Maung YuGhan SDYJune 10, 20121min04
ပြောစရာစကားတွေရှိလာပြီပေါ့ညီလေး စောညီညီ အကိုတို့မတွေ့ကြတာနှစ်ပေါင်းနှစ်ဆယ်ကာလတခုကိုကျော် လွန်သွားခဲ့ပေမယ့် တချိန်တုန်းက စစ်တွေအကျဉ်းထောင်ထဲမှာ ရခိုင်ပြည်အနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာမမေ့သေးပါဘူး။ကဲအခုအကို့postsရဲ့ခေါင်းစဉ်ကိုရှင်းပြပါဦးမယ်။ အကိုတို့လေးယောက်စလုံးဟာ ၁၉၉ဝအလွန်မှာစစ်တွေအကျဉ်ထောင်ထဲမှာ ၁၉၈၈ လူထုအရေးတော်ပုံမှာပါဝင်ခဲ့မှုတွေကြောင့်အကျဉ်းကြခဲ့စဉ်အတူတကွတွေ့ဆုံကြတာပေါ့ ဒီနိုင်ငံရေးအကျဉ်းကြနေကြတဲ့ရခိုင်ပြည်က ကမ္ဘာကျော်နိုင်ငံရေးသမားတွေအကိုသတိထားမိတာက ဦးဦးလှစော(ရခိုင်တိုင်းသားများတိုးတက်ရေးပါတီ အတွင်းရေးမှုုး)ဦးကျောက်တောင်(ကြံ့ခိုင်ရေးပါတီ နာယက)ညီလေးစောညီညီတို့ပေါ့ ညီလေးနဲ့အကို အတော်ရင်းနှီးလာလို့ တယောက်ကိုတယောက်ပွင့်ပွင့်လင်းလင်းဆွေးနွေးဖြစ်တဲ့အခါ ရခိုင်ပြည်နယ်ရဲ့ကံကြမ္မာတချိန်ညီလေးတို့လက်ထဲမှာ လုံခြုံမှုေိအးချမ်းမှုတွေနဲ့အတူဖွံ့ဖြိုးတိုးတက်လိမ့်ရခိုင်တိုင်းသားတွေကို တစုံတရာကိုယ်စားပြုနေသူပေါ့ သူ့ကိုစစ်တွေထောင်နိုင်ငံရေးဆောင်မှာတွေ့တုန်းက အမြဲတမ်းမျက်မှောင်ကျုတ်ပြီးစာဖတ်နေတတ်တယ်၊မျက်မှောင်ကျုတ်ပြီးလမ်းလျှောက်ရင်းစဉ်းစားနေတတ်တယ် သူက ၈၈ အရေးတော်ပုံမှာ ဒီမိုကရေစီရေးကိုတောင်းဆိုသူဖြစ်လို့ အမျိုးသားရေးတင်းမာသူဖြစ်ပေမယ့် လူသားတို့ရဲ့မွေးရာပါအခွင့်ရေးတွေကို သဘောထားကြိးစွာနားလည်လက်ခံထားသူဖြစ်လိမ့်မယ်လို့အကိုယုံကြည်ပါတယ်။ နောက်တယောက်က ကိုကျောက်တောင် သူဟာအံ့ဩဖို့ကောင်းတဲ့ စီးပွားအမြင်ရှိသူပါ သူရဲ့စီးပွားရေးအသီးအပွင့်တွေကို တောင်ကုတ်မြို့သူမြိုသားတွေမျှဝေခံစားရပါတယ် သူကြံ့ခိုင်ရေးပါတီဝင်တုန်းက တောင်ကုတ်ကလူငယ်တွေဝမ်းနည်းပက်လက်ဖြစ်ကြတယ် သူကိုတောင်ကုတ်မြိုသူမြို့သားတွေက ဒီမိုကရေစီရေးမှာခေါင်းဆောင်အဖြစ်မြင်လိုကြပါတယ် ဒါပေမယ့်ညီလေးရာလူဆိုတာသူ့သမိုင်းကိုသူ့စိတ်ကြိုက်ပုံဖေါ်ဘို့ကြိုးစားတတ်ကြတာပဲ မြို့ကိုတိုးတက်အောင်လုပ်ပါတယ် လျှပ်စစ်မီးကိုလဲ ၂၄ နာရီရအောင် ဖွဲမီးစက်တွေနဲ့မီးပေးတယ် ရခိုင်ရိုးမကားလမ်းကိုလဲ နေလသစ္စာကုမ္ပဏီအနေနဲ့လုပ်နေတယ် အများကြီးပေါ့ညီလေးရာ ရခိုင်ပြည်နယ်တောင်ပိုင်းတက္ကသိုလ်ကိုလဲကုန်ကြစရိတ်ရဲ့တဝက်သူခံမယ်တဲ့ရခိုင်ဒေသဟာဖွံ့ဖြိုးမှုအလွန်နဲပါတယ် ဒီတက္ကသိုလ်သာပြီးသွားလို့ ပညာရေးအသီးအပွင့်တွေသီးပွင့်ရင် ရိုးသားတဲ့ရခိုင်တိုင်းသားတွေ […]


