အာဂNovember 12, 20101min012
ကျွန်တော်မောင်အာ ဂတို့ ငယ်စဉ်ကတည်းကနေ ယနေ့အထိ တမ်းတမ်းတတ မှတ်မိနေတဲ့ စာအုပ်စာပေ တွေထဲမှာ စုံထောက်ဝတ္တုတွေကလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။ ဆာအာသာကိုနင်တွိုင်းရဲ့ စုံထောက်ကြီး ရှားလော့ဟုမ်း ၊ ဆရာကြီးရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှား မင်းသိင်္ခရဲ့ ဆားပု လင်းနှင်းမောင် စတဲ့ စုံထောက် ဇာတ်ကောင်တွေဟာ ငယ်စဉ်က နေအခုထိ စွဲလန်းမိနေ တဲ့ စုံထောက်ဇာတ်ကောင်တွေပါ။ စုံထောက်ဝတ္တုတွေကို တစ်ချို့ အနှစ်သာရမဲ့တယ်လို့ဝေဖန် ကြပါတယ်။ သူတို့ ရဲ့ ဝေဖန်မှုတွေက စုံထောက်ဝတ္တု ဇာတ်လမ်းဖြစ်စဉ်က ၁။ အမှုအခင်းဖြစ်ခြင်း၂။ ထိုအမှုကို ဖြေရှင်းခြင်း။ ၃။ နောက်ဆုံးမှာ အမှုမှန်ပေါ်လာခြင်း စသဖြင့် ဇာတ်လမ်းလမ်း ကြောင်း အရ ရိုးရှင်နေပါသတဲ့ ။ ဒါကြောင့် စုံထောက်ဝတ္တုတွေဟာ ရသဝတ္တု မမြောက်ဘူးလို့ ဆိုသူများကဆိုကြပါတယ်။ ဘယ်လိုပင်ဆိုဆို […]


whiteNovember 9, 20101min012
ဒီနေ့က ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်သော ကျွန်တော့်အတွက် အားလပ်ရက်တစ်ရက်ပါ။ တနင်္ဂနွေ ရုံးပိတ်ရက်ဆိုတော့ အိမ်မှာပဲ အေးဆေးနေဖို့ စိတ်ကူးထားတယ်လေ။ ရာသီဥတုကလည်း ပူပြင်းလွန်းတာကြောင့် အပြင်လည်း မထွက်ချင်တော့ပါ။ ဒါကြောင့် ကိုယ်စိတ်ဝင်စားတဲ့စာအုပ်တစ်အုပ်ကို ယူပြီး အိမ်ရှေ့က သစ်ပင်အရိပ်အောက် ပက်လက်ကုလားထိုင်လေးဆီမှာ စာဖတ်ရင်း အနားယူနေမိတယ်။ အဲဒီအချိန်မှာပဲ တစ်လမ်းတည်းမှာနေတဲ့ မောင်ပုံ ကျွန်တော့်ဆီကို ရောက်လာခဲ့ပါတယ်။ သူက အသက် (၂၃) နှစ်ကျာ်လောက်ရှိတဲ့ ဘွဲ့ရ လူငယ်လေးတစ်ဦးပါ။ သူ့မိဘတွေက ငွေကြေး အနည်းငယ်ပြည့်စုံတဲ့အတွက် သူ့အတွက်တော့ ဘဝက အပူအပင်ကင်းလှပါတယ်။ “ကိုဖြူလေး ……. ဒီနေ့တော့ အေးဆေးဇိမ်ကျနေတယ်ပေါ့၊” “ဟားဟား ……မောင်ပုံ၊ မင်းကတော့ ပြောလိုက်မှဖြင့် ကောင်းရောကွာ။ ဒီနေ့တစ်ရက်က ငါတို့လိုဝန်ထမ်းတွေ အနားရတဲ့ နေ့လေကွာ။ ဇိမ်ကျတယ်လို့တော့ မပြောနိုင်လောက်ဘူး ထင်တယ်နော်။” “အေးဗျာ […]


kaiNovember 9, 201011min00
