စိတ်ဓါတ်ကလေးတွေကောင်းကြစေချင်

Mon LayJanuary 10, 20181min01

ဟိုတစ်နေ့ကအဒေါ်ကမွန်လေးကို သတင်းစာထဲဖတ်ကြည့် Aya ဘဏ်က အကြွေးဝယ်ကဒ်တွေသုံးတဲ့သူတွေ ငွေသွင်းဖို့ပျက်ကွက်တဲ့သူတွေကို

တရားဥပဒေအတိုင်း ဆက်လုပ်သွားမယ်လို့ရေးထားတယ်လု့ိပြောပါတယ်။

“အကြွေးဝယ်ကတ်အတွက် ငွေသွင်းဖို့ ပျက်ကွက်နေသူတွေအနေနဲ့ အမြန်ဆုံး ပြန်သွင်းကြဖို့ ဧရာဝတီဘဏ်က နိုင်ငံပိုင် သတင်းစာတွေကတဆင့် ကြေညာလိုက်ပါတယ်။

ငွေသွင်းဖို့ ပျက်ကွက်နေသူတွေကို ဘဏ်က အသိပေးစာတွေ ပို့ထားပေမယ့် လာမသွင်းကြဘူးလို့လည်း ဆိုပါတယ်။

ငွေတွေကို လာမယ့် ဇန်နဝါရီ ၂ဝ ရက်နေ့ နောက်ဆုံးထား ပေးသွင်းဖို့နဲ့ ပျက်ကွက်ခဲ့ရင် နာမည်၊ မှတ်ပုံတင်နံပါတ်တွေနဲ့ ထပ်မံကြေညာပြီး တရားဥပဒေအတိုင်း ဆက်လုပ်သွားမယ်လို့လည်း ဖော်ပြကြေညာထားပါတယ်။

အခု ကြွေးကျန်သူတွေဟာ အနည်းဆုံး ၆ လအထိ ငွေမသွင်းကြသူတွေ ဖြစ်တယ်လို့ သိရပြီး ဦးရေ ဘယ်လောက်ရှိတယ်၊ စုစုပေါင်း ပမာဏ ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ မေးမြန်းစုံစမ်းလို့ မရခဲ့ပါဘူး။

လက်ရှိမှာ ကမော္ဘဇဘဏ်၊ စီဘီဘဏ်၊ ဧရာဝတီဘဏ် စတဲ့ဘဏ်တွေက အကြွေးဝယ်ကတ်တွေ ထုတ်ပေးထားတာ ဖြစ်ပါတယ်။”

#credit

မွန်လေးလည်း Aya အကြွေးဝယ်ကဒ်သုံးတဲ့လူတစ်ယောက်ပါပဲ။ ပုံမှန်လ(၁)လရဲ ့ ရက်(၂၀)မတိုင်ခင်သွားသွားထည့်ရင် အဆင်ပြေနေတာပဲလေ

.သူတို့ကကိုယ်တွေကို ငွေကြိုသုံးလို့ရအောင်ကူညီပေးနေတာ။ ကဒ်ထဲမှာလည်းငွေတွေထည့်ပေးထားတာ ကြိုက်သလောက်သုံး၊ ကဒ်နဲ့သုံးလို့ရတဲ့

ဆိုင်တွေခုရန်ကုန်မှာအားကြီးပဲ။ နိုင်ငံခြားသွားမလား..သုံးစမ်းပါ။ ကဒ်နဲ့သုံးလို့ရလို့ ငွေပျောက်မှာတို့ဘာတို့လည်းစိုးရိမ်စရာမရှိ

၊နိုင်ငံခြားအဆင့်တောင်မှီသေး။အဲလိုဘဏ်တွေကအဆင့်တန်းမှီမှီလုပ်ပေးထားတာတောင် ဘာလို့မြန်မာလူမျိုးတွေစိတ်ဓါတ်ကမကောင်း

ကြတာလို့တခါတခါစဉ်းစားတောင်မရပါ။ အဲလိုစိတ်ဓါတ်မကောင်းတာလေးတွေရှိနေလို့လည်း မွန်လေးတို့နိုင်ငံခုထိနောက်ကောက်ကျနေသေးတာ

လို့ပဲနိုင်ငံခြားသွားရင်းတွေးမိရင်း။

 

 

One comment

  • manawphyulay

    February 14, 2018 at 4:48 pm

    ဘဏ်အတွက် ကြေငြာဝင်တာလား…. ဟင်

    Reply

Leave a Reply

Your email address will not be published.