်နဲ့တွဲနေတယ် 🙂  )။ အရင်ဆုံး ဖိလစ်ပိုင်သူ တစ်ယောက်က စဖြေတယ်။ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူးတဲ့။ ဘာသာလည်းမတူ […]