SawAungSeptember 29, 20121min03
အိပ်မက် ကြွေတဲ့ည   အိပ်မက်………………။ အိပ်မက်သည် အမှန်တကယ်မဟုတ်မှန်း အားလုံးလိုလိုသိကြသည်။ သို့သော် အိပ်မက်မက်နေစဉ်အတွင်းမှာ တော့ အိပ်မက်ကို တကယ်ဟုကျွန်မတို့ ထင်ယောင်မိကြစမြဲဖြစ်သည်။ ကျွန်မဘဝတွင် အိပ်မက်များစွာကို ပိုင်ဆိုင်ခဲ့ဖူးသည်။ အိပ်မက်များစွာကို စွန့်လွတ်ခဲ့ရဖူးသည်။ အိပ်မက်များစွာကို မက်မောစွာလိုချင်တောင့်တ ခဲ့ဖူး၏။ တစ်ခါတစ်ရံ အိပ်မက်ကြားထဲမှ မနိုးထချင်အောင် အိပ်မက်များက ကျွန်မကိုဆွဲဆောင်နိုင်လွန်းလှ သည်။ ကျွန်မသူငယ်ချင်းတစ်ယောက်က ကျွန်မကို မေးခွန်းတစ်ခုမေးဖူးပါသည်။ “အိပ်မက်ဘယ်နှမျိုးရှိသလဲ” ဟု ကျွန်မကိုမေးဖူးသည်။ အဲသည်တုန်းက ကျွန်မခံယူချက်နှင့်ကျွန်မ တိကျစွာဖြေခဲ့ဖူးပါသည်။ အိပ်မက်အမျိုး အစား (၂)မျိုးသာရှိပါသည်။ အမှန်တကယ်ဖြစ်မလာသော အိပ်မက် နှင့် အမှန်တကယ်ဖြစ်လာသော အိပ်မက် ပင်ဖြစ်သည်။ ထိုအခါ ကျွန်မသူငယ်ချင်းက သိပ်လက်မခံပေ။ နှစ်မျိုးတည်းလားဟု ပြန်စေဒကတက်ပါသည်။ ထိုအချိန်တုန်းက ကျွန်မ သူမအား ခေါင်းသာငြိတ်ပြရုံသာ ငြိတ်ပြခဲ့သည်။ […]


ဦးေက်ာက္ခဲSeptember 28, 20121min048
နောက်ဆုံးနှစ် စာမေးပွဲ အောင်စာရင်းထွက်တဲ့နေ့မှာ မောင်ကျောက် နဲ့ သူငယ်ချင်းတစ်စု တောင်ငူကန်တင်းက အရှည်ကြီးဆိုင်မှာ ထိုင်ရင်း လက်တွေ့ဘဝကို ရင်ဆိုင်ဖို့တိုင်ပင်ကြပါတယ်။ ကျောင်းသား ဘဝကနေ “စုတေ” သွားတာမို့၊ ရင်ထဲမှာ ဘာဘာညာညာ အတွေးတွေနဲ့၊ ဘယ်သူမှ အပြောင်အပြက် မပြောနိုင်ကြပါဘူး။ “ကဲ….. အခု ငါတို့ ကျောင်းပြီးပြီ၊ ရှေ့ဆက် ဘာလုပ်ကြမှာလဲ” ဆိုတဲ့ မေးခွန်းကို ဘယ်သူမှ ဟုတ်တိပတိ မဖြေ နိုင်ကြပါဘူး။     မိဘ စီးပွါးရေး လက်ငုပ်လက်ရင်း ရှိသူများအဖို့ လက်ရှိ စီးပွါးရေး ရေစီးကြောင်းထဲ ဝင် မျော ရတာလွယ်ပေမည့်၊ အဖေ သင်္ဘောသား ရဲ့သား မောင်ကျောက် အဖို့ စီးပွါးရေးဆိုတာ ညဘက် အောက်ဆိုက်ကား ခိုးမောင်းတာနဲ့ အစိုးရဆိုင်မှာ […]


