Diamond KeyOctober 4, 20111min06
မြန်မာမီးရထားနှင့် ကျွန်တော်တွေ့ကြုံခဲ့ရသည်များ (၁) မှာ လက်မှတ်ရုံမှာ ကြုံခဲ့ရတာကို ရေးခဲ့ပါတယ်။ အခုရေးမှာကတော့ အဲဒီခရီးရဲ့ ရထားပေါ်မှာ ကြုံခဲ့ရတာကိုပါ။ ကျွန်တော် ပထမပိုင်းမှာ ပြောခဲ့သလို လမ်းပိုင်းမြို့ကလေးကနေ မန္တလေးကို ဆက်သွားမယ့်နေ့မှာ အဲဒီဘူတာကလေးကနေ ရန်ကုန်က လာတဲ့ ကျွန်တော်တို့လက်မှတ်ကြို ဝယ်ထားခဲ့တဲ့ ရထားအလာကို စောင့်နေရပါတယ်။ ရန်ကုန်က လာတဲ့ ရထားက ဒီဘူတာလေးမှာ ခရီးသည် တင်ချချိန် ခဏပဲ ရပ်တာပါ။ ရထားရောက်လာတော့ ကိုယ့်တွဲကို အပြေးအလွားရှာပြီး တက်ခဲ့ကြပါတယ်။ တွဲပေါ်ရောက်တော့ ကိုယ်လက်မှတ်ခုံနေရာတွေ ရှာတော့ တွဲများမှားတက်မိသလားလို့ ထင်လိုက်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ခုံနံပါတ်နေရာမှာက အကျအန ထိုင်နေကြတဲ့ သူတွေရှိနေကြပါတယ်။ ဒါပေမယ့် တွဲပေါ်မတက်ခင်မှာ တွဲနံပါတ်ကို သေချာကြည့်ခဲ့တာ ဆိုတော့ တွဲနံပါတ်မှန်တာကတော့ သေချာပါတယ်။ ဒါဆို […]


BurmaOctober 4, 20111min016
ဟိုးးးတစ်နေ့ လောက်က .. Kabaaye မဟာစည်ကို သွားရင်းနဲ့ အဲ့ဒိနားမှာ လူတစ်ယောက် Battery စွမ်းအားသုံး လျှပ်စစ်ကားလေးကိုပြင်နေတာ တွေ့လို့ အဲ့လူကို သွားမေးကြည့်မိတယ်။ လျှပ်စစ်ကားကို ဘယ်ကထုတ်တာလဲဆိုတော့ “မြန်မာပြည်က နာမည်ကြီး လျှပ်စစ်ကားတွေထုတ်နေတဲ့ (နာမည်မပြောတော့ပါဘူး)  ကထုတ်တယ် ၊  ” လို့ပြောပါတယ်။ “ကျွန်တော်တို့ Company က” လို့ပြောပါသေးတယ်။ အဲဒါနဲ့ ” Motor ကို ဘယ်က ထုတ်တာလဲ ” လို့မေးတော့ “Made In China” လို့ပြောပါတယ်။ နောက်တစ်ခုထပ်မေးလိုက်ပါတယ် “Axle (ဝန်ရိုး) ကော ဘယ်က ထုတ်တာလဲ” လို့ မေးတော့ “Made In China” လို့ ထပ်ပြောပါတယ်။ “Speed Control” […]


kaiOctober 4, 20111min02
ကြော်ငြာထည့်ပေးတာပါ။ အခုအလုပ်က.. စစ်ထောက်လှမ်းရေးခေါ်ရမလားပဲ..။ မြန်မာ-အမေရိကန်တွေအတွက်ပဲဖြစ်ပါတယ်..။ ထူးထူးဆန်းဆန်း.. ခေါ်တဲ့အထဲ.. Burmese ပါနေလို့.. တင်ပေးလိုက်တာပါ..။ ထောက်လှမ်းရေးအလုပ်စိတ်ဝင်စားကြရင်ပေါ့..။ အလုပ်မရှိတဲ့.. အမေရိကန် မိတ်ဆွေတွေကို လက်ဆင့်ကမ်းပြောလိုက်ကြပါ..။ ဖေါင်ပိတ်ရက်ကတော့ အောက်တိုဘာ ၁၃မို့..  တော်တော်ကပ်နေပြီ။


