ချစ်ခင်လေးစားရပါသော မန်းဂဇက်မှစာဖတ်သူများခင်ဗျား… Professional & Personal ဆိုတဲ့ပိုစ့်က ကျွန်တော်ကြောင်ဝတုတ်ကို အတော်လေးလူသိများလာစေတဲ့ ပိုစ့်လို့ ပြောရရင်မမှားဘူးလို့ဆိုရမယ်ထင်ပါတယ်… အခုရက်ပိုင်း ဒီ Professional နဲ့ Personal နဲ့ပတ်သက်ပြီးပြောနေကြတာ… ဆွေးနွေးနေကြတာတွေ့တော့… ကျွန်တော်ထပ်ပြီးခံစားရတာလေးတစ်ခုအကြောင်းကို ပြောချင်ပါသေးတယ်… အဲဒီအကြောင်းကတော့ Privacy & Transparency ဆိုတာပါပဲ… ရွာထဲမှာစာတွေရေးကြတဲ့လူတွေအများကြီးရှိပါတယ်… ဒါပေမယ့် အဲဒီအထဲမှာ ဘယ်သူကတော့ဖြင့် ဘာအလုပ်လုပ်ပါတယ်… ဘယ်မှာနေပါတယ်… ဘယ်လိုပုံစံပါဆိုပြီး ရွာထဲမှအတိအလင်းနေကြတဲ့မန်ဘာ တွေရှိသလို… ရွာသူားတွေနဲ့ မတွေ့ဆုံကြဘဲ၊ မျက်နှာမပြဘဲ စာရေးတယ်… စာဖတ်တယ်… ကော်မန့်လေးတွေပေးတယ်… အဲဒီလိုမန်ဘာတွေလဲရှိပါတယ်… ကောင်းပြီး… သူတို့ဘာလို့မျက်နှာမပြတာလဲ… အင်တာနက်ပေါ်မှာရေးတဲ့လူတွေအနေနဲ့ မိမိရဲ့ဘဝမှန်ကို ဖုန်းကွယ်ပိုင်ခွင့်ရှိပါတယ်… ပြောရမယ်ဆိုရင် Privacy ပေါ့… မိမိလျှို့ဝှက်ချက်ကို လူတိုင်းထိန်ချန်ပိုင်ခွင့်ရှိတာ သည်လူတိုင်းမှာရှိတဲ့ အခွင့်အရေး… တနည်းအားဖြင့် လူ့အခွင့်အရေးပါ… အဲဒီလိုပဲအဖွဲ့အစည်းတိုင်း၊ […]


ပြီးခဲ့တဲ့ တစ်ပတ် နိုုဝင်ဘာ ၁၃ရက်နေ့က ဟိန္ဒူဘာသာဝင်တွေရဲ့ ဒေဝါလီပွဲ (Diwali) မှာရိုုက်ထားတဲ့ ဓာတ်ပုုံတချို့ ပါ။ မြန်မာ သီတင်းကျွတ် နဲ့ခပ်ဆင်ဆင် မီးထွန်းပွဲတော်ပေ့ါ။ အိမ်တွေမှာလည်း မီးထွန်းကြတယ်။  ဒီထက်ပိုုပြီးတော့တော့ဒေဝါလီပွဲ အကြောင်း ဂူဂယ်လုုပ်ထားသလောက်ပဲသိတာမိုု့ ပိုုသိတဲ့သူများ ရှင်းပြပေးကြပါ။ မြန်မာစကားက အလုုပ်အကိုုင်အရှုုံးတွေပေါ်လို့ပိတ်ရရင် ဒေဝါလီခံတယ် ဆိုုတာနဲ့ ဆိုုင်မဆိုုင်တော့ မသိဘူး။ ဘယ်ကနေဘယ်လိုု ဒေဝါလီခံတယ် ဆိုုတဲ့ စကားဖြစ်လာလဲဆိုုတာတော့ သိချင်သား။   လာတဲ့လူတွေကိုု ဧည့်ခံကျွေးမွေးတဲ့ စမူဆာ စားကြပါ။ သောက်စရာအချိုရည်ကတော့ မန်ကျီးရည်ကိုု ငရုုပ်သီးရော ၊ မဆလာရော၊ တခြားပူစပ်စပ် အမှုန့်တွေရော ခပ်ထားတယ် ထင်ရတဲ့ အရည်။ နာမည်မေ့သွားပြီ။ ငယ်ငယ်က အဖေ့ကုုလားသူငယ်ချင်းက နှစ်တိုုင်း အိမ်ကိုုပိုု့ပေးနေကျ စမိုုင်တော့ မပါဘူး။ အဲ .. စမိုုင်က ဟိန္ဒူစာရောဟုုတ်ရဲ့လားမသိဘူး၊ ဒေဝါလီလား၊ အစ်လား၊ တခြားပွဲလားတော့ […]


