loneOctober 7, 20113min021
ဒီစာကို ရတုန်းက Lone လည်း ရေးတဲ့လူကို တော်တော်အမြင်ကတ်သွားတယ်။ ဒီစာကို ရေးတဲ့သူက ကော ဘယ်လောက်တောင် တိုင်းပြည်အတွက် ကြိုးစားပမ်းစား လုပ်ကိုင်ပေးခဲ့ဖူးလို့ ဒီလို ရေးတာလဲ… စာရေးသူကကလောင်တံလေးကိုင်ပြီး…(သို့) keyboard လေးအသုံးပြုပြီးသာရေးတတ်တာ … သူကကော ဘယ်လောက်လုပ် ဆောင်ပြီးလို့ ဒီလိုရေးရတာလဲတော့မသိတော့ပါဘူး… လုပ်ပိုင်ခွင့်ဘာမှ မရတဲ့ အခါမှာလုပ်ရတာ အခက်အခဲတော့ ရှိမှာပဲ… နေရိပ်လိုချင် နေပူကစောင့်ရမှာပါပဲ… အခုရေတွင်းတူး အခုရေကြည်တော့ ဘယ်ရနိုင်မလဲ… အန်တီစုက သူတတ်နိုင်သလောက် လုပ်ဆောင်နေတာကို … ဘာဖြစ်လို့ ဘေးကနေ နှောက်ယှက်စကားဆိုနေရတာလဲ… မကူညီချင်နေပါ…မနှောက်ယှက်ပါနဲ့… အောက်ပါ စာကို ရေးသူအား တိုက်ရိုက်ရည် ရွယ်ပြောချင်ပါသည်…….   On Oct 3, 9:50 am, ဦးဦး ဒေါ်လာ . <uudol…@gmail.com> […]


မောင် ပေOctober 6, 20111min05
ကိုရှီနို တစ်ယောက် လဘက်ရည်ဆိုင်၏ ထောင့်စားပွဲတွင် ခြေပစ်လက်ပစ် ထိုင်နေရင်း ၊ အလကားပေးသော ရေနွေး ကို ဘယ်နှစ်အိုးမြောက်မှန်းမသိ ထပ်တောင်းလိုက်သည် ။ စားပွဲထိုးကောင်လေး က မကြည်မသာဖြင့် ရေနွေးအိုး ကို ဆောင့်ချသွားသည် ကို သတိမပြုအား ။ ကိုယ့်စိတ်ထဲမှာ ပူနေသော ဖြစ်နေသော အလိုမကျခြင်းတွေ ထက် အရေးမကြီး ဟု ကိုရှီနို ယူဆထားသည် ။ လက်ထဲမှာ ကိုယ်လိုချင်တဲ့ ပိုက်ဆံပမာဏ မရှိ ။ လက်ရှိ ကိုယ်ရှင်သန်နေတဲ့ ဘဝမှာ ကိုယ့် ဆန္ဒတွေ မပြည့်စုံ ။ စိတ်ညစ်စရာ ၊ စိတ်အနှောင့်အယှက် ဖြစ်စရာတွေက ၊ နေ ့စဉ် ကိုယ့်ဘေးနားမှာ…ပုံ ။ အရေးထဲ တွဲနေတဲ့ […]


ဆူးOctober 6, 20111min030
အပိုင်း ၂ မှ အဆက်ဖြစ်ပါသည်။ ပေါက်ဖော် ကတော့ အရက်ဆိုတာ သောက်ရင် မူးတတ်ပါတယ်။ (ဒေါင်…) အီးတုံးမှ နေပြီးတော့ ဆက်လက် အကြံပြုပါတယ်။ ဘီယာဆိုတာ ပါးစပ်ပါတဲ့ မိန်းမတွေ သောက်ချင်ရင် သောက်လို့ ရတဲ့ အရာတခုပါ။ ကျားမ ခွဲခြားတဲ့ ခေတ်ကုန်ပါပြီလို့ ထင်မြင်ပါတယ်။ (ဒေါင်…) ရွှေဘိုသား ကလည်း အရင်က ရွာမှာ နွားကျောင်းတယ် အခု အင်တာနက်ဆိုင်မှာ ကောင်မလေးချောချောတွေကို ကျောင်းတယ်ဗျာ… ရွာထဲက ကောင်မလေး ချောချော များ ရွှေဘိုသား သက်ရှိထင်ရှား ရှိနေကြောင်း အားလုံးကို သိစေချင်ပါတယ်။ (ဒေါင်…) intro ကတော့ ကျတော် ကိုကိုအင်လေ ကောင်မလေးချောချော မြင်ရင်လေ.. တခြားတော့ စိတ်မများပါဘူး ဂိမ်း အပြိုင် […]


