ေ႐ႊဂ်ဴးNovember 12, 20121min04
‘ငါ့အတွက်တော့ နင်က အမြဲတမ်း နံပါတ် (၃)ပါတဲ့’ တစ်ခါက သူပြောခဲ့ဖူးတယ် ခုလည်း ပြောတယ် နင်တစ်ယောက်ပဲ  ငါ စိတ်ချမ်းသာအောင် လုပ်နိုင်တယ်တဲ့…. ဒါတွေ အားလုံးရဲ့ အစကတော့ ရန်ကုန်မြို့မှာ တိုးချဲ့မြို့နယ်တွေ စတင်တဲ့အချိန်က မြို့သစ်တစ်ခုမှာ အလုပ်ကြောင့် ပေ ၄ဝ ပေ ၆ဝ မြေကွက်တစ်ကွက်ရတဲ့ အဖိုးဖြစ်သူ အဲ့ဒီမြို့သစ်ကို ပြောင်းပြီး နေတဲ့ အချိန်က စရမယ်လို့ ထင်ပါတယ်… အဲ့ဒီတုန်းက အဖိုးရဲ့လမ်းထဲမှာ အိမ်ဆိုလို့ အဖိုးတို့အိမ်နဲ့ ကျန်ဆောက်လက်စ အိမ် ၄ လုံးလားပဲ ရှိသေးတယ်လို့ ဦးလေးတွေရဲ့ ပြန်ပြောပြချက်အရ သိရပါတယ်.. အဖေနဲ့ အမေက အစိုးရဝန်ထမ်းတွေ ဖြစ်တဲ့အတွက် နယ်ရောက်နေချိန် အဖိုးဖွားလက်ထဲထားခဲ့ရတာပေါ့… … အဖိုးအိမ်ကို အသက် ၄ […]


si toneNovember 10, 20121min08
အင်း…… အခု Si Tone ရေးတဲ့ ခေါင်းစဉ်နဲ့ ပက်သက်တဲ့ အကြောင်းအရာလေးတွေ ပြောချင်ပါတယ်….. အရင်ဦးဆုံး Si Tone ပြောချင်တာက Si Tone ရွာထဲကို မလာဖြစ်တာ တော်တော်ကြာပြီး အခုSi Tone ရောက်လာပါပီ……..Si Tone ဒီရွာလေးကို အရမ်းသံယောဇဉ်ရှိပါတယ်……. ရွာထဲကသူငယ်ချင်းတွေကို အရမ်းလဲ လွမ်းပါတယ်…………………. အင်း……………… Si Tone ပြောချင်းတာက ကမာ္ဘပေါ်မှာရှိတဲ့ လူဦးရေပေါင်းများစွာထဲ ၁၀၀% မှ ၉၀% က သီးချင်းတွေနားထောင်းကြသလို သီချင်းနားထောင်ရတာလဲ သဘောကြ ကြတယ်…. အဲလိုပဲ Si Tone လဲ သီချင်းနားထောင်ရတာ အရမ်းသဘောကြပါတယ်…. ရွာထဲက သူငယ်ချင်းတွေကော ? ….. Si Tone တို့ မြန်မာနိုင်ငံမှာ […]


  မနေ့ညက ကျွန်တော် သေခဲ့တယ်။ ကျောက်တောင်ကို လှိုင်းပုတ်သလိုပါပဲ။ လူဆိုတာ ရှင်သန်ခြင်းမှာ ခဏတိုင်း သေခဲ့ရ။ အတိတ်တွေက ဝိုးခနဲ ဝါးခဏနဲ့ အိပ်မက်တွေက အပိုင်းပိုင်းပြတ်ကာ ကျွန်တော် လန့်နိုးလာတယ်။ အိတ်ကပ်ထဲက ငွေစတစ်ချို့ကို ရေတွက်ကြည့်တော့ ရန်ကုန်မြို့နယ် တစ်ခုက တစ်ခု သွားစာ ဘက်စ်ကားခထက်မပိုတော့။ ခုနှစ် သက္ကရာဇ်များကို ဖြိုခွင်းရင်း ပြက္ခဒိန်များက သံချေးတက် မျှော်လင့်ချက်များကို တိုက်စားလို့။ သွားလက်စ ခရီးတွေ ခဏရပ်၊ စားလက်စ မနက်စာတွေ ခဏရပ်၊ တွေးလက်စ အတွေးတွေ ခဏရပ်လို့ ကျွန်တော် မနေ့ညက သေခဲ့တယ်။   မနေ့ညက ကျွန်တော် သေခဲ့တယ်။ ကိုယ့်ကိုယ်ကို ကွေးလိမ်ထားရတဲ့ နေ့စွဲများကို ကျွန်တော် အမှတ်ရကြည့်တယ်။ ဒိုင်ယာရီစာအုပ်ထဲက မိန်းမလှတစ်ယောက်ရဲ့ […]


