True AnswerJanuary 5, 20121min04
အပြောလျော့ -အကျိုးမဲ့အချည်းနှီးဖြစ်သော စကားအခွန်း တစ် ထောင် နာကြားရသည်ထက်ငြိမ်းချမ်းမှုကိုရရှိမည့် အကျိုးရှိသောစကားတစ်ခွန်းက သာ၍မြတ်၏။ -ဝါဒငြင်းခုန်ခြင်းကိုပြုလုပ်သဖြင့် အတွင်းသဘော စင်ကြယ်မှုမဖြစ်နိုင်ပေ၊ မာန်မာနပွားများခြင်း၏ အကျိုးကျေးဇူးသာလျှင် အဖတ်တင်သည်။ -တစ်ယောက်ကိုတစ်ယောက် လူမိုက်လူအ ဟူ၍ ပြောဆိုနေကြသူတို့သည် လူတော်လူကောင်း မဟုတ်ကြပေ၊ အကြောင်းမူကား သူတို့သည် မိမိ၏အယူဝါဒကိုသာလျှင် အမှန်ဟုယူဆကြ၍ သူတစ်ပါးတို့ကိုမူ လူမိုက်လူအဟု ထင်မှတ်ကြ သောကြောင့် ဖြစ်သည်။ စွမ်းရည်သတ္တိကို အဓိကထား -အကယ်၍ တစ်စုံတစ်ယောက်သောသူသည် လုံ့လ ရှိသူ လမ်းကောင်းလမ်းမှန်သို့သွားသူ ဇွဲရှိသူ မိတ်ဆွေမျိုးကို တွေ့ရလျှင် ဒုက္ခဟူသမျှ အနှောင့် အယှက်ဟူသမျှကို တွေ့ကြုံခံစားရသော်လည်း ထိုမိတ်ဆွေနှင့် အတူတကွ နေသင့်သည်။ ကြည့်တဲ့အတိုင်း မြင်တယ် -လောက၌ အကဲ့ရဲ့လွတ်သောသူဟူ၍ မရှိ၊ ချီးမွမ်း စရာ တစ်ကွက်မျှမရှိသောသူ ကဲ့ရဲ့စရာတစ်ကွက် […]


koyin sithuJanuary 4, 20121min01
တစ်နေ့သ၌ ကျွန်ုပ်သည် တစ်စုံတစ်ခုသော ကိုယ်ရေးကိုယ်တာ ပြဿနာအနည်းငယ်ကြောင့် ကျွန်ုပ်အိမ်၏ မနီးမဝေးရှိ လှိုင်မြစ်ကမ်းနဖူးလေးသို့ ရောက်လာခဲ့လေသည်။ ထိုကမ်းနဖူးတွင် သဲတူးနေသော သင်္ဘောများ၊ ပေါလော မျောနေသော အမှိုက်ကလေးများကြားမှ ရေချိုးနေသော ကလေးသူငယ်များနှင့်တကွ၊ ငါးဖမ်းလှေငယ်လေးများရှိနေလေသည်။ သေချာစွာ လှမ်းကြည့်လိုက်သောအခါတွင် မြစ်လေးထဲတွင် ဗေဒါပန်းများသည် ဦးတည်ရာမဲ့ မျောပါနေလေ၏။ ကျွန်ုပ်၏ စိတ်အစဉ်သည်လည်း ဦးတည်ရာမဲ့ မျှောပါနေသော ဗေဒါပန်းများကဲ့သို့ ဟိုမှဒီမှ လွင့်မျောနေလေတော့၏။ ကျွန်ုပ်သည် မြစ်ကမ်းလေးဘေးနားတွင် ထိုင်နေရင်းနှင့် ပါးစပ်ထဲတွင် ခံတွင်းချဉ်လာသောကြောင့် အသင့်ပါလာသော Red Ruby ဆေးလိပ်ဗူးထဲမှ ဆေးလိပ်တစ်လိပ်ကို ထုပ်ယူ၍ အားရပါးရ မီးညှိရှိုက်ဖွာ လိုက်၏။ ထို့နောက် ပါးစပ်ထဲမှ ထွက်လာသော မီးခိုးများကို ကောင်းကင်ပေါ်သို့ မှုတ်ထုပ်လိုက်ရင်း ကောင်းကင်ကို အမှတ်မထင် မော့ကြည့်လိုက်မိလေ၏။ ကမ်းနံဘေး […]


