Phaung PhaungJanuary 12, 20121min010
ဟိုတလောက တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော် မြန်မာပြည်သို့ ကြွရောက်အပူဇော်ခံပါတယ်။ ကဘာအေး ( ပဆင့်တွေရိုက်လို့မရ) ကုန်းမြေထိ သွားရောက်မဖူးမြော်ဖြစ်ပေမယ့် တီဗီကနေ နေ့စဉ်ဖူးမြှော်ခွင့်ရခဲ့ပါတယ်။ အရမ်းလဲကြည်ညိုမိပါတယ်။ အဲဒီမှာ မြန်မာလူမျိုးတွေ ဘယ်လောက်အလှူအတန်း ရက်ရောသလဲ ၊ သဒါတရားရှိသလဲဆိုတာ တွေ့မြင်ခဲ့ရပါတယ်။ မိမိဝတ်ထားတဲ့လက်ဝတ်ရတနာကို ချွတ်လှူတဲ့ ပုဂိုလ်တွေလည်း အများကြီးပါ ။ သိန်းဂဏန်းနဲ့ လှူတဲ့ပုဂိုလ်တွေလည်း ဂုဏ်ပြုမှတ်တမ်းလေးတွေ လက်ခံပြီး ပိတိဖြာနေကြတာကိုလည်း တွေ့ရပါတယ်။ ကိုယ်တိုင်လည်း အဲလောက်တော့ မလှူနိုင်ပါဘူး ..လှူနိုင်တဲ့လူတွေကို ချီးကျူးမိပါတယ် .. ( အော် … ဒီ အလှူခံရရှိငွေတွေကိုတော့ မြန်မာ့သာသနာရေးမှာ အသုံးပြုမှာပဲလို့ ကိုယ့်ဘာသာတွေးတာပေါ့နော် …. ) အဲဒီအချိန်မှာ ဒီလှူဒါန်းငွေတွေကို မြစ်ဆုံစီမံကိန်းအတွက် မြန်မာအစိုးရက တရုတ်ကို လျှော်ကြေးပေးဖို့ သဘောတူပြီးသား ဆိုတဲ့ […]


KyaemonJanuary 12, 20127min05
          ခုတင်တာ က  Tupper 26   ရဲ့ ရိုက်ချက်တွေပါ၊ စလိုက်ရှိုး ကို Flickr  မှတဆင့် ကြည့်ဘို့အောက်ပါ လင့်ကိုနှိပ်ပါ စိတ်ရှည်ရှည်နဲ့ နီးနီးကပ်ကပ် ရိုက်ထားလို့သူလိုဘဲ ကိုယ်တိုင်ရောက်သွားလို့မြင်ရသလိုဘဲ  စိတ်အာရုံ မျက်စိအာရုံ နားသောတ အာရုံ များကို ခံစားရမှာဘဲ၊ Rose Parade 2012 http://www.flickr.com/photos/tupper26/sets/72157628711004207/show/ နောက်တစုံတင်တာ က  Carrollfamily.com   ရဲ့ ရိုက်ချက်တွေပါ၊ စလိုက်ရှိုး ကို Flickr မှတဆင့် ကြည့်ဘို့အောက်ပါ လင့်ကို ထပ်နှိပ်ပါ အလားတူ မျက်စိ ပသာဒ ရှိပြီး အလွန်ဘဲ ကြည့်ကောင်းလှ၏      Rose Parade […]