Ma MaJune 9, 20121min024
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့အခါမှာ တိုင်းရင်းသားစီးပွားရေးတွေ ခိုင်မာနေဖို့ လိုပါတယ်။ တစ်ဦးချင်း တစ်ယောက်ချင်းအားထက် စုပေါင်းအားက ပိုကြီးမားပါတယ်။ အခုအခါမှာ တူရာတူရာ စုပေါင်းလို့ အများပိုင်ကုမ္ပဏီတွေ ဖွဲ့စည်းနေပါပြီ။ စိတ်ပါဝင်စားသူများ အစုရှယ်ယာ ဝယ်ယူထည့်ဝင်နိုင်အောင် သတင်းပေးလိုက်ပါတယ်။


ဘဲဥJune 9, 20121min08
အားလုံးသော စာဖတ်ပရိတ်သတ်များအတွက်  သတင်းစကားလေးပါးချင်ပါတယ်။ အဲ့ဒါကတော့ ခြေထောက်တစ်ဖက်(သို့) နှစ်ဖက်စလုံး  မသန်စွမ်းသူတွေအားလုံး ခွဲစိတ်ကုသပေးနေပြီးတော့ အောင်မြင်နေတဲ့ နေရာလေးတစ်ခုအကြောင်းပါ။ မွေးရာပါ မသန်စွမ်းတာပဲဖြစ်ဖြစ် အာရုံကြောကြောင့် မသန်စွမ်းတာပဲဖြစ်ဖြစ် ဘယ်လိုအကြောင်း မျိုးနဲ့ပဲ ဖြစ်ပါစေ အောင်မြင်စွာ ခွဲစိတ်ကုသပေးနေတဲ့ ဆေးရုံေလေးပါ။ မယုံကြည်သူများ ဆက်သွယ်စုံစမ်းနိုင်ပါတယ်၊ လိပ်စာလေးရော ပေးထားပါတယ်နော်။ အဲ့ဒီဆေးခန်းလေးကတော့ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ၊ ခွက်ခွင်းကျေးရွာမှာတည်ရှိပါတယ်။ အဲ့ဒီဆေးရုံလေးကို ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိသရ ရဲ့ လမ်းညွှန်ပံပိုးမူနဲ့ ၊ တိပိဋကဓရ ဓမ္မဘဏ်ဍာဂါရိက ဘဒ္ဒန ္တဝံသာပါလာလင်္ကာရ ဆရာတော်နှင့် တိပိဋကဓရ ဘဒ္ဒန ္တပညာသိရီလင်္ကာရ ဆရာတော်တို့ နှစ်ပါးက ဦးဆောင်ဦးရွက်ပြုပြီးလှူဒါန်းခဲ့ပါတယ်။ အဲ့ဒီဆေးရုံလေးမှာ (၁၆) ကုတင်ဆံ့ တိုက်နယ်ဆေးရုံလေးဖြစ်သော်လည်း ဆေးရုံ၏ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု […]


Thu ThuJune 9, 20121min00
