Mon LaySeptember 16, 20195min00
ရွှေစက်ချရာ..ရွှေရောင်ဝင်းစေမယ့် Shwe FM ရဲ ့၁ဝ နှစ်ပြည့် ပွဲလေးကိုတက်ခဲ့ပါတယ်။ Congratulations 🎊🎈🍾!! ၁ဝ နှစ်သားလေးတောင်ဖြစ်လာခဲ့ပြီ။ Shwe FM နားထောင်ရတာအရမ်းကြိုက်တယ်။ သတင်းတွေလည်းစုံတယ်။နယ်ဘက်ခရီးတွေ သွားတဲ့အခါလည်း နားထောင်ဖြစ်တယ်။ နယ်တွေလည်း အသံဖမ်းယူနားထောင်လို့ရနေတာကိုး။ ကားထဲမှာဖြစ်ဖြစ်၊ ဖုန်းထဲမှာဖြစ်ဖြစ်နားထောင်လို့ရတော့ သီချင်းကြိုက်တဲ့မွန်လေးအတွက် ဟန်ကိုကျနေရော။ ကိုယ့်အတွက် ဗဟုသုတရော၊ ရသ ရောရတဲ့အပြင် စိတ်ပင်ပန်းတဲ့အခါနားထောင်လိုက်ရင်လည်း ပင်ပန်းမှုတွေပျောက်လို့.. Shwe FM ကိုအရမ်းကြိုက်ပါတယ်။ May you continue the journey of success with pride! You rock!! #shwefm#shwefm10thanniversary#radiostation#congrats#congratulations 👛 fashionlaprincesse


Mon LaySeptember 11, 20191min00
ကိုရီးယား topik စာမေးပွဲ ကိုအောက်တိုဘာမှာပြန်ကျင်းပတော့မယ်တဲ့။ အပျော်ကြီးပြန်ပျော်လိုက်ကြတော့နော် ကိုကိုတို့ရေ။ ဟိုတလောက အဲ့စာမေးပွဲကို ကိုရီးယားအစိုးရကပိတ်လိုက်ပြီလို့ကို ကြေညာလိုက်တော့ ကိုရီးယားသွားဖို့ပြင်ဆင်ထားတဲ့ အမျိုးသားတွေ..ခြေမကိုင်မိ၊ လက်မကိုင်တွေဖြစ်ကုန်ရော။ တချို့ ဆိုနယ်ကလေ ကိုရီးယားစာတွေလာသင်၊ ဘုန်းကြီးကျောင်းတွေမှာနေပြီး စာမေးပွဲဖြေဖို့ ပြင်ဆင်ထားတဲ့သူတွေအကုန် စိတ်ထိခိုက်ကုန်ရော၊ ငွေတွေဆုံးကုန်ရော။ ကိုရီးယားအစိုးရကလည်း အလုပ်သမားတွေတအားများလွန်းနေတော့ အလုပ်ခေါ်တာကိုခဏရပ်လို်က်တာ..ကိုယ်တွေနိုင်ငံတစ်နိုင်ငံထဲမဟုတ်ပါဘူး။ တခြား ဖိလစ်ပိုင်နိုင်ငံတို့လည်း အကုန်မျှော်လင့်ချက်တွေမဲ့ကုန်တာ။ ဒါနဲ့ အရင်အပတ်က ကိုရီးယားသမ္မတ လင်မယား ၂ယောက် မြန်မာနိုင်ငံကို အလည်အပတ်လာခဲ့ပါတယ်။ ကိုယ်ကလည်း သတင်းစာကိုနေ့တိုင်းနီးပါးဖတ်လေ့ရှိတော့အဲ့မှာ ဒေါ်စုက မြန်မာနိုင်ငံကို အလုပ်သမားတွေကိုလည်းခေါ်ပါဦး ဆိုပြီးတောင်းဆိုတာကို ဖတ်လိုက်ရပါတယ်။ ဖတ်လိုက်တုန်းကတော့ အော်..တောင်းဆိုရုံပဲပေါ့။ ခုလိုလုံးဝကြီး topik ကိုပြန်ဖွင့်ပေးမယ်မထင်ဘူးပေါ့။ မနေ့ကမှ 7 days daily ကိုဖတ်မှ အောက်တိုဘာမှာ အဲ့စာမေးပွဲကိုပြန်ကျင်းပမယ်ဆိုတာလည်းမြင်ရော…ဒေါ်စုကိုမလေးစားဘဲမနေနိုင်လောက်အောင်ဖြစ်သွားတာ။ အရမ်းတော်ပါတယ်။ အင်္ဂလိပ်စကားလည်း […]