True AnswerJanuary 4, 20121min03
2012 နှစ်သစ်မှာ စွန့်လွှတ်မှုစွမ်းအားဖြင့် ပြီးပြည့်စုံသောလောကသို့ ရောက်ရှိနိုင်ရေး ရွာသူ/သားများအားလုံးအတွက် ဆောင်ရန်-ရှောင်ရန်လေးများကို တင်ပြအပ်ပါသည်။ မိမိဉာဏ်ကြွယ်သလို အသုံးချကြပါရန် တိုက်တွန်းအပ်ပါသည်။ ကျွန်ုပ်တို့တတွေ….. စိတ်ထဲတွင် အဓိကထားနေမှု မှားယွင်းနေပါက (အ ယောနိသောမနသိကာရက ) ဖြစ်ပေါ်ကာ … မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တို့ နှင့် အဆင်း၊ အသံ၊ အနံ အရသာ၊ တွေ့ထိစရာ၊ ကြံတွေးစရာတို့ တိုက်ဆိုင်တိုင်း – တွေ့ကြုံရသမျှ အပေါ် လောဘ-ဒေါသ-သောက-အကုသိုလ် ဖြစ်ကာ ပူလောင် ဒုက္ခရောက်ရပါမည်။ ပတ်ဝန်းကျင်မှ ရိုက်ခတ်လာသော အကောင်းအဆိုးအတွေ့အကြုံ ဆိုသည်များထက် မိမိစိတ်၏ နှလုံးသွင်းမှန်မှု- ယောနိသောမနသိကာရ သည်သာ အဓိကကျပါသည်။ အဓိကထားရမည့်အရာကို အဓိကမထားတတ်ရင်တော့ မိမိ-စိတ်၏အဓိကထားမှုအမှား(ငြိတွယ်မှု ) clinging […]


weiweiJanuary 4, 20121min016
မခင်လတ်နဲ့ ၉ တန်းကျောင်းသားလေး သားပုဆွေးနွေးထားတာ ဖတ်ကြည့်ပြီး စာရေးချင်စိတ် ပေါ်လာပါတယ်။ ကျွန်မဟာ ၉ တန်း ၁ဝ တန်း အရွယ်က သားပုလိုပဲ ကိုယ်ထင်တာအမှန်လို့ပဲ ယူဆခဲ့ပါတယ်။ အယူအဆတစ်ခုအပေါ်မှာ အားမာန်အပြည့်ရှိခဲ့တယ်။ စာတွေအရမ်းဖတ်တယ်။ တွေးတယ်။ ကျွန်မမှာ ဘကြီးတစ်ယောက်လို အရမ်းလေးစားရတဲ့ လူတစ်ယောက်က ကျွန်မနဲ့တစ်ရပ်ကွက်ထဲမှာနေပြီး အဖေနဲ့လဲ ရင်းနှီးပါတယ်။ အဲဒီလူကြီးက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ပါတီဥက္ကဌတစ်ယောက်ဖြစ်ပြီး စာအုပ်ကြီးသမား ရိုးသားသူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်မလိုကလေးတစ်ယောက်အတွက် အတုယူစရာလူတစ်ဦးဖြစ်နေခဲ့ပြီး ကျွန်မကိုသူ့စာအုပ်တွေ၊ သူ့အတွေးတွေနဲ့ လွှမ်းမိုးသွားအောင် လုပ်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ရှစ်လေးလုံးဖြစ်ပြီးတော့ အဲဒီဘကြီးလဲ လူကြီးရောဂါနဲ့ဆုံးပါးသွားပြီးနောက်ပိုင်းမှာ ကျွန်မလဲ မေ့မေ့ပျောက်ပျောက်ဖြစ်နေခဲ့ပါတယ်။ ကျွန်မတို့ခေတ်က ၁ဝ တန်းဖြေပြီး ၃ နှစ်လောက်နားနေရသေးတယ်။ အဲဒီအချိန်မှာ သင်တန်းမျိုးစုံတက်ဖြစ်ပြီး သူငယ်ချင်းမျိုးစုံနဲ့ကြုံရချိန်မှာ နိုင်ငံရေးကိုစိတ်ဝင်စားတဲ့ သူငယ်ချင်းအနဲငယ်နဲ့ ကွန်ပျူတာသင်တန်းတစ်ခုမှာ […]


