တစ်ချို့အယူအဆများမှာ အလွန်ကြောက်ဖို့ကောင်းပါသည်။ တစ်ချို့အယူအဆကြတော့ လွန်စွာ အစွန်းရောက်ပါသည်။ တစ်ချို့အယူအဆတွေက အလွန်အံ့ဩဖို့ကောင်းပြီး တစ်ချို့မှာ ခံစားချက်ပြင်းပြင်းတွေကို ပေးစွမ်းနိုင်ပါသည်။ ငြင်းသင့်၊ ရှင်းသင့်သည်ဟုယူဆသည့် အတွေးတစ်ချို့ကို ငြင်းပေး၊ ရှင်းပေးနိုင်ရန် ချပြလိုပါသည်။ ၁။ ကမ္ဘာပေါ်မှာ အကြွင်းမဲ့အမှန်တရားမရှိ (There is no absolute truth on Earth) ကိစ္စတစ်ရပ် မှန်တယ်၊ မှားတယ်ဆိုတာ ကြည့်တဲ့သူရဲ့ ကြည့်တဲ့ရှုထောင့်ပေါ်မှာသာမူတည်တယ်။ ရှုထောင့်တစ်ရပ်မှာ မှန်နေတဲ့သဘောတစ်ခုဟာ တစ်ခြားရှုထောင့် တစ်ခုမှာ မှားနေနိုင်တယ်။ အမှန်လို့ယူဆထားတဲ့အဆိုတစ်ခုကို အပေါ်ကအယူအဆလက်ကိုင်ထားသူနေရာက အချေတင်ကြည့်ပါတယ်။ အဆို- လူမှန်သမျှ မွေးပြီးရင် သေရမယ်။
