နှလုံးသားထဲ ကြွက်ဝင်နေတယ် မကြည်ပြာ … မခြစ်မိလို့ သေသွားတဲ့လူမရှိဘူး ခြစ်မိလို့ အစင်းထင်သွားတဲ့လူပဲရှိတယ် ..ကဲကဲ … ကိုရဲ သွားမယ်… အဲ့သည့်လိုပြောပြီးသကာလ ဘောက်ဆတ်ဆတ် ထထွက်သွား သူကတော့ ပိုစ့် မော်ဒန် သိုင်းလောကရဲ့ သိုင်းအကျော်အမော် တစ်ယောက်ဖြစ်သူ သံမဏိကျောက်သင်ပုန်း ကိုရဲပေပါ ဖြစ်သည်(စည် နဲ့ ပေပါ ဘာကွာတာလိုက်လို့..အာဟိ..) သူ့အကြောင်း မိတ်ဆက်ပေအံ့ သူသည် သာမန်အားဖြင့် သဘက်ကလေး ပုခုံးပေါ်တင်ကာ အနေအေးလှသော်လည်း သူစိတ်တိုလျင် အလွန်ကြောက်ဖွယ်ကောင်းလှသည် ။ သူ၏ လက်နှက်မှာ အောစု တံဆိပ်တပ် သံမဏိ ကျောက်သင်ပုန်းပင်ဖြစ်သည်။ မုန်တိုင်းဆင်သကဲ့သို့ ကျောက်သင်ပုန်းသံ တဝှီးဝှီးပေးပြီး တိုက်ခိုက်တတ်သူဖြစ်သည်။ သူ၏ သိုင်းပညာမှာ ပြင်းထန်သလို ယနေ့ခေတ်တွင် တတ်မြောက်သူ အလွန်ရှားပါး သွားပြီဖြစ်သည့် ရှေးပဝေဏသီ က […]