True AnswerJanuary 12, 20121min03
“တကယ်တန်ဖိုးရှိတဲ့အရင်းအနှီး“ – စွန့်လွှတ်မှုအရင်းအနှီးက တကယ်တန်ဖိုးအရှိဆုံး အရင်းအနှီးပါပဲ။ – ပိုက်ဆံကိုရော၊ ပိုက်ဆံရှိတာမရှိတာကိုရော အဓိကထားမှုကို စွန့်လွှတ်နိုင်တဲ့အရင်းအနှီးရှိဖို့ ကြိုးစား ရမယ်။ -ကောင်းမှုကုသိုလ်အရင်းအနှီးရှိလို့ ဒါန၊သီလ၊ ဘာဝနာအလုပ်တွေ လုပ်လို့ရတာ၊ အရင်းမပြုတ်သွားဖို့ အရေးကြီးတယ်၊ အရင်းပြုတ်သွားရင် ကောင်းတာ ဆက်လုပ်လို့ မရတော့ဘူး။ -လောဘ၊ဒေါသ၊မောဟ အကုသိုလ်အရင်းအနှီးသာ ရှိရင် သတ်မှတ်ထားတဲ့ လောကီအကျိုးစီးပွား ရှာတဲ့ အလုပ်သာလုပ်လို့ရမယ်။ လောကီအကျိုးစီးပွားဖြစ်ထွန်းဖို့ကိုသာ အဓိကထားတတ်တယ်။ -အတည်ယူ ဆုပ်ကိုင် တန်ဖိုးသတ်မှတ်တဲ့ (တန်ဖိုးထားတဲ့)အလုပ်ကို စွန့်နိုင်တဲ့စွမ်းရည်သတ္တိကမှ တကယ်တန်ဖိုးရှိတာအစစ်။ – ဒါန၊သီလ၊ဘာဝနာဆိုတဲ့ကောင်းမှုကုသိုလ်အလုပ်တွေကို အချိန်တိုင်း၊နေရာတိုင်း၊အခြေအနေတိုင်း လုပ်နိုင်ဖို့ ကြိုးစားရမယ်။ “မြတ်သောရှာဖွေခြင်း “ – အမှန်တရားရှာဖွေရင် ကောင်းကျိုးတွေ အကုန်ရ တယ်။ ပိုက်ဆံအပါအဝင် တခြားဟာတွေ ရှာရင် တော့ ပိုက်ဆံတင်မကမကောင်းကျိုးတွေပါရမယ်။ မြတ်သောအကျင့်(မဂ္ဂင်လမ်း)ကိုသာ […]


poochJanuary 12, 20121min047
ယုံကြည်မှုမရှိတတ်တဲ့စိတ် ယုံကြည်ရမှာ ကြောက်တဲ့စိတ် သံသယများတတ်တဲ့စိတ် အဲ့ဒီစိတ်တွေ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာကို ခုတလော ဘာရယ်မဟုတ် ခဏခဏတွေးမိသည်။ တိုက်ဆိုင်မှုရှိတာလေးတွေလည်း ပါပါလိမ့်မယ်။ အဲ့ဒီ လို တွေးမိရင်းကနေ အငုံစိတ် ခေါ်တဲ့ သိမ်ငယ်စိတ် ဆိုတာလေးကို သတိရမိသည်။ အငုံစိတ် ဆိုတာ လူတိုင်းမှာ ရှိတယ်လို့ ပြောကြပါတယ် ။ နည်းတာ များတာ ခံစားမှု ကြီးတာ သေးတာ ပဲ ကွာသည်။ ရှိတာကတော့ ရှိကြသည်။ သို့သော် သူလိုငါလို သာမာန် စိတ်ကတော့ သိပ်မသိသာလှ ။ တခါတရံ မှသာ ပေါ်လာတတ်သည်။ ဥပမာလေး ပြောပြရရင် family child လို့ ခေါ်တတ်ကြတဲ့ အိမ်ထောင်ကျိုးက လာတဲ့ တချို့လူတွေမှာ အငုံစိတ်လေးတွေ ပိုပြီး […]


