အကြီးနဲ့အငယ် အခုကျွန်မရေးမှာက ကျွန်မ အသက် ၂ဝ ကျော်လောက်မှာ ဆရာတစ်ယောက်က ဆုံးမခဲ့ဖူးသော အကြောင်းတစ်ခုဖြစ်ပါတယ်။ အဲဒီဆရာလဲ ဆုံးပါးသွားတာကြာပါပြီ။ အရိယာပြစ်မှား ဒါဏ် (၁၀)ပါးဆိုပြီး ပြောပြရင်းကနေ လူကိုမြင်တိုင်း မပြစ်မှားမိစေဖို့ အသိပေးတဲ့ ဆုံးမစကားဖြစ်လို့ ဆရာ့ကျေးဇူးကိုလဲ သတိရရင်း တခြားသူတွေကိုလဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ကျွန်မတို့ လူဘာသာစကားနဲ့ပြောမယ်ဆိုရင်တော့ အသက်ပိုကြီးရင် အကြီး အသက်ပိုငယ်ရင် အငယ်ဆိုပြီး အကြီးအငယ်ကို အသက်နဲ့ပဲ တိုင်းတာလေ့ရှိပါတယ်။ အသက်ကြီးသူကို ရိုသေရမယ်လို့ လူကြီးတွေက ဆုံးမကြပါတယ်။ ဒါပေမယ့် ဘာသာရေးရှုထောင့်ကကြည့်မယ်ဆိုရင်တော့ အကြီးအငယ်ဆိုတာကို အသက်နဲ့တိုင်းတာလို့မရပါဘူး။ ရ နှစ်သားကိုရင်လေးကိုတောင်မှ အဘိုးကြီး အဖွားကြီးတွေက ထိုင်ကန်တော့ရတယ်မဟုတ်လား။ သံဃာဆိုတာ ရတနာသုံးပါးထဲမှပါလို့ သံဃာဖြစ်တာနဲ့တင် ကန်တော့ဖို့ ထိုက်တန်ပြီး ကုသိုလ်လဲရပါတယ်။ အကြီးနဲ့ပတ်သက်ပြီး တရားတစ်ပုဒ်မှာ နာခဲ့ဖူးတာကတော့ မြတ်စွာဘုရား […]