koyin sithuJanuary 4, 20121min09
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်၊ မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံ၏ ရှေ့သို့ ထော်လာဂျီတစ်စီးလာ၍ ရပ်လေ၏။ လူတစ်ယောက်သည် နောက်မှီလွန်စွာမြင့်သော ရှေးဟောင်းကုလား ထိုင်အနက်ကြီးတစ်လုံးကို ကျောတွင်ပိုးလျက် ၎င်းထော်လာဂျီပေါ်မှ ဆင်းလာ၏။ လက်တစ်ဘက်တွင်လည်း အနက်ရောက်လက်ကိုင်တုတ်ကြီးတစ်ချောင်း ကိုင်ထားလေ၏။ ကျွန်ုပ်သည် ထိုသူအား မည်သူမည်ဝါဖြစ် သည်ဟု မပြောနိုင်ပါ။ ထိုသူသည် ကုလားထိုင်ကြီးကို ထမ်းလျက် ကျွန်ုပ်၏ အနီးသို့ လျှောက်လာပြီးလျှင် ကုလားထိုင်ကြီးကို ချလိုက်လေ၏။ ကျွန်ုပ်လည်း ထိုသူကို သေချာစွာကြည့်နေမိလေ၏။ ထိုကုလားထိုင်ကိုချ ပြီးလျှင် ထိုသူသည် ကုလားထိုင်ပေါ်၌ အကျအနထိုင်လိုက်လေ၏။ ထိုလူ၏ အပြုအမူမှာ အနည်းငယ်ဆန်ုး သကဲ့သို့ဖြစ်နေ၍ ကျွန်ုပ်လည်း ဂရုစိုက်၍ ကြည့်နေမိလေ၏။ ထိုသူသည် ကိုင်ထားသောလက်ကိုင်တုတ်ကို အခြားသောလက်တစ်ဖက်သို့ ပြောင်း၍ကိုင်လိုက်ပြီးနောက် . . “ မောင်အောင်ထွန်း. . […]