koyin sithuOctober 5, 20111min03
ငါ့ညတွေမှာ… ငါ့စာပိုဒ်တွေကို ငါအထပ်ထပ်ဖတ်လို့ ငါ့ရက်စွဲတွေက ကြမ်းတမ်းလွန်းတဲ့ သိက္ခာ တိတ်ဆိတ်စွာ ဝင်လာခဲ့ပေမယ့် ငါ့အတွက်တော့ အဆိပ်အတောက်ဖြစ်နိုင်ရဲ့…   သုညကနေစတင် သုညမှာပဲ ပြီးဆုံးခဲ့ ဘယ်မှာလဲ ချစ်ခြင်းမေတ္တာ ဘယ်မှာလဲ ရိုးသားမှု ဘယ်မှာလဲ ကိုယ်ချင်းစာတရား ဘယ်မှာလဲ တစ်ကိုယ်တော်ထွက်ပြေးချင်းဝါဒ ကြာလာတော့ ကိုယ့်ကိုယ်ကို တွေ့ရှိမှုအဖြစ်က ဝေဝါးခြင်းတွေ ခါးလာတယ်။ သက္ကရာဇ်အဟောင်းတွေမှ ဆန္ဒသစ်တွေ ငါမစဉ်းစားရသေးတဲ့ နောက်ထပ်နေ့ရက်တွေ အားလုံးကို မကြာခင်ကပဲ ဟားတိုက် မောင်းထုတ်ပစ်ခဲ့ပြီ။ ချွေးထွက်များနေတဲ့ ငါ့အသိဉာဏ် ငါ့ခေါင်းထဲမှာရော အမှိုက်တွေဘယ်လောက်များနေပြီလဲ ငါ့မှာရှိနေတဲ့ မေတ္တာတရားနှင့် စာနာမှုကိုတော့ မိုးမခေါင်စေချင်…။ ငါ့နှလုံးသားထဲက တိတ်ဆိတ်တဲ့ ခေါင်းလောင်းထိုးသံ ဘယ်သူကြားမိသလဲ…။ ငါ့တစ်ယောက်ထဲ အဖော်မဲ့ညတွေ မိန်းမတစ်ယောက်ဆီ ငွေကြေးနဲ့ ကမ်းလှမ်းလိုက်ရင်ကောင်းမလား။ င့ါအသက်တွေလည်း တစ်ရက်ထက်တစ်ရက်ကြီးလာပြီ မနေ့ကကို […]


ဆူးOctober 5, 20111min037
ကြီးမား ကျယ်ဝန်းလှတဲ့ ခန်းမဆောင်ကြီးထဲမှာ ထိုင်ခုံတွေ အများကြီး နဲ့ လူတွေ ထိုင်ခုံ အပြည့် ထိုင်နေကြပါတယ်။ ထိုင်ခုံတွေ မှာ စားပွဲလည်း ပါပါတယ်။ တနေရာတည်းကို မျက်နှာမူ ထားကြပါတယ်။ ခုံများ မျက်နှာမူထားတဲ့ နေရာရဲ့ ရှေ့တည့်တည့်မှာ ဇတ်ခုံကြီး တခုရှိပါတယ်။ ဘာတင်ဆက်မှုတွေ ရှိမလဲလို့ ခန်းမဆောင် ပုံစံကို ကြည့်ပြီး သုံးသပ်မိပါတယ်။ လွတ်နေတဲ့ ထိုင်ခုံ တခု ကို ရုပ်မြင်သံကြားမှာ မြင်လိုက်ပါတယ်။ ကင်မရာကလည်း အဲဒီ လွတ်နေတဲ့ ခုံနေရာရဲ့ စားပွဲပေါ်ကို ချိန်လိုက်တဲ့ အချိန်မှာ အလုအယက် ကြည့်လိုက်တဲ့ အခါ ခုံ မှာ နာမည် တခု ရေးထားပါတယ်။ ရွာသားတွေကို ခုံမှာ နာမည် နဲ့ တကွ […]


