အမှန်တော့ ဒါက ပို့(စ) ဟုတ်ဘူးရယ်။ အရင်က စလုံးကို အလုပ်လာလုပ်မဲ့ သူငယ်ချင်းတွေ၊ ကိုယ့်မောင်လေးတွေ အတွက် အင်တာဗျူးရင် အစဉ်ပြေပြေဖြေတတ်အောင် ဟိုရှာဒီရှာနဲ့ သီတင်းစာထဲကတွေ့လို့ သူတို့ကို ဆရာလုပ်နိုင်အောင် ဘာသာပြန်ထားတာ။ ရေးရင်း၊ မေးရင်း အတော်တော့ များသွားပါတယ်။ ကိုယ်တွေ စလာတုန်းကတော့ ဘယ်သူမှ ဒီလိုအဆင်သင့်ရှာမပေးဘူး။ ခုတော့ ဒီသီတင်းစာထဲပါ အကြောင်းအရာကို ကိုယ့်လက်တွေ့အကြောင်းအရာနဲ့ မွှေနှောက်ပြီးရေးသွားမယ်နော့။ ရွာသူ/သားတွေ မူးသွားမှာစိုးလို့ ဓာတ်ပုံတွေလည်း တင်တော့ပါဘူး။ ဆီလျော်အောင်ဘာသာပြန်ဆိုထားသော (ကိုယ့်ဟာကိုယ် အဲလိုထင်တာပဲ) စာလုံးတွေနဲ့ပဲ မူးသွားအောင်လုပ်ပါတော့မယ်။ စပါပြီ။ ခေါင်းစဉ်ကတော့ဖြင့် အင်တာဗျူးမေးသူတွေ မေးလေ့ရှိတဲ့ ခက်ခဲ မေးခွန်းများပါတဲ့။ သူကတော့ “Knowing the answers is half the battle won” ဆိုပဲ။ ကိုယ့်အာဘော်လေးကလည်း […]
