“၁၅၀ဝ အချစ်” နဲ့ “၅၂၈မေတ္တာ”

Mon LayOctober 19, 20121min08

သတ္တလောကကြီးထဲမှာနေကြတဲ့သူမှန်သ၍အချစ်အကြောင်း ပြောကြမယ်ဆိုလျှင်  မြန်မာလူမျိုး အများစုက “၁၅၀ဝ အချစ်” နဲ့ “၅၂၈မေတ္တာ” ဆိုပြီး နှစ်မျိုးခွဲပြောလေ့ ရှိကြပါတယ်။သမီးရည်းစား အချစ်ကို “၁၅၀ဝ အချစ်” ၊ ပူလောင် ပြင်းပြတဲ့ အချစ်လို့ ပြောပြီး . . . မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့ အချစ်ကိုတော့ “၅၂၈ မေတ္တာ” ၊ အေးမြချမ်းမြေ့တဲ့ ချစ်ခြင်း မေတ္တာ ဆိုပြီး

ပြောဆိုလေ့ ရှိပါတယ်။
၁၅၀ဝ ဆိုတာဘယ်လိုပေါ်လာတာလဲ?
၅၂၈ ဆိုတာဘယ်လိုပေါ်လာတာလဲ?
မထင်မှတ်ဘဲ ၁၅၀၀/၅၂၈ ဆိုတဲ့ ဂဏန်းတွေ ဘာလို့ အဲလို ဖြစ်နေရတာလဲ ဆိုတာကို ဆရာမ “ဂျူး” ရေးတဲ့”မျှော်လင့်ချက် နှင့် အခြား မျက်နှာဖုံးဆောင်းပါးများ” စာအုပ်လေး ဖတ်လိုက်ရတယ်။ အဲဒီ ၁၅၀ဝ နဲ့ ၅၂၈ ဂဏန်းတွေ ဘယ်လို ရလာသလဲ ဆိုရင်တော့……
၁။ ၁၅၀ဝ အချစ် (ပူလောင်သော အချစ်)
ကိလေသာဆယ်ပါးကို အခြေခံတယ်။ အဲဒီ ကိလေသာစိတ် (၁၀) ပါးကတော့ ဒီအတိုင်း ဖြစ်ပါတယ် –
(၁)လောဘ ( တပ်မက်ခြင်း)
(၂)ဒေါသ (ကြမ်းတမ်းခြင်း)
(၃)မောဟ (တွေဝေခြင်း)
(၄)မာန (ထောင်လွှားခြင်း)
(၅)ဒိဋ္ဌိ ( မှားသော နှလုံးသွင်းခြင်း၊ အယူရှိခြင်း)
(၆)ဝိစိကိစာ္ဆ (အာရုံကို မဆုံးဖြတ်နိုင်ခြင်း)
(၇)ထိန (စိတ်၏ မခန့်ခြင်း)
(၈)ဥဒစ္စ (စိတ်၏ မငြိမ်သက်ခြင်း၊ ပျံ့လွင့်ခြင်း)
(၉)အဟီရိက (ကာယဒုစရိုက် ပြုရခြင်း၌ မရှက်ခြင်း)
(၁၀)အနောတ္တပ္ပ (ကာယဒုစရိုက် ပြုရခြင်း၌ မလန့်ခြင်း)
အဲဒီ ကိလေသာ(၁၀)ပါးကို ရုပ် စုစုပေါင်းနဲ့ မြှောက်ရပါတယ်။ ရုပ်စုစုပေါင်းဆိုတာက….
– လက္ခဏာရုပ် (၄) ရှိတယ်
– နိပ္ဖန္နရုပ် (၁၈) ရှိတယ်
– နာမ် (၅၃) ရှိတယ်
ပေါင်းလိုက်ရင် (၇၅) ရပါတယ်။ အဲဒီ ရုပ်စုစုပေါင်း (၇၅)ကို ကိလေသာ(၁၀)ပါး နဲ့ မြှောက်တော့ ၇၅၀။ အဲဒီမှာမှ အဇ္ဈတ္တ သဏ္ဍာန်၊ ဗဟိဒ္ဓ သဏ္ဍာန် ရယ်လို့ နှစ်ပါးရှိတဲ့ အတွက် (၂)နဲ့ ထပ်မြှောက်တော့ ၁၅၀ဝ ရတာပါပဲ။ အတိုကောက်ကတော့ ဒီလိုလေးပါ…
( ကိလေသာ (၁၀) ပါး x ရုပ်စုစုပေါင်း (၇၅) ) x ၂ = ၁၅၀ဝ အချစ်ရတာပေါ့..
ဒါကတော့ပူလောင်တဲ့ကီလေသာအချစ်ပေါ့..။
၂။ ၅၂၈ မေတ္တာ (မိဘတို့၏ အချစ်)
မေတ္တာဆိုတဲ့အတိုင်း မေတ္တာပို့ရာမှာ ရှိသင့်ရှိအပ်တဲ့ စိတ်သဘာဝ တစ်ခုပါပဲ။ မေတ္တာပို့ရာမှာ ပုဂိ္ဂုလ် (၁၂) ယောက်ကို ပို့ပါတယ်။