etoneOctober 5, 20111min024
ဒီနေ့မနက် … အီးမေးလ်ထဲ ဝင်လာတဲ့ စာလေးတစ်ဆောင်ဖတ်ပြီး … စိတ်မကောင်းဖြစ်မိတယ် … အိမ်ရှင် အမျိုးသမီးက အိမ်ဖော်ကလေးငယ်တစ်ဦးကို အလုပ်လုပ်တာ …စိတ်တိုင်းမကျသဖြင့် နှိပ်စက်ညှင်းပမ်းတာပါ .. ။ %%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%   အိမ်ရှင်အမျိုးသမီးက အသက် ၁ဝ နှစ်အရွယ် အိမ်ကူကလေးငယ်ကို ရိုက်နှက်ပြီး ရေနွေးပူဖြင့် လောင်းချ . . . စမ်းချောင်းမြို့နယ် စမ်းချောင်းတောင်ရပ်ကွက် ဦးဖီးလမ်း တိုက်မ ၈ဂ(၃) လွှာ၌ နေထိုင်သူအိမ်ရှင်အမျိုးသမီးက အသက် (၁၀) နှစ်အရွယ်အိမ်ကူကလေးငယ်ကို ရိုက်နှက်ပြီး ရေနွေးပူဖြင့်လောင်းချသည့် ဖြစ်စဉ် စက်တင်ဘာလ ၃ဝ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ အိမ်ရှင်ဖြစ်သူ အသက် ၂၈ နှစ်အရွယ်ရှိ အမှိုးသမီးက အသက်(၁၀) နှစ်အရွယ်ခန့်ရှိ မစန်းစန်းမိုးဆိုသူ […]


ဆူးOctober 4, 20111min037
တနေ့ အိမ်ကို စာအိတ်တခု ရောက်လာခဲ့ပါတယ်။ စာအိတ်ထဲမှာတော့ ရွာထဲမှာ အခမ်းအနား တခု ပြုလုပ်မှာ ဖြစ်တဲ့ အတွက် မပျက်မကွက် တက်ရောက်ပါရန် ဆိုတဲ့ စာပါတဲ့ စာအိတ်ကလေး ဖြစ်ပါတယ်။ စာအိတ်ကို လက်ခံယူတဲ့ အချိန်မှာ တက်နိုင်မတက်နိုင် လက်မှတ်ရေးထိုးပေးရပါတယ်။ ဆူး ကတော့ လတ်တလော အလုပ်တွေ များနေလို့ အစည်းအဝေး ကို မတက်နိုင်ဘူး ဆိုတာ သိတဲ့ အတွက် မတက်ရောက်တဲ့ အကြောင်း လက်မှတ်ရေးထိုးပြီး ဖိတ်စာကိုတော့ လက်ခံထားပါတယ်။ ဖိတ်စာထဲမှာတော့ မတက်ရောက်နိုင်တဲ့ ရွာသားများ ရှိရင် အိမ်မှာပင် အစည်းအဝေး အခမ်းအနားကို တီဗွီကနေတဆင့် တိုက်ရိုက် ကြည့်နိုင်အောင် စီစဉ်ပေးထားတယ်လို့ ပါတဲ့ အတွက် ဝမ်းသာ အားရ ရှိခဲ့ပါတယ်။ အစည်းအဝေး […]