လက်နက်ကိုင်တော်လှန်ရေး၊ ကန့်သတ်စစ်ပွဲနှင့် နို်င်ငံရေးချိန်ခွင်လျှာ “ဘယ်လိုစစ်ပွဲမှာ သင်ဝင်တိုက်နေတယ်ဆိုတာ နားလည်ခြင်းဟာ အောင်ပွဲရဲ့ ပထမဆုံးခြေလှမ်းပဲ” (ဗိုလ်ချုပ်အန်တိုနီဇင်နီ) နိဒါန်း “တော်လှန်ရေးတရပ်၏ ကံကြမ္မာသည် တော်လှန်သူများ၏ အတွေးအခေါ်ပြတ်သားမှု၊ ဆုံးဖြတ်ချက် ခိုင်မာမှု၊ စနစ်တကျဆောင်ရွက်မှုတို့ အပေါ်တွင် တည်မှီနေသဖြင့် အတွေးအခေါ် ရှုပ်ထွေးဝေဝါးမှုများဖြင့် တော်လှန်ရေး၏ အရှုံးကို ကိုယ်တိုင်မဆုံးဖြတ်မိစေရန် သတိပြုရမည်” တဲ့။ ဒီစကားစုလေးကို စကြားခါစ က နည်းနည်းတော့ မရှင်းသလိုဖြစ်နေခဲ့တယ်။ တော်လှန်သူများ ကိုယ်တိုင်က တော်လှန်ရေးအရှုံးကို ဆုံးဖြတ်မိသလို ဖြစ်တတ်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလားဆိုပြီးပါ။ နောက်ပိုင်းကျတော့ နိုင်ငံရေးချိန်ခွင်လျှာညှိဖို့မှာ အရေးကြီးဆုံးဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးအပေါ်မှာ ဒီမိုကရေစီ တော်လှန်ရေးသမား အချို့ရဲ့ ပြောဆို ဝေဖန်သံတွေကြားလာခဲ့ရတယ်။ “လက်နက်ကိုင်တော်လှန်ရေး ခေတ်ကုန်နေပြီ”၊ “လက်နက်ကိုင် တော်လှန်ရေးလုပ်တာ ဦးနှောက်မရှိသူတွေပဲလုပ်တာ” ဆိုပြီး ပြောဆိုသံတွေ ထွက်လာသလို “ဒီမိုကရေစီ […]


asiamastersNovember 8, 20101min05
လူသားဆန်မှုဆိုတာဘာလဲလို့မေးလေ့မေးထရှိပါတယ်။ လူသားဆန်မှုဆိုတာ လူသားတွေနဲ့တူတာကို ခေါ်တာပေါ့လို့ အလွယ်တကူပဲပြန်ဖြေလေ့ရှိပါတယ်။ လူတွေမှာ အမြင်တွေအမျိုးမျိုးရှိပါတယ်။ အမြင်တွေမှာအကောင်းမြင် (Optimism) နဲ့ အဆိုးမြင်(Pessimism) ဆိုြ့ပီးတော့နှစ်မျိုးရှိပါတယ်။ အဆိုးမြင်ဘက်ကကြည့်မယ်ဆိုရင် လူူသားတွေနဲ့ တူတယ်လို့ဆိုတဲ့နေရာမှာ မှတ်တမ်းတင်ခဲ့တဲ့သမိုင်းကိုလေ့လာရင် လူသားဆိုတာက ရက်စက်ကြမ်းကြုတ်သူတွေ၊ သူတစ်ပါးကိုသတ်ဖြတ်တတ်သူတွေ၊ လုယက်တတ်သူတွေ၊ အခွင့်အရေး ကိုအလွဲသုံးစားလုပ်တတ်သူတွေ၊ မိမိနဲ့ ဆွေမျိုးတွေကောင်းစားရေးပဲလုပ်တတ်သူတွေ၊ အဆင်ပြေနေချိန်ဆိုရင်ငြိမ်နေပြီး၊ အဆင်မပြေရင်ဆူဆူပူပူလုပ်တတ်သူတွေ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့လူတွေ၊ ဖေါက်ပြန်တတ်တဲ့လူတွေ၊ သစ္စာဖေါက်တတ်သူတွေ၊ လိမ်လည်တတ်သူတွေ၊ မုသားသက်သေလုပ်သူတွေ၊ ငွေကိုအာသာငန်းငန်းတက်နေသူတွေ၊ အာဏာကိုသာ ငန်းငန်းတက်လိုနေသူတွေ၊ ဘဝရည်မှန်းချက်ပန်းတိုင်ပျောက်ပြီး ဆင်းရဲတွင်းထဲမှာ တဝဲလည်လည် ဖြစ် နေသူတွေနဲ့ သာပြည့်နှက်နေတဲ့အတွက် လူတွေလို့ဆိုလိုက်ရင် ဒီပုတ်ထဲက ဒီပဲတွေပါပဲလို့ အမြင်ရှိကြမှာဖြစ်ပါတယ်။ တစ်ချို့ကလည်း လူသားတွေကို အကောင်းမြင်ပါတယ်။ လူသားတွေဟာ အလွန် ယဉ်ကျေးကြသူများဖြစ်တယ်။ ကိုယ်ချင်းစာစိတ်ရှိကြတယ်။ အပြန်အလှန်ကူညီလေ့ရှိကြတယ်။ ကတိသစ္စာတည်ကြည်သူများဖြစ်ကြတယ်။ အသိဉာဏ် […]


asiamastersNovember 4, 20101min05
လူသားတွေဟာ ကိုယ်ခန္ဒာ နဲ့ စိတ်နှစ်မျိုးရှိတယ်လို့ ဆိုကြပါတယ်။ ကိုယ်ခန္ဒာ က ထိတွေ့မြင်တွေ့နိုင်ပါတယ်။  စိတ်ကလက်ဆုပ် လက်ကိုင် ပြလို့ မရပါ။ ဒါပေမဲ့ စိတ် (Mind) ဆိုတာကလူသားတွေကိုဦးဆောင်သူဖြစ်ပါတယ်။ ဒီစိတ်ကြောင့်ပဲံလူသားတွေဟာ ပျော်ရွှင်ကြတယ်။ ဝမ်းနဲကြတယ်။ ကျိုုးစားကြတယ်။ အားလျှော့ကြတယ် အစရှိသည်ဖြင့် ခံစားမှုအမျိုးမျိုးနဲ့ရှင်သန်နေကြတာဖြစ်ပါတယ်။ လူသားတွေရဲ့စိတ်ဟာ အလွန်ထူးဆန်း လွန်း တဲ့အတွက်ကြောင့် ဆောင်းပါးတစ်ပုဒ်၊ စာအုပ်တစ်အုပ်လောက်နဲ့တော့ ပြည့်စုံအောင် မဖော်ပြနိုင်ပါဘူး။  ဒါပေမဲ့ ဒီစိတ်တွေကို လေ့လာရာမှာ အများအားဖြင့် Faith, Passion နဲ့ Perseverance ဆိုတဲ့စကားလုံး (၃) လုံးကိုတော့ သေသေချာချာနားလည်သဘောပေါက်ရန်လိုပါတယ်။ လူသားတွေ စိတ်ဓါတ်ခွန်အားများ ဖွံဖြိုးတိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတွေက ဒီစကားလုံးတွေအပေါ်မှာအများကြီး မူတည်တာဖြစ်ပါတယ်။ ပထမစာလုံးတစ်လုံးဖြစ်တဲ့ Faith ဆိုတာကို အင်္ဂလပ်စကားနဲ့ပြောရင် Great trust […]


asiamastersNovember 3, 20101min03
လူသားတွေမှာ ခွန်အားကြီးတာကောင်းသလား၊ ခွန်အားနဲတာကောင်းတာလားလို့ ဆိုတဲ့မေးခွန်းကို ဖြေတဲ့နေရာမှာ ခွန်အားနဲတာကောင်းတယ် လို့တော့ ဘယ်သူမှမဖြေကြပါဘူး။ ဒီတော့ခွန်အားကြီးတာကောင်းတယ်လို့ဆိုရမှာဖြစ်ပါတယ်။ လူသားတွေမှာရှိတဲ့ခွန်အားတွေကိုကိုယ်ကာယ ခွန်အား နဲ့ စိတ်ပိုင်းဆိုင်ရာခွန်အားဆိုပြီး နှစ်ပိုင်းခွဲနိုင်ပါတယ်။ ဒီခွန်အားနှစ်မျိုးစလုံးတိုးတက်လာမှသာ အမှန်တကယ်ခွန်အားကြီးသူတွေ ဖြစ်လာ ကြပါတယ်။ ဒီနေ့ခေတ်ကာလဟာ ပြိုင်ဆိုင်မှုနဲ့ဖေါက်ပြန်မှုတွေ အလွန် အားကောင်းလာတဲ့အတွက် ခွန်အား နဲပါးသူတွေ၊ ခွန်အားယုတ်လျှော့နေသူ တွေဟာ ဆက်ပြီးရှင်သန်ဖို့တောင်သိပ်မလွယ်ပါဘူး။ ပြိုင်ဆိုင်မှုဆိုတဲ့နေရာမှာ လူသားတစ်ဦးနဲ့ တစ်ဦးပြိုင်ဆိုင်မှုတွေသာမက လုပ်ငန်းငယ်လေးတွေလည်းပြိုင်ရမှာပဲ။ လုပ်ငန်းကြီးတွေလည်းပြိုင်ရမှာပဲ။ အဖွဲ့အစည်းတွေလည်းပြိုင်နေရတာဖြစ်ပါတယ်။ မပြိုင်နိုင်သူတွေဟာ ပြုတ်ပြတ်ပြီး ကျန်နေခဲ့တာပါပဲ။ ပြိုင်နိုင်မဲ့အနေအထားမျိုး သန်စွမ်းမှာသာလျှင် ရှင်သန်နေထိုင်နိုင်မှာဖြစ်ပါတယ်။ အင်္ဂလိပ်ဆိုရိုးလေးတစ်ခု ပြောရင် Survival of the fittest လို့ဆိုရမှာဖြစ်ပါတယ်။ သန်စွမ်းသူသာ ရှင်သန်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံးဟာ ကိုယ်ကာယခွန်အား ရော၊ စိတ်ဓါတ်အင်အားပါ အမြဲတိုးပွားနေအောင်လုပ်ဆောင်နေရမှာဖြစ်ပါတယ်။ ကိုယ်ကာယခွန်အားဘယ်လိုတိုးပွားအောင်လုပ်မလဲဆိုတာကစကြရအောင်။ […]


kaiOctober 31, 20101min06
No Vote ထက် Vote No လုပ်စေချင် အခုရွေးကေါက်ပွဲကလည်းအတော်လေးနီးလာပါပြီ။ ပြည်တွင်းကလူတွေကိုမေးကြည့်ရင် မဲထည့်ဖို့စိတ်မဝင်စားသူခပ်များများပါ။ ပြည်ပမြန်မာမီဒီယာတွေကမဲမထည့်ကြနဲ့ဆိုတဲ့ No Vote Campaign ကြောင့်လား၊ မဲပေးချင်တဲ့ပါတီဝင်ရောက်မယှဉ်ပြိုင်လို့လားတော့ သဲသဲကွဲကွဲမသိပေမယ့်ကျနော်ကတော့ No Vote ဆိုတဲ့မဲမပေးရေးထက်ထက် Vote No ဆိုတဲ့သူတို့အမတ်လောင်းကိုဆန့်ကျင်မဲပေးခြင်းက ပိုထိရောက်မယ်လို့ထင်ပါတယ်။ ဘာလို့ဒီလိုပြောရသလဲဆိုရင် အကယ်၍တစ်ခြားပါတီအားလုံးကသပိတ်မှောက်ပြီးကြံ့ခိုင်ရေးနဲ့ တဆညနှစ်ပါတီပဲပြိုင်ရင်တော့ No Vote ဆိုတဲ့မဲရုံကိုမဲသွားမပေးတာဟာအမှန်ကန်ဆုံးပါ။ မင်းတို့ဟာမင်းတို့လက်ဝါးရိုက်ထားတဲ့ရွေးကေါက်ပွဲပဲဘယ်သူမှမဲမပေးဘူးကွ ဆိုပြီးမဲမပေးခြင်းဖြင့်ကန့်ကွက်နိုင်ပါတယ်။ အခုအခြေအနေကတော့တစ်မျိုးပါ။ ပါတီ(၃၇)ခုက ရွေးကေါက်ပွဲကိုဝင်ပြိုင်မယ်။ ဒါပေမယ့်ခုနပြောတဲ့ပါတီကြီးနှစ်ခုကလွဲရင် ကျန်ပါတီတွေဟာ ဒီရွေးကေါက်ပွဲတ ရားမျှတပါတယ်လို့အစိုးရကလေသံဟစ်နိုင်အောင် ၊ပြောလို့ရအောင်ဝင်ပြိုင်တဲ့အနေအထားဖြစ်ပြီး မဲရဖို့အရွေးခံရဖို့မလွယ်ပါဘူး။ ကြံ့ခိုင်ရေးပါတီအတွက်တော့ကြိုတင်မဲတွေ၊သူတို့အဖွဲ့ဝင်တွေဆီကမဲရမှာအသေအချာပါ။ ဒါပေမယ့်ကျန်တဲ့ပါတီတွေကိုဘယ်သူတွေကမဲထည့်မှာလဲ။ သာမန်ပြည်သူတွေရဲ့မဲသာအဲဒီပါတီတွေကမျှော်လင့်ရမှာဖြစ်ပါတယ်။ ဒီလိုဆိုရင်သာမန်ပြည်သူပြည်သားတွေ(ဒီနေရာမှာသာမန်ပြည်သူပြည်သားဆိုတာကြို တင်မဲထည့်ရမယ့်အစိုးရဝန်ထမ်းတွေမပါ၊ ကြံ့ခိုင်ရေးပါတီဝင်မဟုတ်တဲ့ပြည်သူလူထုကိုပြောခြင်းဖြစ်ပါတယ်)ဟာမဲရုံတွေကိုသွားပြီး မဲထည့်သင့်တာပေါ့။သချင်္ာနည်းအရပြောရရင်မဲသွားမထည့်ခြင်းဟာအစိုရအတွက်(၀)မဲပါ။ မဲရုံကိုသွားပြီးသူတို့အမတ်ကိုကန့်ကွက်ပြီးကျန်တဲ့ထည့်ချင်တဲ့ပါတီကိုသာ ထည့်လိုက်ရင်အစိုးရအတွက်အဲဒီမဲဟာ အနှုတ်(၁)ပါ။ကျနော်မြင်တာကတော့အနှုတ်(၁)တွေများဖို့လိုပါတယ်။ တနည်းဆိုရရင်ကန့်ကွက်မဲတွေများဖို့လိုပါတယ်။ ပြည်သူတွေမဲလာမထည့်ပေမယ့်လာမထည့်တဲ့မဲတွေကို သူတို့အမတ်ကိုထောက်ခံတဲ့မဲအဖြစ် ထည့်ပစ်ဖို့အခြေအနေများနေပါတယ်။ နာဂစ်ကါလတုန်းကဖွဲ့စည်းပုံဥပဒေအတွက်အိမ်တွေမှာအမျိုးသမီးတွေကိုချည်းရွေးခေါ်ပြီး […]


kaiOctober 31, 20101min00
မြန်မာစကားဟာ မပြည့်စုံတာတွေနဲ့ ခေတ်နဲ့အမှီမလိုက်နိုင်ဖြစ်နေခဲ့တယ်ဆိုတာ ရေးခဲ့ဖူးတယ်..။ ဥပမာ နိုင်ငံရေးဆိုတာကိုပဲကြည့်။ပါတီနိုင်ငံရေး။ အမျိုးသားးနိုင်ငံရေး။ နိုင်ငံရေးသမား။ နိုင်ငံရေးလုပ်တယ်။ နိုင်ငံရေးလှုပ်ရှားတယ်..။ ဒီဟာတွေထဲ မပြည့်စုံတာနဲ့ပြည့်စုံနေခဲ့တယ်..။ ကမ္ဘာမှာတော့ Political Spectrum အစိတ်အပိုင်းတွေခွဲထားတာ အများကြီးရှိပါတယ်။ မြန်မာတွေရော မခွဲသင့်ကြဖူးလား။ မြန်မာပြည်ကိုအုပ်ချုပ်ခဲ့တဲ့ အုပ်ချုပ်နေတဲ့။ အုပ်ချုပ်မဲ့ခေါင်းဆောင်တွေက ဘယ်နေရာဘယ်အပိုင်းထဲရှိသလည်း မခွဲသင့်ဖူးလား။ သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ သခင်သန်းထွန်း၊ သခင်စိုး၊ သခင်သိန်းဖေမြင့်၊ ဦးနေဝင်း၊ ဦးကျော်ငြိမ်းတို ့… ဘယ်နေရာတွေလည်း မသိသင့်ဖူးလား.