ဘယ်ပန်းချီဆရာမှရေးမမှိသောမိဘ မေတ္တာကိုအနှိုင်းမဲ ့တင်စားကြပါတယ်။  ကမာ္ဘတဝှမ်းလုံးရှိ မေတ္တာတရားကြီးမားကြကုန် သော …မိဘတွေ ကမေတ္တာတရားစုန်ရေအနေနဲ ့ပဲရှိကြပြိး။ ဒီတခါကျမအမြင်က.ကျမဖတ်ဖူးခဲ ့သော..သားသမီးက မိဘကျေးဇူးတရားကို ပြန်ကြည့်ရမဲ ့.မေတ္တာတရားဆန်ရေအနေနဲ ့ပြန်ရေးပါမယ်။ သူကြီးက အမြဲပြောတတ်တယ်လေ..မတူသောအတွေးနဲ ့ရေးပါလို ့။။။။။ ဘယ်ပန်းချီရေးမမှိသောမိဘ များရဲ ့အနှိုင်းမဲ ့မေတ္တာကိုကျမရဲ ့ပိုးစုန်းကြူးမျှသောအတွေးခေါ်အမြင်ကမှားယွင်းမိခဲ ့ရင်ကျမကိုခွင့်လွတ်ပေးပါလို ့၊ တချို ့သောသားသမီးတွေမေ ့လျှော ့နေမှာစိုးလိုသတိပေးလိုက်တာပါ။ တခါတခါလူဆိုတာမျိုးကမှားတတ်ကြတယ်လေ.သိလို ့မှားတာရယ်..မသိလို ့မှားမိတတ်ကြပါတယ်၊။   မိဘအရင်းတွေရဲ ့မေတ္တာတရားဟာဘယ်လောက်ထိကြိီးမားမယ်ကျမ မခန် မှန်းနိုင်ပါဘူး.. မွေးစားမိခင်တွေ ရဲမေတ္တာတရားကကျမအပေါ်ကြီးမားလွန်းလှပါတယ်။   ရေဆန်ဆိုတာ. သားသမီးဆိုးတော့ မိဘက ဆုံးမတယ်။ ပိုလိမ္မာအောင် ကျောင်းကဆရာကို သေချာ လိုက်အပ်တယ်။ အမြင်မတော်တာတွေရင် ဆုံးမပါတဲ့အိမ်နီးချင်းတွေကိုလည်း အကူအညီတောင်းတယ် တူလိုသားလိုသဘောထား မလိမ္မာရင် ပြောပါဆိုပါတဲ့။ […]


alinsettOctober 25, 20121min028
အားလုံး လည်း….ခန် ့မှန်းထားကြမှာပါပဲ ။ ဖ = အက္ခရာမှာ..ဖခင် နဲ ့ပက်သက်တဲ ့အကြောင်းပဲ..လာမယ်..ဆိုတာ..။ ================== ဒီနေရာ မှာ.. ဖြတ်ပြောစရာလေး.နည်းနည်း ရှိ လာပါပြီ ။ ကျွန်တော်… က = ကနေ…. ၊ အ = အထိ…အက္ခရာ စဉ်လိုက် ခေါင်းစဉ်လေးတွေ..ရွေးပြီး… ရေးလာရာမှာ… မူလ ရည်ရွယ်ထားတာက.. ဗလာစာရွက်နဲ ့ ( ၃ ) မျက်နှာလောက်…ပဲ.ရေးမယ်..ပေါ့ ။ ဒါပေမယ့်……. အက္ခရာ ပိုစ် ့တွကို အားပေး.ဖတ်ရှု.ကြသူတွေက…. လက်ခံပြီး… အားပေး..ကြလို ့..ရေးအားတွေ တက်..လာပါတယ် ။ တစ်ပုဒ်ထက် တစ်ပုဒ် ပိုကောင်းအောင်../. ပို အကျိုးရှိမယ့် စာမျိုးဖြစ်အောင်..ရေး..လာ…မိပါတယ် ။ ပြီးတော့… […]


