kaiNovember 26, 20101min033
ဥက္ကာခဲ အမှတ် RX3286 သည် နေစင်္ကြာဝဌာထဲ တနာရီမိုင်း ၁သန်း၃သိန်းနှုန်းဖြင့် ဝင်ရောက်နေသည်ဟု နာဆာမှ ကြိုတင်တွက်ထားသည့်ရလဒ်များအရဆိုပါသည်။ အဆိုပါဥက္ကာခဲသည် ကမ္ဘာ့မြေသို ့ဒီဇင်ဘာ ၄ရက်နေ့ ၂၀၁၀၊ ည ၁ဝနာရီ ၁ဝမိနစ်တိတိတွင် ဝင်ရောက်တိုက်မိမည်ဖြစ်ပြီး ကမ္ဘာ့လူဥိးရေ သန်း၆ထောင်၏အသက်ကို နာရီပိုင်းအတွင်း ဖဲ့ခြွေယူသွားမည်ဟု သိပ်ပံပညာရှင်အားလုံးလိုလိုကသဘောတူလက်ခံထားပါသည်။ ကျန်လူသားနှင့်သတ္တဝါများမှာ အလွန်ဆုံး ရက်ပေါင်း၃ဝအတွင်း ကြီးမားလှသောဒီရေလှိုင်းများနှင့်ငလျှင်၊မီးတောင်ပေါက်ကွဲမှုတို့ကြောင့် သေဆုံးကြမည်ဖြစ်သည်ဟု တွက်ချက်ထားချက်များအရသိရှိရသည်။ အဆိုပါဥက္ကာပျံဝင်ရောက်လာမည်ကို သိရှိချင်းမှာ လွန်ခဲ့သော လအနည်းငယ်မျှသာဖြစ်သဖြင့် လူအများ စိုးရိမ်ကြောင့်ကျမှုကြီးစွာဖြင့် ဆောက်တည်မရဖြစ်ကြမည်စိုးရိမ်မိပါသဖြင့်  ကြိုတင်အသိပေးကြေညာမှုမပြုခဲ့ခြင်းဖြစ်ပါသည်ဟု ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဘန်ကီမွန်းကလည်း ကမ္ဘာသူကမ္ဘာသားများသို ့ယနေ့ပြောဆိုလိုက်ပါသည်။ အမေရိကန်ပြည်ထောင်စုမှ အာကာသလွန်းပျံယဉ်များသည် လကမ္ဘာပေါ်တွင်တည်ဆောက်ပြိးဖြစ်သော အခြေစိုက်စခန်းသို့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များနှင့် သက်ရှိသတ္တဝါနှင့် သစ်ပင်မျိုးစိတ် ထောင်ပေါင်းများစွာကို သယ်ဆောင်မည်ဖြစ်သော်လည်း အားလုံး၏အရေအတွက်ပေါင်းမှာ ၁သိန်းတိတိသာလျှင်ရှိသည်..။ ကဲ.. တကယ်ကြီးကို ကမ္ဘာပျက်မယ်ဆိုပါတော့..။ […]


naywoon niNovember 24, 20101min07
အလှူတစ်ခုကိုပေးလှူတာကုသိုလ်ရချင်လို့လား?ဂုဏ်ရှိချင်လို့လား?ငါလှူနိုင်တယ်ဆိုတာပြချင်လို့လား? တစ်ဖက်သားရဲ့လိုအပ်ချက်တစ်စုံတစ်ရာအဆင်ပြေသွားအောင်လို့ပေးလှူတာလား?အလွန်ပဲဆင်ခြင်ဖို့ကောင်းပါ တယ်..။ခုတော့သူများလှူလို့ဘာမသိညာမသိနဲ့အပြိုင်အဆိုင်လိုက်လှူ..။ဂုဏ်တုဂုဏ်ပြိုင်တွေလိုက်လုပ်……… မလိုအပ်တဲ့မအပ်မရာတွေလိုက်ထည့်..။ဆိုင်လားမဆိုင်လားမစဉ်းစားကြတော့ဘူး..။ရှေ့ကလူထက်သာဖို့ပဲစဉ်းစား အဲဒိလိုနဲ့အလှူရဲ့ရည်ရါယ်ချက်တွေက..ကမောက်ကမတွေဖြစ်ကြ..။ဘယ်နေရာဘာလှူသင့်တယ်ဆိုတာမကြည့်.. (ရဟန်းသံဃာဆိုတာကဝိနည်းသက္ခာပုဒ်တွေနဲ့အညီနေကြရတာမတွက်ပဲလူတွေလိုပဲသဘောထားပြီးလောကီဇိမ်ခံ ပစ္စည်းတွေလှူနေကြတာ…ကုသိုလ်ကနေအကုသလိုလ်ဖြစ်တတ်တယ်ဆိုတာကိုမတွေးကြဘူး..။)လှူတိုင်းကုသိုလ်ရ တယ်အောက်မေ့ပြီးလုပ်ချင်တာတွေလုပ်နေကြတာ…ပြောမဲ့တားမဲ့သူမရှိ..။ ကျောင်းတစ်ကျောင်းမှာလျှပ်စစ်အားသွင်းခြင်သတ်တဲ့ဘက်တံလှူထားတာတွေ့ခဲ့ဖူးပါတယ်…။ဒါဟာဖြစ်သင့်ပါသလား? စဉ်းစားကြည့်ဦးနော်….။အလှူခံပုဂ္ဂိုလ်ကဘာပြောရမလဲ…။သူများလှူသမျှလက်ခံေပေးရမယ့်ဝိနည်းရှိနေပြီသားကိုမအပ်စပ်တော့ လည်းပြန်စွန့်ပေါ့…ဒါပေမဲ့သတ္တဝါသတ်တဲ့လက်နက်ဖြစ်နေလို့မစွန့်ပဲဒီအတိုင်ပဲထားလိုက်ရပါသတဲ့..။ နောက်ရှိတာတွေပြောနေရရင် မကုန်နိုင်တော့ဘူး..။ ဆရာတော်ညွှန်ပြခဲ့ပထမအချက်အတိုင်း ဘယ်နေရာမှာဘာလှူသင့်တယ်ဆိုတာမြင်သာပါပြီ…ဘယ်လိုစိတ်မျိုးနဲ့လှူရမယ် ဆိုတာရောပေါ့……….။ ဒါဆိုကျွန်တော်တို့တစ်တွေကုသိုလ်လုပ်ရင်းနဲ့ဒါမဟုတ်အမှတ်တစ်မဲ့ပြုလုပ်လိုက်မိတဲ့အကုသိုလ်လေးတွေပြောကြည်ံကြရ အောင်….။ ဒါကပိုအရေးကြီးပါတယ်……ဘာသာရေးအမြင်နဲ့တင်မဟုတ်ပဲကျွန်တော်တို့လည်းကမ္ဘာကြည့်ကြည့်မြင်ကြည့်ပြီးအကုသိုလ် ဆိုတာကိုဆန်းကြည့်ရအောင်……။ ဘာလိုလဲဆိုတော့နေ့စဉ်လူနေမှုဘဝတွေထဲမှာဖြစ်ပျက်နေတဲ့ကိစ္စတွေဟာကိုယ်ကောင်းစားရေးကိုသာကြည့်နေကြတာတွေ များနေလို့ပါ..