uncle kyawMarch 6, 20121min05
ခုတလော လူတိုင်းပါးစပ်ဖျား ရေပန်းစားနေတဲ့ အပြောင်းအလဲ ဆိုတာကို ကျွန်တော် နားလည်သလို ခွဲခြမ်း စိတ်ဖြာ ကြည့်ပါတယ်..အဲဒီလို ခွဲခြမ်းလိုက်တော့ ပြန်ဆက်လို့တောင် ခက်သွားတယ် အပြောင်း = တစ်နေရာမှ တစ်နေရာသို့ ရွှေ့ သွားသည်။ ပြောင်းသွားသည်။ အခေါ်အဝေါ်များ ပြောင်းသွားသည်။ပျက်ပြယ်သွားခြင်း ပျောက်ကွယ်သွားခြင်းမဟုတ်။ အဆင်မပြေလျှင် ပြန်ရွှေ့လာမည်။ အဆင်ပြေလျှင် အခြေချမည်။ အလဲ = အဝတ်အစားလဲသည်။ အကျင်္ ီလဲသည် ၊ ဘောင်းဘီလဲသည်။ နေရာလဲသည်။ ပစ္စည်းချင်းလဲသည်။ အလိုက်ပေးလဲသည်။ ဒဲ့ (တည့်) လဲသည်။ လောလောဆယ် နားလည်မိသော အပြောင်းအလဲ ဆိုသည်မှာ – အပြောင်း + အလဲ = အပြောင်း နှင့် အလဲ ဟု တွေးမိသည်။ အထက်ပါ […]


asiamastersMarch 6, 20121min010
  ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်းမှာ အထူးသဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရကာစ ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာပေါ်မှာ အင်အားကြီးမားလာတဲ့နိုင်ငံရေးစနစ်ကတော့ ကွန်မြူနစ်စနစ် ဖြစ်ပါ တယ်။ ဆိုဗီယက်ရုရုား ဦးဆောင်တဲ့ ကွန်မြူနစ်စနစ်ဟာ အလွန်လွှမ်းမိုးလာခဲ့တယ်။ အစောပိုင်းမှာ တရုတ်နဲ့ ရုရှားဟာ ကွန်မြူနစ်စနစ်နဲ့ပတ်သက်ပြီး သဘောတရားရေးရာတူခဲ့ပေမဲ့ နောက်ပိုင်းမှာ လုံးဝသဘောထားကွဲခဲ့ပါတယ်။ အိန္ဒိယမှာလည်း ကွန်မြူနစ်စနစ်ကခေါင်းထောင်လာခဲ့ပါတယ်။ ဒီလိုကွန်မြူနစ်စနစ်ကို ဦးစီးဦးရွက်ပြုလာတဲ့နိုင်ငံကြီးတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အပေါ်လွှမ်းမိုးဖို့ အတွက် နည်းမျိုးစုံနဲ့ကြိုးစားခဲ့ကြပါတယ်။ ဒီနေ့ အမေရိကန်နိုင်ငံဟာ ရေနံရဖို့နဲ့ ဩဇာအာဏာ လွှမ်းမိုးနိုင်ဖို့ လုပ်သလိုမျိုးပေါ့။ ကွန်မြူနစ်စနစ်အကြောင်းကို နဲနဲပြောမှရမယ်။ တကယ်တော့ ကွန်မြူနစ်စနစ်ဟာ ဥရောပမှာ စပြီးပေါ်ခဲ့တဲ့ Political Theory တစ်ခုဖြစ်ပါတယ်။ စပြီးပေါ်လာတာကတော့ Political Theorist တွေဖြစ်တဲ့ ကာလ်းမာခ်နဲ့ အိန်ဂျယ်တို့ရဲ့ Communist Manifesto ကွန်မြူနစ် အရင်းကျမ်းစခဲ့ပါတယ်။ […]