။ ဒေါ်အောင်ဆန်းစုကြည်၊မင်းကိုနိုင်၊ ဦးစိန်ဝင်း၊ ဦးမောင်မောင်၊ ဦးအောင်ကြီး၊ ဦးအောင်ရွှေ၊ ဦးတင်ဦး၊ ဒေါက်တာသန်းငြိမ်း၊ ဦးခင်မောင်ဆွေ၊ ဦးဌေးဦး၊ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ၊ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ … အများကြီးပဲ..။ အောက်က ပုံစာတွေကိုးကားကြည့်ပြီး ..ဖြေကြည့်ပါလား..။ ကိုယ့်ကိုယ်ကိုယ်လည်း ဖြေကြည့်ပေါ့နော..။ဘယ်လိုခွဲကြည့်ရမလည်း မသေချာရင် […]


kaiOctober 30, 20101min08
ယုန် ပုံပြင် တခါတုန်းက တောအုပ်လေးတခုမှာ ယုန် အသိုင်းအဝိုင်းလေး တခုရှိတယ်။ သူတို့တတွေက အေးအေးချမ်းချမ်းလေး နေပြီး တောအုပ်ထဲက တခြားတောကောင်တွေနဲ့လဲ မရောပဲ သီးခြားလေးနေလေ့ရှိတယ်။ ဒါပေမယ့် တောအုပ်ထဲမှာ ဖြစ်ပျက်နေတာတွေကို လုံးဝ မျက်ချေပြတ်နေတာတော့ မဟုတ်ဘူး။ ဟိုးနား၊ ဒီနားတောလည်သွားရင်း ကြားလာရတဲ့ သတင်းတွေကို ယုန်လေးတွေ အချင်းချင်း ပြန်မျှဝေတတ်ကြတယ်။ ယုန်လေးတွေ ပြောနေတာကို နားထောင်ပြီး၊ ယုန် ဖိုးဖိုး၊ ဖွားဖွားကြီးတွေက အကဲဖြတ် သုံးသပ်ချက်တွေ ပေးတတ်ကြတယ်။ ယုန်လေးတွေကလဲ ပညာရှိ ဖိုးဖိုး၊ ဖွားဖွားကြီးတွေရဲ့ စကားလုံးတွေကို တလေးတစားနဲ့ နားထောင်တတ်ကြတယ်။ ဒါပေမယ့် ယုန်လေးတကောင်ကတော့ ဒီလို မဟုတ်ဘူး။ ဖိုးဖိုးတို့ တွေးတာတွေက တကယ့်လက်တွေ့နဲ့ ကိုက်မှာ မဟုတ်ဘူးလို့ အမြဲသံသယ ရှိနေတတ်တယ်။ ပညာရှိများ […]


kaiOctober 28, 201037min00
အတွေးအခေါ်နှင့် လမ်းစဉ် (ခင်မမမျိုး) နိဒါန်း လူတယောက်၏ ဘဝလမ်းကြောင်းတွင်ဖြစ်စေ၊ နိုင်ငံရေးလမ်းစဉ်များတွင်ဖြစ်စေ အတွေးအခေါ်က အဓိကကျလေသည်။ အတွေးအခေါ် ရှင်းလင်းမှသာ လုပ်ဆောင်ရမည့် လမ်းကြောင်းကို သတ်မှတ်ရွေးချယ်နိုင်သည်။ တိကျစွာ အကောင်အထည်ဖော်နိုင်သည်။ အတွေးအခေါ် ရှုပ်ထွေးနေလျှင် လမ်းစဉ်များကလည်း ဝေဝါးနေတတ်သည်။ အကောင်အထည်ဖော်ဆောင်ရာတွင်လဲ တိကျပြတ်သားမှု မရှိဖြစ်တတ်သည်။ ကြံတိုင်းမမြောက်ပဲ လုပ်တိုင်း မအောင် ဖြစ်လေ့ရှိသည်။ အချို့က လမ်းစဉ်ကို ရွေးချယ်ပြီးမှ အတွေးအခေါ်ကို လိုက်လံ စဉ်းစားတတ်သည်။ ပုဂ္ဂိုလ်ခင်မှ တရားမင်တယ် ဆိုသော စကားလုံးကား ဤသို့သော အခြေအနေကို ဆိုလိုရင်း ရှိဟန်တူသည်။ လမ်းစဉ်ကို အရင် ရွေးချယ် ထားခြင်း မရှိပဲ လေးစားရင်းစွဲရှိနေသော လူပုဂ္ဂိုလ်တဦးတယောက် (သို့မဟုတ်) အဖွဲ့အစည်း တခု၏ ဦးဆောင်မှုနောက်ကို လိုက်ပါခြင်းဖြစ်သည်။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုများနှင့် ပုဂ္ဂိုလ်စွဲ၊ […]


