မင်္ဂလာပါ ခင်ဗျား ဂေဇက်လာ မိတ်သဟာများနဲ ့ဂေဇက်ဝင်များ အတွက် အပျင်းပြေစေဖို ့ ၊ ကျွန်တော် မောင်ပေ ရဲ ့တစ်ပါတ်အတွင်း ဖတ်ဖြစ်ခဲ့တဲ့ သတင်းများကို ပြန်ပြောပြချင်ပါတယ် ။ ကျွန်တော့် သတင်းလေးတွေ ဟာ ဆိုရင် သတိထားစရာလေးတွေ ပါသလို ခိုးလိုးခုလု ဖြစ်စရာ လည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ် ။ ဦးစွာပြောချင်တာကတော့ ၊ ကျွန်တော့် ရဲ ့တစ်နေ ့တာ လုပ်ငန်းဆောင်တာများထဲမှာ ဟိုပြေး ဒီပြေး ခရီးစဉ်လေးတွေ လဲ ပါပါတယ် ။ တစ်ခါတစ်လေကြတော့ အချိန်တော်တော်ကြာအောင် ထိုင်စောင့်ရတဲ့ အလုပ်မျိုးလည်း ရှိပါတယ် ။ ထိုအခါ မျိုးဆိုလျှင် ဟိုဒီပြေးလွှားရင်း လမ်းက ဝယ်လာတဲ့ ၅၀ဝကျပ်၊၆၀ဝကျပ်၊၇၀ဝကျပ် အသီးသီးတန်ဘိုးရှိ […]
