ချစ်ရသူ အတွက် လွမ်းရတက်နှင့် ဆောင်းဦးကင်းလွတ် နွေဦးရောက်ခဲ့ပါပြီ ။ ချစ်အောက်မေ့မေ့ တစ်နေ့မှ မမေ့ပါဘူး ရင်ထဲစူးနစ် ကို့ ရဲ့အချစ်က တည်ရစ်ကမ ္ဘာ သံသရာ အထွေထွေ ဆုံးပါစေလည်း ရေမြေတောတောင် သမုဒ္ဒရာ နှောင်ဖွဲ့ အထပ် ထပ်လှည့် ဘဝဇာတ်မှာ ရဟတ်သို့နှယ် ပတ်ချာလည်ခဲ့ သို့ပေမယ့်ကွယ်………… ချစ်တဲ့ မေတ္တာ သစ္စာတည်ပေါ့ ရာသီတွေပြောင်း ချိန်ခါနှောင်းလည်း မဟောင်း ချစ် ကမ ္ဘာတည်ဆဲပါကွယ် ။ ရာသီမိန်ဦး ချိန်မှန်ကူးပေါ့ မဟောင်း ချစ် ကမ ္ဘာတည်ဆဲပါကွယ် ။ ချစ်ရသူအတွက် လွမ်း ရတက်နှင့် ဟေမာန် လွန်မြောက် ဂိမ္မာန် ကိုရောက်…ရောက်ခဲ့ပါပြီ သိပ်ချစ်ရတဲ့ ကို့ ချစ်သူရယ်………


ဒေါ်လာဈေးတွေ ဧပြီလ တစ်ရက်မှာ နုန်းရှင် သတ်မှတ်တော့မယ်လို့ သတင်းတွေ သတင်းဂျာနယ်တွေမှာ အပြိုင်အဆိုင်ဖော်ပြနေပါတယ် ။ အဲ့ဒိ အပေါ်မှာ ကောင်းတယ် မကောင်းဘူး သုံးသပ်သူ မျိုးစုံ နဲ့ ကျယ်ကျယ်လောင်လောင်တွေ အော်နေကြပါတယ် ။ ဘဏ်များကလည်း ဆင်ဖမ်းမယ် ကျားဖမ်းမယ် နိုင်ငံခြားငွေ လဲလှယ်နုန်းသတ်မှတ်ပြီးပါက Payment Union Card တွေ အသုံးပြုသွားမယ်နဲ့ မစားရ ဝမခန်းတွေ ဂျာနယ်တွေမှာ ဖော်ပြနေပါတယ် ။ အဲ့ဒီလိုဘဲ ငွေလဲ ကောင်တာ တွေဖွင့်ခွင့် ပေးလိုက်တယ် ဆိုတုန်းကလည်း ငွေလဲမှုတွေ ဘယ်လိုု အဆင်ပြေ လွယ်ကူတော့မှာ ဘယ်လို လုံခြုံတော့မှာ စသည်ဖြင့် လူအထင်ကြီးအောင် သမ္မတ ကြီး နားဝင်ချိုအောင် ဝိုင်းဝန်း တွန်းပို့ ကြပါတယ် ။ […]