Mon LaySeptember 3, 20192min00
နေရာလှလှလေးသွားပြီး ဓါတ်ဖမ်းကြမယ်…. ဓါတ်ဖမ်းတိုင်းလည်း ပုံလှလှထွက်တာမျိုးမဟုတ်ဘူးဆိုတာ သိတယ်ဆိုရင် မွန်လေးက ဓါတ်ပုံလေးတွေကိုလှလှလေးပြင်လို့ရမယ့်…အသုံးဝင်မယ့် ဖုန်း app လေးတွေအကြောင်းပြောပြချင်ပါတယ်။ ပြီးတော့ မှတ်တမ်း ဗီဒီယိုရိုက်ခဲ့ရင်လည်း သီချင်းလေးတွေ စတစ်ကာလေးထည့်လို့ရမယ့် video app လေးတွေလည်းထပ်လောင်းပြောပြပေးသွားပါမယ်။ ပြီးရင် ဖေ့ဘွတ်ပေါ်တင်ပလိုက်ပေါ့။ အရမ်းကိုလန်းသွားမယ်နော်.. ခုပြောပြပေးမယ့် app တွေက android ရော ios ပါ ရပါတယ်။ ဖုန်းထဲဒေါင်းပြီး ရိုက်ခဲ့သမျှပုံ တွေကို အကုန်retouch ပြန်လုပ်လို့ရပါတယ်။ အရမ်းကိုလွယ်ကူပါတယ်။ ပုံတွေလှလှပြင်ဖို့ကိုအရင်ပြောပေးမယ်နော် ၁။ Camera 360 သူကဓါတ်ဖမ်းကတည်းက ပုံလှလှထွက်အောင် ကင်မရာအဖြစ်နဲ့သုံးလို့ရပါတယ်။ ပြီးရင် အသားရည်ဖြူဝင်းသွားအောင်လုပ်လိူ့ရပါတယ်။ sticker လေးတွေလည်းပါတော့ ချစ်ဖို့ကောင်းတယ်။ Selfie camera ကိုလည်း ကာတွန်းပုံလေးတွေနဲ့ တစ်ခါတည်းရိုက်လို့ရတယ်။ ၂။ Snapseed သူကတော့ […]


Mon LayAugust 26, 20194min02
မြန်မာ့လက်မှုပစ္စည်းတွေကို ချစ်မြတ်နိုးပြီး စိတ်ကြိုက်ရွေးဝယ်ချင်လို့ ပြီးခဲ့တဲ့အပတ်က YK collections ဆိုင်လေးကို မွန်လေးရောက်ခဲ့ပါတယ်။ ဆိုင်ဖွင့်ပွဲလေးလည်းဖြစ်တော့ သွားရောက်အားပေးခဲ့ပါတယ်။ YK Collections Social Enterprise ဟာ ၂၀၁ဝ ခုနှစ်ကတည်းကစတင်ပြီး မြန်မာ့လက်မှုပစ္စည်းလေးတွေကို ကိုယ်ပိုင်ဒီဇိုင်းနဲ့ ထုတ်ဝေဖြစ်ခဲ့ပါတယ်။ ပြည်တွင်းက ပစ္စည်းတွေနဲ့ပဲ နားဆွဲ၊ လက်ဝတ်လက်စား၊ ဆွဲကြိုး၊ မြန်မာ့ရိုးရာအရုပ်တွေ၊ လက်ဖက်ခြောက် စတဲ့စတဲ့ ထုတ်ကုန်တွေအများကြီးကို နှစ်ပေါင်းများစွာ ​ထဲက ​တော်​​တော်​ဖြည်​းဖြည်​း​လေးနဲ့  အောင်မြင်အောင်ထုတ်ဝေနိုင်ခဲ့တာ အခုဆိုရင် သက်တမ်း၉နှစ်ထိ ရောက်ရှိခဲ့ပါပြီ။ ကိုယ်ဆို ဆို်င်ထဲဝင်လိုက်တာနဲ့ စပါးလင် အနံ့သင်းသင်းလေးရလိုက်လို့ စိတ်ကိုကြည်လင်သွးတာပဲ။ ပြထားတဲ့ပစ္စည်းလေးတွေကလည်း ချစ်စရာလေးတွေ..သေးသေးကွေးကွေး ဘုစုခရုကနေ..တောင်းအကြီးကြီးတွေအထိရှိတယ်။ ဝယ်ယူရရှိနိုင်သော ပစ္စည်းများ ချည်သားအိတ်လေးတွေ ချိုင်းညှပ်အိတ်ကအစ ရှော့ပင်အိတ်လေးတွေထိ၊ ဒေါ်စုပုံပါတဲ့ စာအုပ်လေးတွေ၊ စကျင်ကျောက်လေးတွေနဲ့လုပ်ထားတဲ့ အကောင်ပလောင်လေးတွေ၊ ကြာပန်းပုံ ပန်းကန်ပြားတွေ ကိုယ်ဆိုလာဘ်ကောင်းအောင် […]