Diamond KeyOctober 3, 20111min06
ယခု တစ်ပတ် Hot News Journal မှာ ရထားစီး ခရီးသည်များမှာ တဖြည်းဖြည်း လျော့နည်း ကျဆင်းနေကြောင်း၊ ယခုအခါ မြန်မာ့မီးရထား လုပ်ငန်းမှာ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သတင်းရေးထားတာ ဖတ်လိုက်ရတော့ မြန်မာ့ မီးရထားနဲ့ ကျွန်တော်တွေ့ကြုံခဲ့တာလေးတွေကို ပြန်သတိရ မိလာပါတယ်။ ခရီးတွေ ထွက်တဲ့အခါ ပတ်ဝန်းကျင် ရှုခင်းတွေကို ကြည့်ပြီးသွားရတဲ့ ရထားစီးရတာတို့၊ သင်္ဘောနဲ့ ခရီးသွားရတာတို့ကို သဘောကျပါတယ်။ ဒါပေမယ့် ရထားလက်မှတ်က သေချာအောင် ကြိုဝယ်လို့မရတာရယ်၊ အခြေအနေအမျိုးမျိုးနဲ့ ဝယ်ရတာ ခက်ခဲနေတာကြောင့် ကားနဲ့ပဲ သွားဖြစ်တာ များပါတယ်။ ဒီတစ်ခေါက်ခရီးက ရန်ကုန် – မန္တလေး လမ်းပိုင်းက မြို့လေးတစ်မြို့ကို အရင် သွားရမှာဖြစ်ပြီး နောက် တစ်ရက်မှာ မန္တလေး ဆက်သွားရမှာမို့ ရထားနဲ့ […]


kokoeaimmdyOctober 2, 20111min04
ကျွန်တော်မွေးကင်းစမှာ ကျွန်တော့်ကိုထုပ်သော အနှီးဟာ ချည်ဖြင့်ရက်လုပ် ထားသော ချည်သားစစ်စစ် ဖြစ်ပါသည်။ ကျွန်တော့်ကို သိပ်သော ပုခက်မှာ ကြိမ်ဖြင့်ပြုလုပ် ထားသော ကြိမ်ပုခက် ဖြစ်ပါသည်။ ကျွန်တော့်ကို သိပ်သောအိပ်ယာမှာ ဝါဂွမ်းဖြင့်ပြုလုပ် ထားသော ဂွမ်းကပ်စောင်နှစ်ထည် ဖြစ်ပါသည်။ ကျွန်တော့်အတွက် ခေါင်းအုံးကိုတော့ ဝါဂွမ်းစစ်စစ်ဖြင့် ပြုလုပ်ထားသော နူးညံ့သည့် ခေါင်းအုံးငယ်ကလေး ဖြစ်ပါသည်။ ငယ်စဉ်က ကျွန်တော် ချောင်းအလွန် ဆိုးတတ်ပါသည်။ ထိုသို့ ချောင်းဆိုးလျှင် ကွမ်းရွက်နှင့်ပြုလုပ်ထားသော ကွမ်းရွက်ပုံလျက်ဆားကို အမေကကျွေးတတ်သည်။ ကလေးသဘာဝ အစားစုံစားမိ၍ အစာမကြေဖြစ်လျှင်လည်း ထန်းပင်မှဖြစ်သော ထန်းလျက်ကို ဆေးသဖွယ် ကျွေးတတ်ပါသည်။ ငါးနှစ်ပြည့်၍ သူငယ်တန်းတက် သောအခါ ကျောင်းစိမ်းပုဆိုးနှင့် အိကျီင်္အဖြူကလေးကို ဝတ်ရပါသည်။ ချည်သားအထည်လေးများ ဆိုရင်ဖြင့် ဝတ်ရတာအလွန် သဘောကျမိသည်။ ကျောင်းကို ထည့်သွားသော […]


TTNUOctober 1, 20111min09
  Best Teacher (12)   ခံတွင်းမှ ဖွားသူများ ဓမ္မဘေရီ အရှင် ဝိရိယ(တောင်စွန်း) ရေးသားတော်မူတဲ့ မထေရ်မြတ်တို့ စကားဝိုင်း (၂) မှ ကိုး ကားတဲ့ အသုံးအနှုံးလေးဖြစ်ပါတယ်။ ဘုန်းဘုန်းက အောက်ပါအတိုင်း မြွက်ကြားထားပါတယ်။ “ မိဘ ဆိုတာ ရုပ်ခန္ဓာကိုယ်ကိုကြီးထွားသန့်စင်အောင် ဖွားမြင်စောင့်ရှောက် သင်ကြားပေးတဲ့ လက်ဦးဆရာများဖြစ်သလို  ဆရာဆိုတာလည်း နာမ်ခန္ဓာကိုယ်ကို ကြီးပြောင်စင်အောင် ဖွားမြင် စောင့် ရှောက်ပြုစုပေးနေတဲ့  ပဝတ္တိ မိဘတွေပါ။ လူဆိုတာ ရုပ် နာမ် နှစ်ခုလုံး ကြီးပြောင် စင်မှ လူလားမြောက်ပါတယ်။” ဘုန်းဘုန်းကြီး ဆက်မိန့်ထားတာကတော့  ဆရာ ဆရာမ ဆိုတာသူတို့ရဲ ့ နှလုံးသားထဲမှာ တပည့်သားတို့ အပေါ်မှာ တတ်သိ လိမ္မာစေချင်တဲ့ မေတ္တာ ကရုဏာတရားတွေ […]


