သူ ဘာကြောင့် ငိုတာလဲ – ကလေးငယ် အူဝဲလေး နို့စို့ချင်လို့လား – လမ်းလျှောက်တတ်တဲ့ ကလေးလေး ဗိုက်ဆာလို့လား – ဖေဖေ မေမေ ဆူလို့လား – ကြိုးစားမှု အရာမထင် ရှုံးနိမ့်လို့လား – မိဘ ဆွေမျိုး ချစ်သူ ခင်သူ ဆုံးပါးလို့လား – ချစ်သူနဲ့အဆင်မပြေလို့လား – လေးစားရသူ ဆုံးရှုံးသွားလို့လား – ရာထူးဂုဏ်သိမ် စည်းစိမ်ဥစ္စာ ဆုံးရှုံးသွားလို့လား – ပရိဒေဝ သောကမီး တောက်လောင်နေလို့လား – ဒေါသပေါက်ကွဲ ပြင်းထန်နေလို့လား – စိတ်ထဲမှာ ကြိတ်ပျော် ဟန်ဆောင်နေတာလား လူတိုင်း လူတိုင်း ငိုခဲ့ကြပါတယ် အဖြေမှန် အဖြစ်မှန် သိဖို့တော့လိုလိမ့်မယ်။ မင်းသုတ 19း15 P.M 11.3.2015