  “သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မကို နမ်းပါလေ……..”   ——————————————————————————   ရင်ဘတ်မှာ တစ်ဆစ်ဆစ်နဲ့ ကျွန်မကို နာကျဉ်စေခဲ့တာက ဟောဒီလမ်းထဲကို တစ်လှမ်းချင်းလျှောက်လာတဲ့ အမျိုးသား တစ်ယောက်ကြောင့်လို့ ကျွန်မ ဘယ်တုန်းကမှ မတွေးဖြစ်ခဲ့ဘူး။ အိပ်မက်အစဉ်ဟာ မဆုံးသော မက်ခြင်းနဲ့ တစ်ရေးနိုးတိုင်း ကျွန်မ သူ့ကို “မောင်” လို့ ခေါ်မိနေတုန်းပါ။   မောင်ရယ် …. အလွမ်းဆိုတာ တကယ်တော့ …. မလိုအပ်တဲ့ နာရီလက်တံက တစ်ချက်ချက် အသံလိုပါပဲ စက္ကန့်တိုင်းမှာ ဘာကို ကျွန်မသတိပေးနေရဦးမလဲ … ဒါမဖြစ်သင့်ပါဘူး….။   ——————————————————————————   “ဟင့်အင်း … ဟင့်အင်း … ကျွန်မ ကျွန်မ စိတ်ညစ်တာပဲ သိတယ် မောင်ရယ် […]


          နန့်ယားရွာ အထွက်လမ်းသည် ဆိုးရွားလွန်းလှသည်။ လမ်းတစ်လမ်းလုံး အပြည့်နီးပါး ကျင်းတွေ ချိုင့်တွေနှင့်ပြည့်နေသည်။ ကားခေါင်းမိုးပေါ်ရှိ ကတ်ခြံပေါ်တွင် တင်ထားသော ခရီးသည်များ၏ အထုပ်အပိုးတွေ အပြည့်တင်ထားသည်။ ခရီးတစ်ဝက်ကျိုးသည်အထိ ဘာမျှမဖြစ်သေးသော်လည်း နန့်ယားရွာအထွက်တွင်မူ စတင်၍ ပြဿနာဖြစ်လာလေတော့သည်။ လမ်းကလည်းကြမ်း၊ ချိုင့်ကလည်း စောင့်သဖြင့် ကားခေါင်းမိုးရှိ ကတ်ခြံမှာ နေရာရွေ့ကာ ဘေးဘယ်ညာစောင်းသွားလေသည်။ ပါဂျဲရိုးကားခေါင်းမိုးပေါ်ရှိ ကတ်ခြံသည် ဝန်လေးသော ပစ္စည်းများအတွက်မဟုတ်သဖြင့် ဝန်နှင့်အားမမျှသလိုဖြစ်သွားရခြင်းဖြစ်သည်။ သူတို့ကားလမ်းတစ်နေရာတွင်ရပ်တော့ ကတ်ခြံက တော်တော်လေး ရွဲ့စောင်းနေပြီ။ထို့ကြောင့် ကတ်ခြံအား သေချာစေရန် ပြန်လည်ပြုပြင်ယူရသည်။ သည်ကြားထဲတွင် သူနှင့်အတူ ပါလာသော ခရီးသည်တစ်ဦး၏ အိတ်တစ်လုံးမှာ မည်သည့်နေရာတွင်ကျခဲ့မှန်းမသိရ။ ထိုလူက လှူလိုက်ဦးပေါ့ဟု ပြောရှာသည်။ ဒုက္ခရောက်လိုက်သည်မှာလည်း ပြန်သည့်အထိဖြစ်နေကြောင်းလည်း ပြောပြနေသေးသည်။ ကတ်ခြံပေါ်ရှိ အချို့အထုပ်အပိုးများအား ကားထဲသို့ဖြစ်သလိုရွေ့ပြီးသည်နှင့် ခရီးဆက်ခဲ့ကြပြန်သည်။ “ကိုသော်က […]