။အကုသိုလ်ဆိုတာ..ကုသိုလ်ရဲ့ဆန့်ကျင်ဘက်လိုပြောတဲ့သူများပါလိမ့်မယ်..။ကျွန်တော်ကတော့ဒီလိုမတွက်ချင်ပါဘူး..။ အကုသိုလ်ဆိုတဲ့ကိစ္စဟာအချိန်မရွေးနေရာမရွေးထိုးဖောက်နိုင်တဲ့အရာမျိုးပါ..။ဘယ်လိုလဲ?ကျွန်တော်တို့ရဲ့စိတ်ကူးတွေကအချိန်နဲ့ အမျှပြောင်းလဲနေကြတာပါ..။ခုချိန်စိတ်ကောင်းဝင်ပြီးခဏနေရင်ညစ်ချင်တာမျိုး..။ပြီးတော့ကျွန်တော်တို့ဟာအမြဲတမ်းအနိုင်လိုချင်တဲ့ ဘယ်သူကိုမဆိုအသာစီးရချင်တဲ့စိတ်အခံလေးကလည်းရှိနေတာပဲ..။ကိုယ်ပြေလည်ရင်ပြီးရောဆိုတဲ့သဘောနဲ့အဆင်ပြေရာလုပ်နေ ကြတာကအများစုပါ..။ ဒီကနေ့ဘာတွေတွေ့လာရသလဲ?ဆီဈေးတက်လာတော့စားအုန်းဆီနဲ့နှမ်းဆီ..ပဲဆီရောလာတယ်..။ဒါကပြဿနာသိပ်မရှိသေး ဘူး..။စားအုန်းဆီမှာအရောင်တင်ဆီလို့ခေါ်တဲ့ဆီတစ်မျိုးရောနေကြတာကြာတော့ကြာပါပြီ….။သစ်သားအရောင်တင်တဲ့ဆီမျိုးလို့ပြောပါတယ်..။ နားလည်သူများဆန်းစစ်ကြည့်ကြပါဦး..။ နောက်တစ်ခုကအလှူတွေမှာ…လာရောက်လုပ်ကိုင်ပေးတဲ့သူတွေအရက်တိုက်တဲ့ကိစ္စ…….။ အရက်ဆိုတာလှူရမဲ့အရာမဟုတ်သလိုလှူလို့လဲကုသိုလ်မရပါဘူး..။ကိုယ်ကတိုက်လိုက်လို့တစ်စုံတစ်ယောက်ပြဿနာဖြစ်သွားရင် ကိုယ်ကသာအကုသိုလ်တိုးပါတယ်..။ဒီလိုပဲနေ့စဉ်လူနေမှုထဲမှာအရက်သမားတွေအရက်ဖိုးလိုက်တောင်းရင်လက်လွယ်လွယ်ပေးတတ်တဲ့ အကျင့်……ကိုယ်ကသူငယ်ချင်းမို့ပေးလိုက်တာမျိုး..။မပေးရင်ထွက်သွားမှာမဟုတ်လို့ပေးလိုက်တာမျိုးတွေရှိမှာပါ..။ နောက်မေတ္တာပို့နေရင်းကြွေးတောင်းနေတဲ့အဘွားကြီးတွေ့ဖူးသေးတယ်…။”အရှေ့အရပ်၌ ရှိသော…….မောင်တင်အေးကြွေးလာမပေးသေးဘူး”တဲ့လေ…….သူမေတ္တာပို့နေရင်းနဲ့ရစရာရှိတဲ့အကြောင်းတွေစဉ်းစားနေရင်းအဲဒိလို အသံထွက်သွားတာလေ……. အဲဒိလိုမေတ္တာပို့နေလို့ကော….ဘယ်သတ္တဝါတွေသူ့မေတ္တာရတယ်လို့မကြားမိပါဘူး..။မေတ္တာပို့တယ်ဆိုတာအဲဒိလောက်လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး..။တော်တော်လေးကိုစိတ်သန့်ရှင်းနေသူဖြစ်ပါမှထိရောက်ပါတယ်..။မဟုတ်ရင်အကုသိုလ်ပွားနေတာနဲ့မထူးပါဘူး..။ ဒါကိုအလွယ်တစ်ကူလုပ်လို့ရတယ်ထင်ရင်မှားပါလိမ်ံ့မယ်..။ ကျွန်တော်ပြောတာမဟုတ်ဘူးထင်ရင်အနားမှာရှိတဲ့စာတတ်ပေတတ် ဘုန်းတော်ကြီးတစ်ပါးပါးကိုမေးလျှောက်ကြည့်ပါ….။။အသံထွက်ကောင်းရုံရွတ်ဖတ်နေလို့ကုသိုလ်မရပါဘူး..။ကျွန်တော့ကိုခရစ်ကနေ ပြောင်းလာတဲ့ကိုယ်တော်တစ်ပါးမိန့်ကြားဖူးလို့ပါ..။သူကဘယ်လောက်ထိပြောခဲ့လဲဆိုအဲဒိလိုအသံထွက်ကောင်းရုံလူထင်ကြီးခံရရုံ.(ဘာသာရေးတွေလုပ်နေတယ်ဆိုတဲ့ဂုဏ်ပုဒ်ကလည်းလိုချင်သေးတာကိုး) ရွတ်ဖတ်ပြနေလို့ကတော့ပါးစပ်ပဲသစ်ခေါင်းဖြစ်သွားမယ်..။ဘာမှတော့ရမှာမဟုတ်ချေဘူးတဲ့ခင်ဗျ….။ နောက်သရဏဂုံကိစ္စ ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေဟာ…ဘာသာကူးပြောင်းသွားတဲ့အခါမှာသရဏဂုံပျက်ပါတယ်..။အသိစိတ်ကုန်ပြီးအသက်ပျောက် သွားတဲ့အခါမှာလဲသရဏဂုံပျက်ပါတယ်..။နတ်တွေကိုအယုံကြည်လွန်ရင်လည်းပျက်ပါတယ်..။ဒီတော့သုဿန်မှာ သရဏဂုံတင်တဲ့ကိစ္စ…သေသူကလိုက်မဆိုနိုင်ရင်သရဏဂုံမတည်ပါဘူး..။အော်……..မောင်နေရယ်……… .သေသူကတော့ဘယ်လိုက်ဆိုတော့မလဲလို့မပြောပါနဲ့…အစဉ်အလာအတိုင်းပဲဆိုပြီး…….လှေနံဓားထစ်နေလို့ပြောနေရတာပါ..။ ဒီတော့အဲဒိအပိုအလုပ်ကိုဘယ်သူကမှစဖောက်ရဲကြဘူး..။ဒါဆိုဘုန်းတော်ကြီးတွေကဘာလို့မပြောလဲ…သွားရန်မရှာပါနဲ့..။ ဒါကလည်းအကြောင်းရှိပါတယ်..။သုဿန်ဆိုတဲ့နေရာမျိုးဟာမကျွတ်မလွတ်သူတွေရှိတတ်တဲ့နေရာမျိုးပါ……..အဲဒိလိုနေရာမျိုးမှာ.. အမျှဝေလို့သာဓုခေါ်လိုက်ရရင်..သူတို့အဖို့အကျိုးရှိနိုင်တယ်လို့ယူဆထားကြလို့ပါ..