zaw winNovember 20, 20121min02
ဘာကြောင့်လဲ သိလား အမေစုရဲ့ ရင်တွင်းပီတိလှိုင်းတွေလေ ခေတ်အဆက်ဆက် ကိုယ့်တိုင်းပြည်အတွက် အသက်စွန့်ခဲ့တဲ့ နောင်တော် ညီတော် ကျောင်းသူကျောင်းသားများရဲ့ ရည်မှန်းချက်များ အောင်မြင်တဲ့နေ့ ဖြစ်လို့ပါ။ ငါတို့ရဲ့ မဟာရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးရဲ့ ဘွဲ့နှင်းသဘင်ခန်းမကြီးမှာ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အမေရိကန်သမ္မတ ဘားရတ် အိုဘားမား ကိုယ်တိုင် တက်ရောက် ဂုဏ်ပြုစကားပြောကြားခဲ့တဲ့နေ့ဖြစ်တယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးမှာ ခေတ်အဆက်ဆက် လှုပ်ရှားခဲ့တဲ့ ကျောင်းသူကျောင်းသားများရဲ့အောင်ပွဲကို အသိအမှတ်ပြု ဂုဏ်ပြုခဲ့လို့ဖြစ်တယ်။ ဒီလိုပွဲမျိုးဖြစ်မြောက်အောင် အမေစု ဘယ်လောက်ကြိုးစားခဲ့ရသလဲ အားလုံးအသိ ကမ္ဘာအသိပါ။ တစ်သက်လုံး မျက်ရည်မဝဲခဲ့တဲ့ အမေစု ဒီနေ့တော့ ဝမ်းသာလွန်းလို့ မျက်ရည်ဝဲခဲ့ပါပြီ။ မင်းသုတ 22:50 PM 19.11.2012


zaw winNovember 20, 20121min07
သူများပြောတာ နားယောင် ဟိုယောင်ယောင် ဒီယောင်ယောင် အတွေးအခေါ်တုံးတုံး အကြံဉာဏ်တုံးတုံး လုပ်ဆောင်ချက်တုံးတုံး မင်းတို့ရဲ့ ယောင်ထုံးခေတ်ကုန်ဆုံး မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် သွက်သွက်လက်လက် လုပ်ဆောင်ချက်ကောင်း အကျိုးရှိမဲ့ မြန်ကောင်းခေတ်ကို ရောက်ပါပြီ။ မင်းသုတ 22:55 PM 19.11.2012


alinsettNovember 16, 20121min055
အခုတလော အလင်းဆက်လေးးတစ်ယောက် အချစ်တို့ မေတ္တာ တို ့က်ိုပဲ အပြောများနေတယ် လို ့ ထင်နေကြပြီလား မသိ ။ အမှန်တကယ်လည်း အချစ်နဲ့ မေတ္တာကိုပဲထွေရာ လေးပါးမက တွေးနေမိတာပါ။ အခုလည်း မေတ္တာ တရားအကြောင်း / အလင်းဆက် မိန်းမတစ်ယောက်ကို ထားချင်တဲ့ မေတ္တာ …အကြောင်း အလင်းဆက် လိုချင်တဲ့ မိန်းမ တစ်ယောက်မှာ ….ရှိသင့်တယ် ထင်တဲ့အချက်ကလေးတွေအကြောင်း…… ပြောကြည့်ပါရစေ ဦး။ ================== အလင်းဆက်နှင့် မေတ္တာ ကျွန်တော်က ချစ်ရမယ့် ချစ်သူ ဆိုတဲ့ မိန်းကလေးကို မတွေ့ရသေးပေမယ့် အဲဒီမိန်းကလေးကို ဘယ်လိုပုံစံမျိုးနဲ့ ချစ်ရမယ် ဆိုတာတော့ ကြို တွေးထားပြီးပါပြီ။ ကျွန်တော်က အချစ်ဆိုတာကို ပေးဆပ်ခြင်း….လို ့ပဲ သတ်မှတ် ယူဆပါတယ် […]