သူကြီးရေသတင်းမှန်မမှန်ကြည့်မယ်ဆိုလဲ sattelight ကမြန်မြန်ဝင်ကြည့်ဗျာ၊ရတဲ့သတင်းနဲ့၊ဒီမှာတင်ထားတာနဲ့ ရောBBC သတင်းတွေနဲ့ပါလွဲနေတယ်၊ကျောက်နီမော်ကိစ္စလဲ ထက်ထက်ကရခိုင်သားအချင်းဖြစ်တာ၊မဆိုင်တာသွေးထိုး တာနဲ့လူတွေသေကုန်ပြီး၊သတင်းမှန်ကန်ဖို့အရေးဒေသ တစ်ခုစီမှာနေတဲ့လူတွေကိုကွန်ယက် ချိတ်ပြီးလူမျိုးရေးဘာသာရေးအစွန်းမရောက်တဲသူတွေကိုအမာ ခံထားပြီးသတင်းကွန်ယက်တည်ဆောက်ဖို့လို့ပြီနော်။ဒါမှသတင်း တစ်ခုထွက်လာရင် အဲဒီဒေသအမာခံတွေဆီလှမ်းမေး၊ sattelight ကကြည့်လို့ရလဲကြည့်ပေါ့၊ဒါမှသတင်းအမှန် ရမှာ ၊FB ချည်းဘဲအားကိုးမနေပါနဲ့.အမေရိကန်စစ်အီရတ်စစ်ပွဲကြည့်ပါ သတင်းနဲ့ချည်နှောင်ပြီးဘာမှမဟုတ်တာဝင်တိုက်တာ၊ တကယ်လက်တွေ့ကျဘာမှမဟုတ်ဘူး၊အမြင်ကပ်လို့ ပုဒ်မတတ်ပြီးဝင်တာ၊တိုက်လိုက်ကြတာ၊သတိရပါဗျာ။ မဟုတ်ရင်အိမ်ကြက်အချင်းချင်းအိုးမဲသုတ်ခွတ်ခံရတာ များပြီဗျို။သတိလဲမရှိကြတော့ခံရတာပါဘဲ၊သွေးဆူတဲ့လူတွေ ကလဲအများသားဘဲကိုး၊မီဒီယာတွေကလဲ သတင်းစီစစ်ပေးကြပါ။သတင်းသမားတွေကကလဲသတင်းမှန်မှ တင်ကြပါ၊ပေါက်ကရကိုယ်ပြောချင်တာစွတ်ပြောပြီးတင်တာ သတင်းမဟုတ်ဘူးဗျို၊သတင်းတစ်ခုရရင်ဘယ်နေရာမှာလဲ၊ ဘယ်အချိန်ကဖြစ်လဲ၊ဘယ်တုန်ကလဲ၊ဖြစ်နိုင်ရင်ကိုယ်တိုင် သွားကြည့်၊မှန်တဲ့ဘက်ကတင်၊အခုတလောသတင်းတခုတင်တာနဲ့ ဝိုင်းဆဲကြတာ မီဒီယာသိက္ခာကျပါတယ်၊လူမျိုးသိက္ခာကျ ပါတယ်၊သတင်းရေးသူကတင်ရင်မှန်မမှန်ဝိုင်းဆွေးနွေး အထောက်အထားတင်ပြ၊ဒီလိုလုပ်ကြပါ၊ဘာမှန်းညာမှန်းမသိ ကိုယ်ဘာသာဝင်ဘက်ကပြီးရော၊ကိုယ်အမျိုးဆိုလုပ်တာမှန် တယ်မလုပ်ကြပါနဲ့၊ဒါကလေးတုန်းကစိတ်ဓါတ်တွေ၊ဗိုလ်ချုပ် ပြောသလိုဆိုခွေးတစ်ကောင်ကိုက်တိုင်ဝိုင်းကိုက်ကြရမှာမဟုတ် ဘူး၊ကိုယ်အုပ်စုထိတာနဲ့သူများအလွန်မလုပ်ကြပါနဲ့၊လွန်ကျူတဲ့ သူဆို ကိုယ်သွးသားတောင်အရေးယူရမှာဘဲ၊ဝိုင်းရှုံချကြရမှာဘဲ ဥပဒေမှ ကျောသားရင်သားမခွဲခြားရပါဘူး၊သတင်းသမားလဲအဲဒီလို ပါဘဲ၊မှန်တဲ့ဘက်ကရပ်တည်တတ်အောင်နေမှဒီကမ္ဘာကြီးအေးချမ်း မှာ၊မဟုတ်ဘဲဘက်လိုက်နေရင်၊မမှန်တဲ့ဘက်ကရပ်တည်နေရင် ဘယ်တော့မှအေးချမ်းမှာမဟုတ်ဘူး၊အကြမ်ဖက်မှုတိုက်ဖျက် ရေးမှာလဲတရားမျှတရေးအရေးကြီးတယ်ဗျို့၊ခွေးတစ်ကောင်တောင် ချောင်ပိတ်ရိုက်ခံရရင်ပြန်ကိုက်မှာဘဲ၊တရားမျှမျှတတနေထိုင်တတ် အောင် တော်တော်ပြုပြင်ယူကြရအောင်လို့တိုက်တွန်းရင်း . .


အို……..နှင်းဆီ မင့်း ရဲ့ဆူးတွေအောက်မှာ ငါ့ ရဲ့လက်တွေကို သွေးပျက်စွာနဲ့ ဝပ်စင်းအပ်နှင်းပြီး ပေးဆပ်ခဲ့ရ………. နှင်းဆီ……..ရေ မျှော်လင့်ချက်ဆိုတာ မျှော်လင့်သလို ဖြစ်မလာခဲ့တာ ခူးမိလျှင်……… ခူးမိတဲ့အလျှောက် ဒဏ်ရာ  ဒဏ်ချက်တွေနဲ့ ပျောက်ပျယ်လွင့်ပျက်ဖို့ ဆိုတာ မဖြစ်နိုင်ပါ ။…………….. နှင်းဆီ……….လေးရယ် ငါပိုင်ဆိုင်ချင်တာဟာ ဆူးလည်းမဟုတ်…… အခက်လည်းမဟုတ်……… မင့်း ရဲ့………. သင်းထုံတဲ့မွှေး ရနံ့လေးနဲ့ နူးညံ့ ပြီး……… ကြည်နူးဖွယ်ကောင်းတဲ့ ပွင့်လွှာလေးကိုပဲ ကို………. က ပိုင်ဆိုင်ချင်တာ နှင်းဆီ ပွင့်လေးရယ်ပါ………. နှင်းဆီ……ရယ် အခုတော့………. ဆူးစူးခဲ့မိတဲ့ ဒဏ်ရာတွေနဲ့ အတူ သွေးရောင်တွေလွှမ်းသွားတဲ့ ကို့ ရဲ့ လက်ဖဝါးလေးကို မင်း  မသနားတော့ဘူးလား….. နှင်းဆီ……ရယ်။ နှင်းဆီ …… လေးရယ် ကို ……….  က […]


အလှအပကို ရှိုးပြ တစ်ဖက်သား ဘဝပျက်အောင် မကြည်ဆယ်ပါနှင့်………. အလှအပ ဆိုတာ တဒင်္ဂ…….. ဘဝ လှဖို့က ထာဝရပါ…….. ဦးတည်ရာမဲ့တဲ့ ခြေလှမ်း လျှောက်လှမ်းမိလျှင်ဖြင့် ခြေတစ်လှမ်းမှန်လျှင် ကုဋေတစ်သန်း ခြေတစ်လှမ်းမှားလျှင်ဖြင့် (—————-) ပဲ့ မပါတဲ့   လှေငယ်လို ဦးတည်ရာမဲ့စွာ လှော်ခပ်မယ်ဆိုလျှင်………. လန်းဆန်းနေတဲ့ မင့်း ဘဝပန်းလေး မညှိုးနွမ်းစေချင်ပါဘူး လန်းဆန်းနေဆဲပါ…….လို့ မင့်းကိုယ်မင်း Good Questions  ထုတ်ကြည့်မယ်ဆိုလျှင်……… မင့်း ရဲ့ ရည်ရွယ်ချက်ကဘာလဲဆိုတာ Good Answers ထွက်ပေါ်လာမှာပါ……။        ခင်မင်းလေးစားစွာဖြင့်                          အရင့်ရောင်


phone_kyawJune 9, 20121min052
ကုလားတွေလွန်လာပြီ။ ကိုယ့်နိုင်ငံမှာ ကိုယ့်လူမျိူးကို စော်ကားတာပဲ။ ဒါအကြမ်းဖတ်မှုပဲ။ ဘယ်သူမှားတယ်မှန်တယ်ဆိုတာကို မပြောချင်ဘူး။ ဒါပေမဲ့အမျိူးကိုထိတော့ အမျိူးဘက်ကပဲ လိုက်ရမှာပဲ။ ဒီဘင်္ဂါလီတွေ မောင်တောကနေ မောင်းထုတ်ပစ်ပါ။ မြန်မာ့တပ်မတော်ရဲ  ့လက်သံဘယ်လောက်ပြောင်လဲဆိုတာကို ဒီနေရာမှာ ပြဖို ့လိုနေပြီ။ ဘာနိုင်ငံရေးလှည့်ကွက်တာတို ့ဘာတို ့မကြားချင်ဘူး။ အစိုးရအာဏာမြဲအောင်လမ်းလွှဲတာလည်း လာပြီးမပြောကြနဲ ့။ ဒီကုလားတွေ ကိုယ့်မြေကိုယ့်ရေမှာလည်း လာပြီးခိုလှုံသေးတယ်။ ပြီးတော့ စော်ကားတယ်။ ဒါကိုလက်ခံတဲ့လူတိုင်း အဖွဲ ့အစည်းတိုင်း တစ်နေ ့ကြရင် ကုလားတွေ ခင်ဗျားတို ့ခေါင်းပေါ်ကိုတက်လာလိမ့်မယ်။ အခုလည်း လာနေပြီ။ တရုတ်နဲ ့ကုလားတွေကို ငွေယူပြီး မှတ်ပုံတင်လုပ်ပေးတယ်။ ပြည်ဝင်ခွင့်ပေးတယ်။ နေထိုင်ခွင့်ပေးတယ်။ အခု ပြည်ပမှာအကြောင်းအမျိူးမျိူးနဲ ့ရောက်နေတဲ့ မြန်မာစစ်စစ်တွေကြတော့ ဗီဇာမပေးချင်ဘူး။ ဒီလိုလုပ်ရပ်တွေကြောင့် အခု ကုလားတွေ စော်ကားနေပြီ။ နောက်ဆိုရင် […]


hwangmiko hwangmikoJune 9, 20121min05
မင်္ဂလာပါရှင်။ကျွန်မ က ပြင်ဦးလွင်ကပါ။ဒီဆိုဒ်ထဲကိုဝင်ခွင့်ရတဲ့အတွက်အလွန်ဝမ်းမြောက်ပါကြောင်းအရင်ဆုံးနှုတ်ဆက်ပါရစေ။ကျွန်မပြောချင်တဲ့အကြောင်းလေးကတော့ ပင်စင်စားတစ်ဦးနဲ့ပတ်သက်ပြီး ပြောချင်တာပါ။.ပင်စင်စားတွေကနိုင်ငံ့တာဝန်အဖြစ် နှစ်သုံးဆယ်ကျော်လေးဆယ်နီးပါထမ်းဆောင်လာခဲ့ကြရတာပါ။ .ပင်စင်စားတွေက ဒီရလာမယ့်ပင်စင်လေးတွေအပေါ်မှာမျှော်လင့်အားထားပြီးနေနေကြရတာပါ။ယခုအခါ မေလကုန်လို.ဇွန်လ ရဲ.ဒုတိယအပတ်ကိုတောင် ရောက်ရှိလာခဲ့ပါပြီ။ယခုအချိန်ထိ ပင်စင်လာစာမရရှိသေးပါဘူး။ပင်စင်ဥပဒေအရကြိုထုတ်လို.တောင်ရပါတယ်။ပြင်ဦးလွင်သစ်ထုတ်လုပ်ရေးမှဘဏ္ဍာရေးတာဝန်ခံ တို.ဘာတွေများလုပ်နေတာလဲ။စုံစမ်းကြည့်လိုက်တော့လဲ တခြားပင်စင်စားတစ်ဦးလည်းပင်စင်ငွေမရရှိသေးပါ။ပင်စင်တွေကိုအလွဲသုံးစားလုပ်ခဲ့တယ် လို.စုံသမ်းသိရှိရပါတယ်။အကယ်လို.များသာ အထက်လူကြီးများဖတ်မိတယ်ဆိုရင် အရေးယူပေးစေချင်ပါတယ်။ထိုကဲ့သို. ပင်စင်များထုတ်မပေးတာပင်စင် စားတို.မှာဘာအပြစ်ရှိလို.လဲ။ပင်စင်စား တို.ရဲ.နိုင်ငံ့တာဝန်ခံစားခွင့်ကဒါပဲရသင့်တာလား။ဘယ်သူမှားလဲဆိုတာ ကိုလဲဝိုင်းစဉ်းစားပေးကြပါဦး။ရေးလက်စနဲ့တခုလောက် ကြိုမေးချင်ပါတယ်။ကျွန်မကအခုမှသုံးကာစဆိုတော့ဒီဆိုဒ်ကိုမသုံးတတ်သေးပါဘူး။တကယ်လို.အမှားပါသွားတယ်ဆိုရင် ခွင့်လွတ်ဖို. ကြိုတင်တောင်းပန်ပါတယ်။ ဘယ်နေရာမှာဘယ်လိုအသုံးပြုရမယ်ဆိုတာ အကြံပေးစေချင်ပါတယ်။  


KyaemonJune 8, 201222min02
