ခြေထောက် မသန်စွမ်းသူများအတွက် သတင်းကောင်း

ဘဲဥJune 9, 20121min08

အားလုံးသော စာဖတ်ပရိတ်သတ်များအတွက်  သတင်းစကားလေးပါးချင်ပါတယ်။ အဲ့ဒါကတော့ ခြေထောက်တစ်ဖက်(သို့) နှစ်ဖက်စလုံး  မသန်စွမ်းသူတွေအားလုံး ခွဲစိတ်ကုသပေးနေပြီးတော့ အောင်မြင်နေတဲ့ နေရာလေးတစ်ခုအကြောင်းပါ။ မွေးရာပါ မသန်စွမ်းတာပဲဖြစ်ဖြစ် အာရုံကြောကြောင့် မသန်စွမ်းတာပဲဖြစ်ဖြစ် ဘယ်လိုအကြောင်း မျိုးနဲ့ပဲ ဖြစ်ပါစေ အောင်မြင်စွာ ခွဲစိတ်ကုသပေးနေတဲ့ ဆေးရုံေလေးပါ။ မယုံကြည်သူများ ဆက်သွယ်စုံစမ်းနိုင်ပါတယ်၊ လိပ်စာလေးရော ပေးထားပါတယ်နော်။

အဲ့ဒီဆေးခန်းလေးကတော့ စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ၊ ခွက်ခွင်းကျေးရွာမှာတည်ရှိပါတယ်။

အဲ့ဒီဆေးရုံလေးကို ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိသရ ရဲ့ လမ်းညွှန်ပံပိုးမူနဲ့ ၊ တိပိဋကဓရ ဓမ္မဘဏ်ဍာဂါရိက ဘဒ္ဒန ္တဝံသာပါလာလင်္ကာရ ဆရာတော်နှင့် တိပိဋကဓရ ဘဒ္ဒန ္တပညာသိရီလင်္ကာရ ဆရာတော်တို့ နှစ်ပါးက ဦးဆောင်ဦးရွက်ပြုပြီးလှူဒါန်းခဲ့ပါတယ်။ အဲ့ဒီဆေးရုံလေးမှာ (၁၆) ကုတင်ဆံ့ တိုက်နယ်ဆေးရုံလေးဖြစ်သော်လည်း ဆေးရုံ၏ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဂုဏ်သတင်းကြောင့် ဒေသအနှံ့မှ လူနာပေါင်း (၁၂၀) ခန့် နေ့စဉ် လက်ခံကုသပေးနေပါတယ်။ ဆေးရုံဝင်းထဲမှာတင်ပဲ ညအိပ်စောင့်ပြီး ကုသနေတဲ့လူတွေလည်း အများအပြားရှိပါတယ်။ ထူးခြားချက်တစ်ခုက အဲ့ဒီဆေးရုံမှာ Dr ထွန်းထွန်းဦးတစ်ယောက်တည်းက ဒိုင်ခံခွဲစိတ်ကုသပေးနေတာပါပဲ။ သူကလည်း မခွဲစိတ်မှီ သေချာစစ်ဆေးပြီး မှ ကုသပေးပါတယ်။

ခွဲစိတ်ကုသပြီးရင်လည်း ပျောက်ကင်းသွားတဲ့လူတွေက ရာနှုန်းပြည့်ပါပဲဗျာ ။ တစ်ကယ်တော်တဲ့ ဆရာဝန်တစ်ယောက်ပါ။ သူ့ရဲ့ပညာ နဲ့ သူ့ရဲ့စိတ်ထားက အရမ်းပဲ လေးစားဖို့ကောင်းပါတယ်။

အဲ့ဒီဆေးရုံလေးမှာ အဓိက ကုသပေးနေတာတွေကတော့  ခွဲစိတ်၊ အရိုးအကြော၊ သားဖွားမီးယပ်၊ ဖျားနာ၊ မွေးရာပါ ခြေမသန်စွမ်း  စတဲ့ရောဂါများဖြစ်ပါတယ်။

အဲ့ဒီဆေးရုံလေးကို ဆက်သွယ်လှူဒါန်းချင်ရင် အောက်ဖော်ပြပါနေရာတွေမှာ လှူဒါန်းလို့ရပါတယ်။