koyin sithuJanuary 3, 20121min09
မြန်မာပြည်၏ အထက်ပိုင်းတွင် တောကြီးတစ်တောသည် ရှိ၏။ ထိုတော၌ ကျွန်းပင်များကဲ့သို့ မြင့်မားသောပင် စည် ပင်ဆောက်ကြီးမားသည့် အပင်များသည် ထူထပ်သိပ်သည်းစွာ ပေါက်ရောက်လျက်ရှိ၏။ ထိုတောသည် အမျိုးပေါင်း အရာထောင်သော တောပန်းတို့ဖြင့်ပြီး၏။ ထို့အတူ အမျိုးပေါင်း အရာထောင်သော ပျားပိတုန်းလိပ်ပြာတို့သည်ရှိ၏။ ထို့အတူ ပျားအုံကို ဖဲ့၍ဖဲ၍ စားတတ်သော ဝက်ဝံတို့သည်လည်း အမြောက်အများရှိ၏။ ထို့ကြောင့် ထိုတောကို “ဝက်ဝံတော” ဟု ခေါ်ကြကုန်၏။ အချို့ကလည်း ထိုဝက်ဝံတောကြောင့် ထိုတောင်သည် ဝက်ဝံတောင်ဖြစ်သည်မဟုတ်၊ ထိုတောင်ကိ အဝေးမှကြည့်လျှင် ဝက်ဝံကြီးတစ်ကောင်နှင့် အလား သဏ္ဌာန်တူသောကြောင့် မူလကပင် ဝက်ဝံတောင်ဟု ခေါ်ခဲ့ကြ၏။ ထို့ကြောင့် ထိုဝက်ဝံတောင်နှင့် နီးသောတောကိုလည်း “ဝက်ဝံတော” ဟု ခေါ်ခဲ့ကြသည်ဟု ဆို၏။ အဆိုနှစ်ခုသည် ခိုင်မာလာသော အခါ၌ အငြင်းပွားဖွယ်ရာ ဖြစ်တော့၏။ […]


CharTooLanJanuary 3, 20121min027
ဪ… မနေ့ကရုံးဆင်းတော့ လိုင်းကားပေါ်မှာအားနေတော့ အရေမရ အဖတ်မရတွေ တွေးလာတာ…. ဘာမှဟုတ်ဘူး အားလုံးသိပီးသားပဲ အဲ့ဒါကိုလျှာရှည်အကျယ်ချဲ ့ပီးတွေးနေတာ။ ဒီလောက်ရန်ကုန်တစ်မြို ့လုံး “ဝုန်း” ခနဲ တုန်ဟီးပီးတော့ အဆောက်အဦးတွေငလျှင်လှုပ်သလိုခါရမ်းသွားတာ ဘာ့ကြောင့်များပါလိမ့် …. ဘာကြီးကြောင့် အနီးအနားက လူတွေကော အိမ်တွေပါ တစ်စစီဖြစ်သွားရတာပါလိမ့် … ဘယ်အရာက မြေကြီးထဲကို အနက်၁၅ပေ၊ အကျယ် ပေ၃ဝလောက်နစ်ဝင်သွားတာပါလိမ့်…. နှစ်မြို ့နယ်ကျော်ကျော် လောက်ကမြင်ရတဲ့ မှိုပွင့်ပုံမီးခိုးလုံးကြီးက ဘာတွေကြောင့်ပါလိမ့် …. ဒီကန်မီကယ်တွေ၊ ပရဆေးတွေ ဆိုတာအဲ့ဒီလောက် ဆိုသလား …. အဲ့ဒါဆိုလက်နက်တွေဈေးကြီးပေးဝယ်မနေတော့ဘဲ အဲ့ဒီဟာတွေနဲ့ဖန်တီးလို့ရနိုင်တာပဲနော့်။ 😉 ဘယ်အရာက အဲ့ဒီလောက်ဆိုးဝါးသွားစေတာလဲ …. အလဂါးအရေမရ အဖတ်မရဒွေတွေးနေပြန်ပါဘီ။ တော်ပီ ဆက်တွေးရင် ငြိကုန်တော့မယ်… တခြားဟာပဲတွေးတော့မယ်။ ၁၉၉ဝ ခုနှစ်မှာ မေတ္တာညွန့်ရပ်ကွက်မီးလောင်တော့ […]