 ပါကစ်စတန် ပြည်သူတွေဟာ တနည်းမဟုတ် တနည်း ရေကာတာတွေကိုအားကိုးရတာ၊ ၎င်းတို့မှာ သိုလှောင်ထားတဲ့ရေတွေက လယ်ယာကိုင်းကျွန်းအတွက် အသုံးပြု တဲ့အပြင် လူပေါင်း ၁၆ သန်းအတွက် လဲ လျှပ်စစ်ဓာတ်အား တွေဖန်တီးပေးတာ၊ ————————     —————     Dams In Pakistan http://hassam.hubpages.com/hub/Dams-In-Pakistan   The entire nation of Pakistan one way or the other depends on the dams. The water stored in the dams is not only used for the agricultural purposes […]


marnatJune 8, 20121min0
အလွယ်လိုက်နည်းများ စာရေးသူအရှေ.ပိုင်းမှာ လူငယ်တစ်ဦးဟာ ရည်မှန်းချက်ရှိဖို.ပြောခဲ့ပါတယ်။ ကဲကိုယ့်မှာ ရည်မှန်းချက် ရှိပြီးဆိုရင် ဘာဘဲဖြစ်ဖြစ် ဆက်လုပ်လို.ရပါတယ်။ ကိုယ်က ကိုယ်အားကိုယ်ကိုး ကိုယ်ပိုင်ဆိုင် ဖွင့်မယ်လို. ရည်ရွယ်လိုက်ပြီးဆိုပါစို. ။ အဓိကငွေလိုလာပါတယ် ။ ဒီငွေကိုဘယ်လိုရှာမှာလဲဆိုတာစဉ်းစားရလိမ့်မယ်။ ဒါဆိုရင်စီမံကိန်း ရေးဆွဲရမှာပေါ့။ ကိုယ်က ကျောင်းပြီးရင် ကွန်ပြူတ


etoneJune 7, 20121min038
ဟိုးတလောက ငါးထောင်တန်နဲ့ အတူထွက်မယ်လို့ ကောလဟာလ ဟော့ဖြစ်သွားခဲ့တဲ ့ တစ်သောင်းကျပ်တန်သတင်းလေး ငြိမ်သွားလို ့မှ အနည်မထိုင်သေးဘူး … အခုတော့လည်း…  တစ်သောင်းကျပ်တန်ထုတ်ဝေမယ်လို့ ဒီနေ့ညနေခြောက်နာရီသတင်းကို တီဗွီမှာကြည့်လိုက်ရတယ် ။ တစ်သောင်းကျပ်တန်ရဲ့ အရွယ်စားနဲ့ ပုံသဏ္ဍန်ကိုအသေးစိတ်ကြော်ငြာသွားတာလည်း ကြားခဲ့မိပါတယ် ။ တစ်သောင်းတန်ကျပ် ထုတ်ဝေတော့မယ်ဆိုတဲ့ သတင်းကြားကတည်းက ငွေကြေးဖောင်းပွလာမယ့် ပြသနာတွေ ဖြစ်နိုင်တာ မဖြစ်နိုင်တာ အပထား ၊ ပထမဆုံး မျက်စိထဲပြေးမြင်မိတာ ၊ မနက်တိုင်းဈေးထွက်ဝယ်ရင်း ထောင်တန်တစ်ရွက်နဲ့ ရွာလည်…. အဲ ဈေးလည်ရတဲ့ ဒုက္ခပါပဲ …. ။ ဈေးသည်တွေက အကြွေမပါလျှင်မရောင်းချင်ကြဘူး …. တစ်ထောင်တန်တစ်ရွက်ဖြတ်ဖို့တောင် အတော့်ကို အချိန်ပေးရတာမျိုးပါ … ။တစ်ထောင်တန်ဖြတ်ရဖို့ လိုတဲ့ အသီးရွက်အပြင် ၊ ဈေးသည်က ထပ်ထည့်ပေးတဲ့ အသီးရွက်တွေကိုပါ […]


Ma MaJune 7, 20121min037