lu nyo chawMarch 5, 20121min012
ဒီအပတ်ထုတ် 7day news ဂျာနယ်မှာ ပါတဲ့ ကြော်ငြာ တစ်ခုပါ။ ဘယ်လိုနားလည်ရမလဲမသိတော့လို့ပါ။ သိသူများရှိရင်ပြောကြပါဦး။ကျွန်တော့်စိတ်အထင်တော့ လယ်/ဆည်နဲ့ ဘာမှမဆိုင်ဘူးထင်ပါတယ်။ကြည့်လဲလုပ်ကြပါဦးဗျာ။


asiamastersMarch 3, 20121min06
  လွှတ်တော်ထဲမှာ ငြင်းကြခုန်ကြ၊ အာဏာရှိသူတွေက လုပ်ငန်းရှင်တွေကို လိုင်စင်တွေချပေးပြီး ကိုယ်ကျိုးအတွက်ရှာကြနဲ့ အလုပ်များနေကြပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးတိုက်ပွဲတုန်းက အတူတူလုပ်ကိုင်ခဲ့ကြတဲ့လုပ်ဖေါ်ကိုင်ဖက်တွေဟာ တစ်ဦးနဲ့တစ်ဦး စိတ်ဝမ်းတွေကွဲပြားပြီး ရန်သူ တွေဖြစ်လာကြပါတယ်။ လူဆိုတာမျိုးက အဆင်ပြေနေရင် မသိသာသော်လည်း အဆင်မပြေတော့ရင် အသေးအဖွဲကိစ္စပင်လျှင် အမြင်ကွဲပြားလာကြပါတယ်။ နိုင်ငံရေးသမား (Politician) တွေမှာလည်း ဂိုဏ်းတွေ ဂနတွေ ကွဲပြားလာပြီး ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေများလာပါတယ်။ အချင်းချင်း ပြိုင်ဆိုင်မှု ပြင်းထန်တဲ့အတွက် ပြိုင်ဆိုင်နိုင်ဖို့ ငွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ရှာရပါတယ်။ မဖြစ်နိုင်တဲ့ ကတိတွေကို လူတွေကို ပေးရ ပါတယ်။ နိုင်ငံရေးသမားတွေရဲ့ မိန်းမတွေကလည်းပြိုင်ကြပါတယ်။ ဘယ်သူကတော့ ဘယ်ဆိုင်မှာစိန် ဘယ်လောက်ဖိုး ဝယ်သွားတယ်။ ဘယ်သူကတော့ ဘယ်နေရာကမြေကွက်ကြီးကို ဝယ်လိုက်ပြီ။ ဘယ်သူ့မင်္ဂလာဆောင်မှာ ဘယ်လောက်လက်ဖွဲ့လိုက်တယ် ဆိုပြီး တော့ပေါ့လေ။ အာရပ် စကားပုံ တစ်ခုရှိပါတယ်။ ဒါကတော့ […]


asiamastersMarch 3, 20121min05
  မြန်မာ့တို့ရဲ့ နိုင်ငံရေး (Politic)  သမိုင်းကိုကြည့်ရသမျှကတော့ ဖွဲ့စည်းခဲ့သမျှ Political Organization တွေအားလုံး ပြိုကွဲသွားတာချည်းပါပဲ။ အခွင့်အရေးတစ်ခုမရချိန်အထိ စုစည်းနေကြ သေးပေမဲ့ အခွင့်အရေးတစ်ခုလည်းရရော စပြီး ပြိုကွဲတော့တာပါပဲ။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွား လာတာတာတော့ ပြိုကွဲခြင်းတွေပဲဖြစ်ပါတယ်။ ဖဆပလအဖွဲ့ကြီးဟာလည်း နှစ်ခြမ်းကွဲ ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းထူထောင်ပေးခဲ့တဲ့ ပြည်သူ့ရဲဘော်အဖွဲ့လည်း နှစ်ခြမ်းကွဲပါတယ်။ ကွန်မြူနစ် ပါတီ ကလည်း အလံနီ၊ အလံဖြူစသည်ဖြင့်ကွဲပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ မြန်မာ နိုင်ငံမှာ ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးပါတယ်။ မြန်မာတွေကို လေ့ကျင့်သင်ကြားပေးတဲ့ ကျောင်းတွေနဲ့ ကြီးပြင်းလာခဲ့ရတဲ့ ပတ်ဝန်းကျင် ရဲ့ ပြုပြင်မှုတွေက မြန်မာလူမျိုးတွေကို သူမတူ အောင် ပြောင်းလဲစေခဲ့ပါတယ်။ အများအားဖြင့် မြန်မာလူမျိုးတွေဟာ အရောင်း/အဝယ် လုပ်ငန်း တွေမှာ ပါဝင်လေ့မရှိပါဘူး။ လူတွေနဲ့ဝေးရာမှာသာနေထိုင်လိုသူတွေဖြစ်ပါတယ်။ ဒါကြောင့် […]