Mon LayAugust 26, 20193min00
Traditional things လေးတွေဆို မွန်လေးက အရမ်းကြိုက်တာပါ…  Review Stay Tuned!!#ချစ်ခြင်းအားဖြင့်ဖန်တီးသည်#yk#collections#myanmar#traditional#things#innovativecraftproducts#Jewellery#RedLuckySeed#Eco_Friendly#ykcollections#TropicalSeeds#craftedinmyanmar#rings#earrings#bracelet#accessories#Myanmar#Ladies#Smart#SocENT


Mon LayAugust 9, 20191min02
မနေ့က ညဘက်သယ်ရင်းက ရှော့ပင် ထွက်ကြရအောင်ဆိုပြီး ခေါ်တော့ အိမ်နဲ့နီးတဲ့ မြန်မာပလာဇာကို မွန်လေးတို့သွားဖြစ်ခဲ့ပါတယ်။ ပစ္စည်းတွေဝယ်သင့်တာဝယ်ပြီး https://www.facebook.com/innwabooks/ စာအုပ်ဆိုင်လည်းတွေ့ရော..ဝင်ကြမယ်ကွာဆိုပြီး ဝင်ကြရော။ ဖွင့်ထားတာတော့ကြာပြီ။ သပ်သပ်ရပ်ရပ်လေးနဲ့ အဆင့်မီတဲ့ စာအုပ်ဆိုင်လေးလို့ မြင်မိတယ်။ အထဲမှာ သုတ၊ရသ၊စီးပွားရေး၊ပညာရေးစတဲ့ စာအုပ်အမျိုးပေါင်း (၅၀)ကျော်လောက်ရှိပါတယ်။ ကို်ယ်လိုချင်တဲ့စာအုပ်တွေရွေးချယ်ပြီး အေးအေးဖတ်လို့ရတဲ့ထိုင်ခုံလေးတွေရှိတယ်။ ကော်ဖီသောက်ချင်လည်း ရတယ်။ ရှော့ပင်းစင်တာမှာဖွင့်ထားတာဖြစ်ပေမဲ့ တိတ်ဆိတ်တယ်။ စာဖတ်ဝါသနာပါတဲ့သူတွေအတွက် တော်တော်လေးအဆင်ပြေတယ်။ တနင်္လာနေ့ဆိုရင် drinks အားလုံး 15% discount နဲ့ပေးတဲ့အစီအစဉ်ရှိပါတယ်။ စာအုပ်ဆိုင်ဆိုတာထက် စာကြည့်တိုက်လေးနဲ့လည်း တူတယ်လို့ခံစားမိတယ်။ ပြီးတော့ စာအုပ်တွေကိုစာရေးဆရာတွေကိုယ်တိုင်လက်မှတ်ရေးထိုးရောင်းချပေးတဲ့ပွဲတွေကိုလည်းမကြာခဏလုပ်လေ့ရှိတယ်လို့လည်းသိရပါတယ်။ ဖွင့်ချိန်ကလည်း မနက် (၉)၊ ည(၉)ပါ။ ဒီတော့ ရှော့ပင်ထွက်ရင်း ဗဟုသုတတိုးအောင် သွးာစေချင်ပါတယ်။ နေရာလေးကတော့ အမှတ် 206D၊ ဒုတိယထပ် Myanmar Plaza၊ ကမာ္ဘအေးဘုရားလမ်းပါ။


