ကမ္ဘာပေါ်မှာ ကိုးကွယ်ရာဘာသာပေါင်းမြောက်များစွာရှိပေမဲ့ ကြီးကျယ်တဲ့ဘာသာကြီး လူသိများတဲ့ဘာသာကြီးအနေအားဖြင့် လေးမျိုးသာရှိကြောင်း တညီတညွတ်တည်း လက်ခံထားကြပါတယ်။ ဒီဘာသာကြီးလေးမျိုးမှာလဲ ဘာသာကိုတည်ထောင်သူနဲ့ ဘာသာရေးအဆုံးအမ (တရား) ကို (၁) စူးစမ်းဝေဘန်သုံးသပ်ပြီးမှ လက်ခံယုံကြည်ရသောဘာသာနဲ့ (၂) စူးစမ်းဝေဘန်ပိုင်ခွင့်မရှိဘဲ လက်ခံယုံကြည်ရသောဘာသာလို့ နှစ်မျိုးရှိပါတယ်။ ဗုဒ္ဓဘာသာက နံပါတ် (၁) အမျိုးအစားပါ။ ဒီဘာသာကြီးတွေကို နောက်တစ်မျိုးပြောကြည့်ရအောင်။ ဒီဘာသာကြီးလေးမျိုးမှာ (၁) ကိုယ့်ကိုယ်ကို မှီခိုအားကိုးရသောဘာသာနဲ့ (၂) သူများကို မှီခိုအားကိုးရသောဘာသာလို့ နှစ်မျိုးရှိပါတယ်။ ဗုဒ္ဓဘာသာက နံပါတ် (၁) အမျိုးအစားပါ။ ဗုဒ္ဓဘာသာမှာ ဗုဒ္ဓဘာသာကို တည်ထောင်တဲ့ ဘုရားရှင်ကိုရော၊ ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကိုရော စူးစမ်းလေ့လာခွင့် (Right to study, Right to survey)နဲ့ သံသယရှိခွင့် (Right to Doubt) အပြည့်ရှိပါတယ်။ […]