asiamastersMarch 2, 20121min07
  သစ်ပင်တစ်ပင်ဆိုတာ အမြစ်ရှိမှ ရပ်တည်နိုင်ပါတယ်။ အမြစ်မရှိတဲ့သစ်ပင်ဟာ လေကလေးတစ်ချက်ဝှေ့ယုံနဲ့ ပြိုလဲသွားရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းအနိစ္စရောက်ပြီးနောက်ပိုင်းမှာ ခေါင်းဆောင်ဖြစ်လာသူက ဦးနုဖြစ်ပါတယ်။ ဦးနုဟာ မြန်မာနိုင်ငံလုံးဝလွတ်လပ်ရေးရနိုင်ဖို့အတွက် အင်္ဂလိပ်အစိုးရနဲ့နု-အက်တလီ စာချုပ်ကို ချူပ်ဆိုပါတယ်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့ နံနက် ဝ၄း၂ဝ မှာ မြန်မာနိုင်ငံပထမဆုံးလွတ်လပ်ရေးရခဲ့ပါတယ်။ ဒီလွတ်လပ်ရေးရတဲ့အချိန်မှာပဲ ကွန်မြူနစ်တွေရဲ့ ပထမဆုံးသေနတ်သံ ထွက်လာပါတယ်။ တကယ်တော့ အင်္ဂလိပ်တွေဟာ ပထမဆုံးမြန်မာနိုင်ငံကို တိုက်ဖို့စဉ်းစားခဲ့ချိန်မတိုင်မီက မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်ကို အတော် လေးစားကြောက်ရွံ့ခဲ့ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကိုများ တိုက်ခဲ့ရင် အဆုံးအရှုံးများမဲ့အရေးကို တွေးပူနေခဲ့တာပါ။ နောက်ပိုင်းသေသေချာချာလည်းသိလာရော မြန်မာတွေဟာ သင်္ကြန် အမြောက် တွေနဲ့ တူပြီး အမြစ်မရှိတဲ့သစ်ပင်လိုဖြစ်နေတယ်ဆိုတာကို သေသေချာချာ သိလိုက်ရတဲ့ အချိန်မှာတော့ တစ်စက္ကန့်မဆိုင်းစစ်ပွဲစတင်ပါတော့တယ်။ ဒီလိုရိပ်မိသွားရတဲ့အကြောင်းကတော့ ဘုရင်ရှေ့မှာ ခေါင်းမဖေါ်ပဲ ကြောက်ဟန်ဆောင်သော်လည်း […]