ကုန်းဘောင်ခေတ်မှာ မြန်မာ့ ပန်းချီပညာသည်တွေဟာ အစုအစည်း တစ်ရပ် အနေနဲ့ မြန်မာ့နန်းတွင်းကို ဝင်ရောက်လာပြီး နန်းတွင်း ဓလေ့တွေကို မှတ်တမ်းတင် ရေးဆွဲခဲ့ကြရာက စလို့ “ပန်းချီတော်” ဆိုတဲ့ ဝေါဟာရဟာ စတင် ပေါ်ပေါက်လာခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ပန်းချီတော် များထဲမှာ ဦးကြာညွန့်၊ ဆရာစာ နဲ့ ဆရာချုံ တို့ဟာ ထင်ရှားခဲ့ပါတယ်။ အင်္ဂလိပ် – မြန်မာ ဒုတိယ စစ်ပွဲ ဖြစ်ပွားပြီးနောက် ၁၈၆၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ မြင်ကွန်းမြင်းခုံတိုင် ညီနောင်တို့က မင်းတုန်းမင်းကြီးကို ပုန်ကန်ခြားနားတဲ့ အရေး အခင်းကြောင့် ရပ်သူရွာသားတွေ ဟိုရွှေ့ဒီပြောင်း ပုန်းရှောင် နေရတဲ့ ကာလမှာ မောင်ချုံကို ဖွားမြင်ခဲ့ပါတယ်။ ချုံတော၊ ယာတော အတွင်းမှာ ပုန်းလျှိုးရင်း […]


Mon LayOctober 19, 20121min08
သတ္တလောကကြီးထဲမှာနေကြတဲ့သူမှန်သ၍အချစ်အကြောင်း ပြောကြမယ်ဆိုလျှင်  မြန်မာလူမျိုး အများစုက “၁၅၀ဝ အချစ်” နဲ့ “၅၂၈မေတ္တာ” ဆိုပြီး နှစ်မျိုးခွဲပြောလေ့ ရှိကြပါတယ်။သမီးရည်းစား အချစ်ကို “၁၅၀ဝ အချစ်” ၊ ပူလောင် ပြင်းပြတဲ့ အချစ်လို့ ပြောပြီး . . . မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့ အချစ်ကိုတော့ “၅၂၈ မေတ္တာ” ၊ အေးမြချမ်းမြေ့တဲ့ ချစ်ခြင်း မေတ္တာ ဆိုပြီး ပြောဆိုလေ့ ရှိပါတယ်။ ၁၅၀ဝ ဆိုတာဘယ်လိုပေါ်လာတာလဲ? ၅၂၈ ဆိုတာဘယ်လိုပေါ်လာတာလဲ? မထင်မှတ်ဘဲ ၁၅၀၀/၅၂၈ ဆိုတဲ့ ဂဏန်းတွေ ဘာလို့ အဲလို ဖြစ်နေရတာလဲ ဆိုတာကို ဆရာမ “ဂျူး” ရေးတဲ့”မျှော်လင့်ချက် နှင့် အခြား မျက်နှာဖုံးဆောင်းပါးများ” စာအုပ်လေး ဖတ်လိုက်ရတယ်။ အဲဒီ […]


alinsettOctober 18, 20121min025
ပ = ပဒုမ္မာ ပန်းလို..လှတဲ ့ ပပဝတီရဲ ့အလှမျိုးကို အားကျတယ် ပပဝတီ ဆိုတဲ ့မင်းသမီးတစ်ပါးအကြောင်း… ကလေးက အစ သိကြပါတယ် ။ ဘယ်သူမှ သေချာ မမြင်ဖူးလိုက်ပေမယ့်… အတော် လေး…လှတယ်..လို ့တော့ပြောကြပါတယ် ။ ခေတ်အဆက်ဆက်လည်း… သူမရဲ ့အလှကို စာတွေ..သီဖွဲ ့ …ခဲ့ကြတာ….. / သီရီစီကုံး ပြောဆိုခဲ့ကြတာတွေ..နားနဲ ့မဆန့်လောက်အောင် ကြားခဲ့ ရတယ် ။ ပပဝတီ ဟာ..ဘယ်လောက်များ..လှ လိုက်သလဲ..ဆိုရင်…. ခုနှစ်ဆောင် တိုက်ခန်းမှာ… မီးမထွန်းပဲတောင် လင်းသတဲ ့ ဗျာ။ ဟုတ် / မဟုတ်တော့….သေချာ မသိ ဘူး။ ကျွန်တော်….တော်တော် သဘောကျသွားပါတယ် ။ အဲဒီလို အလှမျိုး…. အားကျလိုက်တာဗျာ […]