Arkar11September 25, 20121min043
ဒီနေ့ ကြုံတွေ့ခဲ့ရတဲ့ ကိစ္စတစ်ခုကြောင့် အတွေးနယ်ချဲ့ရင်းနဲ့ ဒီပို့စ်လေး ရေးဖြစ်သွားတာပါ။  တစ်ခါမှ မရေးဖူးလို့ အရေးအသား ပြေပြစ်မှုမရှိတာကို နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်၊ သင် ဘဝကြင်ဖော် ရှာတော့မည်ဆိုလျှင် ၁. ကိုးကွယ်ရာ ဘာသာတူ ဖြစ်ရမည် (ဘာသာကွဲယူမိပါက နောင်အချိန်တွင် စိတ်ညစ်စရာများနှင် ့ကြုံတွေ့နိုင်သည်။ မိမိမွေးလာသော ကလေးအပေါ်တွင်လည်း စိ်တ်ရှုပ်စရာများ၊ အခက်အခဲများကြုံတွေ့နိုင်သည်။)   ၂. အကျင့်စာရိတ္တကောင်းမွန်ရမည် (အကျင့်စာရိတ္တ မကောင်းသူကို ယူမိပါက မိမိသာလျှင် တသက်လုံး စိတ်ဆင်းရဲရမည် ဖြစ်သည်)   ၃. ရုပ်အဆင်းအဂ်ါပြေပြစ်ရမည် ( လက်ထပ်ပြီး နှစ်အနည်း ကြာလာပါက တစ်ယောက်နှင့်တစ်ယောက် ရိုးအီသွားမည်ဖြစ်သည်။ မိမိကြင်ဖက်ကို မြင်လိုက်သည်နှင့် စိတ်ချမ်းသာမှုရှိနေရမည၊် ရုပ်ဆိုးပါက မိမိသာလျှင် စိတ်ညစ်ရမည် ဖြစ်သည်။)   ၄.  ပညာတတ်ဖြစ်ရမည် […]


  “ကိုသော် ကိုမိုးနိုင် ကားပြီးပြီထင်တယ် ဝင်ကြည့်မလား” ဇော်သန့်က သူ့ကို မေးသည်။ “အေးဝင်ကြည့်တာပေါ့။ ” သူတို့ဝင်လာသည်ကို မိုးနိုင်လှမ်းမြင်သည် ထင်ပါ၏။ သူ့အား လှမ်းပြီးအော်ပြောနေသည်။ “လာ သားကြီး။ မင်းဆီကိုခုပဲ ဖုန်းဆက်တော့မလို့။ ငါ့ကားကတော့ရပြီ။ မင်းတို့ဘက်က ဘယ်နှစ်ယောက်လောက်လိုက်မလဲဆိုတာကို  သိချင်လို့” “လိုက်မယ့်လူကတော့ လေးငါးယောက်လောက်ရှိတယ်ကွာ ။နေပါဦး မင်းက ဘယ်နေ့ထွက်မလို့လဲ” “မနက်ဖြန်ဖြစ်မလားပဲ” “ဟေ” “ဟုတ်တယ်။ ဒီကနေ့ညနေ မင်းဆီကိုဖုန်းပြန်ဆက်လိုက်မယ်လေ။ မင်းတို့လိုက်မယ့်လူ အတိအကျ ဘယ်နှစ်ယောက်လောက်ရှိမလဲ မေးထားလိုက်ပေါ့။” မနက်ဖြန်ဟု ဆိုလာပြီ။ သူ ဘာကိုမှ မပြင်ဆင်ရသေး။ တကယ်တမ်းပြန်ရမည်ဆိုတော့လည်း စိတ်ထဲတွင် တစ်မျိုးတစ်မည်ခံစားနေရသည်။ “အေးဆက်လာလိုက်လေ။ ငါမေးထားလိုက်မယ်” “မင်းတို့ဘာနဲ့လာတာလဲ” “လမ်းလျှောက်ပေါ့။ပြန်တော့မှာ” “နေဦးပြန်မယ်ဆိုရင် ခဏစောင့် ငါလည်း မရှီကထောင်ဘက်ကိုသွားမှာ လမ်းကြုံတယ်” သို့နှင့် […]