Mon LayAugust 6, 20192min00
သက်တန့်(မေရီ) ရေးတဲ့ စစ်မှန်သော မိမိနှင့်တွေ့ဆုံခြင်း စာအုပ်ကိုဖတ်ပြီးနောက် မွန်လေးကိုယ်တွေ့ပါ တကယ်ခံစားပြီး ကျင့်သုံးလိုက်လို့ အဆင်ပြေသွားတာလေးကို မွန်လေးရဲ ့follower လေးတွေလည်း ဗဟုသုတရပြီး ဘဝတစ်လျှောက်လုံးကျင့်သုံးနို်င်စေဖို့ ပြန်ရှယ်ပေးလိုက်ပါတယ်။ အရင်ဦးဆုံး မေးခွန်းလေးကသိပ်လှတယ်။ ငါ..ဘယ်သူလဲတဲ့။ ခုစာဖတ်နေတဲ့သူလည်း ဖြေကြည့်ပါ..ငါဘယ်သူလဲ။ စစ်မှန်တဲ့ ငါကဘယ်သူလဲ။ စစ်မှန်တဲ့..ငါကို ဘယ်လိုရှာလို့ရသလဲဆိုရင် အပြင် ပရောဂကြောင့်ဖြစ်လာတဲ့ ကို်ယ့်အတွေး၊ စိတ်ခံစားမှု၊ ခန္ဓာကိုယ်ရဲ ့အတားအဆီးနဲ ့ ကန့်သတ်မှုတွေရ ဲ့အောက်မှာ မရှိတဲ့လူတွေဟာ စစ်မှန်တဲ့မိမိကိုရှာဖွေနိုင်တဲ့သူတွေပါတဲ့။ အဆုံးသတ်မှာ စစ်မှန်တဲ့မိမိရှိတဲ့သူဟာ ချစ်ခြင်းမေတ္တာ၊ ဝမ်းမြောက်မှု နှင့် ငြိမ်းချမ်းမှု တို့ရှိတဲ့သူပါပဲ။ ဟုတ်ပြီ။ မွန်လေးတို့ဘယ်လိုရှာမလဲ။ အရင်ဦးဆုံး စက်ဝိုင်းပုံဆွဲလိုက်ပါ။ ပုံလည်းပြထားပါတယ်။ အဲ့မှာ စစ်မှန်တဲ့မိမိဆီရောက်ဖို့ က Body လည်းကျန်းမာသန်စွမ်းနေဖို့လိုပါတယ်။ ဟုတ်ပါတယ်။ လူတွေက နေ့စဉ်အလုပ်နဲ့ […]


Mon LayAugust 1, 20191min02
ကိုယ့်နာမည်ကို ခေါ်ရင် ချစ်စရာကောင်းတယ်ဆိုတာလေးကို ပြန်ရှယ်ချင်လို့ပါ။ မွန်လေးဆို အရင်ကဆို..မွန်လေးလို့ ကိုယ့်ကိုယ်ကို နာမ်စားသုံးပြီး ခေါ်တတ်တဲ့အကျင့်မရှိခဲ့ပါဘူး။ မသိတဲ့သူတွေ၊ လူကြီးတွေတွေ့ပြီဆို သမီးကသမီးကနဲ့ ဆိုပြီးခေါ်ရာကနေ အဒေါ်က ကိုယ့်နာမည်ကို ခေါ်ပြီးပြောပါလားတဲ့..ချစ်ဖို့လည်းကောင်းသလို..ယဉ်လည်းယဉ်ကျေးတယ်တဲ့။ သူကပြောပေမဲ့ ကိုယ်မှ အဲလိုပြောပြီးမပြောတတ်တာ မခေါ်ဘူးဆိုပြီး ဒီလိုပဲနေခဲ့ရော။ တစ်ရက်လည်းကျရော မွန်လေးတို့အိမ်ကို အမျိုးအသိကလေးလေးတစ်ယောက်လာလည်ရော။ ပြီးတော့ မွန်လေးတို့အိမ်ရ ဲ့ဧည့်ခန်းမှာ ဆက်တီခုံတွေပြီးရင် ခြေထောက်တင်ဖို့ ခုံအပုလေးတစ်ခုံလေးလည်းထားထားသေးတာဆိုတော့ အဲ့ကလေးလေးက အဲ့ခုံအပုလေးလည်းမြင်ရော သူ့အမေကို မေမေ..ဒါဝိုင်းတို့မူကြိုကခုံလေးလိုပဲတဲ့..လို့ဆိုပြီး သူကယူထိုင်ရော..သူ့ကိုယ်သူ သူက ဝိုင်းတဲ့လေ။ သူ့အမေကို နာမည်ကဝို်င်းတဲ့လားလို့မေးတော့ မဟုတ်ရပါဘူးဟယ်တဲ့.. ဘယ်ကသူ့ကို်ယ်သူ ဝို်င်းလို့ခေါ်လာမှန်းမသိဘူးတဲ့..အဲ့မှာ..အဒေါ်ကဝင်ပြောပါလေရော..တွေ့လားတဲ့ နာမ်စားနာမည်နဲ့ ကို်ယ့်ကို်ယ်ကိုခေါ်တာ ဘယ်လောက်ချစ်ဖို့ကောင်းလဲတဲ့..ဆိုတော့မှ ကိုယ်လည်း သဘောတွေကျသွားပြီး..ကိုယ့်နာမည်တပ်ပြီး ခေါ်မယ်ပေါ့နော်.. နာမည်ရွေးတော့ ရှေ့နာမည်က အေးဆိုတော့ အေးကလေ အေးကလေ လို့လည်းခေါ်ရတာမကြိုက်..အလယ်စလုံးကျတော့ ခေါ်ရတာမကြိုက်ပြန်။ […]