thit minNovember 2, 20121min062
  နိဒါန်း(သို့)နောက်ခံအကြောင်းအရာ ဤစာသည် ယခင် ကျနော် ရေးခဲ့သော စာတမ်းငယ် “ဗီလိန်” ၏ အဆက်ဟုဆိုနိုင်ပါသည်။ သို့သော် ဤလက်ရှိစာတမ်းကိုသာ သီးသန့်ဖတ်ရှုခြင်းဖြင့်လည်း အဆင်ပြေပါကြောင်းဦးစွာပြောလိုပါသည်။ ကျနော် စာတအုပ်ကိုဖတ်မိပြီးတိုင်း တွေးတတ် တွေးလေ့ရှိပါတယ်။ အဲဒီ တွေးမိတဲ့အတွေးတွေကို ၂ ရက် ၃ရက်ကနေ တပါတ် နှစ်ပါတ်ကြာသည်အထိတွေးမိလာရင်တော့ စာရေးဖို့ စကားတွေ (တနည်းအားဖြင့် စာသားတွေ) ရင်ထဲ ရောက်လာပါတော့တယ်။ ဒီတခါဖတ်မိတဲ့ စာအုပ်ကလေးကတော့ PRIO လို့ခေါ်တဲ့ International Peace Research Institute, Oslo ကထုတ်ဝေပြီး Johan Galtrung ဆိုသူရေးသားတဲ့ Peace by Peaceful Means (ငြိမ်းချမ်းရေးအတွက်ငြိမ်းချမ်းရေးနည်းလမ်းများ) ဆိုတဲ့စာအုပ်လေးပါ။ ဘာလို့ ပြန်ပြောချင်လောက်အောင် စိတ်ဝင်စားရလဲဆိုတာလေးကို ပြောရရင် အဲဒီစာအုပ်ထဲမှာ […]


(၁) “မင်းတကယ် သိတာပြောစမ်းကွာ” “ဗျာ” “အေး .. မင်းတကယ်သိတာ အရင်ပြောကြည့်စမ်း” “ဒါဆို ကျွန်တော်ပြောပြီးရင် ခင်ဗျား ပြောမှာလား” “အေး .. ပြောမယ်” ထိုသို့ဖြင့် ကျွန်တော်တို့ ဘာစကားမျှ မပြောဖြစ်ခဲ့။ တစ်သက်လုံး။   (၂) သူတို့အားလုံး ဝိုင်းဝန်းစဉ်းစားနေကြတဲ့ ပုစာ္ဆတစ်ပုဒ်ပါ။ ကျွန်တော်လည်း ပါဝင် စဉ်းစားကြည့်တယ်။ “ငှက်တွေက အတောင်နှစ်ဘက်ထက်ပိုရင် ဒီထက်ပို ပျံသန်းနိုင်ကြမလား” တစ်ချို့က ဆိုတယ်။ “ပျံသန်းနိုင်မှာပေါ့ကွ” တစ်ချို့က တွေးတယ်။ “ဟာ .. အတောင်တွေများတော့ အဲဒီ အလေးချိန်ကြောင့်ပဲ ပျံသန်းနိုင်မှာ မဟုတ်တော့ဘူး” တစ်ချို့ကလည်း ဒီလိုပါ။ “ဘယ်ကသာ .. သဘာဝတရားနဲ့ သွေဖီနေရင်တော့ .. အားလုံး ကျရှုံးရမှာပဲ” ကျွန်တော့် စကားကြားတော့ […]


အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများဆီမှာ ယခုလိုနွေရာသီကုန်ဆုံးလို့ ဆောင်းဦးပေါက်လာပြီဆို လွန်စွာနေလို့ကောင်းပါတယ်။ နံနက်ခင်း ပိန်းပိတ်အောင် ကျတဲ့ “မြူ” တွေက ကဗျာဆန်အောင် လှပေမဲ့၊ ကား မောင်းရသူများ အဖို့ကတော့၊ “ဟွန်း” အဆက်မပြတ် နှိပ်ရင်း “ချွေးကလေး တစိုစို” ပေါ့ခင်ဗျာ။ အဲ မောင်ကျောက် တို့လို ဘာသာဝင် မဟုတ်သူများ အဖို့ ဆိုးတာကတော့၊ “ရာမာဒမ်” ဥပုသ်လ ပေါ့ခင်ဗျာ။ နေ့လည် နေ့ခင်း လူမြင်သူမြင် “တံတွေး” တောင်မမြိုရဲ၊ ညနေတိုင်းလဲ အိမ်မှာ နွေနှောင်းလက်ကျန်  စွန်ပလွန်သီးနဲ့ ရေနွေကြမ်းဘဲ အပျင်းပြေ မှီဝဲရတာမို့ “ရာမာဒမ်” ဥပုသ်လ ကုန်ဆုံးမဲ့ရက်ကို လက်ချိုးလို့သာ ရေနေမိပါတယ်။   မောင်ကျောက် လိုဘဲ၊ ဥပုသ်လ ကုန်ဆုံးမဲ့ရက်ကို အတူ မျှော်နေတဲ့သူ တစ်ယောက် ရှိပါသေးတယ်။ သူကတော့ မောင်ကျောက် နေတဲ့ ခြံဝင်းနဲ့ နောက်ဘက်ကပ်ရပ်က “စတီနာ” ဆိုတဲ့ […]


  “’ဒုန်းကနဲဒိုင်းကနဲ ဘုံးကနဲ ဗိုင်းကနဲ မီးထွန်း ပွဲ”   သီတင်းကျွတ်နားနီးပြီဆိုရင်  ၈၄လမ်း ၄ဝနဲ့၄၁လမ်းကြားမှာဗျောက်အိုးတွေမီးရှူး မီးပန်းတွေရောင်းတဲ့ဆိုင်လေးတွေအလျိုုလျိုနဲ့ပေါ်လာပါတယ်။ လမ်းအနောက်ဖက်တန်းက ပလက်ဖောင်းရှေ့မှာထွက်ကြတာပါ။ အတိအကျပြောရင်တော့ လမ်းပေါ်ဈေးတက်ရောင်းတာပါဘဲ။ ဒီလိုအချိန်ရောက်တယ် ဆိုရင် သတင်းစာထဲမှာ တီဗွီမှာ အထိတ်တလန့်မဖြစ်အောင်ဗျောက်အိုးမဖောက်ရ ဘာညာကွိကွ ဗျောက်ဖောက်ရင် ဗျောက်ရောင်းရင် ဘာနဲ့ညာနဲ့ ဆိုပြီးကြေငြာတာကတော့ နှစ်တိုင်း လိုလိုတိုင်းဖတ်ရပါတယ်။ ဒါပေမယ့်လဲ ဘယ်လိုဘဲကြေငြာ ကြေငြာ ဘယ်လိုဘဲစည်းကမ်းတွေထုတ်ထုတ် အောက်တိုဘာလဆန်းတာနဲ့တပြိုင်နက်ထဲ ဈေးချိုထဲကဆိုင်တွေကလဲ ဗျောက်အိုးတွေမီးရှူးမီးပန်းတွေကို စုဆောင်း နှစ်စဉ်ရောင်းနေကျ ဗျောက်အိုးသည်တွေကလည်း ဗန်းလေးတွေကိုယ်စီနဲ့ မန်းလေးမြို့လေးပြင်လေးရပ်မှာရောက်အလာ ဝယ်သူတွေကလဲ တစ်အုံးအုံး လမ်းပေါ်မှာ တဗုံးဗုံး တဘိုင်းဘိုင်း တအုံးအုံးတဒိုင်းဒိုင်း နဲ့ဗျောက်ဖောက်သံတွေကလဲ ကြားနေရစမြဲ ရှူးကနဲအသံအကျယ်ကြီးမြည်ပြီး မီးပန်းရောင်စုံကြီးတွေကောင်းကင်တက်သွားတာတွေ ကလဲမြင်နေရမြဲ ဆိုတော့  အဲလို ကြေငြာလိုက်တာကိုက “ ဗျောက်ရောင်းဘို့အချိန်ကြပါပြီခင်ဗျား  […]