MandalayTharMarch 11, 20121min023
ပထမဦးဆုံး ဒီပို့စ်ဟာ လူမျိုးရေးခွဲခြားလိုခြင်း၊ တခြားလူမျိုးခြားများကို ဆော်ကားလိုခြင်းမျိုး လုံးဝ မရှိကြောင်းပြောလိုပါတယ်။ ဖြစ်နေတဲ့ ပြသာနာကို ဘယ်လို အကောင်းဆုံးဖြေရှင်းမလဲဆိုတာ အကြံပေးဆွေးနွေးခြင်းဖြစ်ပါတယ်။ အကြောင်းက… အခုဆို ကျွန်တော်တို့ မန္တလေးမြို့မှာ မန္တလေးမြို့ခံ (ဒီနေရာမှာ မြန်မာလူမျိုးတွေ လို့ မသုံးပါဘူး၊ မြို့ခံလို့သုံးထားပါတယ်။ ဗမာ၊ တရုပ်၊ ကုလား အစုံ ပါတဲ့ မန္တလေးမြို့ ပေါက်၊ မန္တလေးမြို့မှာကြီး၊ မန္တလေးကို သံယောဇင်ကြီးတဲ့ မန္တလေးမြို့သူ/သား တွေကို ဆိုလိုတာပါ။) ဒီမြို့ခံ တွေဟာ မြို့အပြင် မြို့သစ်ကို ရောက်ပြီး မြို့ထဲမှာ တခြားသော လူမျိုးခြားများ နေရာတဖြည်းဖြည်း နေရာဝင်ယူနေကြပါပြီ။ မြို့ရဲ့ စီးပွားရေးအခြေအနေ၊ ခေတ်အခြေအနေ၊ မီးလောင်မှု့များ၊ အစိုးရ ညံဖျင်းသော ပေါ်လစီ၊ ခေတ်ရဲ့ လက်ပေးလက်ယူမှု့ တွေကြီးထွားလာမှု့၊ […]


အကောင်းဆုံးနေ့ = ဒီနေ့ အသိဆုံးပုဂ္ဂိုလ် = ဘုရား အကြီးဆုံးအရာ = မေတ္တာ အကြီးဆုံးအချိန် = သေခြင်း အကြီးဆုံးအဟန့်အတား = အကြောက်တရား အလွယ်ဆုံးအလုပ် = တစ်ဖက်သားကို အပြစ်ရှာခြင်း အသုံးမကျဆုံးပိုင်ဆိုင်မှု = မာန အကြီးဆုံးပိတ်ဆို့မှု = အတ္တ အကြီးဆုံးအမှား = လက်လျှော့အရှုံးပေးခြင်း စိတ်ချမ်းသားစရာအကောင်းဆုံး = အလုပ်တစ်ခုကိုကောင်းကောင်းလုပ်ပြီးတဲ့ အချိန် အငြင်းပွါးရဆုံးလူ = အမြဲတမ်းညည်းတွားနေတဲ့သူ အဆိုးဆုံးဆင်းရဲမှု = စိတ်မပါလက်မပါဖြစ်ခြင်း အလိုအပ်ဆုံး = အများတွေးသလိုမြင်သလို တွေးတက်မြင်တက်မှု အညံ့ဖျင်းဆုံးစိတ်ထား = သူတစ်ပါးကောင်းစားတာကို မနာလိုဖြစ်ခြင်း အကောင်းဆုံးလက်ဆောင် = ခွင့်လွှတ်ခြင်း အကောင်းဆုံးအချိန် = လက်ရှိအချိန်


KyaemonMarch 9, 20122min03
      ရှေ့က” စီအိုင်အေ CIA နဲ့ ”ဝီးကီး” စွယ်စုံ (Wikipedia) တို့ မြင်တဲ့ ဂျပန်နိုင်ငံကုန်သွယ်ရေး I ” ရဲ့ အ ဆက်     သွင်းကုန် ဇယား (၂) နဲ့(၅) ဂျပန်ကအခြား နိုင်ငံတွေကနေ တင်သွင်းတာကိုလဲကြည့်ရအောင်၊   စီအိုင်အေမှတ်တမ်းက ဂျပန်ရဲ့သွင်းကုန် စီးပွါးဘက်ကြီး ( ၇) နိုင်ငံကို နှစ်စဉ်ရွေးနုတ် ဖော်ပြထားတာ၊   ဂျပန်သွင်းကုန်ကြ တော့ ယူအက်စ်အေ USA က နှစ်တိုင်း “ဒုတိယ”ဘဲလိုက်တာ၊ ဖျမ်းမျှအားဖြင့် (၁၁) % ဖြစ်ပြီး (ဒေါ်လာ ၆ရ  ဘီလီယံ)တန်ဘိုး ပါ၊ တရုပ်နိုင်ငံက နှစ်တိုင်းထိပ်ဆုံးကဖြစ်တယ်၊ ဖျမ်းမျှအားဖြင့် […]