kaiJuly 30, 20193min01
ယခင်လက Compare and contrast paragraph လေးတွေ ရေးတတ်လာအောင် လေ့ကျင့်ခဲ့ကြတယ်နော်။ နမူနာအဖြစ် Winners and Loser နဲ့ Givers and Takers ဆိုတဲ့ Paragraph လေးနှစ်ပုဒ်တိတိ ရေးသားဖော်ပြခဲ့ပါတယ်။ Givers and Takers မှာ conclusion လေးကိုချန်ထားခဲ့ပြီး စာဖတ်သူများကိုယ်တိုင် ရေးကြည့်ကြဖို့ မှာကြားခဲ့ပါတယ်။ ယခုလမှာ ဖော်ပြပေးမဲ့ conclusion လေးနဲ့ ယှဉ်ကြည့်ကြပေါ့နော်။ ယခုလမှာတော့ narrative paragraph လေးတွေအကြောင်း ပြည့်ပြည့်စုံစုံ ဖော်ပြပေးဖို့ ရည်ရွယ်ထားပါတယ်။ Narrative ဆိုတာကတော့ ဇာတ်လမ်းသဘောမျိုးပေါ့။ မိမိကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ သို့မဟုတ် ကြားဘူးတဲ့ အဖြစ်အပျက်လေးတွေအကြောင်း ရေးသားရတာပါ။ ဒီ narrative paragraph ရဲ့ထူးခြားချက်ကတော့ အခြား paragraph […]


Mon LayJune 28, 20192min02
ခန်းမအဆုံးတွင် ကွယ်လွန် သူ မောင်ကျော်ဇင်ဝင်း၏ ရုပ်အ လောင်းထားရှိပြီး ပတ်ချာလည် တွင် အနက်ရောင်အကျႌဝတ်ဆင် ထားသည့် LGBT (လိင်စိတ်ကွဲ ပြားတိမ်းညွတ်သူ)များနှင့် သ တင်းမီဒီယာမှ ဓာတ်ပုံဆရာများ  ဝိုင်းအုံနေသည်။အရပ်အမောင်းအားဖြင့် ခြောက်ပေအထက်ရှိပြီး ကြည့် ကောင်းနေသည့် လူငယ်နှစ်ဦး သည် မောင်ကျော်ဇင်ဝင်း၏ ရုပ် အလောင်းကို လူအများအကြား တိုးဝှေ့ကြည့်ရှုပြီးနောက်  တစ် ယောက်နှင့် တစ်ယောက်ပွေ့ဖက် ကာ အသံတိတ်ငိုကြွေးတော့ သည်။ #credit from 7 days news စိတ်မကောင်းစွာနဲ့ သတင်းတစ်ခုကိုဖတ်လိုက်ရပါတယ်။ ဖတ်တာအားမရသေးလို့ facebook ထဲမှာပါ ဝင်ဖတ်ဖြစ်ခဲ့ပါတယ်။ သူများ LGBT ဖြစ်နေတာကို အတင်းလိုက်မေးတဲ့မိန်းမကိုလည်း human right ဆိုတာဘာလဲလို့သိအောင်စာတွေဖတ်စေချင်တယ်။ ပြီးတော့ ဘဝပေးမကောင်းလို့ ဖြစ်လာတဲ့ သူတွေကို […]