မောင် ပေOctober 4, 20111min014
မောင်ပေ တစ်ယောက် နေ ့ခင်း ၂ နာရီ လောက် က အိပ်ပျော်ခဲ့တာ ၅ နာရီ ထိုးသည့်တိုင်အောင် မနိုး ။ ဖုန်းထဲမှ နာရီ ကို နှိုးစက်ပေးထားသော်လည်း ၊ လူက မထနိုင် ၊ မထချင် ။ မထချင်လောက်အောင် အိပ်ဖြစ်သည့် အကြောင်းမှာ နံနက်၅နာရီခွဲ ဆိုလျှင် အိပ်ယာထ ၊ မျက်နှာသစ် ရေချိုးပြီး ကျောက်စိမ်းဝိုင်းသို ့ပြေးရသည် ။ ကျောက်စိမ်းဝိုင်း အပြင်ဘက်တန်းတွင် ၊ မနက်စောစောသာ လာရောက်တည်ခင်းရောင်းချသော ကျောက်စိမ်းကုန်သည် လေး များ ရှိသည် ။ ကျောက်စိမ်းဝိုင်းအပြင်ဘက်တန်း ပတ်ပတ်လည် ခြေတိုအောင် ပတ်လမ်းလျှောက်ရင်း ဝယ်သင့်သော ကျောက် ကို လိုက်ကြည့်ရသည် ။ […]


Moe ZOctober 4, 20111min012
အိမ်တံခါးဖွင့်ဖွင့်ချင်းရလိုက်တဲ့ ဒူးရင်းသီးအနံ့ရယ် ဖိနပ်စင်ပေါ်က နီညိုရောင်ကတ္တီပါဖိနပ်တစ်ရံရယ်ကြောင့် ကြီးကြီးနုရောက်နေတယ်ဆိုတာ အတပ်သိလိုက်ပြီ။ အိမ်ထဲလှမ်းဝင်ဝင်ချင်းပင် “ဟဲ့ ယုယု နင်တို့ရန်ကုန်မှာ ထမီဝတ်တဲ့မိန်းကလေးဆိုရင် အလုပ်လုပ်လို့မရဘူးလား” ဟု မေမေ့ကိုလှမ်းပြောပါတယ်။ မေမေက “ဪ မမကလည်း အဲဒါသမီးတို့ရုံးကသတ်မှတ်တဲ့ဝတ်စုံလေ” လို့ ပြန်ဖြေပါတယ်။ နှုတ်ဆက်ဖို့ပြင်နေတဲ့ပါးစပ်ကို အသာပိတ်ပြီးအခန်းထဲတန်းဝင်ခဲ့လိုက်ပါတယ်။ စတိုင်လ်ပန်နဲ့ရှပ်အင်္ကျီ အပေါ်က ကုတ်တစ်ထပ်ပါသည့် သူမရဲ့ယူနီဖောင်းက လုံခြုံလိုက်တာမှ ဟိုဖက်တောင်လွန်သေး။ ဘယ်လောက်လှလှ ဘယ်လောက်ဈေးကြီးကြီး မလုံ့တလုံအဝတ်အစားများကိုသူမလည်း သဘောမကျပါ။ ကြီးကြီးနုဆိုတာ မော်လမြိုင်ကမေမေ့ရဲ့အစ်မတစ်ဝမ်းကွဲ ဒူးရင်း၊ ကျွဲကော၊ ကြက်မောက်၊ မင်းဂွတ်သီးခြံများကို ဦးစီးလုပ်ကိုင်နေသူ အသက် ၅ဝကျော်အပျိုကြီးပါ။ သူကလည်းတစ်ဦးတည်းသောသမီး၊ မေမေကလည်း တစ်ဦးတည်းသော သမီးမို့ ညီအစ်မအရင်းကဲ့သို့ချစ်ကြပါသည်။ မကြာခဏဆိုသလိုရောက်လာပြီး လာတိုင်းလည်း မေမေ့အကြိုက် ခြံထွက်ဒူးရင်းသီးများ၊ ငါးပိ၊ ငါးခြောက်များ သယ်လာတတ်ပါသည်။ ဘယ်ဘဝကရေစက်ရယ်မသိ တစ်အိမ်လုံးနှင့် […]