ဟိုနေ့က “အဖေလား..အမေလား…ဆုံးမပေးပါ” ဆိုတဲ့ ပို့စ်နဲ့ ပို့စ်အောက်က ကွန်မန့်တွေကို ဖတ်အပြီးမှာ ကျွန်မခေါင်းထဲကို “ယဉ်ကျေးမှု” ဆိုတဲ့ စကားလုံးက ဝင်ရောက်လာခဲ့ပါတယ်။ “ယဉ်ကျေးမှု” ရဲ့ အဓိပ္ပာယ်ကို ကျွန်မစသိခဲ့တာ ရှစ်တန်းနှစ်လောက်မှာပါ။ “ယဉ်ကျေးမှုဆိုသည်မှာ အစဉ်အဆက် ထိန်းသိမ်းတည်ရှိခဲ့သော အစဉ်အလာ၊ ဓလေ့ထုံးတမ်း၊ စာပေ၊ ဂီတ၊ အနုပညာ အားလုံးပါဝင်သည်” လို့ သင်ကြားခဲ့ရပါတယ်။ တစ်ဆက်တည်းမှာပဲ ဆယ်တန်းမှာသင်ခဲ့ရတဲ့ ဦးမင်းနိုင်ရဲ့ မြန်မာမှုဆိုတဲ့စာထဲက အကြောင်းအရာတစ်ခုကိုလည်း သတိရမိပါတယ်။ ယဉ်ကျေးမှုဆိုတဲ့နေရာမှာ ထိန်းသိမ်းသင့်တဲ့ယဉ်ကျေးမှုရှိသလို ခေတ်နဲ့လိုက်လျောညီထွေစွာ ပယ်ဖျက်သင့်တဲ့ယဉ်ကျေးမှုလည်း ရှိပါတယ်တဲ့။ ဥပမာအားဖြင့် ဆေးမင်ကြောင်ထိုးခြင်းအလေ့အထဟာ ကျန်းမာရေးရှုထောင့်ကကြည့်ရင် မသင့်လျော်တဲ့အတွက် ဒီအလေ့ကို ပယ်ဖျက်ရမှာဖြစ်ပေမယ့် အသားမှာစွဲအောင်ထိုးတဲ့ ဆေးမင်ကြောင်ဆေးဖော်စပ်နည်းကိုတော့ ဆက်လက်ထိန်းသိမ်းသင့်ပါတယ်တဲ့။   အဲဒီနောက်တော့ ယဉ်ကျေးမှုဆိုတဲ့ အဓိပ္ပာယ်ကို အတိအကျသိချင်တဲ့အတွက် ထပ်ရှာကြည့်လိုက်တဲ့အခါ ဖွင့်ဆိုချက်အမျိုးမျိုးကို […]


ကျွန်မတို့ဟာ ကိုယ်အရမ်းချစ်ရတဲ့သူတွေကို လှိုက်လှိုက်လှဲလှဲ ကူညီချင်ကြတဲ့အချိန်တွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် အခြေအနေတွေက ကူညီခွင့်မပေးခဲ့တာ ဒါမှမဟုတ် သူကိုယ်တိုင်က အကူအညီကို လက်မခံခဲ့တာတွေလည်း ရှိတတ်ကြပါတယ်။   အဲဒီနောက်တော့ ကျွန်မတို့နဲ့အတူ ကျန်ရှိနေတဲ့အရာကတော့ ချစ်ခြင်းတရားပါပဲ။ ဘာမှမလုပ်ပေးနိုင်တဲ့အချိန်မှာတောင် ကျွန်မတို့ ချစ်နေပေးနိုင်ပါတယ်။ ဘယ်လိုဆုလာဘ်မျိုး၊ ဘယ်လိုပြောင်းလဲခြင်းမျိုး၊ ဘယ်လိုကျေးဇူးတရားမျိုးကိုမှ မမျှော်လင့်ဘဲနဲ့ပေါ့။   အဲဒီလိုလေးသာ ချစ်နေပေးလိုက်မယ်ဆိုရင် ချစ်ခြင်းစွမ်းအားက ကျွန်မတို့ရဲ့ စကြာဝဠာကမ္ဘာလောကကြီးကို ပြောင်းလဲပေးပါလိမ့်မယ်။ အဲဒီစွမ်းအားပေါ်ထွက်လာတာနဲ့ ပန်းတိုင်ကို ရောက်သွားစမြဲပါပဲ။ ဟင်နရီဒရမ်မွန်း (Henry Drummond) က ပြောခဲ့ပါတယ်။ “အချိန်က လူကို မပြောင်းလဲပေးပါဘူး။ စိတ်စွမ်းအားကလည်း လူကို ပြောင်းလဲမပေးပါဘူး။ ချစ်ခြင်းတရားကတော့ ပြောင်းလဲပေးပါတယ်” တဲ့။   ဘရာဇီးနိုင်ငံက ကောင်မလေးတစ်ယောက်အကြောင်းကို သတင်းစာထဲမှာ ဖတ်လိုက်ရပါတယ်။ မိဘတွေက […]