manawphyulayJanuary 2, 20121min013
မနက်စောစောမှာ ကြာပန်းဝယ်ရင် ပွင့်နေတဲ့အပွင့်ကို ဝယ်ပါ။ နံနက်ခင်းဟာ ကြာပန်းပွင့်တဲ့ အကောင်းဆုံး အချိန်ဖြစ်တယ်။ တကယ်လို့ နံနက်ခင်းမှာ မပွင့်တဲ့ ကြာပန်းက နေ့လယ်၊ ညနေခင်းရောက်တဲ့အထိ မပွင့်နိုင်တော့ပါဘူး။ လူတွေလည်း အဲဒီလိုပါပဲ.. ငယ်ရွယ်စဉ်မှာ ရည်မှန်းချက် မထားတဲ့လူက လူလတ်ပိုင်း၊ လူကြီးပိုင်းရောက်တဲ့အထိ အောင်မြင်မှုဆိုတာ ရှိတော့မှာ မဟုတ်ဘူး။


koyin sithuJanuary 2, 20121min06
အကြင်ရွာသူားတို့ သင်၏ လက်ရှိရောက်ဆဲ အသက်အပိုင်းအခြားမှာ ကံဇာတာကောင်းအောင် ၊ ပွင့်လန်းအောင် ၊ တိုးတက်အောင် ဆောင်ရွက်လို့ရတဲ့ ယတြာကို ဖော်ပြပေးလိုက်ပါတယ်။ နောက်ပြီး ဒီနှစ် ကံဇာတာ မနိမ့်အောင် အညံ့အခိုက်တွေ မကြုံအောင် ဆောင်ရွက်လို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီယတြာနည်းကတော့ ကိုယ့်ရဲ့အသက်ကို အတိအကျ သိပြီဆိုတာနဲ့ ဆောင်ရွက်လို့ရပါတယ်။ မွေးသက္ကရာဇ် အတိအကျ မသိရင်တောင်မှ ကိုယ့် အသက်သိရင် လုပ်လို့ ဆောင်ရွက်လို့ ရပါတယ်။ အသက်ကို တည်ရတယ်။ ပြီးရင် (၇)နဲ့ စားရတယ်။ အကြွင်းအလိုက် ဆောင်ရွက်လို့ရတဲ့ နည်းပါ။ ဒီနေရာမှာ တစ်ခု သတိထားရမှာက ကိုယ့်ရဲ့အသက်ဟာ ၂ဝကျော်ရင် ၂၁-နှစ်လို့ ယူဆရပါတယ်။ အသက်၂ဝရဲ့ မွေးနေ့ကို ကျော်ပြီဆိုတာနဲ့ ကိုယ့်အသက်ဟာ (၂၁)နဲ့ တွက်ရပါတယ်။ အဲဒီတော့ […]


koyin sithuJanuary 1, 20121min010
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်၊ မရမ်းတလင်းတောစပ်ရှိ ကျွန်ုပ်၏ ခြံအတွင်းသို့ ကျွန်ုပ်၏ သိဟောင်း ကျွမ်းဟောင်း ကိုပီတာဆိုသည့် လူကြီးတစ်ဦးရောက်ရှိလာလေ၏။ ထိုကိုပီတာကြီးသည် ကောင်းစွာစိတ်မနှံရှာပေ၊။ တစ်နှစ်တစ်ခေါက်ဆိုသလို စိတ်ရောဂါကု ဆေးရုံသို့ ရောက်သွားလေ့ရှိသော ဝေဒနာသည်ကြီးလည်း ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်နေထိုင်ခဲ့သော ကြီးပြင်းခဲ့သော ရပ်ကွက်သူ ရပ်ကွက်သားများက ၎င်းအား အရူးပီတာဟု ခေါ်ကြလေ၏။ သို့ရာတွင် ကျွန်ုပ်မှမူ ထိုသို့မခေါ်ရက်သောကြောင့် ကိုပီတာကြိးဟုပင် ကောင်းကော်းမွန်မွန် ခေါ်ခဲ့ရလေ၏။ ၎င်းကိုပီတာကြီးသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်..” ဟု ကိုးရိုးကားရား၊ နှုတ်ဆက်လေ၏။ ထို့နောက် ၎င်းကပင် … “ပြီးခဲ့တဲ့လဆန်းက ကိုယ့်လူ ဆေးရုံတက်ရသေးတယ်ဆို..” ဟု မေးလိုက်လေ၏။ “ဟုတ်ပါ့ ကိုပီတာကြီးရေ..ဟိုး..တာမွေဘက်က ရွှေဗဟိုဆေးခန်းဆိုတာမှာ ရှစ်ရက်လောက် တက်လိုက်ရတယ်ဗျို့၊ ဆီးချိုက […]