အဲဒါတွေကတော့ဒါလည်းပဲဗုဒ္ဓဘာသာမှာပဲရှိတာပါ တခြားဘာသာတွေမှာဒီလိုမရှိဘူး မေတ္တာထားတာလောက်ကလေးပဲရှိပါတယ် ဂဂနနထုတ်ပြစရာသူတို့မှာမရှိဘူး။ဗုဒ္ဓဘာသာမှာက..
 (၁) သဗ္ဗေသတ္တာ၊
 (၂) သဗ္ဗေပါဏာ၊
 (၃) သဗ္ဗေဘူတာ၊
 (၄) သဗ္ဗေပုဂ္ဂလာ၊
 (၅) သဗ္ဗေအတ္တဘာဝ ပရိယပ္ပန္န၊
 (၆) သဗ္ဗေကိ္ကထိယော၊
 (၇) သဗ္ဗေပုရိသာ၊
 (၈) သဗ္ဗေအရိယာ၊
 (၉) သဗ္ဗေအနရိယာ၊
 (၁၀) သဗ္ဗေဒေဝါ၊
 (၁၁) သဗ္ဗေမနုဿာ၊
 (၁၂) သဗ္ဗေဝိနိပါနိကာ ဆိုတာတို့ဖြစ်ပါတယ်။
အဲဒီ ပုဂိ္ဂုလ် (၁၂)ပါးကို မေတ္တာ(၄)ပါး ပို့ပါတယ်၊
 “အဝေရာဟောနု္တ၊
 အဗျာဘစာ္ဆဟောနု္တ၊
  အနီဃာ ဟောနု္တ၊
သုခိအတ္တာနံ ပရိဟရနု္တ၊” တဲ့ . . .
၊ ဒီတော့ ( ၁၂ x ၄ = ၄၈ ရပါတယ်)။ ဒါက အရပ်မျက်နှာ အမည်မတပ်ဘဲ (မရည်မှန်းဘဲ) ပို့တဲ့ “အနောဒိတ္တာ” မေတ္တာအပါး လို့ ဆိုပါတော့ ။ အဲဒါကိုမှ ထပ်ပြီး အရပ်မျက်နှာတွေနဲ့ အမည်တပ်ပြီး ထပ်ပို့ပါတယ်၊ အရပ် (၁၀)မျက်နှာ ရှိပါတယ် –
= အရှေ့၊ အနောက်၊ တောင်၊ မြောက် ဆိုတဲ့ အရပ် (၄) မျက်နှာ။
=အရှေ့တောင်၊ အနောက်မြောက် ဆို့တဲ့ ထောင့် (၄) မျက်နှာ။
=အထက်နဲ့ အောက် (၂) မျက်နှာ ။
အဲဒီ အရပ်မျက်နှာတပ် ရည်မှန်းမှု့(၁၀)ခု နဲ့ စောစောက (၄၈) ကို မြောက်လိုက်တော့ (၄၈၀) ရပါတယ်၊ အဲဒီ ရလာတဲ့ (၄၈၀)ကိုမှ ပထမဆုံး မရည်မှန်းဘဲ ပို့ထားတဲ့ မေတ္တာအပါး (၄၈)ပါးကို ထပ်ပေါင်းကြည့် လိုက်တော့ (၅၂၈) ရယ်လို့ ဖြစ်လာပါတယ်။
        အတိုကောက် ကတော့ ဒီလိုလေးဖြစ်ပါတယ်…
ပုဂိ္ဂုလ် (၁၂) ယောက် x မေတ္တာ(၄)ပါး = ၄၈ (မရည်မှန်းဘဲ ပို့သော မေတ္တာအပါး)
(၄၈ x အရပ် (၁၀) မျက်နှာ ) + ၄၈ (မရည်မှန်းဘဲ ပို့သော မေတ္တာအပါး)= ၅၂၈ မေတ္တာ
၁၅၀ဝဆိုတဲ့ပူလောင်တဲ့ကိလေသာ အချစ်နဲ့ ၅၂၈ ဆိုတဲ့အေးမြတဲ့မေတ္တာကိုတော့ သိပါပြီ၊ ဒါပေမယ့် ဘယ်သူတွေမှာများ (၅၂၈)ဆိုတဲ့မေတ္တာကို ထားနိုင်မလဲ မသိ တော့ပါ။ မိဘတွေအနေနဲ့ သားသမီးတွေကို ချစ်တဲ့အချစ်ဟာ (၅၂၈) လို့ မသေချာပါဘူး (မဟုတ်ဖို့ များပါ တယ်)။ ဘာဖြစ်လို့လဲ
ဆိုတော့ (၅၂၈) ဟာ အရမ်း မြင့်မြတ်လွန်း နေလို့ပါ၊။
ဆရာမ “ဂျူး” ကတော့ (၅၂၈) မေတ္တာရဲ့ သဘာဝကို မြတ်စွာဘုရားက တပည့်သာဝက ရဟန်းတွေ အပေါ်ထားတဲ့ မေတ္တာမှာပဲ တွေ့ရတယ်လို့ ရေးထားပါတယ်။