စစ်ကိုင်းမြို ့ဗိုလ်ချုပ်ပန်းခြံအနီးရှိ လဝကရုံး(ခရိုင်ရုံးမဟုတ်မြို ့နယ်ရုံး)မှ ဒေါ်အေးအေးခိုင် ဆိုသူသည် ဆင်းရဲသားတောသူတောင်သားများကိုပင်အလွတ်မပေးပဲ ဗြောင်ပင်လာဘ်စား လျက်ရှိပါသည်။နိုင်ငံတော်မှ အလကားနီးပါးနှုန်းနှင့်မှတ်ပုံတင်များပြုလုပ်ရန် ညွှန်ကြားသော် လည်း ဒေါ်အေးအေးခိုင်သည် စစ်ကိုင်းမြို ့နယ်လယ်ကြီးရွာမှ တောင်သူနှစ်ဦးမှတ်ပုံတင်သွား လုပ်ရာ တစ်ဦးလျှင် ၁၁၀၀ဝကျပ်နှုန်းတောင်ယူသည်။တောသူများဖြစ်၍ မရှိသည့်ကြားမှ ဖြစ် အောင်ပေးခဲ့ရကြောင်း၊ညွှန်ကြားချက်အရ ရွာများဆင်းလုပ်ပေးရလျှင်လဲ တာဝန်ကျေရုံသာ လုပ်၍ ရုံးလာရန်ခေါ်တတ်ကြောင်းသိရသည်။ အလားတူထိုရွာမှ သားအမိနှစ်ယောက်အားရွာတွင်လာစဉ်ကတည်းကလုပ်မပေးပဲ ရုံးခေါ်၍ သွားလုပ်ရာတွင် သူတို ့သည်မန္တလေးမှ အိမ်ထောင်စုဇယားပြောင်းဖြစ်၍ ဖုန်းဆက်ရမည်ဆိုကာ တဦးလျှင် ၅၀၀ဝနှုန်းတောင်းပါသည်။ဖုန်ဆက်ခသာဖြစ်၍ မှတ်ပုံတင်အတွက်မပါသေးပါ။အ ဆိုပါအမျိုးသမီးကြီးက ၇၀၀ဝကျပ်သာပါ၍၇၀၀ဝနှင့်လုပ်ပေးရန်တောင်းပန်ရာ မန္တလေးကိုယ် တိုင်သွားတော့ဟုဆိုသဖြင့် သားအမိနှစ်ယောက် ပင်ပန်းဆင်းရဲစွာဖြင့် သွားရပြန်ပါသည်။ မန္တလေး ဘုရားကြီးနားမှ လဝကရုံးတွင်လည်း ဝင်ဝင်ချင်းစားပွဲရှိ ဝန်ထမ်းမှ မိတ္တူကူးခ ၁၅၀ဝပေးရမည်(အမျိုးသမီးကြီးတစ်ဦးတည်း အတွက်သာ)ဆိုသဖြင့် ၂၀၀ဝပေးရာ “ဒါလေး တောင်မသိဘူးလား […]


ဒီလိုဗျ… ပြောရမယ်ဆိုရင် ခင်ဗျားတို့လဲ သိတဲ့အတိုင်းဗျာ… ဒါဇင်ပလပ်ဆိုတဲ့အဖွဲ့ပိစိညှောင့်တောက်လေး… လစဉ် လုပ်အားခထဲကနေပြီးတော့ တတ်စွမ်းသမျှလေးတွေဖဲ့လှူတဲ့အဖွဲ့… လှူပြန်တော့လဲ စာသင်သားရှိပြီးရော… ဘကကျောင်းဖြစ်ရင်ပြီးရောဆို မလှူချင်တော့အရပ်လှည့်ပြီး အလှူခံပုဂ္ဂိုဟ်လေးတွေ လှူသင့်တဲ့နေရာလေးတွေကို အချိန်ပေးရှာရသပေါ့… အားလပ်ရက်လေးတွေမှာ အဆင်ပြေသူများစုပေါင်းပြီး ဒါဇင်ပလပ်ရဲ့အလုပ်လဲ လုပ်ကြရသပေါ့ဗျာ… ဘယ်ကျောင်းလေးကဖြင့် ဘာတွေလိုနေတယ်… ဘယ်ကျောင်းလေးကဖြင့် စည်းကမ်းကောင်းလိုက်တာ… ဘယ်ကျောင်းလေးကဖြင့် အတော်လေး ချို့တည့်ရှာတယ်ပေါ့… ဘယ်ကျောင်းလေးကတော့ ဘယ်လိုပေါ့… အချက်အလက်လေးတွေစု… နောက်လကို ဘယ်ကျောင်းကိုသွားမယ်… သွားဖို့ ဘယ်လို စီစဉ်ကြမယ်ဆိုတာ တိုင်ပင်ကြနဲ့… အဲဒီမှာ… အခြေအနေကလဲပေး… အားတဲ့ရက်နဲ့လဲတိုက်ဆိုင်တော့ တွံတေးမြို့နယ်၊ ကွမ်းခြံကုန်းနဲ့ ကော့မှူးကားလမ်းမပေါ်မှာရှိတဲ့ မင်္ဂလာတိုက်ကျောင်းမှာရှိတဲ့ မင်္ဂလာပရဟိတကျောင်းကို မေးစမ်းရင်းနဲ့ အခြေအနေကြည့်ဖို့ရောက်သွားတယ်ဆိုပါတော့ဗျာ… အထဲရောက်တော့ ကျောင်းအဆောက်အဦးလေးတွေကောင်းတော့ မိဘမဲ့ကလေးတွေ အနေအစားသင့်တင့်သားရယ်လို့တွေးမိလိုက်သေး…   ကျောင်းထဲရောက်တော့ တာဝန်ရှိသူတစ်ယောက်မေးလိုက်ချိန်မှာ ကျောင်းသားပေါင်း (၁၂၁၇)ယောက်တဲ့… တစ်နေ့ စားစရိတ် (၇)သိန်းလောက်သုံးမှ ချဉ်ရေဟင်း၊ ငါးပိရည်၊ သခွားသီးနဲ့ […]


alinsettOctober 10, 20121min037
ကျွန်တော်…. အခု လွဲ တာတွေ ပြောပါမယ် ။ ဘာလို ့လ ွဲ တာတွေ ပြောရသလဲ..ဆိုတော့…. ကျွန်တော့်မှာ..လွဲတာတွေ..ပဲ..ရှိလို ့ပါ ။ ကျွန်တော် အလွဲ..တွေ..အတော်လေး. များခဲ့ပါတယ် ။ ဘာလို ့လွဲ တာတွေပဲ… များခဲ့သလဲ..လို ့ထပ်မေးရင်…. ထပ်ဖြေပါ့မယ် ။ မှန်တာတွေ မလုပ်ရဲ.. မပြောရဲ ခဲ့လို ့ပါ ။ မှန်တာပြောရင်..ရွာ ့ပြင် ထွက့် ရတယ်..ဆိုတဲ ့ အတိုင်း..ရွာ့ပြင် ထွက်ရမှာာကြောက်လို ့… ကျွန်တော် မှန်တာတွေ..မပြောရဲ..ခဲ ့ပါဘူး ။ အခုလည်း…… လွဲ တာတွေ… ပဲ..ပြောပါ့မယ် ။ တကယ်လို ့… အလင်းဆက်..တို ့ ရေးတဲ ့စာက လွဲတာတွေ..ပဲ…။ […]


etoneOctober 10, 20121min091