black chawOctober 1, 20111min09
ကိုးရီးယားကား ကြည့်နေရင်း ကြော်ငြာဝင်လာရင် လူတွေသိတ်စိတ်ဆိုးကြပါသည် ”ကောင်းခန်းရောက်မှကွာ” ” ပိုက်ဆံပေါတိုင်းလျှောက်ကြော်ငြာနေကြတာပဲ ” စသည်ဖြင့်မြည်တွန်တောက်တီးတတ်ကြပါသည်။ အမှန်တော့ အဲဒီလို မဟုတ်ပါ။ ကြော်ငြာတစ်ခု ပရိသတ်ရှေ့ မရောက်ခင် လုပ်ကြရသော ကြော်ငြာရှင်တို့၏ ကိစ္စ အနည်းငယ်ကို တင်ပြလိုပါသည်။ ပထမ ကိုယ့် ကုန်ပစ္စည်း ကို ဝယ်ယူသုံးစွဲမည့် လူတန်းစားကို သတ်မှတ်ရပါသည်။ ယောင်္ကျားလေးလား၊ မိန်းကလေးလား၊ ကလေးတွေကို ရည်ရွယ်တာလား၊ အသက်အရွယ်ဘယ်လောက်တွေလဲ စသည်ဖြင့် ဖြစ်ပါသည်။ ပြီးတော့မှ သုံးစွဲနိုင်သော ကြော်ငြာ ဘတ်ဂျက် ကို သတ်မှတ်ရပါသည်။ ဒီပို့စ်၏ ခေါင်းစဉ်မှာ ကြော်ငြာ ဘတ်ဂျက် နှင့် တိုက်ရိုက်ပတ်သက်ပါသည်။ ဘတ်ဂျက် နည်းလျှင် ကြော်ငြာကို ရမ်းသန်းထည့်လို့ မရပါ။ မိမိ ချိန်ရွယ်သော လူတန်းစားကို စနိုက်ပါနှင့် […]


TTNUSeptember 30, 20111min012
 Best Teacher (11) ဆရာဝတ် ဆရာမ တစ်ယောက်ဖြစ်လာဖို့  ဆရာ့ အတတ်ပညာကို ပညာရေးတက္ကသိုလ်မှာ (၅) နှစ်သင်ယူရပါတယ်။ ဒီ (၅) နှစ် အတွင်း စာတွေ့ လက်တွေ့ အများကြီး လေ့လာခဲ့ ကြရတယ်။ လက်တွေ့ တန်းပြဆင်းရင်းနဲ့လည်း  ရောက်တဲ့ နယ်ကျောင်းမှာ တပည့် များစွာကိုသင်ကြားခင်မင်ခဲ့ရပါတယ်။ နယ်ကျောင်းဆိုတာ ကိုယ် တန်းပြဆင်းချင်ရင် ဆင်းချင်တဲ့ နယ်ပေါ့။ ကျမ ကတော့ မိဘရပ်ထံ ကိုပဲ ပြန်ပြီး ကိုယ် နေခဲ့တဲ့ ကျောင်း .. နေခြည် မှာရွှေရည်လောင်းတဲ့ ငါတို့ စာသင်ကျောင်း လေး… ကိုပဲ ပြန်ပြီးလက်တွေ့ တန်းပြ ဆင်းလေ့ရှိခဲ့ပါတယ်။ ကိုယ့် ငယ်ဆရာများထံ ချဉ်းကပ်လေ့လာခွင့်တွေ ရတော့တာပေါ့။ အရင်တုန်းကသိခဲ့ရတာက အတန်းထဲမှာ […]