SawAungSeptember 24, 20121min020
သူမ အကြောင်းတွေးတိုင်း ကျွန်တော့်နှလုံးသားတွေ ဝုန်းဒိုင်းကျဲခုန်နေတုန်းပင်ဖြစ်သည်။ သူနှင့်ကျွန်တော့်ဇာတ်လမ်းသည် ဘယ်သို့ဘယ်ပုံဟု ပြောရမှန်းမသိအောင် ကျွန်တော့်ရာဇဝင်တွင် ပြောစမှတ်တွင်ခဲ့သည်။ ကျွန်တော့်အချစ်သည် တစ်ဖက်သတ်အချစ်လား၊ ဘယ်လိုအချစ်လဲ ကျွန်တော်ကိုယ်တိုင်ပင် နာမည်မတပ်နိုင်ခဲ့ချေ….။ ထိုအချစ်တို့၏ မြစ်ဖျားခံရာသည်…………… သည်နေ့အလုပ်အသစ်ဝင်ရမည်ဆိုသောကြောင့် ကျွန်တော့်စိတ်များလှုပ်ရှားနေ၏။ ကားဂိတ်မှ အဆင်း ကျွန်တော်အလုပ်လုပ်ရမည့် ရုံးရှိရာသို့အလာတွင်…… “ဟေ့…… မနေ့က ရုံးကခန့်လိုက်တဲ့ လူသစ်လား….” အသံရှိရာသို့ ကျွန်တော်လှည့်ကြည့်မိလိုက်သည်။ ဂျင်းဘောင်းဘီဒူးဖုံးအကျပ်ကလေးနှင့် ခေတ်ပေါ်အဝတ်အစားလေးကို ကျကျနနဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်…အသားကဖြူဖြူနှင့် တရုတ်မလေးဖြစ်မည်ဟု ကျွန်တော်တွေးလိုက်မိသည်..။ “ဟုတ်ပါတယ်…. အစ်မက ……….” “ငါက….. ဒီမှာ မာကတ်တင်း(Marketing) လေ….. နင့်နာမည်က….” “ပိုင်ထက်အောင် ပါ……… အစ်မနာမည်က ” “ယမင်းအောင်ပါ……….” စစတွေ့ချင်းမှာပဲ ကျွန်တော်သူမကို မှတ်ချက်ချခဲ့ဖူးသည်…။ နှခေါင်းပြားပြားနှင့်… မည်သို့မျှမလှသော တရုတ်မလေးဟုပင် သတ်မှတ်ခဲ့သည်….။ ************************************ […]


marblecommetSeptember 22, 20121min027
ကိုယ်ဟာ သူမနဲ့ တွေ့ဖို့အတွက် အိမ်ပြန်နောက်ကျခဲ့လေသလား။ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ပဲ အိမ်ပြန်နောက်ကျပြီးမှ သူမနဲ့တွေ့ခဲ့လေသလား။ သေချာမသိနိုင်ပေမဲ့ ပိုပြီး သေချာပီပြင်လာတာကတော့ မြောက်ပြန်လေဟာ ခါတိုင်းထက်ပိုပြီး စနစ်တကျ တိုက်ခတ်တတ်လာပါတယ်။ မီးစုန်းရင်ခုန်မှော်ဓာတ်ကလေး ပိုမိုသက်ဝင်စီးမျောလာပါတယ်။ ပြတင်းပေါက်ဘောင် ထဲက မြင်နေကျ လဝန်းကလည်း ပိုမိုလုံးဝန်းကျယ်ပြန့်လို့ လာပါတယ်။ ဒါဟာ အနုပညာအတွက်နဲ့ သက်ရှင်နေထိုင်မှုအတွက် သူမက ပိုမို ကျစ်လျစ်တိကျလာတဲ့ ကမ္ဘာသစ်တစ်ခုဆီကို ညွန်းဆိုနေသလိုပဲပေါ့။ …….. ပြီးတော့…..