ဒီနေ့မနက်စောစော မိုးလေးတဖွဲဖွဲရွာလို့ အိပ်ယာမထချင်ပဲ ကွေးကောင်းတုန်းရှိသေးတယ် ၊ ဝုန်း ဝုန်း ဒိုင်း ဒိုင်း အသံစုံကြောင့် မျက်လုံးပြူးသွားရပါတယ် ။ တစ်စုံတစ်ယောက် တံခါးခေါက်ခြင်းလို့ သိပေမယ့် ၊ အိမ်သားတွေအကုန်ခရီးသွားလို့ တစ်ယောက်တည်းကျန်နေခဲ့တဲ့ ကျွန်မအဖို့ ဘယ်ဧည်သည်ကိုမှ လက်မခံချင်ပါဘူး ။ ဆက်ဆံရေးကောင်းလွန်းလို့ ကျွန်မနဲ့ ပတ်သတ်ပြီး ဧည့်သည် လာစရာလည်း မရှိတာကြောင့်  ၊ စောင်ခေါင်းမြီးခြုံပြီး ၊ တံခါးခေါက်သံကို ဥပက္ခာပြုကာ ပြန်ကွေးမိပါတယ် ကမာ္ဘပြိုတာတောင် ထမကြည့်ဘူးဆိုတဲ့ အတွေးတွေနဲ့ပေါ့  ။ တံခါးဆီက ထုရိုက်သံကလည်း အဆက်မပြတ်နဲ့  ဇွဲကြီးစွာ ထွက်ပေါ်နေတုန်းပါပဲ ။ စောင်းခေါင်းမြီးခြုံထားတာတောင် ၊ တံခါးခေါက်သံကြားနေရသေးတာကြောင့် ကျွန်မစိတ်တိုစပြုလာပါပြီ ။ စိတ်အချဉ်ပေါက်သလို နည်းနည်းဖြစ်လာပါပြီ ။ ခဏတော့စောင့်ကြည့်ပေမယ့် ရပ်မသွားပဲ တရစပ်ခေါက်သံကြောင့် […]


အာဂOctober 10, 20121min08
ဂေဇက်အတွက် ပိုစ့် တင်ဖို့ ဘာတင်ရရင်ကောင်းမလဲလို့ စဉ်းစားနေတာ တွေးလို့မရတဲ့အဆုံး Food Magazine မဂ္ဂဇင်းမှာ ကျွန်တော် အနုပညာရှင်တွေနဲ့ အစား အသောက်အကြောင်း တွေဗျူးပြီး၊ သူတို့ရဲ့ ဟင်းလက်ရာတွေအကြောင်း အင်တာဗျူးတာလေးကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ပြောရရင်တော့ အာဂ နှစ်သီးစားလုပ်နေခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ (R,Ga)မေးမြန်းသည် • အချက်အပြုတ်ကိုဘယ်အရွယ်လောက်ကစပြီးဝါသနာပါခဲ့တယ်လို့ထင်မိပါသလဲ။ အချက်အပြုတ်ကိုတော့ကျွန်တော်လူပျိုကျောင်းသားဘဝကတည်းကညရေး ညတာဗိုက်ဆာရင်ထမင်းကြော်စားတာတို့ ၊ခေါက်ဆွဲပြုတ်စားတာတို့ကနေစပြီးဝါသနာပါသွားတယ်လို့ထင်မိတာပါပဲ။ • ဒါဆိုရင် ကိုRဇာနည်ကလူပျိုဘဝမှာဒီလိုအချက်အပြုတ်တွေလုပ်တတ်တာကိုဘယ်သူကသင်ပေးခဲ့ပါသလဲ။ဘယ်လို ကြောင့်ချက်ပြုတ်ဖြစ်သွားတာလဲ။ ကျွန်တော်က လူပျိုဘဝမှာကတည်းကအမေ့ကိုကူညီလုပ်ပေးရပါတယ်။အမေဈေးသွားဝယ်ရင်လည်း လိုက်ပေး ရပါတယ်။ကြက်သွန်အဖြူ၊ အနီ၊ငရုတ် သီးတွေကအစထောင်းပေးရပါတယ်။နောက်လှီးတာ၊ ဖြတ်တာတို့ လုပ်ပေးရတယ်။ ကြက်ဥဆိုရင်လည်း