ဓါတ်ဖမ်းမယ်..ပုံလှလှပြင်ပြီး ပုံရော..videoရော ဖေ့ဘွတ်ပေါ်တင်မယ် …

Mon LaySeptember 3, 20192min00

နေရာလှလှလေးသွားပြီး ဓါတ်ဖမ်းကြမယ်…. ဓါတ်ဖမ်းတိုင်းလည်း ပုံလှလှထွက်တာမျိုးမဟုတ်ဘူးဆိုတာ သိတယ်ဆိုရင် မွန်လေးက ဓါတ်ပုံလေးတွေကိုလှလှလေးပြင်လို့ရမယ့်…အသုံးဝင်မယ့် ဖုန်း app လေးတွေအကြောင်းပြောပြချင်ပါတယ်။ ပြီးတော့ မှတ်တမ်း ဗီဒီယိုရိုက်ခဲ့ရင်လည်း သီချင်းလေးတွေ စတစ်ကာလေးထည့်လို့ရမယ့် video app လေးတွေလည်းထပ်လောင်းပြောပြပေးသွားပါမယ်။ ပြီးရင် ဖေ့ဘွတ်ပေါ်တင်ပလိုက်ပေါ့။ အရမ်းကိုလန်းသွားမယ်နော်..

ခုပြောပြပေးမယ့် app တွေက android ရော ios ပါ ရပါတယ်။ ဖုန်းထဲဒေါင်းပြီး ရိုက်ခဲ့သမျှပုံ တွေကို အကုန်retouch ပြန်လုပ်လို့ရပါတယ်။ အရမ်းကိုလွယ်ကူပါတယ်။

ပုံတွေလှလှပြင်ဖို့ကိုအရင်ပြောပေးမယ်နော်

၁။ Camera 360

သူကဓါတ်ဖမ်းကတည်းက ပုံလှလှထွက်အောင် ကင်မရာအဖြစ်နဲ့သုံးလို့ရပါတယ်။ ပြီးရင် အသားရည်ဖြူဝင်းသွားအောင်လုပ်လိူ့ရပါတယ်။ sticker လေးတွေလည်းပါတော့ ချစ်ဖို့ကောင်းတယ်။ Selfie camera ကိုလည်း ကာတွန်းပုံလေးတွေနဲ့ တစ်ခါတည်းရိုက်လို့ရတယ်။

၂။ Snapseed

သူကတော့ တော်တေ်ာလေးကောင်းတာတွေ့ရတယ်။ Tools တွေတော်တေ်ာလေးစုံတယ်။ ပုံထဲမှာအလင်းအရောင်တွေကအစ ကြိုက်သလိုပြင်လို့ရတယ်။ စာရေးဖို့ဖောင့်တွေအစုံလည်းရှိတယ်။ ပုံထဲမှာမလှတဲ့ အမဲစက်ကအစ ပြင်လို့ရတယ်။ ရေလည်လန်းတဲ့ app လေးပါ။

၃။ Beauty Editor

သူလေးလည်း ပုံလေးတွေလှသွားအောင်ပြင်လို့ရတယ်။ မျက်နှာဖောင်းတာ၊ပိန်တာ၊သွယ်တာကအစလုပ်လို့ရတယ်။ နှာခေါင်းတွေလည်း မလှဘူးဆိုရင်ပြင်လို့ရတယ်။ စတစ်ကာလေးတွေထည့်လိုရတော့ တော်တေ်ာလေးလန်းတယ်။

၄။ PicsArt

သူလည်း ပုံပြင်တဲ့ App လေးတစ်ခုပါပဲ။ ပိုက်ဆံတော့တောင်းတယ်။ ဒေါင်းကြည့်ပြီးသုံးကြည့်ချင်သုံးကြည့်ပေါ့။

၅။ Blur Editor

ပုံတွေဝါးချင်ရင် သုံးတဲ့ app လေးပါ။ ဖုန်းထဲမှာ portrait ပါပြီးသားဆို သုံးစရာမလိုပါဘူး။ မပါတဲ့သူတွေအတွက်ပါ။ ဝါးတာမှတော်တော်လေးထိဝါးလို့ရပါတယ်။

၆။ Foodie

သူကတော့ foodie ဆိုတဲ့အတို်င်း အစားအသောက်တွေကို ရိုက်ရင်ပိုအဆင်ပြေပါတယ်။

ဗီဒီယိုပြင်လို့ရတဲ့ appလေးအကြောင်းပြောပေးမယ်နော်။

၁။ Quik

ရိုက်လာတဲ့ ပုံလေးတွေ၊ ဗီဒီယိုလေးတွေကို သီချင်းသံထည့်ပြီးလှပတဲ့ ဗီဒီယိုတစ်ခုဖန်တီးလို့ရတယ်။ ပုံတွေကိုအရောင်လည်းပြောင်းလို့ရတယ်။ စာတန်းလည်းထိုးလို့ရတယ်။

၂။ iMovie

သူလည်းရိုက်လာတဲ့ ဗီဒီယိုလေးတွေကို frame တွေ၊ သီချင်းတွေထည့်လို့ရတယ်။အရောင်တွေလည်းပြောင်းလို့ရတယ်။

၃။ Videoshow

သူလေးတော်တော်မိုက်တယ်။ GIF တွေလည်းလုပ်လို့ရတယ်။ ရိုက်လာတဲ့ ပုံလေးတွေ၊ ဗီဒီယိုလေးတွေကို သီချင်းသံထည့်ပြီးလှပတဲ့ ဗီဒီယိုတစ်ခုဖန်တီးလို့ရတယ်။ စတစ်ကာလေးတွေလည်း ထည့်လို့ရတယ်။ အရမ်းမိုက်တယ်။

ဒီတော့ ခုပဲ ပုံလှလှပြင်ပြီး ပုံရော..videoရောပြင်ပြီး ဖေ့ဘွတ်ပေါ်တင်လိုက်ပါတော့။ အရမ်းကိုလန်းသွားမယ်နော်။

Leave a Reply

Your email address will not be published.