fattyJanuary 11, 20121min042
သူကြီးခင်ဗျား ……… မေးစရာလေးရှိလို့မေးမြန်းလိုက်ရပါသည်။ မန်းလေးဂေဇက်မှာရေးနေရင်း တချို့အခန်းကဏ္ဏလေးများကိုစိတ်ကူးရပြီးဖန်တီးချင်ပါသည်။ ဥပမာ အင်တာဗျူးကဏ္ဏအတွက် လူပုဂိ္ဂုလ်များကိုသွားပြီးမေးမြန်းပြောဆိုရာတွင် မန်းလေးဂေဇက်တွင်သုံးရန်ဟုပြောပြီး အင်တာဗျူးချင်ပါသည။ သူကြီး၏မူပိုင်ဖြစ်ပြီး ကျနော်တို့အားလည်းတရားဝင်ခန့်ထားခြင်းမဟုတ်သဖြင့် ဂေဇက်နာမည်ကိုသုံးခွင့်ရှိမရှိမေးလိုပါသည်။ နောက်တခုမှာသူကြီး၏ရတနာပုံသတင်းစာအတွက် သတင်း သို့ဆောင်းပါးရေးရန် သတင်းစာ၏ အမည်ကိုပြောပြီး အသုံးပြုခွင့်ရှိမရှိလည်းသိလိုပါသညိ။ သတင်းစာအတွက် သူကြီးမှ တရားဝင် အထောက်အထားတခုခု ထုတ်ပေးရန် အစီအစဉ်ရှိမရှိလည်း သိလိုပါသည်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်နှင့်သွားရောက်တွေးဆုံပြီးမေးမြန်းလိုပါသည်။ မေးမြန်းအင်တာဗျူးချက်များကို သတင်းစာ (သို့) ဂေဇက်တွင် သုံးချင်ပါသည်။ ထိုသို့တွေ့ဆုံရာတွင် အထောက်အထားလိုကောင်းလိုပါမည်။ သူကြီးမှပြန်ကြားပေးပါရန်ခင်ဗျား …။


KyaemonJanuary 11, 20123min00
(” နှင်းဆိပန်း” ချီတက်ပွဲ) ဆိုပေမဲ့လဲ နှင်းဆီပန်း မ က ပါ၊ ကမ်ဘာ အရပ်ရပ်မှပန်း မျိုးစုံတွေလဲပါတယ်၊ အများဆုံးက California ကာလီဖိုးနီးယားက ပန်းတွေပါ၊ ပန်းအချို့ ကျတော့ Holland ဟော်လန် မြို့ မှ tulips တူလစ် တွေ၊ Taiwan ထိုင်ဝမ် ၊ တောင်အမေရိက Ecuador အီကွဒေါ် မှ ပန်း တွေဆိုဘဲ၊ ပန်းတွေ လန်းလန်းဆန်းဆန်းရှိအောင် ရက်ပိုင်းအလိုမှာ လေယဉ်နဲ့အရောက်ပို့ လာတယ်၊ အဲဒီပန်းတွေကိုအမြန်ကပ်ရတယ်၊   အလားတူဘဲ ဘင်ခရာအဖွဲ့တို့၊ မြင်းစီးတပ်အဖွဲ့တို့၊ China Airlines ချိုင်းနား လေကြောင်း တို့လို အဖွဲ့ တို့ ကလဲ အခြားနိုင်ငံ ကနေပြီး လာရောက် အားပေးကြတယ်၊ ——————– […]


koyin sithuJanuary 11, 20121min017
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန့်မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ကျွန်ုပ်နှင့် သိဟောင်း ဖြစ်သော ကိုပီတာဆိုသည့် စိတ်ဝေဒါနရှင်တစ်ဦး ရောက်ရှိလာလေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း…. “ဟေ့…မစ္စတာမင်းသိင်္ခ၊ ဂွတ်ဒ်မောနင်း..ဂွတ်ဒ်နိုက်..” ဟု နှုတ်ဆက်လေတော့၏။ “ ကဲပါဗျာ ကိုးရိုးကားယား နှုတ်ဆက်မနေ စမ်းပါနဲ့၊ ခင်ဗျားအတွက် မနက်စာချက်မယ်ဗျ၊ ဘာဟင်းနဲ့ စားမလဲ ပြောစမ်းပါဦး..” ဟု ကျွန်ုပ်ကမေးရာ..“ အရမ်းပြောလို့ တော့မဖြစ်ဘူး ကိုယ့်လူရဲ့၊ အစာလည်းဆေး၊ ဆေးလည်းအစာလို့ ဆိုထားတယ်မဟုတ်လား၊ အဲဒီတော့ ကိုယ်စားတဲ့ အစား အသောက်ဟာ ကိုယ့်အတွက် ဆေးဖြစ်ဖို့တော့လိုတာပေါ့” ဟု ကိုပီတာကြီးက ကျွန်ုပ်အား အတည်ပေါက်နှင့် ပြောနေလေ၏ “ကဲပါဗျာ ခင်ဗျားအတွက် ဆေးဖြစ်မယ့် အစားအသောက်ပဲပြောပါ၊ ကျုပ်က ဈေးသွားရဦးမှာဗျ” ဟု ကျွန်ုပ်က ပြန်၍ […]


