တနေ့တွင် မုဆိုးတဦးသည် အီစွတ် (Aesop) ထံ အလည်လာသောအခါ အင်မတန်ကျော်ကြားသောလူက သူဧ။် အိမ်မွေးစာကလေး (Pet Sparrow) ဖြင့် ဆော့ကစားနေသည်ကို တွေ့သဖြင့် အလွန်အံ့ဩသွားသည်.. သို့နှင့် အီစွတ်အား “ကစားခြင်းဖြင့် ဘာကြောင့် အချိန်ဖြုန်းတီးနေသလဲ..? စာကလေးလို အသုံးမဝင်လှတဲ့အရာကို ဘာကြောင့် အချိန်ပေးရသလဲ..? “ ဟုမေးလိုက်သည်.. အီစွတ်သည် သူ့အား အံ့ဩစွာကြည့်ပြီး “ ခင်ဗျားရဲ့ လေးပေါ်က ကြိုးက ဘာကြောင့်တင်းမနေတာလဲ..? “ ဟု ပြန်မေးလိုက်သည်… “ တချိန်လုံး တင်ထားလို့ မရဘူးဗျ “ မုဆိုးက ရှင်းပြသည်.. “ သို့မဟုတ်က ၎င်းဟာ တင်းအားလျော့သွားပြီး မြားပစ်ရာမှာ အသုံးမဝင် ဖြစ်သွားမှာပေါ့ “ ဟုပြောလိုက်သည်… “ သူငယ်ချင်း […]