(၁) ဆရာတော် ဘဒ္ဒန ္တဝံသာပါလာ လင်္ကာရ

မင်းကွန်း တိပိဋက နိကာယကျောင်းတိုက် ၊ စစ်ကိုင်းမြို့နယ်။

ဖုန်း –  09.6463294 ၊ 09.5140283

(၂) ဆရာတော် ဘဒ္ဒန ္တပညာသီရိ လင်္ကာရ

မင်းကွန်းတိပိဋကကျောင်းတော် ၊ အမှတ်(၁၂)၊ စကားဝါလမ်း ၊ ဒဂုံမြို့နယ်၊

ရန်ကုန်မြို့။

ဖုန်း –  09.5114224

(၃) အရှင်စန္ဒိမာ

Abbot, Bhammaw Myay Zin School , 4708 , Spatz Ave.

Fort Wayne, IN – 46806 , U.S.A

Ph: (260)220-8417

Email: ashinsandimar9@gmail.com

(၄) Rachel Myint Thein

460, Irvington Street, Daly City,  CA-94014, U.S.A

Ph: (415)317-1203

Email : 22khant@gmail.com

(၅) ဦးလှမျိုးသိန်း

Moh Moh Diamond & Jewellwry . အမှတ်(၅၆) မဟာသုခလမ်း၊ ကျီတော်ရပ်ကွက်၊

မင်္ဂလာတောင့်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း  –  09-5167410  ၊  09.9000519

(၆)  တိပိဋက နိကာယ သာသနာပြုအဖွဲ့ရုံး 

အမှတ်(12) စကားဝါလမ်း၊ ဒဂုံမြို့နယ် ၊ ရန်ကုန်မြို့။

ဖုန်း – 01.222277 ၊ 01.222278 ၊ 01.222279

ဒါက  ဆေးရုံလေးမှာရှိတဲ့ ဝန်ထမ်းတွေနဲ့  ဆရာတော်ဦးဝံသပါလ 

ဒါကတော့ ခွက်ခွင်းစံပြကျေးရွာ အဝင်မုတ်ဦးပါ

 

 

                                                                                         ဒါက ဆေးဝါးကုသဖို့စောင့်နေတဲ့လူတွေ

 

 

ပုံတွေကတော့ နည်းနည်းဝါးသွားတယ်  ခွင့်လွှတ်ပေးကြပါလို့

အားလုံးကိုခင်တဲ့

ဘဲဥ

8 comments

  • MaMa

    June 10, 2012 at 12:21 am

    ကောင်းလိုက်တဲ့သတင်းလေးပါပဲ။
    တစုတပေါင်းတည်း ဖြစ်သွားအောင် ကိုထူးဆန်းရဲ့ ဘယ်မှာ ဘာယူလာပြီး လှူရမလဲဆိုတဲ့ ပိုစ့်မှာလည်း အဲဒီလိပ်စာ သွားရေးပေးထားရင်ကောင်းမယ်။

    Reply

  • မောင်ပေ

    June 10, 2012 at 9:35 pm

    သေချာမှတ်သွားပါတယ်ဗျို ့။ ကိုယ့်ဝန်းကျင် က ခြေထောက်မသန်စွမ်းနေတဲ့သူတွေ ကုသမှုခံယူချင်ခဲ့ရင် ပြန်လမ်းညွှန်လို ့ရအောင် ။
    သာဓု သာဓု သာဓု ပါ ဘဲဥရေ

    Reply

  • Aunty Shoon

    June 12, 2012 at 4:12 pm

    ဒီသတင်းကိုဖတ်မိတော့ အရမ်းဝမ်းသာမိပါတယ်။အန်တီက ခါးရိုးထိခိုက်ထားလို ့ ခြေထောက်မသန်ဖြစ်နေတာပါ။ချက်ချင်းကိုပြေးကုလိုက်ချင်ပါတယ်။ အဲ့ဆေးရုံကိုအန်တီရောဂါအခြေအနေနဲ ့ ပတ်သက်ပြီးလှမ်းမေးကြည့်ချင်ပါတယ်။ ကျေးဇူးပြုပြီး ဘယ်လိုဆက်သွယ်ရမယ်ဆိုတာပြောပြပေးပါ့လား။ဒီပိုစ့် ကိုတင်ပေးတဲ့ ဘဲဥကိုအရမ်းကျေးဇူးတင်ပါတယ်နော်။