KyaemonMarch 9, 20127min01
ဂျပန်နိုင်ငံရဲ့ကုန်သွယ် ရေးကို တစေ့တစောင်းလေ့လာရအောင်    စီအိုင်အေ မှတ်တမ်း   ထုံးစံအတိုင်းဘဲ စီအိုင်အေ မှတ်တမ်းများကိုမူတည်ရတာပါ လွယ်လဲလွယ် စုံလဲစုံ လူတိုင်းဝင်ကြည့်နိုင်ဘို့လုပ်ထားတာ၊    စင်ကာပူ နဲ့တူတာ စင်ကာပူလိုဘဲ ဂျပန်နိုင်ငံဟာ သယံဇာတ ချို့တဲ့ပြီး လူဦးရေထူထပ်တယ်၊ မြေနေရာကျဉ်းမြောင်းတယ်၊   စင်ကာပူလိုဘဲ အခက်အခဲတွေကိုကျော်လွှားနိုင်လို့ ဂျပန်နိုင်ငံဟာ တိုးတက်ဖွံ့ဖြိုးပြီး ချမ်းသာ ကြွယ်ဝ တဲ့နိုင်ငံဖြစ်တာကို အများကသိကြတယ်၊   စင်ကာပူနဲ့မတူတာ   မတူတာ က ဂျပန်နိုင်ငံဟာ မြေငလျင်၊ ဆူနားမီရေဘေး၊လေမုန်တိုင်း တွေ ခဏ ခဏ ဖြစ်တာ၊   ဒိအပြင် အနုမြူဗုံး နှစ်လုံးရဲ့ဒဏ်ကို ခံလိုက်ရပြီး ယင်း ဒဏ်ရာဒဏ်ချက်ကနေပြန်လဲနှလံထူရတာ၊   (သူများနိုင်ငံတွေကို လူမဆန်စွာ အထူးရက်ဆက်ကြမ်းကြုတ် ယုတ်မာ […]


man powerMarch 9, 20121min015
သူဂျီးရေ။  တခါလောက်တော့ ခွင့်ပြုပါနော။   Hyundai  Heavy  Industries  ကနေ တာဝန်ယူ ပြုပြင် ဖောက်လုပ်နေတဲ့  လမ်း ဖောက်လုပ်ရေး လုပ်ငန်း အတွက်   အတွေ ့အကြုံရှိတဲ့  Civil Engineer တစ်ယောက် လိုအပ်ပါတယ် ။   ကျား/မ မခွဲ ခြားပါဘူး ။   အသက်အရွယ်ကတော့ အမျိုးသမီးဆိုရင်  အသက် (၃၅) နှစ် အရွယ် အထိ ဖြစ်ပြီး  အမျိုးသား ဆိုရင်တော့  အသက် (၄၀) အထိ   လက်ခံပါတယ်။   အင်္ဂလိပ် ဘာသာစကား ကျွမ်းကျင်စွာ ပြောဆိုနိုင်ဖို ့လိုပါတယ် ။   အခြေခံလစာက  တလကို  အမေရိကန်ဒေါ်လာ (၃၀၀)  ဖြစ်ပါတယ်။ […]