Diamond KeySeptember 29, 20111min010
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၁၈ လမ်း၊ ၈၆ လမ်း x ၈၈ လမ်းကြားတွင် ရှမ်းခေါက်ဆွဲ စက်တစ်လုံးသည် ရပ်ကွက်အတွင်းတွင် နေ့စဉ်ဆူညံစွာ အလုပ်လုပ်နေပါသည်။ ထိုရှမ်းခေါက်ဆွဲစက်သည် လုပ်ငန်းမှ ထွက်သော အညစ်အကြေး စွန့်ပြစ်ရေများကို ရပ်ကွက်အတွင်းရှိ ရေမြောင်းများထဲသို့ နေ့စဉ် စွန့်ပြစ်လျှက်ရှိပါသည်။ သက်ဆိုင်ရာများမှ မြင်တွေ့နေသော်လည်း ဆက်လက်လုပ်ခွင့်ရနေကြပါသည်။ ယခုအခါ ရပ်ကွက်အတွင်းရှိ ရေမြောင်းမှာ လုံးဝ ရေစီးရေလာ မကောင်းခြင်း၊ မန္တလေး စည်ပင်မှ ထိမ်းသိမ်းစောင့်ရှောက်မှု၊ စစ်ဆေးခြင်း လုံးဝ မရှိမှုကြောင့်အမြဲပိတ်ဆို့ နေခြင်းများဖြစ်ကာ အဆိုပါ ရှမ်းခေါက်ဆွဲ စက်မှထွက်သော စွန့်ထုတ်နေသော စွန့်ပြစ်ရေများသည် ရေမြောင်းများအတွင်း ပိတ်ဆို့ကာ ချဉ်စော်များနံခြင်း၊ လောက်ကောင်များ ရေမြောင်းများအတွင်း ဖြစ်နေကာ ရပ်ကွက်ပြည်သူများ ထိုအနံအသက်ဆိုး ဒုက္ခများကို […]


မောင်ဆန်းSeptember 29, 20111min033
ဒီတပတ် ပိတ်ရက်က ရည်ရွယ်မထားပဲ ဂျန်းရှင်းမော်တင် ကို ရောက်သွားပါတယ် အိမ်နဲ့ဝေးလို့ ရောက်ခဲပါတယ် ဒီတစ်ခါရောက်တာ ( ၃ ) ကြိမ်မြောက်ပါ ပထမနှစ်ကြိမ် က ဂျန်းရှင်းမော်တင် ကို သွားမယ်ဆိုပြီး ရည်ရွယ်သွားကြတာ ရုပ်ရှင်ကြည့်မယ်ဆိုတဲ့ စိတ်ကူးလဲပါတယ် လူပျိုဘဝက ခဏခဏ ကြည့်ဖြစ်ပေမဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း မလှည့်နိုင်တာကြာပြီ အသစ်ဖွင့်တဲ့ ဈေးဝယ်စင်တာ သွားရင်း မီနီသီရေတာ ဆိုတာတွေရဲ့ အရသာလေးစမ်းကြည့်မယ်ပေါ့ ပထမအကြိမ်က “မိုးညအိပ်မက်မြူ” ဒုတိယက သက်မွန်မြင့်ပါတဲ့ “ အာဒမ် ဧဝ ဒသ ” ကား နှစ်ခါလုံး မကြည့်ဖြစ်လိုက်ဘူး အခုတစ်ခါကျတော့ သွားတာက တစ်နေရာ နီးနေတာနဲ့ တစ်ခါထဲ ဂျန်းရှင်းမော်တင် ကို ဝင်ဖြစ်သွားတယ် ဒီတစ်ခါတော့ ရည်ရွယ်မထားပဲ ရုပ်ရှင် […]


chityimhtooSeptember 29, 20111min014
ကျွန်တော့ရဲ့အသိတစ်ယောက်က မကြာသေးပါဘူး အန်တီကြီးတစ်ယောက်အသက်ကလည်း ၆ဝကျော်နေပါပြီ နယ်ကပြောင်းလာတာရန်ကုန်ကို။သန်းခေါင်စာရင်းကလည်းရန်ကုန်ကိုပြောင်းပြီးသားပါ။သူက ဗုဒ္ဓဂါယာ သွားဘို့အတွက် ပတ်စပို့လုပ်ဘို့ စမ်းချောင်းမြို့နယ်က လဝက ရုံးကို ပုံစံ ၁ရ သွားလုပ်တော့ ဟိုဟာမရှိဘူး ဒီဟာမရှိဘူးပေါင်းများစွာနဲ့ မျိုးစုံအောင် ရစ်ပြီး ပုံစံ ၁ရကိုလုံးဝမလုပ်ပေးပါဘူး။နောက်တော့ ဦးစီးမှူးကိုယ်တိုင်ကိုက အလှူငွေ ၅ထောင် ရှေ့မှာလုပ်ပေးတဲ့ မိန်ုးမကို ၅ထောင် စုစုပေါင်း ၁သောင်းပေးမှလုပ်ပေးမယ်ဆိုမှ ဘဲ ပုံစံ ၁ရ ကို ၁သောင်းပေးပြီးလုပ်လာရပါတယ်။ခုလိုပေါ်ပေါ်ထင်ထင် အခကြေးငွေတောင်းပြီး လပ်စားတော့ အင်မတန်မှစိတ်ပျက်မိပါတယ်။မသိနားမလည်တဲ့ နယ်ကရိုးသားတဲ့လူတွေအပေါ် ကုသိုလ်ကောင်းမှူ့လုပ်ဘို့ ပုံစံ ၁ရလုပ်တဲ့ လူတွေအပေါ်ကို ပေါ်ပေါ်ထင်ထင်ဘဲ လပ်စားတာကို အများသူငှာသိစေရင်ဖေါ်ပြလိုက်ပါတယ်။