ခေါက်ပေးရတယ်။ဒါတွေမြင်နေကျဆိုတော့လေရင်းနှီးနေတယ်လို့ပြောရမလားဘဲ။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့မချက်ဖြစ်ပါဘူး။အိမ်ထောင်ကျတော့မှသာ စပြီးစမ်းကလိကြည့်ရင်းနဲ့နည်းနည်းပါးပါး ချက်ပြုတ်ဖြစ်တဲ့သဘောပါ။ • အခုရောပရိသတ်ကိုဘယ်လိုဟင်းလေးတွေချက်ပြမယ်လို့စိတ်ကူးထားပါသလဲ။ အခုစီစဉ်ထားတဲ့ဟင်းပွဲကတော့အချိန်လည်းသိပ်မရတော့ လောလောဆယ်၂ မျိုးလောက်ပဲ စီစဉ်ထားတာပါ။ဝက်သားကို မြန်မာလိုဆီပြန်ဟင်းလေးချက်မယ်။ နောက်ပြီးတော့ ဂေါ်ဖီကိုမုန်လာဥနီ၊ကြက်ဥ၊ကြက်သွန်ဖြူတို့နဲ့ကြော်ပါမယ်။ • […]


ရာဇသံစာ၏ရက်စွဲ အရှေ့တောင်အာရှပြက္ခဒိန် (SEAC) အရ အရှေ့တောင်အာရှနှင့် အနောက်တိုင်းပြက္ခဒိန် ကွဲပြားမှုကို နှိုင်းယှဉ်သော ကွန်ပြူတာပရိုဂရမ်ကို သုံးကြည့်သော် ထိုနေ့ရက်စွဲသည် ၁၇၅၆ ခု၊မေလ ရရက်နေ့ဖြစ်၏။ အင်္ဂလိပ်ဘာသာ ပြန်ထားသော ဖို့ဒ်စိန့်ဂျော့၏  ‘စာချွန်လွှာဆက်သွယ်မှုများ’ စာအုပ်ကိုသာရည်ညွှန်းမည်ဆိုလျှင် စိတ်ဝင်စားစရာ ကွာဟချက်ကိုတွေ့ရမည်။ ထိုအင်္ဂလိပ်ဘာသာပြန်ထဲတွင် ”၁၇၅၆ ခု၊ဧပြီလ ရက်စွဲတပ်ထားသော မြန်မာဘုရင်မှ ပေးပို့သောစာ” ဟုပါရှိသည်။ အင်္ဂလိပ်ပြက္ခဒိန် မူသစ်နှင့်မူဟောင်း ရှုပ်ထွေးမှုဖြစ်ခဲ့နိုင်သည်။ မူသစ်အရ မြန်မာရက်စွဲသည် မေလ ရရက်ဖြစ်ပြီး မူဟောင်းအရ ဧပြီလ ၂၆ရက်ဖြစ်သည်။ ထိုရက်စွဲကွာဟချက်အပေါ် နောက်ထပ်လက်တွေ့ကျသော ရှင်းပြချက်မှာ မဒရတ်စ်စာရေးသည် ရက်စွဲ အပြောင်းအလဲကို အပေါ်ယံကြောသုံးစွဲ၍လည်းဖြစ်နိုင်သည်။ ကဆုန်လသည် ဧပြီလလယ်တွင် စတင်သောကြောင့် စာရေးသည် ကဆုန်လကို ဧပြီလဟု ရိုးရိုးကလေးညှိယူလိုက်ခြင်းဖြစ်သည်။ မြန်မာ့လွှတ်ရုံးနှင့် တော်ဝင်စာတစ်စောင်ထုတ်လုပ်ခြင်း ရာဇသံရွှေပေကို […]


alinsettOctober 5, 20121min020
လွတ်လပ်စွာ ပြောရေး ဆိုခွင့် ဆိုသည်မှာ……………………….. အမှန်တရားကို…… အမှန်တရားပီပီသသ ပုံစံ ပေါ်ထွက် လာအောင်….. တူးဖော်ပေးသည့်……… ဓါး တစ်လက် ဖြစ်ပါသည် ။ ====================================================================================== ====================================================================================== ====================================================================================== ====================================================================================== ဓါးများနှင့် ကျွန်တော်….. ================= ဓါး…..။ ဓါးများကို ကျွန်တော်.. စိတ်ဝင်စားပါသည် ။ ဓါးများသည်..သုံး တတ်သူအပေါ် မူတည်၍ အသုံး ဝင်မှူ တန်ဖိုး..မြင့်တတ်လာလေ့ ရှိပါသည် ။ တချို ့ဓါးများသည်…သွေး တတ်သူအပေါ် မူတည် ၍ ထက်မြ မှု စွမ်းရည် မြင့်တက် လာလေ့ ရှိသည် ။ ဘာပဲ.ဖြစ်ဖြစ်….. ကျွန်တော်..ဓါးများကို… စိတ်ဝင် တစား..ရှိပါသည် ။ ယခုလို အချိန်မျိုးတွင်… ဓါးများအကြောင်း…/ ဓါးနှင့် […]


လက်စတာသံအဖွဲ့ ၁၇၅၆ ခု၊စက်တင်ဘာတွင် ကပ္ပတိန်ဟိုး ကွယ်လွန်ခဲ့ပြီး ‘ဟိုး’၏နေရာကို ဒုတာဝန်ခံ သောမတ်စ်နျူတန် ဆက်ခံခဲ့သည်။ မကြာမတင် မှာပင် ပဲခူးကိုသိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ကုမ္ပဏီနှင့်အဆက်အသွယ်ပြုရန် ကိစ္စများရှိကြောင်း နျူတန့်ထံ အလောင်းမင်းတရားကြီး သတင်းပါးခဲ့သည်။ အမှန်မှာ အလောင်းမင်းတရားသည် ကုမ္ပဏီနှင့် အလုပ်ကိစ္စများ ပြီးစီးအောင်လုပ်မည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်၏။ ဤသို့ဖြင့် နျူတန်သည် ဒုဗိုလ်ကလေး ရောဘတ်လက်စတာအား ရန်ကုန်မှ ရွှေဘို ရှင်ဘုရင်အပြန်ခရီးတွင် ရှေ့တော်မှောက်ဝင်ရောက်ခစားရန် စေလိုက်၏။ လက်စတာသည် မဟာမိတ်စာချုပ်ချုပ်ဆိုရန် နောက်တစ်ကြိမ်လျှောက်ထားပြန်သည်။ အလောင်းမင်းတရားသည် ရင်းဖျား ပတ္တမြားနှစ်ရစ်စီသော ရွှေပေစာသဝဏ်လွှာပေါ်တွင် ရှင်ဘုရင့်တံဆိပ်တော်ကို ခတ်နှိပ်ပြီးဖြစ်ကြောင်း ချက်ချင်းမိန့်ကြားတော်မူသည်။ ဂျော့ဘုရင်-၂ နှင့်ကုမ္ပဏီဒါရိုက်တာများထံ ပို့ခဲ့သောစာများကို ရည်ညွှန်းခြင်း ဖြစ်၏။     ရှင်ဘုရင်သည် အရှေ့အိန္ဒိယကုမ္ပဏီ တောင်းဆိုသောအရာများကို ပေးသနားခဲ့ပြီးဖြစ်ကြောင်း အလေးပေး ဖော်ပြလိုခဲ့သည်မှာ ရှင်းလင်းပါသည်။ […]