Swal Taw YwetMarch 9, 20128min052
ဒီရက်ထဲမှာ ဟိုးတုန်းက ဖတ်ထားခဲ့ဘူးတဲ့ ကဗျာတို စာစလေးတွေ ခဏခဏ ပြန်ပြန် ပေါ်နေတယ်။ ဒီစာစုလေးခေါင်းစဉ်က “ကဗျာဝိုင်း၊ စာဝိုင်းနှင့် ကျနော်” လို့ ထင်နေတယ်။ သတိရနေတဲ့ စာသားလေးတွေက ဒီလို…. “ဤသို့ဖြင့် အမှန်တရားသည် ပုန်းကွယ်ရာမှ ရှေ့သို့ထွက်လာသည်။  အိပ်နေရာမှ နိုးထလာသည်။ နိုးထရာမှ ထင်ရှားလာသည်။ ထင်ရှားရာမှ ပျံတက်လာလေတော့သည်။  ဤကား ဤစကားဝိုင်းလေး၏ အနှစ်သာရပင်တည်း ”   အခုလည်း ဝင်ငွေခွန်ကိစ္စနဲ့ ပတ်သက်ပြီး ကိုကြီးမိုက်နဲ့ ကျနော် ဆွေးနွေးတဲ့နေရာမှာ တခြားသူတွေရဲ့ အတွေ့အကြုံတွေ၊ မတူနိုင်တဲ့ ရှုထောင့်အမြင်တွေ စုပေါင်းပြီး ကောင်းသထက်ကောင်းတဲ့ အဖြေတစ်ခု ရလာစေချင်လို့ ဆရာသစ်မရှိတုန်း ကြားဖြတ် ဆီမီနာလေးအသွင် ဖန်တီးကြည့်ချင်ပါတယ် ဗျို့ …. ဝိုင်းကြပါဦးနော… အစပျိုးပုံလေးက စပါမယ်။ […]


kaiMarch 9, 20121min013
အရေးပေါ်အစည်းအဝေးခေါ်ယူရေးတင်ြပချက်                 နော်ဝေနိုင်ငံရောက် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာအသင်းဝင်များအားလုံးနှင့် စာဖတ်ပရိတ်သတ်များအတွက် တင်ပြအပ်ပါသည်။               အကြောင်းကတော့ နော်ဝေနိုင်ငံရောက်မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်များအတွက် ဘုန်းတော်ကြီးကျောင်း ဝယ်ယူမရရှိသေးသည့် ကိစ္စပါ၊ အကြောင်းအရာတော်တော်များများကို သိရှိနေကြသူများလည်း ရှိနေမည် အမှန်ပါ၊ သို့သော်လည်း ပိုမိုပြည့်စုံရန်ရည်ရွယ်ပါသည်။                ၁၅.၁၀.၂၀၁၁ နေ့က အော်စလိုမြို့မှာ မြန်မာဗုဒ္ဓဘာသာအသင်း နှစ်ပတ်လည်အစည်းအဝေးကပဲ ပြန်လည်ကောက်ယူ ဖော်ပြလိုပါသည်၊ အဲဒီ အစည်းအဝေးကို စာရေးသူကိုယ်တိုင် တက်ရောက်မိလို့ပဲဖြစ်ပါသည်။ အစည်းအဝေးဆုံးဖြတ်ချက်များကိုလည်း မြန်မာနိုင်ငံသားများထေရဝါဒအသင်း ဝဘ်ဆိုဒ်နှင့် သူရိယဝဘ်ဆိုဒ်တို့မှလည်း ဖော်ပြပြိး ဖြစ်ခဲ့ပါသည်၊ အနှစ်ချုပ်ကတော့ ဘုန်းတော်ကြီးကျောင်းဝယ်ယူရေးမှာ ငွေနှင့် နေရာအခက်အခဲရှိနေသည့်အတွက် ဝိုင်းဝန်းကူညီကြိုးပန်းကြရန်ြဖစ်ပါသည်။                ထိုဆုံးဖြတ်ချက်အတိုင်း ကျနော်တို့လည်း ကြိုးပန်းဆောင်ရွက်ခဲ့ရာ လီလီဟားမားမြို့မှာ အဆင်ပြေချောမောသည့်အဆင့်ကို ရောက်ပါသည်၊ လီလီဟားမားကွန်မြူးမှ ငွေချေးမည်၊ အိမ်ဝယ်မှုကိုပါ ကူညီမည်၊ […]