8 comments

  • Khaing Khaing

    October 19, 2012 at 1:46 pm

    ကိုသျှားသက်မာန် ပြောတဲ့ မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့ အချစ်ကိုတော့ “၅၂၈ မေတ္တာ” ၊ အေးမြချမ်းမြေ့တဲ့ ချစ်ခြင်း မေတ္တာ ဆိုပြီး
    ပြောဆိုလေ့ ရှိပါတယ်။
    အဲဒီမေတ္တာဟာ အေးမြတယ်ဆိုတာ သားသမီးတွေအတွက်ဖြစ်ပေမယ့် မိဘတွေဘက်ကတော့ မအေးမြပါဘူး … သားသမီးအပေါ်ချစ်တာ စိုးရိမ်တာတွေဟာ ပူလောင်ပါတယ် … သားသမီးတွေအနေနဲ့လည်း မိဘတွေဆီက ချစ်ခြင်းမေတ္တာမရလို့ မျှော်လင့်နေကြတဲ့သူတွေဆိုရင်လည်း ပူလောင်ပါတယ် … တကယ်တော့ အချစ်ဆိုကတည်းက အေးမြတာမရှိပါဘူး … ပူပင်သောကများရတာ များပါတယ် ……….

    Reply

  • နွေဦး

    October 19, 2012 at 3:45 pm

    ဒုက္ခဟုသတ်မှတ်ထားသော အရာတို့သည် အေးချမ်းမှုကိုမပေးနိုင် ။
    သုခဆိုရာတွင် ဒုက္ခ၏ ဆန့်ကျင်ရာ ဖြစ်သည်ဟု မှတ်ယူမမှားစေချင် ။
    အကုသိုလ်ကိုလည်း ကုသိုလ်ဖြင့် ချေဖျက်၍ မရစကောင်း ။

    Reply

  • သျှားသက်မာန်

    October 19, 2012 at 5:11 pm

    ဟုတ်ကဲ့ သျှားသက်မာန်ဆိုတာမိန်းမပါ..ကျွန်မသိပ်ကြိုက်တဲ့စာလုံးလေးသုံးလုံးပါ…

    Reply

  • Hnin Hnin

    October 19, 2012 at 6:03 pm

    နားထဲရိုးနေတဲ့ ဂဏန်းတွေပေမယ့် အခုမှပဲ အဓိပ္ပာယ်တွေ သိတော့တယ်…ကျေးဇူးပါ..
    စကားမစပ်..နာမည်လည်း လှတယ်နော်….

    Reply

  • မောင်ပေ

    October 20, 2012 at 1:35 am

    ဆရာမောင်ပေ ပြောတဲ့အချစ်ဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန် နားလည်ပြီးမှ လက်ထပ်ခြင်းပါ

    Reply

  • kai

    October 20, 2012 at 3:27 am

    အောက်ကလင့်ခ်မှာ အောက်ဆုံးကအတိုင်းရေးပေးထားတယ်..
    ၁၅၀ဝကို မေတ္တာမခေါ်ရဘူးတဲ့..။

    ဆိုတော့…
    http://www.facebook.com/photo.php?fbid=423569881035728&set=a.423569854369064.103398.100001481605120&type=1&theater
    ဖေ့စ်ဘုတ်မှာ..ဘုန်းကြီးတပါး(အရှင်မုနိန္ဒ(ပန်းထို))က.. အပေါ်က သျှားသက်မာန် ရေးတဲ့အတိုင်း…တသွေမသိမ်းတူအောင်ရေးထားတယ်..။
    သျှားသက်မာန် က.. ဘုန်းကြီး.. လားဟင်င်င်.. :kwi:

    ====
    http://alinsaytamam.blogspot.com/2009/12/blog-post_25.html
    နောက် ၁၅၀ဝပါ။ ၁၅၀ဝဟာ မေတ္တာ မဟုတ်ပါဘူး။ ကိလေသာပါ။ ဗုဒ္ဓစာပေတွေမှာ ၁၅၀ဝမေတ္တာလို့ မသုံးပါဘူး။ ၁၅၀ဝကိလေသာလို့ပဲ သုံးပါတယ်။ အချို့က မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့်၊ မောင်နဲ့နှစ်မ စသည့်မေတ္တာမျိုးဟာ ၅၂၈မေတ္တာဖြစ်ပြီး သမီးရည်းစားအချင်းချင်းထားတဲ့ မေတ္တာမျိုးဟာ ၁၅၀ဝမေတ္တာလို့ နားလည်မှုလွဲနေကြပါတယ်။ တကယ်တော့ ၁၅၀ဝ ဟာ မေတ္တာမဟုတ်ပါ။ ကိလေသာသာဖြစ်ပါတယ်။ ၁၅၀ဝ ကိလေသာပါ။ အလျဉ်းသင့်လို့ ၅၂၈ မေတ္တာရေတွက်ပုံနဲ့ ၁၅၀ဝ ကိလေသာ ရေတွက်ပုံကိုလည်း ဖော်ပြလိုက်ပါတယ်။

    ၅၂၈မေတ္တာရေတွက်ပုံ…
    သဗ္ဗေသတ္တာ၊ သဗ္ဗေပါဏာ၊ သဗ္ဗေဘူတာ၊ သဗ္ဗေပုဂ္ဂလာ၊ သဗ္ဗေအတ္တဘာဝပရိယာပန္နာ၊ သဗ္ဗာဣတ္ထိယော၊ သဗ္ဗေပုရိသာ၊ သဗ္ဗေအရိယာ၊ သဗ္ဗေအနရိယာ၊ သဗ္ဗေဒေဝါ၊ သဗ္ဗေမနုဿာ၊ သဗ္ဗေဝိနိပါတိကာ ဆိုတဲ့ ပုဂ္ဂိုလ် ၁၂ယောက်ကို အဝေရာဟောန္တု၊ အဗျာပဇ္ဇာဟောန္တု၊ အနီဃာဟောန္တု၊ သုခီအတ္တာနံပရိဟရန္တု ဆိုတဲ့“-န္တု” လေးချက်နဲ့ တစ်ယောက်ချင်းပွားများပါက ၁၂ယောက် ဆိုတော့ ၄၈ပါ။ ပြီးတော့ အဲဒီပုဂ္ဂိုလ် ၁၂ယောက်ကိုပဲ အရပ်ဆယ်မျက်နှာဖြင့် တစ်မျက်နှာချင်း ပုဂ္ဂိုလ်တစ်ယောက်ချင်းပွားပါက ၄၈ဝပါ။ အဲဒီ ၄၈ဝနဲ့ ခုနက ၄၈ချက်နဲ့ ပေါင်းရင် ၅၂၈ပါ။ အဲဒါကိုပဲ ၅၂၈မေတ္တာလို့ ပြောတာပါ။ (၅၂၈မေတ္တာပွားနည်း)
    (၁၂ x 4 = ၄၈။ ၄၈ x 10 = ၄၈၀။ ၄၈ဝ + ၄၈ = ၅၂၈)

    ၁၅၀ဝ ကိလေသာရေတွက်ပုံ…
    စိတ်၊ စေတသိက် ၅၂၊ နိပ္ဖန္နရုပ် ၁၈၊ လက္ခဏရုပ် ၄ = ပေါင်း ၇၅။ ယင်းသည် အတွင်း ၇၅၊ အပြင် ၇၅ဖြစ်၍ ၁၅ဝဖြစ်ပါတယ်။ အဲဒီ ၁၅ဝ ဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ ထိန၊ ဥဒ္ဓစ္ဆ၊ အဟိရိက၊ အနောတ္တပ္ပ ဆိုတဲ့ ကိလေသာဆယ်ပါးတွင် တစ်ခုချင်း တစ်ခုချင်းမှာ ပါဝင်ဆက်စပ်မှုရှိနေတဲ့အတွက် စုစုပေါင်း ၁၅၀ဝဖြစ်ပါတယ်။ အဲဒါကို ၁၅၀ဝ ကိလေသာလို့ဆိုတာပါ။ ဒီသဘောက အဘိဓမ္မာမသင်ဖူးသူတို့အတွက် နားလည်ဖို့ခက်ပါလိမ့်မယ်။ ဒီနေရာမှာတော့ သိသာရုံလေးသာ မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။
    (၇၅ x ၂ = ၁၅၀။ ၁၅ဝ x ၁ဝ = ၁၅၀၀။)

    Reply

  • သျှားသက်မာန်

    December 23, 2012 at 2:43 pm

    နှင်းနှင်းရေနာမည်လေးကလှတယ်လို့ပြောတာကျေးဇူးပါ

    Reply

Leave a Reply

Your email address will not be published.