။အသုဘရှင်ကိုတော့တည့်တည့်ပြောမှာမဟုတ်ပါဘူး..။ ဘာလို့လဲဆိုတော့ပူဆွေးဝမ်းနဲနေတဲ့ကျန်ရစ်သူမိသားစုကိုဒီလိုသွားပြောကြည့်ပါလား…….ဘယ်လက်ခံမလဲ…ဒီလိုအကျိုးရှိနိုင်လို့ အလှူရှင်ကျေနပ်အောင်လိုက်လုပ်ပေးနေတဲ့ကိစ္စကို..အိမ်မှာတင်သရဏဂုံတင်လိုက်ကြသတဲ့ဗျာ…ကောင်းရော….အိမ်နားကျောင်းနား ဆိုတာကအဆင့်မြင့်တဲ့ပြိတ္တာတွေပဲနေနိုင်တာမျိုး..။အမျှဝေတာနေ့တိုင်းရနေပြီးသားကိစ္စ..။ အင်းပြီးတော့အင်တာနက်စာမျက်နှာတွေပေါ်မှာ…..ခြင်ထောင်ခန်းတွေပွင့်ပွင့်လင်းလင်ရေးနေတဲ့ကိစ္စ […]


kaiNovember 24, 201026min00
ဒိုင်ယာလော့ခ်နှင့် မြန်မာပြည် ပြည်တွင်းရေး ပဋိပက္ခ (intra-state conflict) တွေမှာ ဖြစ်ဖြစ်၊ နိုင်ငံအချင်းချင်းအကြားမှာ ဖြစ်ပွားတဲ့ ပဋိပက္ခ (inter-state conflict) တွေမှာပဲဖြစ်ဖြစ် ဒိုင်ယာလော့ခ်ဆိုတဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းကို ပဋိပက္ခဖြေရှင်းရေးနည်းလမ်း တခုအနေနဲ့ အသုံးပြုလေ့ရှိကြပါတယ်။ နိုင်ငံရေးအယူအဆကွဲပြားမှု၊ လူမျိုးရေး ကွဲပြားမှု၊ ဘာသာရေး အယူဝါဒ ကွဲပြားမှု စတာတွေကနေ ပဋိပက္ခတွေ ဖြစ်ပွားလာတဲ့အခါ တဘက်နဲ့တဘက် ရန်သူလို သဘောထားလာကြတဲ့ ပဋိပက္ခ ဝန်းကျင်အတွင်းမှာ တူညီတဲ့ ဘုံသဘောထားတွေ ရှာဖွေဖို့နဲ့ ကွဲပြားခြားနားမှုတွေအကြား ညှိနှိုင်းဆွေးနွေး အဖြေရှာဖို့ ဒိုင်ယာလော့ခ်တွေ ပြုလုပ်ကြရပါတယ်။ ဒိုင်ယာလော့ခ်တွေ ပြုလုပ်ရင်းနဲ့ ပဋိပက္ခဖြစ်ပွားရတဲ့ အခြေခံ အကြောင်းရင်းတွေထဲက လိုအပ်ချက် (needs) တွေနဲ့ အကျိုးစီးပွား (interests) တွေကို ဖော်ထုတ်ပြီး ပဋိပက္ခမဟုတ်တဲ့ တခြား […]


naywoon niNovember 22, 20101min09
ဘာကြောင်ံဆင်းရဲရသလဲပြောရင်းစိတ်ဆင်းရဲရတဲ့အကြောင်းပြောချင်သေးတယ်…ဒါကတော့ကြားဖူးချင်လည်းကြားဖူးကြ မှာပါ…။နန်းမတော်မယ်နုနဲ့ဆရာတော်ဦးဗုဓ်စကားပြောခန်းလေး…..နန်းမတော်မယ်နုကတိုက်ကျောင်းကြီးဆောက်ပြီးဆရာတော်ကို ကိုးကွယ်ပါသတဲ့…။ဒါပေမဲ့ဆရာတော်ကသူမကိုစကားတစ်ခွန်းမှမပြောပဲသူ့အလုပ်သူပဲလုပ်နေတာပဲ….ကြာလာတော့နန်းမတော်ကြီး ကစားမရှိစကားရှာပြီးတင်လျှောက်ပါသတဲ့…။ “တပြည့်တော်ဒီကျောင်းကြီးကိုဆောက်လှူဒါန်းတာသုံးသိန်းကျော်ကုန်ပါတယ်ဘုရား…။နောင်လည်းဆောက်လုပ်လုပ်လှူဒါန်းဖို့ ကျန်ပါသေးတယ်….။ဒါနဲ့တင်အားမရသေးဘဲပစ္စည်းလေးပါးကိုလည်းမပြတ်ဆက်လက်လှူဒါန်းဦးမှာပါ..ဒီကောင်းမှုတွေအတွက်ကုသိုလ် တွေဘယ်လောက်များရနိုင်ပါသလဲဘုရားလို့လျောက်သတဲ့” ဆရာတော်ကဘာပြောတယ်ထင်သလဲ?ရေတစ်ခွက်အပြည့်သွားခပ်ချုင်းသတဲ့…။ပြီးတော့အဲဒိရေခွက်ကိုအကုန်သွန်ခိုင်းလိုက်သတဲ့ ပြီးမှဆရာတော်က “မယ်နု…..နင်လှူလိုက်လို့ကုန်သွားတဲ့ပစ္စည်းဥစ္စာကသွန်ပစ်လိုက်တဲ့ရေပမာဏနဲ့တူတယ်..။ကုသိုလ်ကတော့ရေခွက်မှာကျန်တဲ့ ပမာဏလောက်ပဲ” လို့ပြောလိုက်သတဲ့……။ အင်းမိဖုရားလှူတဲ့အလှူနော်….ဘယ်လောက်များကောင်းချီပေးဖို့ကောင်းလဲ? ဒါပေမဲ့အမှန်တရားဘက်သာလိုက်တဲ့ဆရာတော်ကမှန်တာပဲပြောလိုက်တယ်……..ဟုတ်သလေ.။မိဖုရားလှူတာဆိုပေမဲ့ကုသိုလ်ရဖို့ရှေ့တန်း တင်ပြီးလှူတာ…။ပါရမီမထိုက်ပါဘူးတဲ့ခင်ဗျား…..အလှူခံပုဂ္ဂုလ်ကောင်းကျိုးကိုသာရှေ့တန်းတင်ပြီးလှူမှပါရမီထိုက်ပါသတဲ့……………..။ ခုခောတ်အလှူများပြောပါတယ်……ဒီလိုဆရာတော်မျိုးနဲ့တွေ့လိုက်စမ်းစေချင်တယ်……အဲဘွာတေး..ရှိလိုက်သမှပေါမှပေါတစ်ပါးတောင်မဟုတ် ဆရာတော်များဟောနေပြောနေလည်းဟောတုန်းခဏပါပဲ……ကျွန်တော်တို့တွေကကိုပကာသနတွေမက်မောပြီးတော့ဟိုလုပ်ဒီလုပ်ရှောက်လုပ်နေကြ တာမဟုတ်လား…..။ဒီတော့လှူတယ်ဆိုတဲ့နေရာမှာဘာကိုပဲလှူလှူစိတ်ထားတတ်ဖို့အရေးကြီးပါတယ်…..။ပြောသာပြေရတယ်ကျွန်တော်ကောဘာ ထူးလဲ..။ဒီပုတ်ထဲကဒီပဲ..ဒီနေ့ဆူးမတို့ရေလှူတယ်ပြောတယ်..ဘယ်လိုလှူလိုက်သလဲမသိဘူး..။ဒါပေမဲ့သူကဆရာလးပဲလှူတတ်မှာပါ………….. နောက်ဆက်ပြောချင်တာကတော့ဦးပုညရေးခဲ့တဲ့သူအိုမကြီးဇာတ်ပါ….ကျွန်တော်ဒုတိယနှစ်မှာနှစ်ခါပြန်ကျက်ခဲ့ရပြီးရေရေလည်လည်ဖြေခဲ့ရတာ မှတ်မိနေသေးတယ်…..။ဖတ်ရင်းနဲ့အိပ်ပျော်သွားမှာလဲစိုးရသေးတယ်………။အဲဒိဇာတ်က(၅၅၀)ဇာတ်တော်ထဲကပါ..။ဒါပေမဲ့တစကယ့်ဇာတ်တော်က ၅၅၀-မပြည့်လို့ထပ်ဖြည့်ထားတဲ့ဖြည့်စွက်ဇာတ်ပါ…..၃-ဇာတ်လားမသိဘူး…ဘရားရှင်လက်ထက်တော်ကထူးခြားတဲ့အကြောင်းတွေကိုဇာတ်ဖွဲ့ပြီး ထပ်ဖြည့်ခဲ့လို့ပါ…… ပြောချင်တာကအဲဒိဇာတ်ထဲမှာပါတဲ့သူအိုမကြီးကဆင်းရဲသူပါ…။အိမ်တစ်ကာလှည့်လည်ပြီးခိုင်းသမျှလုပ်ပြီးပေးသမျှယူရသူပါ..။တစ်နေ့ကျ တော့မြို့ထဲမှာဆူဆူ…ဆူဆူနဲ့မို့စုံစမ်းကြည့်လိုက်တော့ဘုရားရှင်သီတင်းသုံးရာကျောင်တော်ကနေစာရေးတံမဲနှိုက်ပြီးရဟန်ဒတွေပင့်ပြီးပြန်လာတာတွေ့ တာနဲ့သူလည်းဒီလိုလှူရရင်ကောင်းမှာပဲဆိုတဲ့စိတ်ကူးဝင်လားပြီး..အလုပ်တွေကိုပြီးအောင်မြန်မြန်လုပ်ပြီးအိမ်ပြန်လာတာပေါ့..။ရလာတဲ့ဆန်ရင်းကိုဆွမ်း အတွက်ချက်….ဆန်ကွဲကိုရာဂုကြို..ဟင်းအတွက်တော့နီးစပ်ရာဟင်းသီးဟင်းနှံနဲ့ပေါ့..။သူလည်းသူတတ်နီုင်သလောက်ချက်ပြုတ်ပြင်ဆင်ပြီးအဲဒိမှာဇေတဝန် ကျောင်းနဲ့တူရဲ့..။စာရေးတံမဲနှိုက်ဖို့အပြေးလာတာပေါ့…။ကျောင်းရောက်တော့ကျောင်မှာတွေ့တဲ့စာရေးတံမဲချတဲ့သူတွေကိုအကျိုးအကြောင်းပြောပြတော့ တာဝန်ရှိသူတွေကလည်းစိတ်မကောင်းဘူးပေါ့…။ရှင်သာရပုတ္တရာကိုယ်တော်ကြီးကလွဲပြီး..ရဟန်းတစ်ပါးမှမဲချဖို့မကျန်တော့တာကို..။အဲဒါနဲ့ပဲ “စာရေးတံမဲချဖို့လက်ယာရံကိုယ်တော်ကြီးတစ်ပါးပဲထီးထီးကျန်တော်မူတယ်…။အဲဒါသွားပင့်ကြည့်ချေတော့.။သူသနားလို့ဆွမ်းပင့်လိုက်တော်မူလျှင် ပင့်ချေတော့” လို့ပြောလိုက်တယ်..။သူအိုမကြီးလည်းဝမ်းသာသွားတာပေါ့….။လက်ယာရံကိုယ်တော်ကြီးဆိုတော့…….။ဒါပေမဲ့စိုးရိမ်စိတ်ဝင်သွားတယ်….. သူကသူဆင်းရဲမကြီး..။ပင့်ဖိတ်သားများဖြစ်နေလေမလား…ပေါ့။ခြေလှမ်းတွေလေးသွားတယ်.။ဒါပေမဲကမဖြစ်ချေဘူး.။ဒီနေ့ဆွမ်းလှူဖို့ရာကျိုးစားထားတဲ့ ဆွမ်းပွဲကိုအချည်းနှီးမဖြစ်စေရဘူးပေါ့….။ဒါပေမဲ့ကိုယ်တော်ကြီးကသိတော်မူတယ်……။ဒါကြောင့်သူအိုမကြီးကိုမြင်လျှင်ပဲသူ့သပိတ်ကိုကမ်းပေးတော်မူသတဲ့ သူအိုမကြီးလည်းဝမ်းသာအားရနဲ့သပိတ်လေးပိုက်ပြီးအိမ်ကိုပင့်ဆောင်လာတာပေါ့..။အချိန်ကမွန်းတည့်ချိန်နီးပြီ……ဒါကိုဘယ်ကဘယ်လိုမြို့ထဲကလူတွေ… သိကုန်ရလဲမသပါဘူး..။ရှင်သာရပုတ္တရာကိုယ်တော်ကြီးကိုသူအိုမကြီးပင့်ဆောင်သွားတယ်ဆိုတာနဲ့နောက်ကနေလိုက်ပြီးသူံအိမ်ကိုပေးပင့်ပါ..ငါ့အိမ်ကိုပေးပင့် ပါနဲ့လိုက်တောင်းကြတာပေါ့……အဲဒိအချိန်မှာမြို့ထဲမှာရှိတဲ့အနာတပိဏ်သူဌေးကြီးနဲ့ဝိသာခါကျောင်းအမကြီးတို့ကလည်းကြားသတဲ့….။လက်ယာရံကိုယ် တော်ကြီးတော့ဆွမ်းဆင်ရဲရလေရဲကဆိုပြီးငယ်သားတွေကိုပင့်ခိုင်းချေပါတယ်….။ အဘွားကြီးကလည်းခပ်တည်တည်ပဲဗျ……။ဘယ်သူ့မှအဘက်လုပ်ပြီးစကားပြန်မပြောဘူး..။သပိတ်ကြီးပိုက်ပြီးသူပြုရမဲ့ကုသိုလ်ကိုပဲစဉ်းစားပြီး ပြုံးပြုံးကြီးလျှောက်လှမ်းနေပါသတဲ့…။အနာတပိဏ်အိမ်ကပါ..ဝိသာခါအိမ်ကပါလို့ပြောပြီးကိုယ်တော်ကြီးကိုပင့်ဖိတ်ခိုင်းလို့ပါလို့ပြောပြီးတောင်းတာကိုတောင် မမှုဘူး..။မရတော့ငယ်သားတွေလည်းပြန်ပေါ့…။ဒါနဲ့သူဌေးကြီးနဲ့ကျောင်းအမကြီးကိုယ်တိုင်လိုက်ပြီး..သူတို့ကိုပေးပင့်ရင်ဘာပေးမယ်ညာပေးမယ်လာဒ်ထိုးတာပေါ့ လက်ယာရံကိုယ်တော်ကြီးကိုပင့်ချင်တာက..ပကာသနကြောင့်မဟုတ်ပါဘူးတဲ့..