မင်္ဂလာပါ ကိုဝေအောင်ခင်ဗျား ကျွန်တော် xxxပါ သစ်မွှေးအကြောင်းစိတ်ဝင်စားလို့ online ပေါ်မှာရှာရင်း ကိုဝေအောင်ရေးတင်ထားတဲ့ post တွေသဘောကျပြီး လိပ်စာပါတွေ့လို့ သိချင်တာလေးမေးပါရစေခင်ဗျာ။ ကျွန်တော်နှင့် အခြားအပေါင်းအသင်း ၅ ဦးစုပေါင်းပြီး ပဲခူးရိုးမ အနောက်ခြမ်း မင်းလှမြို့နယ် တောင်ခြေမှာ မြေလွတ်မြေရိုင်းရတာနဲ့ ကျွန်တော်တို့သစ်မွှေးစမ်းသပ်စိုက်ပျိုးကြည့်ဖို့တိုင်ပင်ခဲ့ကြပါတယ် အဲဒီနောက် သတင်းစာမှာပါတဲ့ ကြော်ငြာတွေကြည့်ပြီး သစ်မွှေးကို မြေနီကုံးက ဝင်းသစ်မွှေးမှာ ဝယ်ခဲ့ပါတယ်ခင်ဗျ၊ အပင်အမြင့် ၁ ပေခွဲခန့်အရွယ်တွေဖြစ်ပါတယ်။ ဘာမှနားမလည်သေးဘဲ ကြော်ငြာကလိပ်စာတွေ့တာနဲ့ သွားဝယ်ခဲ့တာဖြစ်ပါတယ် အပင် ၂၅ဝ ကို တစ်ပင် ၈၀ဝ ကျပ်နဲ့ဖြစ်ပါတယ်ခင်ဗျ၊ အခုကျွန်တော်တို့စိုက်ဖို့လုပ်တဲ့အခါကြတော့ မြေကွက်သွားကြည့်တော့မှ မြေက မြေကြီးမဟုတ်ဘဲ ဂဝံတောင်ကုံးတွေဖြစ်နေတယ် သိတဲ့လူတွေပြေတာတော့ သက်နုဂဝံလို့ပြောတယ်ခင်ဗျ၊ အဲဒီတောင်ကုန်းတွေမှာ ဝါးဖြူလို့ခေါ်တဲ့ ခပ်နိမ့်နိမ့်ဝါးရုံပင်တွေနဲ့ တချို့နေရာတွေမှာ အင်ပင်တွေပေါက်နေတယ်ခင်ဗျ၊ အဲဒါ ကျွန်တော်သိချင်တာက […]