ムラカミNovember 16, 20125min016
ခုတလော အန်ကယ်ဖော ပို့စ်နဲ့ ဆက်စပ်ပြီး ဆင်းရဲမွဲတေမှု နဲ့ ပါတ်သတ်ပြီး အတွေးပွားစရာများ တာကနေပြီးတော့ .. ဆင်းရဲမွဲတေမှုကို တပိုင်တနိုင်တိုက်ဖျက်နေတဲ့ အဖွဲ့လေး တစ်ခုအကြောင်း မိတ်ဆက်ချင်လို့ပါဗျာ… ရွာထဲမတော့ ပန်းသီးအုံးနှောက်ဆေးခံထိထားတဲ့ ကကြောင်ဝတုတ်ဆိုလား ..သူလုပ်နေတဲ့ ဒိုဇင်ပလွတ် အဖွဲ့တော့ ရှိတယ်ဗျ.. သူတို့အဖွဲ့က ကလေးတွေ ပညာရေးအတွက် အန်ဂျီအိုတွေ- ဘကကျောင်းတွေကို စုပြီးလှူတာ ..သည်တခုကတော့ နည်းနည်း ခြားနားသဗျ… စောင့်ရှောက်တဲ့အဖွဲ့အစည်းတွေကို ထောက်ပံ့တာသက်သက် မဟုတ်ဘဲ ကိုယ်တိုင် တပတ်မှာ ၁ရက်၊ တလမှာ ၄ရက်၊ တနှစ်မှာ ၄၈ ရက် တနင်္ဂနွေနေ့တိုင်း ချာ့ချ် တခုမှာ မနက်စာကျွေးပြီး စာခေါ်သင်ပေးတာ ဖြစ်ပါတယ်။ (ကလေးတွေကို စာသင်ပေးနေတဲ့ ဘုန်းကြီးကျောင်း တွေကိုလည်း ရံခါ သွားလှူတဲ့ အလုပ်လည်း […]


kaiNovember 15, 20121min027
စတီရီယို ခေတ်ဦး အဆိုတော် တစ်ဦး ဖြစ်သည့်အပြင် ကိုယ်ပိုင်သံစဉ်ဖြင့် နာမည်ကျော်ကြားခဲ့သူ အဆိုတော် ခင်မောင်တိုးသည်နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်(စကာင်္ပူစံတော်ချိန်)(၈နာရီ ၂ဝမိနစ်)  အချိန်က စင်ကာပူ၌ ဆေးကုသခံနေရာမှ ကွယ်လွန်သွားပါသည်။ ခင်မောင်တိုး အမှတ်တရအဖြစ် ယခုနှစ်ဆန်းက အမေရိကနိုင်ငံ လော့စ်အိန်ဂျလိစ်မြို့သို့ ခင်မောင်တိုးရောက်ရှိစဉ် မန္တလေးဂဇက်နှင့် အင်တာဗျုးခဲ့သည်ကို ပြန်လည်ဖေါ်ပြလိုက်ပါကြောင်း…။ အမေရိကနိုင်ငံ နယူးယောက်မြို့သို့ ၂၀၁၁နိုဝင်ဘာလ၅ရက်၌ရောက်ရှိလာသည့် မြန်မာကိုယ်ပိုင်သံစဉ်တေးသံရှင် ခင်မောင်တိုးအား ၂၀၁၂ဇန်နဝါရီလရရက်နေ့တွင် လော့စ်အိန်းဂျလိစ်မြို့ဖျော်ဖြေပွဲ၌ ပွဲစီစဉ်သူဒေါက်တာဇော်မင်းဦး၊ မမူမူဝင်း၊စန္ဒယားအောင်ဝင်းတို့က မအားလပ်သည့် ဖျော်ဖြေရေးနှင့်လည်ပတ်လေ့လာရေးအစီအစဉ်များကြားမှ မိတ်ဆက်ပေးသဖြင့် ရတနာပုံနေပြည်တော်သတင်းစာက တွေ့ ဆုံမေးမြန်းခဲ့ပါသည်။ ကိုခင်မောင်တိုးရဲ့အနုပညာဘဝခရီးအစကိုပြောပေးပါ… ဂီတအနုပညာကို ကျွန်တော်ငယ်ငယ်ကတည်းက ဝါသနာကြီးခဲ့ပါတယ်။ ၉တန်းအရွယ်မှာ ဂစ်တာစတီးတယ်။ ၁၉၇၄-၇၅မှာ သီချင်း အပျော်တမ်းစဆိုဖြစ်တယ်။ န ြခေ့ငညန အဖွဲ့နဲ့ဆိုဘူးတယ်။ အဲဒီတုန်းက အပျော်တမ်းဘဝပဲရှိသေးတယ်။တကယ်တမ်း […]