evolutionJanuary 11, 20121min06
၂၀၁၁ ခုနှစ် မှ ၂၀၁၂ သို့ကူးပြောင်းခါနီးနာရီပိုင်းပဲအလို ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ကြားလိုက်ရတဲ့သတင်းက လူသက်မှုတဲ့၊ မော်လမြိုင်ကျွန်းမြို့ပေါ်မှာ။ သတင်းကြားလိုက်ရတော့ တစ်မြို့လုံးအုတ်အော်သောင်းနင်း၊ ဖြစ်ပွားသွားတာက မြို့လယ်ကောင်မှာ။ ထုတည်ကြီးမားတဲ့ ချစ်တီးလက်ထက်ကတည်းကတိုက်ကြီးထဲမှာနေတဲ့ အိမ်ရှင်အမျိုးသမီးကြီးနဲ့ အိမ်ဖော်မလေးကို သက်သွားတာတဲ့။ တစ်ခါမှ ဒီလောက်ကြီးမားတဲ့ အဖြစ်ကြီး မြို့လယ်ကောင်မှာမဖြစ်ပွားခဲ့ဘူးတော့ တစ်မြို့လုံး လှုပ်လှုပ်ရွရွပေါ့။ ကြောက်တဲ့လူကြောက် လန့်တဲ့သူကလန့် စပ်စုချင်တဲ့သူတွေကလဲစပ်စု အာဏာပိုင်တွေကလဲသူတို့လုပ်စရာရှိတာသူတို့လုပ်ကြတာပေ့ါ။ အဲဒိရက်ပိုင်း စာစောင်တွေမှာတောင် အဲဒိသတင်းပါလာသေးတာပဲ။ အခုချိန်မှာတော့ လူသက်သမားကိုမိပြီဆိုပဲ၊ အနှစ် ၂ဝ လောက်အတူနေခဲ့တဲ့ လူယုံကခေါင်းကိုတူနဲ့ထုသက်တာလို့ပြောကြတာပဲ။ တာဝန်ရှိသူတွေကလဲ နောက်ဆက်တွဲဆက်လက်စစ်ဆေးနေကြတယ်လို့ကြားတယ်။ ဒါကသတင်းတစ်ပုဒ်ပါ။ အဲဒိမှာ သွားသတိထားမိတာက ဆိုဒ်တစ်ခုမှာ ဖက်မိတဲ့ မနှစ်က ၂၀၁ဝ မှ ၂၀၁၁ သို့ကူးတဲ့ နှစ်သစ်ကူးရက်ပိုင်းမှာ မော်လမြိုင်ကျွန်းမြို့မှာပဲဖြစ်ပွားသွားတဲ့ကိစ္စ။ အောက်ကလင့်မှာရေးထားတာ http://www.shwekyunthar.com/xn/detail/4573644:Topic:49917?xg_source=activity […]


Foreign ResidentJanuary 10, 20124min031
အဆဲခံခြင်လို့ကိုရေးတယ် ( ၄ ) ကိုဘုန်းကျော်ရဲ့ ” ဂေဇတ်ရွာအလှူတွင် အလိမ်မခံရအောင် “ Post မှာ Comment လေးတွေဖတ်ရင်း တွေးမိတာလေးတွေပါ ။ etone says: ” ဖျံကျမှ သာမယ့် နိုင်ငံကလူတွေကြားထဲရောက်နေလို့ ရှင့်မှာ ဒီလို စိတ်ရှိတာ “ ” တစ်သက်လုံး သူများနိုင်ငံသွားပြီး ကျွန်လုပ်ဖို့ “ E Tone ရေ အင်းးးးးး အဘဖော ခမျာမလဲ ကိုဘုန်းကျော်နေတဲ့ ဩဇီမှာ နေမိနေတော့ ၊ ငရုတ်သီး နှင့်ပေါင်းမိတဲ့ ကြက်သွန်လို ရောအထောင်းခံရတော့တာပါပဲ ။ ဩဇီက ” ဖျံကျမှ သာမယ့် နိုင်ငံ ” ရယ်လို့တော့ မဟုတ်ပါဘူးကွယ် ။ ဒီလောက် […]