kaiMarch 8, 20121min06
သမ္မတကြီး ဦးသိန်းစိန်ထံသို့                                                    သမ္မတကြီး ဦးသိန်းစိန်ထံသို့                                                   အိတ်ဖွင့်ပေးစာ သမ္မတကြီးခဗျင်္ာ- ဦးပဉ္စင်းသည် မြစ်ဆုံကိစ္စမှစ၍ သမ္မတကြီးကို လေးစားကြည်ဖြူလာခဲ့သူ ဖြစ်ပါ သည်။ ယခုလည်း သမ္မတကြီးတို့ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးကိစ္စ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ၊ တိုင်းပြည်ဖွင့်ဖြိုးတိုးတက်ရေးကိစ္စ မှန်သမျှကို ဆက်လက်ထောက်ခံ အားပေးနေဆဲ ဖြစ်ပါသည်။ သမ္မတကြီး၏ မိန့်ခွန်းထဲ၌ အစိုးရသက်တမ်း တစ်နှစ်တာကာလ အတွင်းမှာ အကျဉ်းသားပေါင်း နှစ်သောင်းရှစ်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ေြကာင်း၊ ထိုသို့ ပေးခဲ့ခြင်းမှာလည်း အမျိုးသားပြန်လည်ပေါင်းစည်း ညီညွတ်ရေးနှင့် နိုင်ငံတည်ဆောက်ရေးမှာ အားလုံးပါဝင်ခွင့်ရရှိရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ သမိုင်းတစ်လျှောက်အရ တစ်နှစ်အတွင်း၌ အကြိမ်ရေအများဆုံး ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် မှတ်တမ်း အသစ်တင်ရမည် ဖြစ်ကြောင်း၊ ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့သည်ကို တွေ့ရပါသည်။ ထို့အပြင် “ပွင့်ပွင့်လင်းလင်း ပြောရရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရရှိရေးကို […]


Ma MaMarch 7, 20121min026
ဒီကနေ့ တပေါင်းလပြည့်နေ့မို့ အလုပ်ပိတ်ပါတယ်။ ဇာတိမြို့မှာလည်း နှစ်စဉ် တပေါင်းလပြည့်နေ့မှာ ဘုရားပွဲတော်၊ စတုဒိသာ ကျွေးမွေးလှူဒါန်းပွဲနဲ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲတွေရှိလို့ မိသားစုတွေ၊ ဆွေမျိုးတွေ၊ မိတ်ဆွေတွေနဲ့ အတူ သွားဖြစ်ခဲ့တယ်။ ရန်ကုန်ရောက်သူတွေ စုပေါင်းဖွဲ့စည်းထားတဲ့ မြို့နယ်အသင်းက စတုဒိသာ ကျွေးပွဲကို ဦးဆောင်လှူဒါန်းပါတယ်။ တမြို့တနယ်ရောက်နေကြတဲ့ မြို့သူ မြို့သားတွေကလည်း ကိုယ့်ဇာတိကို ချစ်ခင်ကြတဲ့ စိတ်ကလေးတွေကိုယ်စီနဲ့ ရောက်အောင်ပြန်လာကြတာတွေ့ရလို့ ဝမ်းသာကြည်နူးမိပါသေးတယ်။ ကိုယ့်မြို့စာသင်တိုက်က ဆရာတော်ကိုလည်း သွားဖူးခဲ့ပါသေးတယ်။ အဲဒီကျောင်းတိုက်မှာ သီတဂူဆရာတော်ကြီးရဲ့ ဦးဆောင်ပံ့ပိုးမှုနဲ့ မြို့ခံဆရာတော်ရဲ့ အနီးကပ်ဦးဆောင် ကြိုးစားမှုတွေနဲ့ မျက်စိခွဲစိတ်ကုသဆောင်နဲ့ မျက်စိဆေးခန်းကို အောင်မြင်စွာ ဖွင့်လှစ်ကုသနိုင်ခဲ့တာ အခုဆိုရင် ၁ဝနှစ်ကျော်ပြီ ထင်ပါတယ်။ တစ်ပတ်ခြား တစ်ကြိမ် တနင်္ဂနွေနေ့တိုင်း ကုသပေးတာဖြစ်ပါတယ်။ တောနယ်တွေကနေ မျက်စိကုသဖို့ ရောက်လာကြသူတွေဟာ ဘုန်းကြီးကျောင်းထဲမှာ နားနေနိုင်၊ […]