asiamastersMarch 2, 20121min05
  ဒီနေ့ မြန်မာတစ်နိုင်ငံလုံး ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ထပ်ခါတလဲလဲ ပြောဆိုနေကြလေတော့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ဒီမိုကရေစီအကြောင်းကို နဲနဲပြောရန်လိုလာပါတယ်။ ဒီမိုကရေစီ ဆိုတာက Political System ဖြစ်ပါတယ်။ မူရင်း အဓိပယ်ကတော့ အများသဘောနဲ့ အညီ လုပ်ကိုင် ဆောင်ရွက်ခြင်းပါပဲ။ တကယ်တော့ ဒီကနေ့ပြောနေတဲ့ ဒီမိုကရေစီဆိုတာက မြန်မာနိုင်ငံအတွက် အသစ်အဆန်းကြီးတော့မဟုတ်ပါဘူး။ ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကတည်းက မြန်မာ နိုင်ငံဟာ ဒီမိုကရေစီစနစ်ကိုကျင့်သုံးခဲ့တာဖြစ်တယ်။ ၁၉၆၂ ခုနှစ် တစ်ပါတီ ဆိုရှယ်လစ်စနစ်ကို ပြောင်းလဲတဲ့အချိန်ထိပါပဲ။ ဒီတော့ အခုပြောနေတဲ့ ဒီမိုကရေစီဟာ ဒုတိယဒီမိုကရေစီဖြစ်ပါတယ်။ ၁၉၄ရ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း တို့ မလုပ်ကြံခံရမီ အချိန်မှာ မြန်မာလူငယ်ခေါင်းဆောင်တွေ၊ ငွေရှင်အရင်းရှင်တွေ၊ ကွန်မြူနစ်လူငယ်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရလာရင် ဘယ်လိုရှေ့ဆက်သွားကြမယ်ဆိုတာကို ဆွေးနွေးကြပါတယ်။ မြန်မာမျိုးချစ် […]


Pearl MayFebruary 28, 20121min02
Vacancy Announcement – for Myanmar National only The Office of Defense Attache, Embassy of the Republic of Korea is seeking (1) qualified and experienced person for the post of “Secretary & Administrative”. Requirement:  ♦ Bachelor degree or equivalent is required ♦ Relevant experience in Office Secretary and Administration ♦ Fluency in spoken English and proficiency […]


YE YINT THUFebruary 28, 20121min07
ရပ်ကွက် (သို ့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြဋ္ဌာန်းလိုက်ကြောင်း ၂၅ ရက်နေ ့ထုတ် နိုင်ငံပိုင် သတင်းစာများမှာ အခုလို ဖေါ်ပြထားပါတယ်။ အဆိုပါဥပဒေ၏ အခန်း (၁၅) အပိုဒ် ၃၃။ တွင် “ ရပ်ကွက် သို ့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေမှူးသည် ဧည့်စာရင်းတိုင်ကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍ ငွေကြေး တစ်စုံတစ်ရာကောက်ခံခြင်းမပြုရ။ ”   လို ့ဆိုထားပါတယ်။ သို ့သော်လည်း မန္တလေး ပြည်ကြီးတံခွန် မြို့နယ်  ကျွဲဆည်ကန်ကားကြီးကွင်းတည်ရှိရာ  ချမ်းမြသာယာရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးမှာတော့ ယနေ ့အထိ ဧည့်စာရင်းတိုင်ကြားခ တောင်းကောင်း နေတုန်းပါဘဲ။   ဧည့်စာရင်းတိုင်သူ များထံမှ လူတစ်ဦး (၇) ရက် တစ်ပါတ်စာတိုင်လျှင် ၁၀ဝ ကျပ် […]