koyin sithuJanuary 7, 20121min019
တစ်နေ့သ၌ ကျွန်ုပ်ထံသို့ စိတ်ကောင်းစွာမနှံ့သော ကျွန်ုပ်၏မိတ်ဆွေကြီး ကိုပီတာ ဆိုသူ ရောက်ရှိလာလေ၏။ ၎င်းကို ပီတာကြီးသည် ကျွန်ုပ်ကိုမြင်လျှင်မြင်ချင်း.. “ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်ဒ်..” ဟု ကိုးရိုးကားရား နှုတ်ဆက်လေ၏။ “ကိုပီတာကြီးကို ဒီနေ့မနက် ဘယ်လိုဟင်းမျိုးနဲ့ကျွေးရမလဲ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ကိုပီတာကြီးက.. “ပုစွန်ချဉ်ကောင်း ကောင်းလေး မစားရတာ ကြာပါပြီ၊ ဖြစ်နိုင်ရင် ပဲခူးမနီ ပုစွန်ချဉ်ကို ကြက်သွန်နီဥကြီးကြီးနဲ့ ဆီစိမ်းဆမ်းပြီးသုပ်မယ်၊၊ ငရုတ်သီးစိမ်းလေးတွေလည်း လှီးပြီးထည့်ရမှာပေါ့၊ ပြီးတော့ပဲနဲလေးဟင်းချိုချက်မယ်၊ အရည်သောက်အတွက်ပေါ့ ပြီးတော့ ပျဉ်ပုံကြီးက ငါးရံ့ခြောက် ကောင်းကောင်းလေးကို မီးဖုတ်ပြီး ထောင်းပြီးတော့ ဆီဆမ်းမယ်၊ ဆန်ကတော့ ကောင်းပစေဟေ့၊ တို့စရာကတော့ သခွားသီးကောင်းတယ်၊ ငါးပိရည်မလုပ်နဲ့ကွာ ငံပြာရည်ကောင်းကောင်းကို ငရုပ်သီးမှုန့်ခပ်မယ်၊ ထမင်းစားပြီးရင်လည်း အချိုစားဖို့အတွက် တခြားဘာမှ မစီစဉ်ပါနဲ့၊ ထန်းလျက်ကောင်းကောင်းနဲ့ ရေနွေးကြမ်းကောင်းကော […]


koyin sithuJanuary 7, 20121min08
တစ်နေ့သ၌ ကျွန်ုပ်သည် တစ်စုံတစ်ခုသော ကိုယ်ရေးကိုယ်တာ ပြဿနာအနည်းငယ်ကြောင့် ကျွန်ုပ်အိမ်၏ မနီးမဝေးရှိ လှိုင်မြစ်ကမ်းနဖူးလေးသို့ ရောက်လာခဲ့လေသည်။ ထိုကမ်းနဖူးတွင် သဲတူးနေသော သင်္ဘောများ၊ ပေါလော မျောနေသော အမှိုက်ကလေးများကြားမှ ရေချိုးနေသော ကလေးသူငယ်များနှင့်တကွ၊ ငါးဖမ်းလှေငယ်လေးများရှိနေလေသည်။ သေချာစွာ လှမ်းကြည့်လိုက်သောအခါတွင် မြစ်လေးထဲတွင် ဗေဒါပန်းများသည် ဦးတည်ရာမဲ့ မျောပါနေလေ၏။ ကျွန်ုပ်၏ စိတ်အစဉ်သည်လည်း ဦးတည်ရာမဲ့ မျှောပါနေသော ဗေဒါပန်းများကဲ့သို့ ဟိုမှဒီမှ လွင့်မျောနေလေတော့၏။ ကျွန်ုပ်သည် မြစ်ကမ်းလေးဘေးနားတွင် ထိုင်နေရင်းနှင့် ပါးစပ်ထဲတွင် ခံတွင်းချဉ်လာသောကြောင့် အသင့်ပါလာသော Red Ruby ဆေးလိပ်ဗူးထဲမှ ဆေးလိပ်တစ်လိပ်ကို ထုပ်ယူ၍ အားရပါးရ မီးညှိရှိုက်ဖွာ လိုက်၏။ ထို့နောက် ပါးစပ်ထဲမှ ထွက်လာသော မီးခိုးများကို ကောင်းကင်ပေါ်သို့ မှုတ်ထုပ်လိုက်ရင်း ကောင်းကင်ကို အမှတ်မထင် မော့ကြည့်လိုက်မိလေ၏။ ကမ်းနံဘေး […]