kaiOctober 18, 20121min08
“သဒိသံပါကံ ဇနေတိ” တူသောအကျိုးကိုပေး၏။ “ယာဒိသံ ဝဘတေဗီဇံ တာဒိသံ ဟရတေဖလံ” အကြင်မျိုးစေ့အား လယ်ယာမြေ၌ကြဲချ၏- ထို-ကြဲချသော မျိုးစေ့အတိုင်း အပင်သည် ဖြစ်၏။ “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” ရဟန်းတို့ စေတနာဟူသည်အကျိုးပေးစေနိုင်သော ကံဖြစ်၏။ (ဗုဒ္ဓ) သူ၏စေတနာသည် သူ့အား တန်ပြန်သက်ရောက် အကျိုးပေးသောမြန်မာနိုင်ငံဘွား ကချင်အမျိုးသား လူငယ်တစ်ယောက် ဖြစ်သော အောင်လအန်ဆောင်၏ကောင်းသတင်းကို ဒီကနေ့မနက် အင်တာနက်မှ ဖတ်လိုက်ရတော့ အတော်ကိုပီတိဖြစ်သွားပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနား ဇာတိဖြစ်သူအောင်လအန်ဆောင်သည် အမေရိကနိုင်ငံ မစ်ချီကန်ပြည်နယ် အင်ဒရူး တက္ကသိုလ်မှစီးပွားရေးနှင့် မွေးမြူရေး သိပ္ဗံဘွဲ့ ရရှိထားသူတစ်ဦး ဖြစ်ပါတယ်။ သူဟာ Mixed Martial Artist ပညာကို ၂၀၀၄ ခုနှစ်မှ စတင် သင်ကြားခဲ့ပါတယ်။ အမေရိကနိုင်ငံမှာ ကျင်းပတဲ့ […]


“ဟဲလို xxxxxx က ပါလားခင်ဗျာ” “ဟုတ်ကဲ့ အမိန့်ရှိပါခင်ဗျာ” “ဟာ….ဦးလေး၊ ကျွန်တော် ပြားကြီးပါ ခင်ဗျ” “အေး…သား… ပြားကြီး.. ပြော၊ မင်းတို့ နေထိုင် ကောင်းကြရဲ့လား?” “ဟုတ်ကဲ့ဦး၊ အားလုံး နေထိုင်ကောင်း အဆင်ပြေကြပါတယ်။ ဒါနဲ့… မနက်ဖြန် ဆန် လာချမလို့၊ ဦး… ဘယ်နှစ်အိတ် ယူမလဲ?” “အေးကွာ၊ မင်းက အလကားလဲပေးတာမဟုတ်၊ ဦး အိမ်မှာဘဲ ဆန်အိတ်တွေ အလကား လာထားမှာဆိုတော့ လေးအိတ် တော်ပါပြီ” “ခင်ဗျာ…..” “မ..ခင်ဗျာနဲ့ လူကလေး မောင်ပြား၊ မင်း.. နဲနဲတော့ သိတတ်!” “ဟာ…. ကာလနာ မြွေပွေးကိုက်၊မင်း…ဘယ်နေ့က ပြန်ရောက်လဲ? ရီး ထဲမှပဲ!  အဲဒီ့လို မနောက်ပါနဲ့ကွာ၊ ဟိုတစ်ခါကလဲ မင်း ….အောင်းမေ့လို့၊ ဦးလေး ကို […]


