ကြားကား

Mon LayMarch 7, 20181min00

ခုတလော..ည(၈)နာရီ (၉)နာရီဆို YBS ကားတွေမရှိတော့ဘူးတဲ့။ ဖြစ်နိုင်ပါတယ်။ မွန်လေးဟိုတလောက သူငယ်ချင်းတစ်

ယောက်နဲ့ ဒင်နာသွားစားတာ ရန်ကင်းနားတစ်ဝိုက်ပါပဲ။ အပြန်ကျတော့ မိုးကလည်းချုပ်နေတော့ ၁မှတ်တိုင်ကိုလမ်းမလျှောက်ချင်

တော့တာနဲ့YBS ပဲစီးတော့မယ်ဆိုပြီးစောင့်တာစောင့်တာ နာရီဝက်ကျော်တဲ့ထိ မြို ့ထဲကအပြန်ကားတွေပဲလာတော့တယ်။ မြို ့ထဲပြန်သွားမယ့်ကား တစ်စီးမှကိုမလာတော့တာ။ မိုးကလည်းတဖြည်းဖြည်းချုပ်လာတော့ ထပ်မစောင့်နိုင်တော့ပဲ လမ်းကကြုံရာ တက္ကစီစီးပြန်ခဲ့ရတယ်။

အဲလို YBS တွေညဘက်မဆွဲတော့လို့ တရားမဝင်ပြေးဆွဲနေတဲ့ ကြားကားတွေပေါ်လာတာ ကောင်းတယ်ပဲဆိုရမလားပဲ။

အဲ့ကြားကားတွေကိုလည်း မဖမ်းဆီးဘူးဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ ရဲမှူးက ပြောတာကို သတင်းမှာဖတ်လိုက်ရပါတယ်။

YBS ကားတွေ ညဘက်မှာမပြေးဆွဲလို့ ခရီးသွားပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့ ညဘက် ကြားကားများကို မဖမ်းဆီးခြင်းဖြစ် ကြောင်းကို မတ်လ ၆ ရက်က အမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးတွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ ရဲမှူးသန်းမြင့်က ပြောပါတယ်။

‘‘YBS တွေရှိရဲ့သားနဲ့ ကြား ကားတွေ ဆွဲနေမယ်ဆိုရင်တော့ ဒါဖမ်းရမှာပေါ့။ ဖမ်းတာလည်း ရှိပါတယ်။ အခုက ည ၁ဝ နာရီ လောက်ဆို လိုင်းကားတွေက မရှိ တော့ဘူး။ ဒီတော့ ခရီးသည်တွေ သွားလာလို့ အဆင်ပြေအောင် ဒါထားပေးထားတဲ့သဘောပါ’’ဟု ၎င်းက ဆိုပါတယ်။

အဲ့ကြားကားတွေက ည ၇၊ ၈ နာရီခန့်မှ ၁၁ နာရီအထိရှိတတ် ပြီး ပုံမှန်ဈေးထက် သုံးဆခန့် တောင်ရှိတယ်လို့လည်းသိရပါတယ်။

အမှန်ဆို YBS လည်း ည၁ဝနာရီလောက်ထိနောက်ဆုံးထား ဆွဲပေးရင်ကောင်းမယ်လို့တော့ထင်မိပါတယ်။ အဆင်ပြေလက်စနဲ့

တော့ အဆုံးစွန်ထိအဆင်ပြေလိုက်ပါတော့လား YBS ရယ်။

 

Leave a Reply

Your email address will not be published.