kaiJune 27, 20194min02
  အရင်လက Compare and contrast paragraph လေးတွေ ရေးတတ်လာအောင် Winners and Loser ဆိုတဲ့ နမူနာ paragraph လေးကိုဖော်ပြပေးခဲ့ပါတယ်။ စာဖတ်သူတွေကမြန်မာပီပီ ဉာဏ်ရည်ထက်မြတ်ကြတော့ နမူနာလေးတစ်ခုလောက်နဲ့ဘဲ Compare and contrast paragraph တို့ကို ကောင်းကောင်းရေးတတ်သွားလောက်ပါပြီ။ ဒါပေမဲ့ ထပ်မံပြီးလေ့ကျင့်ကြပါဆိုလျှင် မည်သူမျှ ငြင်းကြလိမ့်မည် မထင်ပါ။ practice makes perfect ဆိုတာ အားလုံးကြားဖူးကြပါလိမ့်မယ်။ ဒီတော့ ဒီလမှာ Givers and Takers ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ Paragraph လေးတစ်ပုဒ် ထပ်ပြီးရေးကြရအောင်။ ဦးစွာပထမ topic sentence လေးကိုရေးရမှာပါ။ အားလုံးမှတ်မိကြပါတယ်နော် ။ ဆိုပါစို့ There are three […]


Mon LayJune 26, 20191min02
ဒီတစ်ခါရေးတဲ့ ပို့စ်က တော့ ခရီးသွား ပို့စ် မဟုတ်ပါဘူး။ မွန်လေးရဲ ့ ခရီးသွားပို့စ်အောက်မှာ သူများတွေက ဒီလိုခရီးတွေသွားပြီး ပျော်ဖို့ ကောင်းလိုက်တာ..ငါတို့မှာကျ အဲလိုပျော်ရွှင်မှု တောင်မရှိပါလားလို့ လာမန့်သွားတဲ့သူကိုမြင်ပြီး ရေးချင်စိတ်ပေါက်သွားလို့ ပျော်ရွှင်မှုဆိုတာ ဘာလဲလို့ ပြန်ရှယ်ချင်တာပါ။ ပျော်ရွင်မှု ့ဆိုတာ ကိုယ်တိုင်ဖန်တီးယူမှရတာမျိုးပါ။ တစ်နည်းအားဖြင့် ကိုယ့်ကို ဘယ်အရာ ကပျော်ရွှင်စေနိုင်လဲ၊ ကိုယ်ဘာလုပ်လိုက်ရင် ပျော်သွားသလဲပေါ့နော်။ အဲလိုဆန်းစစ် တတ် ရင်..ပျော်ရွှင်မှုဆိုတာရှိလာမှာပါ။ အဲဒါကလည်း ကိုယ့်ရဲ ့ဝါသနာကိုအခြေခံလိမ့်မယ်လု့ိ မွန်လေးကတော့ထင်တယ်။ ဥပမာ..အဆိုတော်တွေဆို..သီချင်းဆိုနေရတာကိုက သူ့ရဲ ့ဝါသနာတစ်ခုလိုဖြစ်ပြီး ကိုယ်လုပ်ချင် တာလုပ်နေရတော့ ပျော်နေတာ…ပျော်ရလို့ကို သီချင်းဆိုတာမျိုးပေ့ါ။ အခကြေးငွေရလို့ ဆိုတဲ့သူ ကတော့ တမျိုးပေါ့။ မွန်လေးဆို စာဖတ်၊စာရေးရတာ ဝါသနာပါတယ်။ ဘယ်လိုဝါသနာပါသွားလဲဆိုရင် ရတန်းနှစ် လောက်တုန်းက တီဗွီမှာ ကိုရီးယားကား […]


Mon LayApril 30, 20191min00
နို်င်ငံခေါင်းဆောင်ဆိုတာ..ဒီလိုဖြစ်နေရမယ်..အရမ်းကြီးပညာတတ်စရာမလိုပေမဲ့. ကိုယ်က အင်္ဂလိပ်စကားကို one by one ပြောနိုင်ရမယ်။ ဒေါ်စုကတော့ ပညာပါတတ်တော့ ပိုကောင်းသွားတာပေါ့။..အဲဒါမှ ပြောချင်တဲ့ လျှိ့ဝှက်ချက်ကိုတူနှစ်ကိုယ်ပဲ ပြောနို်င်မှာ။ ကြားလူကစိတ်ချရလားမရလားမသိ…။လေးစားပါတယ် ဒေါ်စု.