ムラカミFebruary 28, 20122min022
Marketing လေ့လာပြီဆိုရင် မလေ့လာလို့ မစောင့်ကြည့်လို့ မရတဲ့ အရာတခုရှိပါတယ် သူကတော့ ဘက်နတ္တန် ပဲဖြစ်ပါတယ်။ ဘာလို့ လေ့လာစောင့်ကြည့်ရသလဲ ဆိုရင် ကမာ္ဘ့အတော် ဆုံး မားကတ္တင်းန် သမားအချို့ ရှိတဲ့ နေရာမို့လို့ပါပဲ …။   Luciano Benetton လို့ခေါ်တဲ့ အသက် ၃ဝ အရွယ်ရှိတဲ့ Treviso မြို့က သင်္ဘောသား တယာက် က စတင်တည်ထောင်ခဲ့တာပါ (သင်္ဘောသီးတွေ မခေဘူးနော… စည်စည်ရေ …ကြိတ်ထားဟ) အရောင်အသွေးစုံလင်သော အဝတ်အထည် ဈေးကွက်တခု ရှိလာမယ် ဆိုတာကိုမြင်တဲ့ သူဟာ ညီတော်မောင်ရဲ့ စက်ဘီးကိုရောင်းပြီး အပ်ချုပ်စက် အဟောင်းလေး စတ်လုံး ကိုဝယ်ပြီး လုပ်ငန်းစတင်ခဲ့တာ ဖြစ်ပါတယ်။ ဆွယ်တာ ကော်လက်ရှင် အချို့ နဲ့ စတင်ခဲ့တဲ့ […]


aye.kkFebruary 25, 20121min02
ရောင်းဝယ်ဖောက်ကား ဈေးသည်ပညာများက မကုန်နိုင်ပါပေ..။ အဖေကတော့လောကအလည်မှာ မျက်နှာမငယ်ရအောင် သူကိုယ်တိုင်ဦးဆောင်ဦးရွက်ပြုခါ သမုဒ္ဒရာဝမ်းတထွာ အတွက် ကျမတို့မောင်နှမများအား ကုန်သည်ပညာ(ဈေးရောင်းဈေးဝယ်)တတ်အောင် သင်ပြပေးခဲ့ပါသည်။ သင်ပြပေးသည်ဟုဆိုရာတွင် အဖေကိုယ်တိုင်ပင် အတော်လေးပင်ပန်းခံပြီး ကျမတို့အားလုပ်တတ်ကိုင်တတ်အောင် ပြပေးရရှာပါသည်။ ကြက်သွန်အဖြူ၊ကြက်သွန်အနီ၊အာလူးပေါ်ချိန်ဆိုပါက လွန်စွာအလုပ်ရှုတ်ပါသည်။ ကြက်သွန်နီပေါ်ချိန်တွင် ကုန်များအား ဝယ်ယူကာမလှောင်နိုင်ပါလျှင် ကုန်ပစ္စည်းတို့ပြတ်လပ်သွားပါက လွန်စွာဒုက္ခရောက်ပါသည်။ နေ့စဉ်မဖြစ်မနေဝယ်ယူ စားသုံးနေရသည့် မီးဖိုချောင်သုံးပစ္စည်းများ လည်းဖြစ်နေသဖြင့် ကိုယ့်အားခင်မင်နေသော ဖောက်သယ်များ သူများဆီရောက်သွားပါက ကိုယ့်အရောင်းအဝယ် မှာထိခိုက်နစ်နာရခါ ကိုယ့်ဖောက်သယ်များ မိတ်ပျက်သွားနိုင်၍ ဖြစ်ပါသည်။ ထိုကုန်ပစ္စည်းများလှိုင်လှိုင်ပေါ်သည့်အချိန်ရောက်လာပါက အဖေသည်မီးဖိုချောင်သုံး ပစ္စည်းများများစားစားဝယ်ယူ နိုင်ရန်အတွက်ငွေအရင်းအနှီးအား ပိုမိုစိုက်ထုတ်ပြီးဝယ်ယူထား၍ ပိုမိုစွာသိုလှောင်ထားရှိပါသည်။ ထိုသို့ဝယ်ယူသိုလှောင်ထား သည့်အခါ၌လည်း ပစ္စည်းများထားသိုရန်(ကုန်ပစ္စည်းများလှောင်ရန်) အတွက်နေရာတို့အား စနစ်တကျစီမံ ရခြင်းအပေါ်အလုပ်သမားတို့အား အားကိုးအားထားခြင်းမပြုလုပ်ခိုင်းပါ။ အလုပ်သမားကိုတော့ ကားပေါ်မှချသည့်ကုန်ပစ္စည်းတို့အား ဂိုဒေါင်အရောက်ထိ သယ်ယူပို့ဆောင်ခိုင်းပါသည် ။ ကျမတို့လည်းမ၍မနိုင်ပါ ကြက်သွန်နီထဲ့ထားသည့်အိတ်တအိတ် […]