    Reply

    • ဘဲဥ

      June 15, 2012 at 6:09 pm

      အန်တီရေ့ ကျနော်ခရီးထွက်နေရလို့ အန်တီ့ ကွန်မန့်လေးကို အကြောင်းမပြန်ဖြစ်တာ တောင်းပန်ပါတယ်ခင်ဗျ။
      အပေါ်မှာပေးထားတဲ့ လိပ်စာတွေမှာ စုံစမ်းလို့ရနိုင်ပါတယ်
      ဆရာတော် ဘဒ္ဒန ္တဝံသာပါလာ လင်္ကာရ ဦးစီးတဲ့ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ခွက်ခွင်းကျေးရွာ မှာရှိတဲ့ ဆေးရုံ ဆိုရင် သိပါတယ်ခင်ဗျ ၊ အန်တီရဲ့ ရောဂါဝေဒနာ အမြန်ဆုံး သက်သာပျောက်ကင်းပါစေ လို့ ဆုတောင်းပေးပါတယ် အန်တီရေ့။

      Reply

  • etone

    June 12, 2012 at 4:29 pm

    မောင်ဘဲဥတော့ … သဂျီးနဲ့တွေ့တော့မယ် .. အဟိ … ။
    ခြေထောက်မသန်ပေမယ့် စွမ်းသူများလို့ ပြောင်းပါဟဲ့ ……. ။
    တော်ကြာ နှိပ်ပြီးခေါ်တယ်ဆိုပြီး …… ပွိုင့်တွေ ဖြတ်နေဦးမယ် .. ဟိဟိ
    (နောက်တာပါအေ ) 😛

    ထုံးဘဲဥရေ …. ဆရာဝန်ဖြစ်ပြီး ၊ ကျန်းမာရေး ဝန်ထမ်းလုပ်ပြီး.. ငွေမျက်နှာပဲ ကြည့်တဲ့လူတွေ ပေါလာတဲ့ခေတ်မှာ .. ဒီလို မွန်မြတ်တဲ့ အလုပ်လုပ်ကိုင်သူတွေ လူတွေလည်း ရှိသေးတာ … သာဓုခေါ်စရာကောင်းပါတယ် …. ။ ဒီလို ဦးဆောင်သူတွေ ၊ သူနာပြုတွေ ၊ ဆရာဝန်မျိုးတွေ၊ စာနာထောက်ထားကြသူတွေ များစွာပေါ်ထွက်လာပါစေလို့ …. ဆန္ဒပြုလိုက်ပါတယ် ။

    Reply

    • ဘဲဥ

      June 15, 2012 at 6:12 pm

      အာပျိုဂျီး ရော အဲ့ဒီကို မသွားချင်ဘူးလားဟင်
      ဘဲဥလေးနဲ့ တူတူသွားကြမယ်လေ လိုက်မယ်မို့လား ဟီးးးး :mrgreen:
      အာပျိုဂျီး နဲ့ ဘဲဥလေးနဲ့ ဟီး ဟီး 😆

      Reply

  • ဘဲဥ

    June 15, 2012 at 6:32 pm

    အားလုံး အားလုံး ဒီသတင်းလေးကို ပြန်ဖွပေးကြပါလို့ တောင်းဆိုချင်ပါတယ်နော်

    Reply

  • manawphyulay

    June 16, 2012 at 3:46 pm

    အထူးသတင်းကောင်လေးပါပဲ။ ပုံလေးတွေက ဝါးနေတာ တစ်ခုပါပဲ။ အတွေ့များတာကတော့ မသန်ပေမယ့် စွမ်းပါတယ်ဆိုသလိုပေါ့။ မြင်ဖူးတွေ့ဖူးပါတယ်။

    Reply

Leave a Reply

Your email address will not be published.