ムラカミJanuary 6, 20124min09
(----------၁----------) အိသဒ္ဓါမိုး .. တဲ့ .... သည်ပါတ်ဝန်းကျင်မှာ ကျနော် ပထမဆုံး မှတ်မိတဲ့ နာမည်လေး ပါ...။ ဟုတ်တယ်လေ ..သည်ကျောင်းမှာ ကျနော်က ကျောင်းသားသစ်။ အော် ....သည်ကျောင်း ဆိုတာလား.. ရန်ကုန်မြို့ ရဲ့ နာမည်ကျော် ကျောင်း တစ်ကျောင်းလေ... အ.ထ.က တံဆိပ် မတတ်တဲ့ကျောင်း..။ မင်္ဂလာပါ မနှုတ်ဆက်တဲ့ ကျောင်း ရယ်ပေါ့ ...။ ကျနော်လား ...ကျနော့် နာမည် မင်းမင်းလေ...။ မုတ္တမကွေ့ထိပ်က ရွာတန်းရှည် မြို့လေး တစ်မြို့က ပြောင်းရွှေ့လာတဲ့ ..နယ်ကျောင်းသား သစ်ကလေးပေါ့...။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ "ကျန်းမာရွှင်လန်း ပါစေ ဆရာမ.." "ကျန်းမာရွှင်လန်းပါစေကွယ်.." "ဟောဒါက မော်လမြိုင်က ပြောင်းလာတဲ့ ကျောင်းသားသစ် မောင်မင်းမင်း လို့ခေါ်တယ်ကွယ့် မင်းတို့ရဲ့ အတန်းဖော်သစ်ပေါ့..." […]


True AnswerJanuary 6, 20121min00
” အဓိကမထားနဲ့။” -လုပ်သင့်တာကိုလုပ် လုပ်တာ-မလုပ်တာ-လုပ်ချင်တာ-မလုပ်ချင်တာ ကိုတော့ အဓိကမထားနဲ့။ -စားသင့်တာကိုစား စားတာ- မစားတာ- စားချင်တာ-မစားချင်တာ ကိုတော့ အဓိကမထားနဲ့။ -ပြောသင့်တာကိုပြော ပြောတာ-မပြောတာ-ပြောချင်တာ-မပြောချင်တာကိုတော့ အဓိကမထားနဲ့။ -ဖြစ်ရမှာတွေတော့ ဖြစ်မှာပဲ၊ ဖြစ်တာ-မဖြစ်တာ-ဖြစ်ချင်တာ-မဖြစ်ချင်တာတွေကို တော့ အဓိကမထားနဲ့။ -မှားတာရော မှန်တာရော တွေ့ကြုံဖို့သက်သက် ပါပဲ၊ မှားတယ် မှန်တယ်ဆိုပြီး အမှားအမှန်ကို အဟုတ်ထင်-ငြိတွယ်-အဓိကထားနေရမှာ မဟုတ်။ -လည်တာရော၊ အ တာရော တွေ့ကြုံဖို့သက်သက် ပါပဲ၊ လည်လိုက်တာ အလိုက်တာဆိုပြီးအတည်ယူ ဆုပ်ကိုင် – အဓိကထားရမှာ မဟုတ်ဘူး။ -လုပ်သင့်တာကိုလုပ်နိုင်ဖို့ကိုသာ အဓိကထား၊ လုပ်ချင်တာ-မလုပ်ချင်တာကို အဓိကမထားနဲ့။ -ဖြစ်သင့်တာ ဖြစ်ဖို့ကိုသာ အဓိကထား၊ ဖြစ်ချင်တာ-မဖြစ်ချင်တာကို အဓိကမထားနဲ့။ -သိသင့်တာသိဖို့ကိုသာအဓိကထား၊ သိချင်တာ- မသိချင်တာကို အဓိကမထားနဲ့။ -လုပ်တာမလုပ်တာ၊ဖြစ်တာမဖြစ်တာ၊နားလည်တာ နားမလည်တာတွေအပေါ် […]