အမေစုရဲ့ မျက်ဝန်းအိ်မ်မှာ မျက်ရည်ဝဲတဲ့နေ့ (19-11-2012)

zaw winNovember 20, 20121min02

ဘာကြောင့်လဲ သိလား
အမေစုရဲ့ ရင်တွင်းပီတိလှိုင်းတွေလေ
ခေတ်အဆက်ဆက်
ကိုယ့်တိုင်းပြည်အတွက် အသက်စွန့်ခဲ့တဲ့
နောင်တော် ညီတော် ကျောင်းသူကျောင်းသားများရဲ့
ရည်မှန်းချက်များ အောင်မြင်တဲ့နေ့ ဖြစ်လို့ပါ။
ငါတို့ရဲ့ မဟာရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးရဲ့
ဘွဲ့နှင်းသဘင်ခန်းမကြီးမှာ
ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်
အမေရိကန်သမ္မတ ဘားရတ် အိုဘားမား
ကိုယ်တိုင် တက်ရောက် ဂုဏ်ပြုစကားပြောကြားခဲ့တဲ့နေ့ဖြစ်တယ်။
ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးမှာ
ခေတ်အဆက်ဆက် လှုပ်ရှားခဲ့တဲ့
ကျောင်းသူကျောင်းသားများရဲ့အောင်ပွဲကို
အသိအမှတ်ပြု ဂုဏ်ပြုခဲ့လို့ဖြစ်တယ်။
ဒီလိုပွဲမျိုးဖြစ်မြောက်အောင်
အမေစု ဘယ်လောက်ကြိုးစားခဲ့ရသလဲ
အားလုံးအသိ
ကမ္ဘာအသိပါ။
တစ်သက်လုံး မျက်ရည်မဝဲခဲ့တဲ့
အမေစု ဒီနေ့တော့ ဝမ်းသာလွန်းလို့
မျက်ရည်ဝဲခဲ့ပါပြီ။

မင်းသုတ
22:50 PM
19.11.2012

2 comments

  • Mobile

    November 20, 2012 at 4:44 pm

    မင်္ဂလာအပေါင်း ခညောင်းခဲ့တဲ့ နေ့တစ်ဖြစ်ခဲ့တာပေါ့။
    ဒီလို မင်္ဂလာရှိခဲ့တဲအတွက် ဝမ်းမြောက်မိပါတယ်။
    ဒိထက်ပိုပြီး မင်္ဂလာရှိတဲ့ နေတွေပေါ်ထွက်လာဖို့အတွက် ဆက်လက်စောင့်မျှော်နေဦးမှာဖြစ်သလို
    မိမိတတ်စွမ်းသမျှ ကြိုးစားနေပါဦးမယ် . . . . .

    Reply

  • myanmar oscar

    November 21, 2012 at 1:58 am

    ကောင်းတာတွေ ဝတ်
    ကောင်းတာတွေ စား
    ကောင်းတာတွေ ပြော
    ကောင်းတာတွေ လုပ်
    ကောင်းတာတွေ လွတ်လွတ်လပ်လပ် ပြောလို့ရရင်
    ကောင်းသော မင်္ဂလာနေ့ပါ လို့ ……………….။

    Reply

Leave a Reply

Your email address will not be published.