အင်း တတ်သည့်ပညာမနေသာဆိုတဲ့အတိုင်းပဲ…. ကျွန်တော် အုပ်ထိန်းသူ အစ်မ တစ်ယောက်က တောင်ကြီးမှာ မီးပုံးပန်းခြံလုပ်ချင်တယ်ဆိုလို. ပညာကုန် ထုတ်ပြီး လုပ်ထည့်လိုက်ပီ……… ရွာသူား တွေအတွက်လဲ မြင်ရအောင် ကြွားးးးးးအဲအဲ တင်ပေးလိုက်ပါတယ်… ဒါလေးက ပန်ဒါလေးပါ အဲလိုလေး လုပ်ခဲ့ရပါတယ်…                                                                                                                  မီးထွန်းလိုက်တော့ ဒီလိုလေးဖစ်တွားရော ဟဲဟဲ                                                              ဒါကတော့ တက်သစ်စ မော်ဒယ်မင်းသား တစ်ယောက်နဲ. အရုပ်ပေါ့ အလှချင်းပြိုင်နေလိုက်ကျဒါ ခိခိ ကြက်မိသားစုလေးပါ……………………………                                                                                                            ဒီလိုလေးလုပ်ခဲ့ရပါတယ်……… ဒါလေးက ဘဲလေးနှစ်ကောင်ပါ မျက်နှာချင်းဆိုင်ထားရင် အသဲပုံလေး ပေါ်မှာပါ………………………..           ဒီလိုလေး လုပ်တာ……….   ဒါလေးက တော့ ယုန်မိသားစုလေးပါ ယုန်ဖေဖေ ယုန်မေမေနဲ. ယုန်သားလေးတွေပါ…………..                        ဒီ စက်ရုပ်ကတော့ အားအရဆုံးပါပဲ………… ၉ပေရှိပါတယ်… လက်၊ခြေထောက်၊ […]


KyaemonNovember 12, 201285min09
       ဆက်လက်ပြီး ကမ်ဘာကျော်စာရေးဆရာWilliam Shakespeare ရှိတ်စပီယား မွေးဖွားရာဇာတိStratford Upon Avonသို့သွားလေ့လာရအောင်၊  Shakespeareရဲ့ချက်မြှုပ်ရာနေအိမ် ——- Shakespeareရဲ့ချက်မြှုပ်ရာနေအိမ်   Shakespeareရဲ့ချက်မြှုပ်ရာနေအိမ် Shakespeare’s Birthplace | Flickr – Photo Sharing! http://www.flickr.com/photos/janspencer/7760012882/in/set-72157631019520416/ Shakespeare’s Birthplace The half-timbered house where William Shakespeare was born in 1564 is Stratford’s most cherished historic place. It is the most frequently visited of all the tourist places. Descendants of the […]


alinsettNovember 11, 20122min029
ဘာဘာညာညာတွေရှည်ရှည်ဝေးဝေး သိပ်မပြောချင်တော့ပါဘူး ။ ဘ အက္ခရာ နဲ့ ပက်သက်ပြီး ဘာရေးရမှန်းမသိ ဖြစ်နေတုန်းမှာ ဘ ဘ အရွယ် မိတ်ဆွေတစ်ယောက်က ဘာတွေမှန်း မသ်ိ လာ ပြောပါတယ် ဘ = ဘလက်ချောကြီး. .ဆင်ပြောင် စီး… ရေးပါလား တဲ့ ဘ = ဘိုးမင်းခေါင် ဒုူးခေါင်းပြောင်တာ ရေးပါလားတဲ့ ဘ = ဘဘ ထထက ဘ = ဘယ်သူ ကိုယ့်လောက် ချစ်သလဲ စသဖြင့် ဘာတွေမှန်း မသိ လာပြောနေတော့…ကျွန်တော်လည်း ဘု နဲ့ ဘောက် ပြန်ပြောမိတယ် ။ “ဘာတွေ လာပြောမေတာလဲဗျာ.. ဒီမှာ ခေါင်း ရှုုပ်ရတဲ့ အထဲ ..” လို့ […]


