သတင်းတစ်ခုကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာလည်း New York, Washington DC, Pairs, Hong Kong နဲ့ Shanghai တို့လို့ အမိုးဖွင့်ဘတ်စ် ကား (Hop on, Hop of) ကားတွေပြေးဆွဲနေပါပြီတဲ့။ ရန်ကုန်၊ မန္တလေး၊ ပုဂံ နဲ့ပြင်ဦးလွင်မြို့တို့ရဲ ့ နံနက်ခင်း အလှနဲ့ညနေခင်းအလှကို အမိုး ဖွင့်ကားနဲ့ လိုက်လံကြည့်ရှုနိုင်ပါပြီတဲ့။ နာမည်လေးကတော့ မင်္ဂလာဘတ်စ်ကားပါတဲ့။ သူများနိုင်ငံတွေက Attraction သွားလို့ရတဲ့နေရာတွေကို Taxi ခသက်သာအောင် ပြေးဆွဲပေးနေတာပါ။ ဝင်ကြေးတွေလည်းတခါတည်းရောင်းတတ် သလို တစ်နေရာကိုဝင်လည်ချင်ရင် အဲ့နေရာမှာဆင်းခဲ့ရုံပဲ။ ပြီးမှ နောက်တစ်ကားအလာကို နောက်တစ်နေရာဆက်သွားဖို့တက်စီးလိုက် ရုံပဲ။ ခုကရန်ကုန်မြို့မှာ စမ်းသပ် ပြေးဆွဲမည့် ညနေပိုင်းထွက်မယ့်အမိုးဖွင့်ကားကညနေမှ ရွှေတိဂုံဝင်လည်ပြီး မနက်ပိုင်းထွက်မယ့်ကားက မနက်ပိုင်းမှာကြည့် မြင်တိုင်က လက်မှုလုပ်ငန်းတွေ ကို […]