သူမနဲ့ ကိုယ်ချိန်းဆိုထားတဲ့ ဆက်တင်တစ်ခုလည်း မကြာခင် ဆိုက်ရောက်လာပါတော့မယ်။ အဲဒီအခါ မြေကြီးနဲ့ ကောင်းကင်ဟာ မတူညီတဲ့ဆွဲအားတွေနဲ့ ကောင်းချီးပေးကြဖို့ ကိုယ်တို့ရဲ့ ရိုးအတဲ့နှလုံးသားနဲ့ မျှဝေရင်းနှီးကြတဲ့အခါ ကြယ်အပေါင်းနဲ့ နက္ခတ်တာရာတွေကလည်း ထပ်ချပ်မကွာလိုက်ပြီး ချီးပင့်မြှောက်စားကြပါလိမ့်မယ်။ အကြောင်းကတော့ သူမဟာ သူငယ်နှပ်စားတွေနဲ့ ပလဲနံပ သင့်ပြီး ကျွန်စနစ်ကို […]


ကားနားတွင် ဝေ့လည် ဝေ့လည်ဖြစ်နေသော သူတို့အဖွဲ့ အူကြွနေကြပြီ။ ခုချိန်ထိ ဇော်သန့်နှင့် ဘဂျမ်းမှာ ပေါ်မလာသေးသဖြင့် စိတ်အပူလုံးက ကြွလာလေပြီ။ တစ်ခုခုဖြစ်နေမလားဟူသော အတွေးက လူကို ခြေမကိုင်မိ လက်မကိုင်မိဖြစ်စေ၏။ မြင့်ဇော်ဦးက နောက်တစ်ခေါက်ပြန်သွားကြည့်ရမလားဟုမေးသော်လည်း လမ်းက ပိတ်ချေပြီ။ နောက်ထပ် ဘယ်သူ့ကိုမှ မသွားစေချင်တော့။ ဇော်သန့်နှင့် ဘဂျမ်းသည် တစ်နေရာရာမှာများ အခက်အခဲတွေ့နေရော့လား။ သူသည် သူငယ်ချင်းများကို သူ့အတွက်နှင့် တစ်ခုခုဖြစ်သွားမည်ကို အတော်လေး စိုးရိမ်သည်။ ထိုစဉ်တွင်ပင် သူ့နောက်ကျောကို တစ်ယောက်ယောက်က လှမ်းပုတ်ခြင်းကိုခံလိုက်ရသည်။ သူ့လှည့်ကြည့်တော့ “ဟာ ဇော်သန့်” ဇော်သန့်နှင့် ဘဂျမ်းဖြစ်နေသည်။ ဒီကောင့်တစ်ကိုယ်လုံး ဗွက်တွေနှင့် ပေရာ ဗလပွဖြစ်နေသည်။ “ဟာကွာ စိုးရိမ်နေကြတာကွ ။ မင်းတို့ဘာလုပ်နေကြတာလဲ။ ဒီမှာ ကိုသော်က တော်တော်လေးကို မျက်နှာပျက်နေပြီ။” မြင့်ဇော်ဦးက […]


