ဗြိတိသျှတို့စေလွှတ်သော ဘေကာသံအဖွဲ့ ဒုဗိုလ်ကလေး ဂျွန်နော့သ်နှင့်အတူ ဘေကာသည် ဇူလိုင်လ ၁ရရက်နေ့တွင် မြန်မာသံအဖွဲ့နှင့်တစ်ပါတည်း ဟိုင်းကြီးကျွန်းမှ ခွာလာခဲ့သည်။ နှစ်လအကြာတွင် ရွှေဘိုကိုရောက်ပြီး ၁၇၅၅ ခု၊စက်တင်ဘာ ၁ရရက်တွင် မင်းတရားကြီးကို ပထမဆုံးအကြိမ်ဖူးတွေ့ရသည်။ သုံးကြိမ်သုံးခါ အခစားဝင်မှုများအတွင်းမှ အလောင်းမင်းတရားကို ထူးခြားသော၊ ဟောဟောဒိုင်းဒိုင်းရှိလှသော၊ ဗြိတိသျှတို့အပေါ်သဒ္ဓါတရားရှိကြောင်း အတိုင်းအတာတစ်ခုအထိ ပြသလိုသူအဖြစ် တွေ့ခဲ့ရသည်။ ဘေကာ၏ ကနဦးရည်ရွယ်ချက်မှာ ဘရွတ်ခ်စာချုပ်ပေါ် မြန်မာရှင်ဘုရင်လက်မှတ်ထိုးရေးဖြစ်သည်။ ဘေကာ မအောင်မြင်ခဲ့။ လက်ဦးဆုံးပြောရလျှင် အလောင်းမင်းတရားသည် ထိုသို့သောစာရွက်စာတမ်းများဖြင့် ပုံစံတကျ လက်မှတ်ရေးထိုးမှုအပေါ် အာရုံသိပ်မရှိပေ။ စာချုပ်မူကြမ်းကို ဘာသာပြန်ပြပြီးသည်နှင့် အလောင်းမင်းတရားသည် ချက်ချင်းပင် ”ဟိုင်းကြီးကျွန်း၊ ပုသိမ်တင်မက ဒဂုံတွင်ပါ ကုမ္ပဏီအတွက်နေရာ” ကိုပေးသနားတော်မူလိုက်သည်။ ထိုရက်ရောမှုသည် လက်နက်အလျင်အမြန်ရလိုသော မျှော်လင့်ချက်ကြောင့်လည်း ဖြစ်ချင်ဖြစ်နိုင်သည်။ မည်သို့ဆိုစေ နောက်ရက်များတွင် ဟိုင်းကြီးကျွန်းကိစ္စကို […]