KyaemonNovember 11, 201233min01
ဒေါ်စုရောက်ခဲ့တဲ့လန်ဒန်ကို ဒို့လဲစိတ်ကူးဘဲဖြစ်ဖြစ် ရောက်ဖြစ်အောင် ‘ရောက် ‘ ခဲ့ ပြီး ပို၍ပို၍‘လေ့လာ’ ခဲ့တာ၊ ခုလဲနံမယ်ကြီးSt Paul စိန့် ပေါလ် ခရိယာန် ဘုရားရှိခိုးကျောင်းတော်ကြီးကိုဝင်ကြည့်ရအောင်၊ စိန့် ပေါလ် ခရိယာန် ဘုရားရှိခိုးကျောင်းတော်ကြီး နဲ့ Millennium တံတားကြီးရှုခင်း London – St. Paul’s Cathedral and the Millennium Bridge | Flickr – Photo Sharing! http://www.flickr.com/photos/rainprel/7661359744/ St.Paul’s and the Millennium Bridge – London, U.K. The London Millennium Bridge is a pedestrian-only steel suspension bridge […]


အာဂNovember 10, 20121min013
ဒုက္ခကို ခါးထစ်ခွင် ချီပိုး ဟိုနား….။ ဒီနား…..။ ရောက် နိုးနိုး နှင့်……..။ နွယ်လို ပတ်တဲ့ “သောက” ခင်ဗျား အမြန်ပြန်စမ်းလို့ ပြောမရသေးခင်….။ လောကဓံ က အုံလိုက် ကျင်းလိုက် ရိုက်နှက် ကျသတဲ့..။ ဘဝများ…..ပြောပါတယ်။ တစ်ချက်တည်း ကျင်းဝင်သလို… ဘယ်တော့ များမှ သတင်းစာထဲပါမလဲ…။ အာဂ


စမူဆာကို ဘယ်အချိန်က ကျွန်တော်စပြီး စားဖူးမှန်း မမှတ်မိသော်လည်း ဒီနေ့အချိန်ထိ ကြိုက်နှစ်သက် နေဆဲ စားစရာတစ်ခုပင်ဖြစ်ပါသည်။ ကျွန်တော်တို့မြို့မှာ အရင်တုန်းက စမူဆာ လုပ်ရောင်းသော အိန္ဒိယ နွယ်ဖွားများက ကြက်သား၊ ဆိတ်သား များအစာသွပ်ပြီး ကြော်ကြပါသည်။ (ဒီလိုစာသံပေသံနဲ့ရေးတာ သိပ်မကောင်းဘူးထင်တယ်နော်…စကားပြောလေးနဲ့ပဲ ဆက်ကြတာပေါ့..) နောက်တော့ အဲဒီ စမူဆာကြော်သူများလည်း ဘယ်ရောက်သွားမှန်းမသိပါ။ ယခုထိ ကျွန်တော်တို့မြို့ မှာအသားစမူဆာဆိုတာ ဘယ်သူမှမရောင်းကြတော့ဘူးလို့ ထင်တာပဲ။ မြို့တစ်မြို့ရောက်လို့ မုန့်ဆိုင်၊ လက်ဘက်ရည်ဆိုင်ထိုင်မိရင် ကျွန်တော်အရင်ဆုံး မြည်းစမ်းကြည့်တာက မုန့်ဟင်းခါးနဲ့ စမူဆာ။ တွဲစားတာတော့ မဟုတ်ဘူးပေါ့။ အညာဘက်က စမူဆာကြီးတွေကျတော့ အတော်ကြီးတယ်။ စမူဆာ သုပ်ဆိုလည်း တော်တော်ကောင်းတယ်။ နောက် စမူဆာကြော်လို့ ပဲ့ထွက်လာတဲ့ အကြော်အဖတ် လေးတွေကိုလည်း သုပ်စားကြသေးတယ်။ ပလပ်သုပ်ဆိုလား ခေါ်ကြတာ။ စမူဆာ […]