fattyJanuary 1, 20121min016
နိုင်ငံရပ်ခြားမှာတော့ လက်ဖဝါးခြေဖဝါးမှာ စုပ်ခွက်လိုကရိယာတတ်ပြီး နံရံတွေပေါ်တွယ်ကပ်တက်ဖို့ ပင့်ကူကိုအတုယူပြီး တီထွင်နေကြပါပြီ ။ ဒီမှာတော့ ပင့်ကူက အရှူံးပေးရလောက်တဲ့ နက်ဝပ် ကွန်ယက်တွေ ပေါ်နေတာကြာပါပြီ ..။


2011 ခရစ်သက္ကရာဇ် ကုန်ဆုံးလို့ 2012 ကိုလည်း ရောက်ခဲ့ပြီ။ ဒါဖြင့် နှစ်ဟောင်း 2011 မှာ ဘာတွေများ ပြောစမှတ် ဖြစ်ခဲ့လဲ … ? ဘာတွေများ သမိုင်းဝင် ဖြစ်ခဲ့သလဲ … ? တစ်ကမ္ဘာလုံး အတိုင်းအတာ အနေနဲ့ ပြောရရင် အိုစမာဘင်လာဒင် ကို အသေဖမ်းမိခဲ့တာ။ အာရပ်နွေဦး တော်လှန်ရေး ပေါ်ပေါက်ခဲ့တာ။ လစ်ဗျားနိုင်ငံမှာ ကဒါဖီ ကျဆုံးသွားခဲ့တာ။ ကျုပ်တို့ မြန်မာပြည်မှာလည်း ဒီမိုကရေစီ စနစ်ကို စတင် အကောင်အထည်ဖော်ခဲ့တာ။ နည်းပညာ ရပ်ဝန်းထဲမှာတော့ Apple တည်ထောင်သူ စတိဂျော့စ် သေဆုံးသွားခဲ့တာ စသည်ဖြင့် … စသည်ဖြင့်ပေါ့။ 2011 ခုနှစ်အတွင်း ကမ္ဘာကျော်ခဲ့တဲ့၊ သမိုင်းတွင် သမိုင်းဝင်သွားခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့သလို […]


Foreign ResidentDecember 31, 20111min050
အဆဲခံခြင်လို့ကိုရေးတယ် ( ၃ ) အင်းးးးးး ဒီ Post ကတော့ ကြုံတုန်းလေး ကိုဘုန်းကျော် Post “ Ministry for Work Safe လိုနေပြီ “ မှာ ဝင်အဆဲခံလိုက်ဦးမှ ဆိုပြီး Comment ဝင်ရေးရင်းက ဖြစ်လာတာပါ။ ကိုဘုန်းကျော်ရေ မြန်မာနိုင်ငံမှာ Occupational Health and Safety ကို သင်ကြားနေတဲ့ နေရာ တော်တော်များများ ရှိပါတယ် ။ အလုပ်သမားဝန်ကြီးဌာန မှာလည်း အဲဒီ သင်တန်းရှိပါတယ် ။ အဘ ရဲ့ အမေက အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှာ အလုပ်လုပ်ခဲ့ဘူးတဲ့ ဆရာဝန်မို့လို့ သိရတာပါ ။ မြန်မာနိုင်ငံထဲမှာ ထဲထဲဝင်ဝင် ပညာမသင်ခဲ့ရသေးပဲ ပညာတတ် ဒါမှမဟုတ် […]