ムラカミOctober 16, 20121min015
ရန်ကုန်မြို့ ၊ အင်းယားကန်ဇောင်း တွင်ဖြစ်သည်။ ဘူးသီးကြော်ရောင်းသော အကြော်သည်ဦးလေးကြီးသည် သူ၏ ဆိုင်ကို တပည့်၂ယောက်နှင့် လွှဲထားခဲ့ပြီး မလှမ်းမကမ်းသို့ ထွက်လာခဲ့သည် ။ ထို့နောက် ဘေးဘီကို ကြည့်ကာ ခါးကြားမှ ဟန်းဖုန်းကိုထုတ်၍ ပြော ကိုဘလက် ..ဘယ်ကို လာခဲ့ရမလဲ …။ ဟုတ်ပါသည် သိုးမည်းဂိုဏ်းချုပ် လူသူတော် ဦးကြီးမိုက် ပင် ဖြစ်သည်။ ဆက်သွယ်ရေး တာဝန်ခံ ဂိုဏ်းထောက်ချုပ် ကိုဘလက်ဆီမှ အချိန်း အချက် ဖုန်းဝင်လာခြင်းဖြစ်၏။ သူတို့ ဂိုဏ်းသည် ရှေးယခင် စိန့်တိုင်းမှ ဝူတန်း ရသေ့ဂိုဏ်း မှ ဆင်းသက်လာကြောင်း ပြောစမှတ်ရှိပေသည်။ ဘာသာ ရေမြေ ယဉ်ကျေးမှု ကွာခြားသောကြောင့် ရသေ့မဝတ်ကြသော်လည်း လူသူတော် များ အဖြစ် နေထိုင်ကာ အရက်သေစာ […]


မိန်းမသားဘဝ မြန်မာပြည်က မိန်းမသားတို့ဘဝအကြောင်း နည်းနည်းရေးမလား စိတ်ထဲမတင်မကျဖြစ်နေရာကနေ မအိတုန်ရဲ့ ခိုးရာလိုက်ပြေးခြင်းအကြောင်းပို့စ်ကလေးကို ဖတ်မိပြီးတော့ ရေးချင်စိတ်ပေါ်လာတာကို ဝန်ခံပါတယ်ရှင်။ တကယ်တော့ မြန်မာပြည်မှာ မိန်းကလေးတစ်ဦး အိမ်ထောင်ပြုဖို့မလွယ်ပါဘူး။ မိဘနောက်ခံကောင်းတဲ့ မိန်းကလေးတွေ၊ လူနည်းစုဖြစ်တဲ့ လူလတ်တန်းစားမှဆင်းသက်လာတဲ့ မိန်းကလေးတွေသာ အိမ်ထောင်ရေးကိုစဉ်းစားနိုင်ကြပြီး မိမိကိုယ်ကို  တန်ဖိုးထားနိုင်ကြတယ်။ တန်သင့်တဲ့မာန်မာနထားရှိနိုင်ကြတယ်။ မွေးရာပါသဘာဝအားဖြင့် မိန်းကလေးတွေဟာ ချင့်ချင့်ချိန်ချိန်ရှိကြတာကို ကလေးဘဝအရွယ်ကတည်းက ပြသပါတယ်။ မိန်းကလေးတွေဟာ စိတ်ရောခန္ဓာကိုယ်ရော ယောက်ျားလေးတွေထက် ဖွံ့ဖြိုးမြန်ကြပြီး မိန်းကလေးတစ်ဦးဟာ အသက် ၁၅၊ ၁၆ လောက်ဆိုရင်ကို သူတို့မှာသဘာဝကပေးတဲ့ အသိတစ်မျိုးရှိနေကြပါပြီ။ အသက် ၂ဝကျော်ပြီဆိုရင်တော့ သူတို့ဟာ သူတို့ရဲ့အနာဂတ်ကို တွေးတတ်ခေါ်တတ်လာပါပြီ။ မိန်းကလေးတိုင်းလိုလိုဟာ အိမ်ထောင်ရေးအသိရှိတယ် ဆိုရင် ယုံနိုင်ကြမလား။ မိန်းကလေးတိုင်းလိုလိုဟာ အိမ်ထောင်ကောင်းကောင်းကျချင်ကြတယ်။ အရွယ်ရဲ့တန်ဖိုးကို သူတို့သိကြတယ်။ အရွယ်ရှိတုန်း အိမ်ထောင်ပြု၊ မှန်ကန်တဲ့ […]