koyin sithuOctober 4, 20111min015
လွန်ခဲ့သော ကာလများစွာက ကျွန်တော်သည် အမှန် နှင့် အမှား ဝင်ရိုးတန်းတစ်ခုပေါ်မှနေပြီး လူတို့ရဲ့ ရိုးသားမှုကို တိတ်တိတ်လေး ထိုင်ကြည့်နေခဲ့ဖူးပါတယ်။ သေးငယ်သော အစိတ်အပိုင်းတို့၏ ခါးသီးသော အဖြစ်အပျက်အချို့ကြောင့် ကျွန်တော်ဟာ တစ်ခါတစ်ရံ တရားမရှိတဲ့သူတစ်ယောက်လို ပရမ်းပတာဖြစ်ခဲ့ရတယ်။   အဲ့ဒီအခါ ကျွန်တော်ဟာ မာကျောရိုင်းစိုင်းမိတယ်။ ယဉ်းကျေးသိမ်မွေ့မိမယ်။ အရာရာကို ဥပေက္ခာပြုထားမယ်။  အကြောက်အလန့်ကင်းချင်ယောင် ဟန်ဆောင်ထားမယ်…။   ကျွန်တော့်ကို လက်ညိုးထိုး ဟားတိုက်ရယ်မောတဲ့အခါ ဂုဏ်ယူလိုက်ပါရဲ့။… နောက်တော့ ကျွန်တော်ဟာ ရိုးသားမှုကလွဲပြီး အားလုံးကို ရယ်သွေးသွမ်းပစ်လိုက်တယ်…။   ထို့ကြောင့် ကျွန်တော်သည် ကြောင်တစ်ကောင်ဖြစ်ပါသည်။ သေချာတိကျစွာ ပြောရလျှင် ကိုယ့်အမြီးကိုယ် ကိုက်ဖြတ်ထားသော ကြောင်တစ်ကောင်ဖြစ်ပါသည်။ လက်ရှိခေတ် ကမာ္ဘပေါ်တွင် လူ့အခွင့်အရေးဟု တကြော်ကြော်ဖြင့် အော်ဟစ်တောင်းဆိုနေကြသောအခါ ကျွန်တော်သည်လည်း ကျွန်တော်ကဲ့သို့ ကြောင်လောကကြီး […]


ကြောင်လေးOctober 4, 20111min027
ကျန်ခဲ့တဲ့ ၃-၄  နှစ်လောက်က ရွာတစ်ရွာကို  တာဝန်တစ်ခုနဲ့ကျွန်တော် သွားခဲ့ပါတယ်။ကျွန်တော်တို့နယ်ဘက် ကရေလမ်းကိုပဲအဓိက ထားသွားရတဲ့ပင်လယ်ရေငံ ပိုင်းဒေသပါ။ သိကြတယ်မဟုတ်လား ရေငံကိုဘယ်သူပိုင်တယ်ဆိုတာ။ ကျွန်တော်သွားမဲ့ရွာကို စက်လှေ သုံး နာရီလောက်စီးရတာဆိုတော့ လမ်းမှာပျင်းနေမှာစိုးတာနဲ့ မြို့ပေါ်က သူငယ်ချင်း (၃)ယောက်ကိုခေါ်ပြီးစက်လှေအော်ဒါငှားပြီးသွားတာပါ။ စက်လှေတစ်စီးလုံး လူလေးယောက်ပဲဆိုတော့ ပလောင်ထင်းသွားကြတာပါ..ဟဲဟဲ။ မနက် ၁ဝ နာရီလောက်က ထွက်သွားတာ နေ့လည် ၁ ချက်ထိုးလောက် ရောက်သွားပါတယ်။ ရွာမရောက်ခင် စက်လှေပေါ်မှာ  ၁၁း၃၀ လောက်မှာကျွန်တော်တို့်ဝိုင်းစပါတယ်။ ဝိုင်းမစခင် သူငယ်ချင်းတစ်ယောက်က ဖန်ခွက်ထဲကို အရက်နဲနဲထည့်၊ လှေဦးကိုသွားပြီး ပါးစပ်က ပွစွ ပွစွနဲ့ ရွတ်ဖတ် ပြီးနောက် အရက်ကိုမြစ်ထဲသွန်ချလိုက်ပါတယ်။  သူတို့ဒေသရဲ့အစဉ်အလာဖြစ်မှာပဲဆိုပြီး ကျွန်လည်းဘာမှ မပြောပါဘူး။ ရွာရောက်တော့ ဥက္ကဌနဲ့ ရပ်မိရပ်ဖ  ၃ ယောက်ဆင်းပြီးကြိုဆိုကြပါတယ်။ သူတို့ရွာလေးရဲ့ဖွံ့ဖြိုးတိုးတက်မဲ့ကိစ္စဆိုတော့ ဖော်ဖော်ရွေရွေပြာပြာသလဲပါဘဲ။  […]