ကြောင်လေးSeptember 28, 20111min026
ကျွန်တော် အင်တာနက်ဆိုတာကြီးနဲ့ စထိတွေ့တာ နှစ်လ မပြည့်သေးပါ။အစိမ်းသက်သက်ကြီးတော့မဟုတ်ပါ။ အင်တာနက်ရဲ့သဘောသဘာဝကိုတော့သိနေပါတယ်။မိတ်ဆွေတွေက အင်တာနက်ကဖေးသွားဖို့ခေါ်တော့ကျွန်တော် ငြင်းခဲ့ပါတယ်။ ကိုယ်နဲ့မဆက်စပ်သေးတဲ့အချိန်မှာနေလိုက်ပါဦးမယ်။ဆက်စက်မိတဲ့အချိန်ကြရင်တော့ထဲထဲဝင်ဝင်သိလာမှာပါလို့ပဲပြန်ပြောခဲ့ပါတယ်။ ဆယ်ကျော်သက်ကောင်လေးကောင်မလေးတွေကြားထဲ အသက်ကြီးမှ လက်ပေးသင် ဆိုတာလိုဖြစ်နေမှာစိုးလို့ပါ။ ဒီလိုနဲ့နေလာလိုက်တာ  ဩဂုတ်လ  ပထမပတ်အကုန်မှာပဲ ဒီအင်တာနက်ကြီးနဲ့ထိတွေ့ခွင့် ကြုံလာပါတော့တယ်။ ငွေတစ်သိန်းကျော်ကျော်လောက် ကုန်သွားတော့ မိန်းမက  နှုတ်ခမ်းခပ်စူစူပေါ့။ လာပြီးဆောင်ရွက်ပေးသွားတဲ့ပုဂ္ဂိုလ်လေး အရင်ဆုံးပြခဲ့တာကတော့  မိုးဟေကို နဲ့ ပျူနိုင်ငံပါ။ ပျူနိုင်ငံမှာ ကိုအောင်ရဲ့  သရဲဇာတ်လမ်းတွေဖတ်၊သတင်းလေးတွေကြည့်ပေါ့။ ၃ ရက်လောက်ကြာတော့  မောင်မင်းကြီးသားခြကောင်(ဗိုင်းရပ်)တွေ ဝိုင်းကိုက်ကြတော့  ပြူတင်းပေါက်ကြီးလဲပြုတ်ကျပါလေရော။ အဲဒါနဲ့ ကွန်ပျူတာလက်သမားဆရာကို ပြန်ခေါ်ပြီး ပြူတင်းပေါက်ကြီး ပြန်တတ် ရပါတယ်။ မိန်းမ ကလည်းမျက်စောင်းထပ် ထိုးပြန်ပါတယ်။ အဲဒီမှာ ဟိုဟိုဒီဒီသွားရမဲ့လိပ်စာလေးတွေရေးပေးခဲ့ပါတယ်။ ဒီလိုနဲ့ ဟိုဒီနဲနဲ သွားတတ်လာပါတယ်။စိတ်ချမ်းသာစရာဓါတ်ပုံလေးတွေကြည့် ၊ ရင်မောစရာဗွီဒီယိုလေးတွေကြည့်ပေါ့။ ရင်မောစရာဆိုတာက ၃ မိနစ်စာလောက်ဆိုတဲ့ ဖိုင်ကို […]


sai147September 28, 20115min02
For newcomers to options trading, finding good & reliable information is difficult. There are so many self-proclaimed experts on how to trade options & option trading systems that are difficult to know whom to trust . One of the most important things you can do when you first start out in option trading is educate […]