ခုတလော ဘာသာပြန်ရတာ အရသာတွေ့နေတာ ကတကြောင်း Copyright အကြောင်း စာကောင်းလေး ဖတ်ရတော့ ပြန်မျှဝေချင်တာကတကြောင်းကြောင့် Lifehacker ဆိုတဲ့ နာမည်ကျော် Weblog မှာ ဒီနေ့ပဲ တက်တဲ့ စာကို ဘာသာပြန်ပြီး ဖော်ပြလိုက်ရပါတယ်။ အကြောင်းအရာကတော့ Ralph လို့ခေါ်တဲ့ Liefhacker စာဖတ်သူတယောက်က Lifehacker ကို မေးထားတာလေး စိတ်ဝင်စားဖို့ ကောင်းလို့ပါ ကိုယ်ပိုင် DVD တစ်ချပ်ကို အရံအနေနဲ့ Backup ပွားတာ တရားဝင်ပါသလား ??? တဲ့ Dear Lifehacker, ကျနော်ပိုင်ဆိုင်တဲ့ DVDs နဲ့ Blu-Ray discs တွေကို အရံအဖြစ် ကူးယူသိမ်းဆည်းထားမှုဟာ တရားဝင်ပါသလား ။ ဒါနဲ့ပါတ်သတ်ပြီး […]