koyoOctober 3, 20111min00
နေရာလိုက်တန်ဖိုး        လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားကြဖို့ တောင်းဆိုသူတွေက တောင်းဆိုနေကြတယ်။ ဒီလိုတောင်းဆိုတာကို ဖိနှိပ်သူတွေကလည်း ဖိနှိပ် နေကြတယ်။ တလောကလုံးကို ခြုံငုံကြည့်လိုက်မည်ဆိုလျှင် ဖိနှိပ်သူနှင့် အဖိနှိပ်ခံဆိုပြီး လူတန်းစား နှစ်ရပ်ပဲရှိတာကိုတွေ့ရမှာပါ။ လူအမျိုးမျိုးအစား စားတွေ ဘယ်လောက်ပဲများများ ဖိနှိပ်သူအဖြစ်နဲ့ပဲ ဖြစ်ဖြစ်၊ အဖိနှိပ်ခံ အဖြစ်နဲ့ပဲ ဖြစ်ဖြစ်၊ ဒီနှစ်မျိုးထဲက တမျိုးမျိုးနဲ့ပဲ လူတွေဟာ ရှင်သန်ရပ်တည်နေကြတာပါ။ လူ့အခွင်အရေးကို တန်ဖိုးထားရမယ်၊ လေးစားရမယ်၊ လိုက်နာရမယ်လို့ ဘယ်လောက်ပဲပြောပြော တန်ဖိုးထား လေးစားလိုက်နာတတ်ဖို့ဆိုလျှင် လူကို နားလည်ရပါလိမ့်မယ်။ လူကို နားမလည်လျှင် လူ့အခွင့်အရေးဆိုတာကိုလည်း နားလည်မှာမဟုတ်ပါဘူး။ လူတွေဟာ လူတွေကို နားလည်ကြမှာဖြစ်ပေမယ့် လူတွေက လူတွေကို နားမလည်ကြပါဘူး။ ဒါ့ကြောင့်လည်း လူတွေကပဲ လူ့အခွင့်အရေးတွေကို ချိုးဖျက်နေကြတာပေါ့။ လူတွေကပဲ လူ့အခွင့်အရေးတွေက်ို ချိုးဖျက်နေကြ တာဆိုတော့ […]


မောင် ပေOctober 2, 20111min014
အဟမ်း..အဟမ်း..အဟမ်း ၊ မင်္ဂလာပါ စာဖတ်သူများ ခင်ဗျား (သည်းခံကြပါ ချစ်လှစွာ ၊ စာဖတ်သူ အပေါင်းတို ့ခင်ဗျား ၊ ဒီရက်ပိုင်းအတွင်း ရွာလိုက်တဲ့ မိုးနှယ် ၊ မစို ့မပို ့လေး ဆိုတော့ နှာစေး ချောင်းဆိုး ဖြစ်နေလို ့ပါ ) ကျန်းမာရေး က သိပ်အလန်းကြီး မဟုတ်ပေမယ့် လည်း ၊ ရေးစရာလေး နဲနဲ ရလာလို ့ ရောက်အောင် လာရေးရပါတယ် ။ ဂေဇက်ဝင် တွေ အတွက် ပြန်ဖောက်သည်ချ ချင်ဇောအားကြီးစွာနဲ ့ လာခဲ့ရပါတယ် ။ ပထမဦးစွာ မန်းဂေဇက် မိုနိုဒိုင်ယာလော့ခ် လို ့ခေါင်းစဉ်တပ်ရခြင်း ကတော့ ၊ ဆရာ ဂျက်ကွမ်းခြံကုန်း […]