။စောစောကမိမိကျတဲ့ရဟန်းတွေနဲ့ဆွမ်းကွမ်းကိစ္စတွေကြောင့်ကိုယ်တော်ကြီး…. အထီးတည်းကြွင်းကျန်တော်မူတာသတိမထားမိတာပါတဲ့..။ပြီးတော့ကိုယ်တော်ကြီးဆွမ်းကွမ်းဆင်းရဲမှာကိုစိုးရိမ်လို့ရလိုရငြားလာဒ်ထိုးကြည့်တာပါတဲ့(………. ကဲ..ကစားဖြတ်အဲလေ…စကားဖြတ်ပြောလိုက်ဦးမယ်….လာဒ်ထိုးတယ်ဆိုတာဘုရားရှင်လက်ထက်မှာလည်းရှိခဲ့တာပါနော်……ဤကားစကားချပ်———) အဲဒိတော့မှအဘွားကြီးကဘာပြန်ပြောလိုက်သလဲဆိုတော့…….. “အနာတပိဏ်သောမောင်ပိန်သော…….ဝိသာခါသောမယ်သာခါသော….နောဇာနာမိ..တို့မသိဘူး…တို့အကြောင်းကံနဲ့တို့ပင့်ခွင့်ရချေတာ…….. တို့ကိုယ်တော်တို့လုပ်ကြွေးမယ်” ဆိုပြီးဆက်လက်ပင့်ဖိတ်ပြီးသွားလေရဲ့တဲ့......။တစ်ကယ့်အာဇာနည်အလှူ့ရှင်ပါ...။ တစ်ကယ်လို့ခင်ဗျားတို့ကျွန်တော်တို့ဆိုရင်သူလိုသတ္တိရှိပါ့မလား?သူဌေးကြီးနဲ့ကျောင်းအမကြီးကလာဒ်ထိုးတယ်ဆိုတာနဲနဲလေးတော့ဟုတ်ဟန်မတူ ဘူးနော်.........။ဆင်းရဲသူမကြီးတစ်သက်စာမကလောက်ဖူး..။ထားပါ...ဒီခောတ်အလှူ......ဒီခောတ်စာရေးတံတွေနဲ့ယှဉ်ပြချင်လို့ပါ..........။ ဒီခောတ်မှာတော့မဟုတ်ပါဘူး..။ကျွန်တော်တို့ဆီမှာစာရေးတံမဲနှိုက်တဲ့အခါဘုရားမဲဆိုတာပါပါတယ်...။ဘုရားမဲပေါက်တဲ့အိမ်ကမတတ်နိုင်ရင်အဆင်ပြေအောင် ဆိုပြီးစာရင်းပေးကတည်းကသံဃာတစ်ပါးကို-500/အလှူခံပေးပါတယ်....။သံဃာတစ်ထောင်လောက်ရှိတော့ငါးသိန်းလောက်ရတာပေါ့...။အထွေထွေကုန်ကျစရိတ် တွေနှုတ်လိုက်ဦးလေးသိန်းကျန်တယ်ထား..။ဘုရားမဲနှိုက်တဲ့နေ့မှာမဲပေါက်တဲ့သူက(နှစ်စဉ်တော့မဟုတ်ပါ)ကားနဲ့ဘုရားပင့်ရင်းလှည့်လည်အလှူခံထွက်တတ်ပါ တယ်.......။တစ်ချို့နှစ်တွေကျတော့လည်းလှူတတ်တဲ့သူပေါက်တော့ဘယ်သူပေါက်လိုက်မှန်းတောင်မသိလိုက်ရဘူးပေါ့......။ မကွာချေဘူးလား....ဇာတ်တော်လာသူအိုမကြီးနဲ့...။ကျွန်တော်ပြောတာထက်ဦးပုညရဲ့ဝတ္ထုကဖတ်လို့ပိုကောင်းပါတယ်.....ကျွန်တော်ပြောတာကောင်း […]


naywoon niNovember 21, 20101min05
မနေ့ကဆူးမပိုစ့်လေးဖတ်ပြီးကထဲက…သတိရလို့လိုက်ရှာရတာတော်တော်နဲ့ကိုမတွေ့နိုင်ဘူး….။ လွန်ခဲ့တဲ့သုံးလလောက်ကသူငယ်ချင်းတစ်ယောက်ကဓမ္မဒါနပြုဝေထားတဲ့…မေတ္တရှင်ရွှေပြည်သာရဲ့ဩဝါဒလေးတွေပါ ဆရာတော်ကစာတစ်အုပ်ထဲမှာရေးခဲ့ပါသတဲ့…မြန်မာတွေအလှူတွေမပြတ်ပြုနေပါလျက်နဲ့ဘာလို့ဆင်းရဲနေကြရသလဲဆိုတာကို ဆန်းစစ်မိတော့ဆင်းရဲရခြင်းအကြောင်း(၁၁)ပါးပေါ်လာပါတယ်…။ အဲဒါတွေကတော့……. ၁။လိုအပ်သောနေရာတွင်မလှူဘဲ..မလိုအပ်သောနေရာတွင်လှူကြခြင်း ၂။သမ္ပဒါလေးပါးချို့ယွင်းခြင်း ၃။စီးပွားရေးကိုမေတ္တာဖြင့်မရှာဘဲဝိသမာလောဘဖြင့်ရှာဖွေခြင်း ၄။ပျင်းရိခြင်းကိုရောင့်ရဲခြင်းဟုအထင်မှားခြင်း ၅။ကိုယ့်ကိုကိုယ်မထိန်းသိမ်းနိုင်ခြင်း ၆။အချိန်တန်ဘိုးကိုမသိခြင်း ၇။ကိုယ့်ထက်သာလျှင်မနာလိုခြင်း ၈။စာပေဗဟုသုတမရှိခြင်း ၉။ဒေသန္တရဗဟုသုတမရှိခြင်း ၁၀။ခေါင်းဆောင်စိတ်နဲခြင်း ၁၁။ကိုယ့်အားကိုယ်ကိုးလိုစိတ်နဲခြင်း…….တို့ဖြစ်ပါသတဲ့.။ဒါလေးကိုသူငယ်ချင်းကစာစီပြီးတော့ဒါနပြုဝေထားတာပါ ခေါင်းစဉ်က”ဆင်းရဲရခြင်းအကြောင်း(၁၁)ပါးပါတဲ့…….။ကျွန်တော်တို့ကောဘယ်နှစ်ချက်လောက်နဲ့လာညှိနေပါသလဲ? နံပါ(၂)ဖြစ်တဲ့”သမ္ပဒါလေးပါးချို့ယွင်းခြင်း”ဆိုတာကိုမရှင်းလို့စာအုပ်တွေမှာလိုက်ရှာကြည့်ကြတော့ဆရာကြီးဦးသုခရဲ့ “သုခမှတ်စု”မှာဒီလိုလာတွေ့ပါတယ်…….။ လောကီသမ္ပဒါလေးပါး (က)ဥဌာနသမ္ပဒါ =ထကြွလုံ့လစိတ်နဲ့ပြည့်စုံခြင်း (ခ)အာရက္ခသမ္ပဒါ =လုံ့လဝီရိယကြောင့်ရရှိသောဥစ္စာပစ္စည်းတို့ကိုမပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ခြင်း (ဂ)ကလျာဏမိတ္တသမ္ပဒါ =မိတ်ကောင်းဆွေကောင်းများနဲ့ပေါင်းဖော်ခြင်း (ဃ)သဇီဝိတသမ္ပဒါ =ဥစ္စာအင်းအားနဲ့တိုင်းထွာ၍ညီမျှစွာအသက်မွေးခြင်း လို့တွေ့ပါတယ်……။ ကျွန်တော်တို့ရဲ့တရားတော်မှာ..