ဂျာနယ်တစ်စောင်မှာ- ဖုန်းပြို၊ ကားပြို၊ ငွေပြို၊ ရွှေပြို ပြီးတော့…….. ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ စာရေးသူက လတ်တလောဖြစ်ပေါ်နေတဲ့ အပြိုတွေကြောင့် …. လူအများစုဟာ ဖုံးကိုင်နိုင်လာတယ်။ လူလတ်တန်းစားတွေ ကိုယ်ပိုင်ကားစီးနိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်လာတယ်။ ဒီလို ဒီလိုတွေကြောင့် အခုဖြစ်နေတဲ့ အပြိုကို အပြိုကောင်းလို့ ရေးလာပါတယ်။ (ချဉ်တတ်တဲ့ လူအတွက်ကတော့ အပျိုကောင်း လို့ဆိုပြီး ဖတ်လေမလားတော့ မသိ။ :D) ကဲ- အပြိုကောင်းတွေကို တစ်ခုချင်းစီ ကြည့်ကြရအောင်။ အပြို (၁) ဟန်းဖုန်းတွေဆိုတာ ….. ဟိုးယခင်က လူဂုဏ်တန်ပစ္စည်းတစ်ခုလို ကျပ်သိန်းသုံးဆယ် လေးဆယ်ရှိမှ ကိုင်နိုင်ခဲ့ပါသည်။ နောက်ပိုင်းမှာတော့ ဖုံးတစ်လုံး တစ်ဆယ့်ငါးသိန်း၊ အဲဒီနောက် ငါးသိန်း ကနေ …. အခုဆိုရင် ငွေနှစ်သိန်း ရှိလျှင် […]


asiamastersJune 7, 20121min018
ကျွန်တော် အီတလီနိုင်ငံကိုရောက်ခဲ့စဉ်က အသေးအဖွဲရာဇဝတ်မှုတွေကိုသိပ်မတွေ့ရပါဘူး။ ဒါပေမဲ့ အီတလီနိုင်ငံမှာက အမေရိကမှာ ကြီးစိုးနေတဲ့ မာဖီးယားဂိုဏ်းတွေရဲ့အစနေရာဖြစ်တယ်။ အီတလီနိုင်ငံ တောင်ပိုင်း စစ္စလီကျွန်းကစခဲ့တဲ့ မာဖီးယားဂိုဏ်းတွေဟာ ဒုတိယကမ္ဘာစစ်မဖြစ်ခင် အခြေအနေထိ အမေရိကန်နိုင်ငံရဲ့ လောင်းကစားလုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေ၊ စားသောက်ဆိုင်နဲ့ ပြည့်တန်ဆာလုပ်ငန်းတွေအားလုံးကို ထိန်းချုပ်ထားခဲ့ကြတယ်။ အခုနောက်ပိုင်တော့ နဂိုကလောက် အင်အားသိပ်မပြနိုင်တော့ပါဘူး။ အမေရိကန်မှာ တရုတ်၊ ဗီယက်နမ်နဲ့ ကိုးရီးယား ဂိုဏ်းတွေရဲ့ အင်အားကြီးလာလို့ပဲပါတယ်။ သူတို့ကျူးလွန်တဲ့ အပြစ်တွေက လူသတ်၊ ပြန်ပေးဆွဲ၊ ငွေညှစ်၊ ဆက်ကြေးတောင်း၊ အလုပ်တွေကို အဓိကလုပ်ကြတာဖြစ်တယ်။ တောင်အာဖရိက နိုင်ငံကို ရောက်တော့ အခြေအနေကတစ်မျိုးဖြစ်ပါတယ်။ ရာဇဝတ်မှုအလွန်ထူပြောတာဖြစ်ပါတယ်။ သူတို့နိုင်ငံက စာရင်းဇယားတွေအရ မိနစ်တိုင်းမှာတောင် မုဒိန်းမှု ရှိတယ်လို့ဆိုပါတယ်။ ဘဏ်ဒါးပြတွေ၊ အုပ်စုလိုက်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အမြဲလိုလို ကျူးလွန်လေ့ရှိတယ်။ တစ်ချို့ ရာဇဝတ်မှုတွေကို ကျူးလွန်သူတွေက […]