ကြားဖြတ်သတင်း ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်သည့် တပ်မတော်သားအား စစ်တိုင်းမှူးကိုယ်တိုင် လွှတ်ပေးလိုက်ပြီ မတ်လ ၆ ရက်၊ ၂၀၁၂၊ ည ၉နာရီခွဲ (YPI) ဒေါ်အောင်ဆန်းစုကြည်၏ ကလောမြို့ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်လိုက်သဖြင့် ဖမ်းချုပ်ခြင်းခံရသည့် တပ်မ ၅၅ မှ တပ်သား ကျော်ဇင်ဝင်းအား ယနေ့ညနေပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်တိုင်းမှူး ကိုယ်တိုင် လာရောက်၍ အချုပ်မှ လွှတ်ပေးလိုက်ကြောင်း ကလောမြို့ လုံခြုံရေး သတင်းရပ်ကွက် အဆိုအရ သိရှိရသည်။ Credit to;http://www.facebook.com/ygnpress/posts/330106580369304 ဒါမှလဲ ရှင်းရောဗျာ။တပ်မတော်ထဲမှာလဲ အာဏာပေါ်တပ်မက်သူတွေ မကုန်သေးဘူး။အရင်ခေတ်လို မှတ်နေတယ်ထင်တယ်။ကျနော် အမြဲပြောခဲ့သလို တပ်မတော်ပေါ်မယုံနိုင်ဘူးလို ့။ခုလဲကြည့်ပါအုံးဗျာ။ ဘယ်လောက် ရုပ်ပျက်သလဲ။ခက်တော့နေပီ။ဒီလောက်ထိ အကျင့်ပျက်နေတဲ့ တပ်ထဲက အာဏာရှင်တွေ အပေါ် ဘယ်တော့မှဖြင့် ယုံရမလဲဗျာ။


asiamastersMarch 7, 20121min02
  လွတ်လပ်ရေးနဲ့ပတ်သက်လို့ကတော့ မြန်မာနိုင်ငံက နဲနဲထူခြားတဲ့နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရတာ တစ်ကြိမ်မဟုတ်ပါဘူး။ နှစ်ကြိမ်ဖြစ်ပါတယ်။ ပထမလွတ်လပ်ရေးက ဂျပန်တွေ ပေးတဲ့လွတ်လပ်ရေးဖြစ်ပါတယ်။ ဂျပန်ခေတ်ထဲမှာပေးခဲ့တာပါ။ အဲဒီလွတ်လပ်ရေးကို လက်ခံယူခဲ့ တာကတော့ အဓိပဓိဒေါက်တာဘမော်ဖြစ်ပါတယ်။ နောက်လွတ်လပ်ရေးကတော့ အားလုံး သိကြတဲ့အတိုင်း အင်္ဂလိပ်ကပေးတဲ့လွတ်လပ်ရေးဖြစ်ပါတယ်။ ဂျပန်တွေက စစ်ရှုံးသွားတော့ မျက်နှာ ကြီးရာ ဟင်းဖတ်ပါဆိုသလို အင်္ဂလိပ်တွေပေးတဲ့လွတ်လပ်ရေးကိုပဲ လူတွေကမှတ်မိကြပါတော့တယ်။ လွတ်လပ်ရေးနေ့အခန်းအနားကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့မှာ သမ္မတ အိမ်တော်မှာ ကျင်းပပါတယ်။ သမ္မတ အိမ်တော်ဆိုတာက အခုပြည်လမ်းပေါ်မှာ ရှိတဲ့ ပြည်သူ့လွှတ်တော် အဆောက်အဦ ရဲ့ အနောက်ဘက်နားမှာရှိပါတယ်။ အင်္ဂလိပ်ကိုလိုနီရယ်စတိုင် အဆောက်အဦကြီး ပါပဲ။ အလွန်ခန့်ညားပါတယ်။ ၁၉၈ဝ ကျော်လောက်မှ ဖျက်လိုက်တာပါ။ သရဲအတော်ခြောက် တယ်လို့တော့နာမည်ကြီးပါတယ်။ အထဲမှာတော့ အထက်တန်းစားအရာရှိကြီးတွေ […]