ဆင်းရဲခြ်ငးအကြောင်းချမ်းသာခြင်းအကြောင်းတွေရှိပြီသားပါ…။ဒါကိုဗုဒ္ဓဘာသာလို့ပြောထားတဲ့ သူတိုင်းကမလိုက်နာကြတာလို့ပါ……။မှတ်သားထားဖူးပါသေးရဲ့..ဗုဒ္ဓဘာသာလို့ပြောပြီးဗုဒ္ဓအဆုံးအမကိုမလိုက်နာနိုင်တာလည်းမြန်မာ ပြည်ပါပဲတဲ့လေ.. ဆူးမပြောသလိုမလှူတတ်…မမျှဝေတတ်ရင်ဆင်းရဲခြင်းကတော့နောက်ကကပ်ပါလာမှာမဆန်းပါဘူး..။ဘုရားစင်ပေါ်အသီးစိမ်းတွေ တင်လှူတာကနဲနဲတော်ဦးမလားပဲ…..အုန်းသီးစိမ်း..ငှက်ပျောသီစိမ်းတွေတင်ထားထာကနတ်ပွဲကျနေတာပဲ..။တကယ့်တော့သာသနာပြု နေတဲ့သူတွေထက်ဖျက်နေတဲ့သူတွေများနေတာပါ……။အုန်းပွဲ..ငှက်ပျောပွဲဆိုတာကနတ်နဲံ့ပဲဆိုင်တဲ့နတ်ရိုးရာဓလေ့ပါ..။ကျွန်တော့ဘကြီး ပြောခဲ့တာပြန်ပြောရရင်တော့မကောင်းဘူး..။ဒါပေမဲ့မှန်နေတာတွေချည့်ဆိုတော့..ခုလူငယ်လေးတွေကြားဖူးအောင်တော့ပြန်ပြောရမှာပဲ…။ “တစ်ကယ်တော့နတ်ဆိုတာအစိမ်းသေနဲ့သေကြတဲ့သူတွေချည့်ပဲငါ့မြေး….ပြီးတော့သူတို့ကဒေါသနဲ့သေခဲ့ကြတာဆိုတော့လူတွေကကြောက် ကြတယ်..။.ငှက်ပျောသီးအစိမ်းတောင်မှသူတို့ဒေါသတွေကြောင့်အမြန်မှည့်ကြရတယ်..အုန်းသီးကလည်းသူတို့ဒေါသကြောင့်ပဲတစ်ခါတစ်လေ ပွင့်ထွက်ကုန်တာ……လူတွေကမစဉ်းစားတတ်လို့သာသူတို့ကိုကိုးကွယ်နေကြတာ….မစဉ်းစားတတ်တာမဟုတ်ပါဘူးလောဘကြီးကြလို့ပေါ့ ကိုယ်လုပ်ထားတဲ့အလုပ်ထက်ပိုပြီးလိုချင်တတ်မက်မောတဲ့သူ..။ဘာမှမလုပ်ထားပဲသူများဥစ္စာလိုချင်နေတဲ့သူကိုလောဘကြီးတယ်လို့ခေါ်တယ်.. သူတို့ကိုပုံမှန်မပူဇော်မပသရင်..ဒေါသပိုကြီးတယ်..။လူတွေကိုဒုက္ခပေးတတ်တယ်..။ကိုယ့်ကိုမစဖို့မသေချာပဲဒုက္ခပေးဖို့သာသေချာတဲ့သူကို အိမ်မှာမထားသင့်ဘူး..။ဒါကြောင့်ဘကငါကအိမ်ဦးနတ်..ငါ့အပြင်တစ်ခြားနတ်မရှိရဘူးဆိုပြီးလုပ်ထားတာ..။အိမ်တွင်းအုန်းလဲဆွဲမထားရဘူး..။ အိမ်လေးလို့….အရက်သမားနတ်တွေ..သူတို့ဘယ်ဆက်သနေမလဲ..ကိုယ့်ဖာသာတောင်သောက်မဝရတဲ့ခြားထဲက……………………” သူတို့အတွက်ကုန်မဲ့အစားဘုန်းကြီးကျောင်းသွားပြီးလိုအပ်နေတာလေးတွေလှူလိုက်ရတာကချက်ခြင်းချမ်းသာတယ်…………………… ဘာလို့လဲသိလား..နတ်ပွဲတွေမြင်ဖူးတယ်မို့လား..။ဆိုင်းသံတစ်ညံညံနဲ့..နတ်ဝင်ရင်ဆဲတဲ့နတ်ကပါလိုက်သေးတယ်..။ဘုန်းကြီးကျောင်းသွား လှူလိုက်တော့ဆိုင်းသံလည်းမကြားရဘူး.။ဆဲသံလည်းမကြားရဘူး..။ဘုန်းကြီးကဆုတွေပေး…ကိုယ်ကသာဓုလိုက်ခေါ်ဘယ်လောက်ဧချမ်းသလဲ? ပြီးတော့ဘုရားကိုမလှူရတဲ့အရာတွေရှိသေးတယ်…အရက်နဲ့မူးယစ်စေတတ်တာတွေမလှူရဘူး..။စားဖွယ်တွေလှူရင်လည်းချက်ခြင်းစားသောက် နိုင်တာကိုပဲရွေးလှူရတယ်..။ပြီးရင်မွန်မတိမ်းခင်ပြန်စွန့်ရတယ်..။သစ်သီးတွေကိုလည်းအစိမ်းမလှူရဘူး..။အဆင်သင့်ဘုန်းပေးနိုင်ရုံပြုပြင်ပြီးမှကပ်လှူ ရတယ်…။ခုတော့မဟုတ်ကြပါဘူး..။ငှက်ပျောသီးကိုလည်းအစိမ်း..။သရက်သီးဆိုလည်းအတွဲလိုက်..။မလုပ်ရဘူး.။ကိုယ့်ထက်ကြီးတဲကသူ..။ဧည့်သည် လာရင်တောင်မှအဲဒိလိုကျွေးဖူးသလား?ဟိုကဘုရား….။ပြီးတော့သက်ရှိရှင်ကြားရှိစဉ်ကတည်းက..ဆားတစ်ဆုပ်သိမ်းထားခဲ့တယ်လို့ဘယ်ကျမ်းဟန်မှာ မှမရှိခဲ့ဘူး..။မင်းတို့နတ်တွေသာ..ဝါဝင်ကဝါထွက်သူတို့စင်ပေါ်အတင်ခံတာ..။ပြီးတော့ဝါဝင်တာထွက်တာနဲ့ပါတ်သက်ပြီးပြောစရာရှိသေးတယ်..။ နောက်မှဆက်ပြောပြမယ်..။ခုတော့လှူတာလောက်နဲ့ပဲရပ်ကြစို့………။လူတွေကမလှူတတ်လို့ကုသိုလ်ရသင့်သလောက်မရ.. ဘယ်လိုလုပ်ရပါ့မလဲ..လှူတယ်ဆိုတာကိုယ်ပိုင်ပစ္စည်းဥစ္စာကိုစွန်ံလွှတ်လိုက်တာပဲဒါကိုငါ့အလှူဆိုတဲ့စိတ်ကစွဲနေတယ်……..။သံသရာကိုတိုတိုဖြတ်ရမှာ သံသရာရှည်ချင်နေကြတော့ဆင်းရဲကြတာပေါ့..။