asiamastersFebruary 24, 20121min02
ကျွန်တော်တို့ရဲ့ Education System ထဲမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရကာစကတဲက မှားယွင်းလာခဲ့တဲ့ အမှားအယွင်းတွေ အမြစ်တွယ်နေတယ်။ Education ဆိုတဲ့နေရာမှာ Education ဆိုတာကိုလည်းနားလည်ဖို့လိုတယ်။ Education ဆိုတာက လက်တင်ဘာသာစကား Educatio ကနေလာတယ်။ အနက်ကတော့ မိမိထက်ငယ်ရွယ်သူတွေကို လိုချင်တဲ့ပုံကိုသွင်းတာပါပဲ။ Education လို့ပြောတဲ့နေရာမှာတော့ Formal education ဆိုတာနဲ့ Informal Education လို့တော့ ခွဲလို့ရတယ်။ Formal Education ဆိုတာကတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်နဲ တက္ကသိုလ်အထိ စနစ်တကျဖွဲ့စည်းထားတဲ့ကျောင်းတွေမျိုးဖြစ်တယ်။ Informal Educationဆိုတာကတော့ အသက်မွေးသင်တန်းတွေဖြစ်တဲ့ Vocational Education တွေလိုမျိုးဖြစ်တယ်။ အခုမြန်မာနိုင်ငံမှာက ဒီနှစ်မျိုးလုံးမှာ အားနဲခဲ့တာ လွတ်လပ်ရေးရပြီးကတဲကပဲ။ Formal Education မှာအားနဲနေတာက လူသားတွေရဲ့စွဲမြဲခိုင်မာတဲ့ နှလုံးသားကို လေ့ကျင့်ပေးရမဲ့အစား […]


asiamastersFebruary 24, 20121min00
ကျွန်တော်တို့ရဲ့ Education System ထဲမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရကာစကတဲက မှားယွင်းလာခဲ့တဲ့ အမှားအယွင်းတွေ အမြစ်တွယ်နေတယ်။ Education ဆိုတဲ့နေရာမှာ Education ဆိုတာကိုလည်းနားလည်ဖို့လိုတယ်။ Education ဆိုတာက လက်တင်ဘာသာစကား Educatio ကနေလာတယ်။ အနက်ကတော့ မိမိထက်ငယ်ရွယ်သူတွေကို လိုချင်တဲ့ပုံကိုသွင်းတာပါပဲ။ Education လို့ပြောတဲ့နေရာမှာတော့ Formal education ဆိုတာနဲ့ Informal Education လို့တော့ ခွဲလို့ရတယ်။ Formal Education ဆိုတာကတော့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကောလိပ်နဲ တက္ကသိုလ်အထိ စနစ်တကျဖွဲ့စည်းထားတဲ့ကျောင်းတွေမျိုးဖြစ်တယ်။ Informal Educationဆိုတာကတော့ အသက်မွေးသင်တန်းတွေဖြစ်တဲ့ Vocational Education တွေလိုမျိုးဖြစ်တယ်။ အခုမြန်မာနိုင်ငံမှာက ဒီနှစ်မျိုးလုံးမှာ အားနဲခဲ့တာ လွတ်လပ်ရေးရပြီးကတဲကပဲ။ Formal Education မှာအားနဲနေတာက လူသားတွေရဲ့စွဲမြဲခိုင်မာတဲ့ နှလုံးသားကို လေ့ကျင့်ပေးရမဲ့အစား […]