weiweiOctober 27, 20101min020
မနေ့က မြန်မာစာကိုမေးထားလို့ ဒီနေ့ သချင်္ာမေးကြည့်မယ်။ ကီလို ၄ဝ ရှိတဲ့ ကျောက်တုံးတစ်တုံးရှိတယ်။ အဲဒီကျောက်တုံးကို ၄ ပိုင်းပိုင်းမယ်။ အဲဒီအပိုင်းတွေနဲ့ ချိန်ခွင်မှာ အလေးအဖြစ်သုံးမယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက အဲဒီအပိုင်းတွေကို သုံးပြီး ၁ ကီလို , ၂ ကီလို , ၃ ကီလို , ၄ ကီလို ကနေ …….. ၃၈ ကီလို, ၃၉ ကီလို , ၄ဝ ကီလိုအထိ ကိန်းဂဏန်းအားလုံးအတွက် ချိန်တွယ်နိုင်ရမယ်။ အဲဒီအပိုင်း ၄ ပိုင်းကို ဘယ်လို ပိုင်းဖြတ်ကြမလဲ ????


weiweiOctober 26, 20101min015
မြန်မာစာတွေ မြန်မာစကားတွေအကြောင်း ဆွေးနွေးကြတာနဲ့ သတိရသွားလို့ ဉာဏ်စမ်းလိုက်အုန်းမယ် ….. မြန်မာစကားထဲက စကားလုံး (၅) လုံးပါတယ့် စာကြောင်းတစ်ခု။ ရှေ့ကနေစဖတ်လဲ ဒီအဓိပါယ်ပဲ နောက်ကနေ ပြောင်းပြန်ပြန်ဖတ်လဲ ဒီအဓိပါယ်ပဲ။ အဲဒါဘာလဲ ?????


kaiOctober 22, 20108min08
နိုင်ငံရေးစစ်မျက်နှာ – ခင်မမမျိုး ရောမရောက်လျှင် ရောမလို ကျင့်ရမည်ဟု ရှေးလူကြီးများက အဆိုအမိန့်ထားရစ်ခဲ့ကြသည်။ သို့ပေမယ့် ရောမလို ကျင့်ဖို့က ရောမ ရောက်နေမှန်း အရင်သိဖို့ လိုအပ်သည်။ ရောမရောက်နေသည့် အခြေအနေမှန်ကို လက်ခံနိုင်ဖို့ လိုအပ်သည်။ သို့မှလဲ ရောမလို ကျင့်ကြံနိုင်မည် ဖြစ်သည်။ သဘောင်္ပျက်၍ ကျွန်းတကျွန်းပေါ် ရောက်နေသူသည် အုန်းသီးရသည့်အခါ အုန်းရေကို မော့သောက်နိုင်ဖို့အတွက် မိမိအခြေအနေမှန်ကို သိနေဖို့ လိုအပ်သည်။ အပန်းဖြေခရီးထွက်သကဲ့သို့ အုန်းရေစုပ်သောက်ရန် ပိုက်လိုက်ရှာနေလို့ မရ။ အင်္ဂလန်မှ ဟိုတယ်သို့ လာပြီး ငါးပိစားချင်တယ် ပြော၍ မရသလို၊ ရေဘေးကယ်ဆယ်ရေးဖြင့် သွားရသည့် ရွာမှ အကောင်းဆုံး ဖျာကြမ်းလေးပေါ်တွင် ထိုင်ရင်း ဆိုဖာပေါ်ထိုင်ရရင် ကောင်းမည်လား ဟု စိတ်ကူးယဉ်နေ၍လည်း မရ။ မိမိရောက်နေသည့် နေရာ၊ […]