asiamastersNovember 20, 20101min04
တစ်ချို့က လူသားတွေကို ကူညီတာကောင်းတယ်လို့ဆိုပါတယ်။ တစ်ချို့ကလည်း အခြေအနေပေါ်မူတည်ပြီး ကောင်း တယ်လို့ ဆိုပါ တယ်။ ရာခိုင်နှုန်းနဲနဲလေးကတော့ ကူညီတာမကောင်းဘူးလို့ဆိုပါတယ်။ ကူညီတာနဲ့ပတ်သက်ပြီးပြောရင် အာဖရိကတိုက်မှာ ဖြစ်ပျက် ခဲ့တဲ့အခြေအနေလေးတစ်ခုကို ပြောပြလိုပါတယ်။ အာဖရိကတိုက်ဆိုတာအားလုံးသိကြတဲ့ အတိုင်း စစ်မက်ဖြစ်ပွားမှုတွေ၊ မျိုးဖြုတ် သတ်ဖြတ်မှုတွေ၊ကျူးကျော်မှုတွေ၊ လက်နက်မှောင်ခိုတွေ၊ သတ်ဖြတ်မှုတွေ၊ ဆင်းရဲနွမ်းပါးမှုတွေ၊ အဟာရချို့တဲ့မှုတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေ၊ စာပေမတတ် မြောက်တာတွေအားလုံးရဲ့ မူလဇာတိလို့တောင်ပြောလို့ရမယ်ထင်ပါတယ်။ အာဖရိကတိုက်မှာသဘာဝသယံဇာတ အရင်းအမြစ်တွေ အလွန်ပေါပါတယ်။ ဥပမာအားဖြင့် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေသည်းချေကြိုက်ဖြစ်တဲ့ ရေနံ၊သဘာဝဓာတ်ငွေ့၊ယူရေနီယမ် အကုန်ရှိ ပါတယ်။ လူသားအားလုံးကြိုက်တဲ့ စိန်တွေရှိတယ်။ ရွှေရှိတယ်။ ကြေးရှိတယ်။ ကျောက်မီသွေးရှိတယ်။ တန်ဘိုးကြီးမားတဲ့ သတ္တုပစ္စည်း အားလုံးလိုလိုရှိပါတယ်။ ရှားပါးတဲ့ တိရစ္ဆာန်တွေရှိတယ်။ မြေဩဇာလည်းအလွန်ကောင်းပါတယ်။ဒါပေမဲ့ အာဖရိကတိုက်မှာ ရှိတဲ့ လူတွေဟာချမ်းသာသူအနည်းစုရှိမဲ့၊ အများစု ကတော့ အလွန်ကို ဆင်းရဲနွမ်းပါးကြပါတယ်။ […]


အာဂNovember 19, 20101min012
ဘယ်ဟာတရားခံလဲ တနင်္ဂနွေနေ့မှာ ခြောက်တန်းကျောင်းသားလေး မိုက်ကယ်အောင်ပု ဟာ လမ်းလျောက်ဖို့ ထွက်လာ တယ်။ ယောက်ျား နှစ်ယောက်ဟာ ပုခုံးချင်းယှဉ်ပြီး သူ့ရှေ့က လျောက်သွားတယ်။ သေချာကြည့်လိုက်တော့ အဲဒီယောက်ျားနှစ်ယောက်ဟာ လက်တစ်ဖက်ချင်း လက်ထိပ်နဲ့တွဲခတ် ထားတာတွေ့ရတယ်။မာဖီဝတ်ထားတဲ့ ရဲက တရားခံကိုဖမ်းပြီး ရဲစခန်းကို ခေါ်သွားနေတာနဲ့တူတယ် ။ “ဘယ်ဟာက မာဖီဝတ်ရဲလဲ။ ဘယ်ဟာက တရားခံလဲ။” ကျောင်းသားလေး မိုက်ကယ်အောင်ပုက ခေါင်းစောင်းပြီး တွေးကြည့်တယ်။ သင်ကောသိရဲ့လား။ အဖြေကတော့ ထုံစံအတိုင်းပဲပေါ့


asiamastersNovember 18, 20101min05
အသုံးများတဲ့ စကားလုံးတွေထဲမှာ ကံဆိုတဲ့စကားလုံးပါဝင်ပါတယ်။ မအောင်မမြင်ဖြစ်ရတဲ့ အခြေအနေမျိုးမှာ လူတစ်ချိုု့ ဟာ ကံပေါ့လေ လို့ပြောတတ်ကြပါတယ်။ တစ်ချို့ကလည်း ကံ ကံ၏အကျိုးပေါ့လေလို့ပြောတတ်ကြပါတယ်။ ကံကိုပါမလာဘူးလို့ပြောသူတွေလဲ ရှိကြပါတယ်။ ဆိုးရွားတဲ့အခြေအနေတွေနဲ့ တွေ့ကြုံရတဲ့ အခြေအနေမျိုးမှာတော့ ကံဆိုးလိုက်တာလို့ပြောတတ်ကြပါတယ်။ အခွင့် အရေးတွေရပြီး မမျှော်လင့်ပဲ အောင်မြင်မှုတွေ၊ ပစ္စည်းဥစ္စာတွေရရှိချိန်မှာတော့ ကံကောင်းလိုက်တာလို့ ပြောလေ့ရှိပါတယ်။ ကံ ဆိုတဲ့ စကားလုံးလေးဟာ အလွန်သေးငယ်ပေမဲ့ ဒီစကားလုံးကို ဘယ်လိုနဲ့ ဘယ်လောက်နားလည်သလဲဆိုတာကတော့ လူသားအပေါ်မှာ အကျိုးသက်ရောက်မှုကအလွန်ကြီးပါတယ်။ နားလည်မှုလွဲမှားတဲ့လူတွေတစ်ချို့ဟာ လူပျင်းတွေဖြစ်လာပါတယ်။ တစ်ချို့၊ကလည်း ဘဝမှာ ဦးတည်ချက်ပျောက်ပြီး ရော့တိရော့ရဲနဲ့ ဇွဲလုံးလမရှိသေူတွေဖြစ်လာကြပါတယ်။ တစ်ချိုု့ကလည်း ဘယ်အရာမဆို အလကားလိုချင်ပြီး၊ အခွင့်အရေးကိုသာစောင့်သူတွေဖြစ်လာပါတယ်။ တစ်ချို့ကလာဘ်စားသူတွေဖြစ်လာကြပါတယ်။ ကံရဲ့အကြောင်းကို သေသေချာချာ နားလည်သဘောပေါက်သူတွေဟာ မဆုံ့မနစ်သော ဇွဲလုံးလရှိသူတွေဖြစ်လာပါတယ်။ ရေရှည်မှာ အောင်မြင်သူတွေဖြစ်လာပါတယ်။ ဒါကြောင့် ကံဆိုတဲ့ […]


asiamastersNovember 17, 20101min07