ညရောက်တော့ စာကျက်နေသော ဝတီ့ကို ဆရာမက ခေါ်ပြောခဲ့သည်။   “ဝတီ..ဒီနေ့ နှင်းဆီအမေက ဆရာမကို ပြောတယ်…သမီးက နှင်းဆီကို နောက်ခံကောင်းလို့ သာနေတယ်ဆိုတဲ့ပုံစံမျိုး ပြောလိုက်လို့တဲ့…” “ဟုတ်တယ် ဆရာမ…သမီးလည်း ငြိမ်မနေနိုင်လို့ ဒီနေ့ ထပ်ပြောလိုက်တယ်… ဆရာမက ဘာပြန်ပြောလိုက်လဲ…” “ဆရာမကတော့ ဘာမှပြန်မပြောပါဘူး..ကလေးတွေပဲ..အချိန်တန်ရင် ပြီးသွားမှာပဲလို့ ပြောလိုက်တယ်..”   ခဏလေးနှင့် ပြီးသွားမည်ဟု ထင်ထားသော ပြဿနာက တော်တော်နှင့်မပြီးခဲ့ပေ။ ဆရာမ၏ အေးဆေးမှုကြောင့် နှင်းဆီ၏အမေက မချင့်မရဲဖြစ်ဟန်တူပါသည်။ နေ့စဉ်နေ့တိုင်း လာပြောနေသည့်အတွက် နောက်ဆုံးတွင် ဆရာမက ပြောလိုက်လေသည်။   “အန်တီ..တကယ်တော့ ကျွန်မ ဒီကိစ္စကို သိထားတာကြာပါပြီ…ဖြစ်ဖြစ်ချင်းကတည်းက ဝတီက ပြောပြထားပါတယ်..ကျွန်မကလည်း ကလေးချင်း ပြီးသွားမယ့်ကိစ္စမို့လို့ ဘာမှမပြောဘဲ ငြိမ်နေတာပါ…ဝတီက နှင်းဆီကို အဲဒီလို ပြောခဲ့တယ်ဆိုရင် ဝတီဘာလို့ […]


ဝတီ၏ ကြိုးစားမှုများ အရာထင်ခဲ့ပါသည်။ ပဉ္စမတန်း ပထမလပတ် စာမေးပွဲတွင် ဝတီက ဒုတိယအဆင့်ကို ရရှိခဲ့၏။ နာမည်ကြီးကျောင်းမှ စာတော်သူများကိုကျော်၍ သူနှင့်ကပ်လိုက်လာသည့် ဝတီ့ကို နှင်းဆီတို့ တစ်မိသားစုလုံးက အံ့အားသင့်ခဲ့ကြသည်။   “ဟဲ့..နင် ဘယ်သူ့ဆီမှာ ကျူရှင်တက်တာလဲ..” “ငါတို့အိမ်နားက ဆရာမဆီမှာ…”   သိပ်မကြာပါချေ။ နှင်းဆီကို ကျောင်းလိုက်ပို့သော သူ့အမေက ဝတီ့ကို လာတွေ့ခဲ့သည်။   “သမီး..ဝတီ…အဆင့် (၂)ရတယ်ဆို… သိပ်တော်တာပဲ.. ဘယ်သူ ဂိုက်လုပ်ပေးလဲ…” “ဂိုက်ရယ်လို့တော့ မရှိပါဘူး.. သမီးတို့အိမ်နားက ဆရာမ ဒေါ်သီတာ့ဆီမှာ စာသွားကျက်တာ..” “အော်… သူက ငါးတန်းသင်တာတော့ မဟုတ်ဘူးမို့လား…” “မဟုတ်ဘူး အန်တီ..ဆရာမက (၇)တန်းသင်တာ… အိမ်နီးနားချင်းဆိုတော့ သူ့တူတွေ၊ တူမတွေနဲ့ စာအတူတူကျက်ဖို့ အမေက ပို့ပေးထားတာ…” “ဟုတ်လား…ဆရာမက […]


ထိုစကားကိုကြားလိုက်ရတော့ မျှော်လင့်ချက်တွေ အဝီစိအထိကျသွားခဲ့ပြန်တော့သည်။ မနက်ဖြန်။ သူ့အတွက် မနက်ဖြန်သည် အားရစရာတစ်ချက်ကလေးမှမရှိ။ မက်လင်ချောင်ဘက်တွင်ကြားနေရသော သတင်းတွေက စုံလှသည်။ သူတို့ ကုမ္ပဏီ မီးလောင်ပြီးနောက်တစ်ရက်တွင် ကုမ္ပဏီအတွင်းရှိ ပစ္စည်းများကို ရွာသားတွေ ဝင်ရောက်ယူငင်နေကြကြောင်း