လူသားတစ်ဦးဟာ သူကြိုက်တဲ့ နိုင်ငံအုပ်ချုပ်မှု အယူဝါဒကိုရွေးချယ်နိုင်ပါတယ်။ ဒီမိုကရေစီကို ကြိုက်သူများဟာ ဒီမိုကရေစီကိုအားပေးနိုင်ပါတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးနိုင်အောင် အားထုတ်နိုင်ပါတယ်။ ယနေ့ တရုတ်ပြည်နဲ့ ဗီယက်နမ်နိုင်ငံတို့လို Post Capitalism ဆိုဆို Post Communism ဆိုဆို တစ်ပါတိအုပ်ချုပ်တဲ့ပုံစံကိုကြိုက်သူတွေကလည်း မိမိနှစ်သက်ရာအားပေးနိုင်ပါတယ်။ အားထုတ်နိုင်ပါတယ်။။ ဘာသာရေးဆိုရင်လဲကိုယ်နှစ်သက်ရာဘာသာရေးကိုရွေးချယ်နိုင်ပါတယ်။ ဘယ်လိုနိုင်ငံရေးအယူပဲရှိရှိ၊ ဘယ်ဘာသာကို ကိုးကွယ်ကိုးကွယ်၊ အရွယ်ရောက်ပြီးသူ အသက်အရွယ်မရွေး၊ ကျားမမရွေး မရှိမဖြစ်လိုအပ်တဲ့ အခြေခံလို အပ်ချက်ကြီးငါးရပ်ရှိပါတယ်။ အဲဒါတွေကတော့ ဝင်ငွေ (Income)၊ ဗဟုသုတ (Knowledge)၊ ခွန်အား (Strength)၊ နည်းပညာ (Technology) နဲ့ လူသားဆန်မှု (Humanity) တွေဖြစ်ပါတယ်။ ဒီငါးခုကို တစ်ခုမှ နားမလည်သူတွေဟာ ပြောချင်တာတွေပြောနေပါစေ၊ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်ကြပါဘူး။ တစ်ခုခုလိုအပ်နေသူတွေကတော့ ဘဝမှာ အခက်အခဲတွေ့ကြရမယ်။ ဒီအခြေခံလိုအပ်ချက်ကြီးတွေထဲမှာအရေးကြီး ဆုံးက […]


weiweiNovember 16, 20101min013
ကိုကြောင်ကြီးရေးလိုက်တဲ့ မပြောင်းလဲရင် ဖောင်းဆိုတာနဲ့ ကွန်မန့်တွေဖတ်မိပြီး တွေးစရာတွေပေါ်လာပါတယ်။ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတချို့ကို ပြောပြချင်စိတ် ပေါ်လာတာနဲ့ အခုလို ချရေးလိုက်ပါတယ်။ ကျွန်မတို့ ဗမာလူမျိုးဆိုတာ အရမ်းအားနာတတ်တယ်လို့ လူတိုင်းလဲပြောကြတယ်။ လက်လဲ လက်ခံကြပါတယ်။ ဒါပေမယ့် နိုင်ငံရပ်ခြားကိုရောက်ပြီး နိုင်ငံပေါင်းစုံကလူတွေနဲ့ သူငယ်ချင်းဖြစ်ပြီးတဲ့အခါမှာတော့ အားနာတယ်ဆိုတာ ဘာလဲဆိုတာကို စဉ်းစားစရာပေါ်လာပါတော့တယ်။ တရုတ်မိသားစုတစ်ခုက ကျွန်မတို့ ဗမာလူမျိုး ၄ ယောက်ကို ခင်လို့ သူတို့အိမ်မှာ ထမင်းစားဖိတ်ပါတယ်။ ကျွန်မတို့ကလဲ ရောက်ခါစဆိုတော့ ဘာမှနားမလည်ပါဘူး။ စိတ်ထဲကတော့ အရမ်းအားနာပေမယ့် မသွားရင် မကောင်းဘူးလို့တွေးပြီး သွားစားကြပါတယ်။ လက်ဗလာနဲ့ ဒီအတိုင်းသွားမိပါတယ်။ စားပြီးတော့ စကားတွေပြောဆိုပြီး နှုတ်ဆက်ပြန်လာကြပါတယ်။ အဲဒီတရုတ်မိသားစုက တရုတ်မက ကျွန်မနဲ့ပိုရင်းနှီးလာတော့ ကျွန်မကိုပြောပါတယ်။ နောက်ဆို သူများအိမ်ဧည့်သည်သွားလုပ်ရင် လက်ဆောင်ဝယ်သွားပါတဲ့။ အနဲဆုံး သစ်သီးလေက်တော့ ဝယ်သွားရမယ်တဲ့။ […]


အာဂNovember 13, 20101min018
အဖိုးတန် တံဆိပ်ခေါင်းကို ဘယ်မှာဝှက်ထားသလဲ။ တံဆိပ်ခေါင်းပြခန်းထဲ ပြထားတဲ့ ဒေါ်လာ သန်း ၃ဝ တန် ကမ္ဘာ့ ရှားပါတံဆိပ်ခေါင်းတစ်လုံး အခိုးခံ ရတယ်။ တရားခံဟာတံဆိပ်ခေါင်းကို ခိုးပြီးတာနဲ့ အနီးရှိ တိုက်ကြီးတစ်လုံးထဲက အခန်းတစ်ခန်းထဲ ဝင်ပြေးတယ်။ရဲများကလည်း ချက်ချင်းလိုက်လာတယ်။ “ခိုးလာတဲ့တံဆိပ်ခေါင်း ထုတ်ပေး” ရဲကလက်ထဲကပစ္စတိုကိုယမ်းပြီး အမိန့်ပေးတယ်။ “ဟင်း၊ ခင်ဗျားတို့ရှာချင်သလိုရှာလေ” တရားခံက အရှက်မရှိဖြေတယ်။ ဒါနဲ့ရဲက တရားခံကိုလက်ထိပ်ခတ်လိုက်တယ်။ တရားခံ ကိုယ်ပေါ်ရှာတယ်။ တံဆိပ်ခေါင်း ကိုမတွေ့ဘူး။ အကျင်္ ီတို့၊ခြေအိတ်တို့၊ဖိနပ်တို့ကိုချွတ်ပြီး သေချာရှာတယ်။ ဒါလဲမတွေ့ဘူး။ အဲဒီ့အခန်းထဲမှာက စတီး ရုံးစားပွဲတစ်လုံးနဲ့ မြေစိုက်ပန်ကာတစ်လုံးသာရှိတယ်။ ဒါတွေ မှအပ အိမ်ခန်းအလွတ်အတိုင်းပဲ။ ပန်ကာလည်နေတယ။ရုံးစားပွဲတော့ မပြောနဲကတော့။ ကြမ်း ခင်း၊ မျက်နှာကျက်တွေအားလုံး ကို အသေအချာရှာပြီးပြီ။ ဘာမှမတွေ့ဘူး။ “ဟေ့၊ မင်းဘယ်မှာဝှက်ထားသလဲ” […]