သိရသဖြင့် သူ့မျှော်လင့်ချက်ကလေး လုံးဝနည်းနည်း ပျက်စီးသွားခဲ့လေသည်။ ရွာသားတွေတောင် ဝင်ယူသည်ဆိုလျှင် သူတို့ရော။ ဇော်သန့်က သူ့အား တီးတိုးတိုင်ပင်သည်။ “ကိုသော် ကျွန်တော်တို့သွားကြည့်ရင်ကောင်းမယ်ထင်တယ်” “မင်းက သွားချင်စိတ်ရှိလို့လား” “ဟာ ရှိတာပေါ့။ ” “မင်းတစ်ယောက်တည်းလား” “မဟုတ်ဘူး ဘဂျမ်းရယ် မြင့်ဇော်ဦးရယ် ပါလိမ့်မယ် ။ အစ်ကို့ဆိုင်ကယ်ကိုပဲပေးလိုက်” “မင်းတို့ အရဲမစွန့်နဲ့နော် ။ ငါကတော့ သိပ်မသွားစေချင်ဘူး ။ ဘာမှန်းမသိ ၊ ညာမှန်းမသိ။ တော်တော်ကြာ ဒုက္ခတွေ့မှာလည်းဆိုးတယ်” “စိတ်ချပါ ကိုသော် ကျွန်တော်တို့အရင် […]


http://www.news-eleven.com/….မှာဖတ်လိုက်ရတာ.. နိုင်ငံတော်သမ္မတက စတုတ္ထ အကြိမ်မြောက် ပြစ်ဒဏ် လွတ်ငြိမ်းခွင့် အဖြစ် နောက်ထပ်အကျဉ်းသား ၅၁၄ ဦးအား စက်တင်ဘာလ ၁ရ ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုMonday, 17 September 2012 17:21 ဒီသတင်းကိုဖတ်လိုက်ရတော့ တော်တော်ဝမ်းသာမိပါတယ်…စိတ်ထဲကလည်း ပြန်လွတ်လာသူတွေနဲ့ သူတို့ရဲ့မိသားစုတွေ ဘယ်လောက်ဝမ်းသာကြလေမလဲ လို့လည်းတွေးမိပါရဲ့…တွေးနေရင်း စိတ်ထဲမှာဖြတ်ကနဲ…ကြီးမိုက်ရဲ့ အတိတ်က ပုံရိပ်ဟောင်းလေးတွေ…တရွေ့ရွေ့…အစီအရီပေါ်လာပါတော့တယ်…. *************************************************************** ကြီးမိုက်ငယ်ငယ် အလယ်တန်းနဲ့အထက်တန်းကျောင်းသားဘဝက မန်းလေးမြို့ တံခွန်တိုင် နဲ့ အမရပူရကြားက တောင်သမံအင်းစောင်းပေါ်က ပလစ-၂ လို့ခေါ်တဲ့ အမှတ်-၂ ပင်မအလုပ်ရုံ( လျှပ်/စက်) တပ်ထဲမှာနေခဲ့ပါတယ်..အဖေက အဲဒီတပ်က စစ်သားကိုး..တပ်ဆိုလို့ ပြောရအုံးမယ်..အဲဒီအချိန်တုံးက အမရပူရနဲ့ တံခွန်တိုင်တစ်ဝိုက်မှာ ပလစ-၂ ကနာမည်ကြီးတယ်..ဘာကြောင့်လဲဆိုတော့ တစ်ပါတ်ကို ရုပ်ရှင် သုံးခါပြတယ် သံစူးကြိုးခတ်ကာထားတဲ့ ဝန်းကြီးထဲမှာ ပိတ်ကားထောင်ပြီးပြတာပါ..ရုပ်ရှင်ရုံလိုခေတ်မမှီပေမဲ့ တပ်ပါတ်ဝန်းကျင်မှာရှိတဲ့ […]