တနေ့ပြီးတနေ့ (၅) Day by Day (5)

Ma MaMarch 4, 20153min012

 

တနေ့ပြီးတနေ့ (၃) က ကိုဘလက်ရဲ့ ကွန်မန့်မှာ ဆရာအော်ပီကျယ်ကို ……..

အမေရိကားတို့ အင်္ဂလန်တို့ ရဲ့ ဒိတ်ဒိတ်ကျဲ တက္ကသိုလ်ကြီးတွေမှာ
ပညာတွေ သွားသင်ခဲ့တာဟာလည်း လုပ်ကိုင်စားသောက်ဖို့မဟုတ်ပဲ
ကာတွန်း ရေးဖို့ အတွက်ပဲလို့ ကြွေးကြော်သူပါ…။

လို့ ရေးထားတယ်။

 

အောင်မြင်သူတစ်ယောက်ရဲ့ ရည်ရွယ်ချက် ရည်မှန်းချက်ဟာ ခိုင်မာတယ် ပြတ်သားတယ်။

 

အောင်မြင်ချင်ရင် အောင်မြင်သူတွေကို အတုယူသင့်ပါတယ်။

 

CAM03241[1]

ပုံမှန်အားဖြင့်တော့ သာမန်လူတွေထက် ထူးချွန်ထက်မြက်လို့သာ၊ ပိုမိုစွမ်းဆောင်နိုင်လို့သာ ခေါင်းဆောင်ဖြစ်တာပေ့ါ။

 

ခုခေတ်မှာ အိုင်ကြူ  တမျိုးတည်းတင်မဟုတ်ပဲ

အီးကြူ  အက်စ်ကြူ  တွေနဲ့ပါ တိုင်းတာမှုတွေ လုပ်ကြတဲ့အခါ…………

 

လက်ရုံးရည်ကောင်းလို့ ခေါင်းဆောင်ဖြစ်သူ

နှလုံးရည်ကြောင့် ခေါင်းဆောင်ဖြစ်သူ ဆိုပြီး မြင်နိုင်ပါတယ်။

 

ဒီပုံမှာ သာမန် ကို သာမာန် လို့ ရေးထားတာလေးတစ်ခုကိုတော့ ပြင်ချင်တယ်။

 

CAM03242ကြည်စားသန်က ရန်များ၏ ဆိုတဲ့ ဆိုရိုးနဲ့ ဆင်တူမယ်လို့ ထင်မိတယ်။

 

ဒေသကောလိပ်မြန်မာစာမှာ အထားအသိုတို့ လိုတိုရှင်းတို့ သင်ရတာကို သတိရမိတယ်။

ရုံးစာရေးနည်းသင်ရတာလည်း မှတ်မိသေးတယ်။

အဲဒီသင်ခန်းစာတွေဟာ အင်မတန်အကျိုးများပြီး အသုံးဝင်လှပါတယ်။

 

အခုကာတွန်းပြက္ခဒိန်မှာ စကားလုံးကို ရုပ်ပုံနဲ့ ထင်သာမြင်သာရှိအောင် ပုံဖော်ရလို့ …….

စကားလုံးချုံ့တာ များသွားတယ်လို့ ထင်ပါတယ်။

 

ကိုယ်သာရေးခွင့်ရမယ်ဆိုရင်….

ရယ်သွမ်းသွေးစကားဖြင့် စိတ်နာကျင်စေပြီး မိတ်ဆွေဆုံးရှုံးမသွားပါစေနှင့် လို့ ရေးချင်တယ်။

 

CAM03245တခါက ဖတ်ဖူးတဲ့စာမှာ မန်နေဂျာဆိုတာ ကိုယ့်လက်အောက်ငယ်သားတွေကို လုပ်ငန်းစွမ်းဆောင်ရည်ရှိအောင် ဖြည့်ဆည်းပေးရတဲ့ အလုပ်သမားတဲ့။

 

CAM03247

ခေါင်းဆောင်ကိုချည်း အားကိုးမှီတွယ် လွှဲချမနေပဲ….

ခေါင်းဆောင်ရဲ့ ဦးဆောင်မှုနောက်မှာ အားကြိုးမာန်တက် လိုက်ပါလုပ်ဆောင်ကြဖို့ လိုပါတယ်။

CAM03248

 

ကိုကို (စက်မှုတက္ကသိုလ်) ရေးဖူးတဲ့ ဆောင်းပါတစ်ပုဒ်မှာရေးထားတာကို ကိုယ်မှတ်မိသလိုပြောရရင်…..

 

အသက်မွေးဝမ်းကြောင်းအလုပ်ကို ရွေးချယ်တဲ့အခါမှာ ကိုယ်ဝါသနာပါတဲ့အလုပ်ကို ရွေးချယ်သင့်တယ်။

 

အကယ်၍များ ဝါသနာအပါဆုံးကို မရနိုင်ရင်လည်း ဝါသနာဆိုတာ တစ်ခုမက ရှိနိုင်တာမို့

ဒုတိယ၊ တတိယ စသဖြင့် ရွေးချယ်ပါတဲ့။

 

နောက်ဆုံးရွေးချယ်စရာမရှိလို့ …………….ကိုယ်ဝါသနာ မပါတဲ့အလုပ်ကိုပဲ လုပ်ရတော့မယ်ဆိုရင်လည်း

စိတ်ပျက်အားငယ်မနေပဲ လုပ်စရာရှိတဲ့အလုပ်ကို ကြိုးစားလုပ်ရင်းနဲ့

အဲဒီအလုပ်ကို စိတ်ပါဝင်စားလာပြီး အောင်မြင်မှုတွေ ရနိုင်တယ်လို့ ဆိုထားပါတယ်။

 

စကားကြုံလို့ ပြောရရင် ဓမ္မဒူတဆရာတော်ကြီး ဦးပညာဇောတရဲ့ တရားတစ်ပုဒ်မှာလည်း

ကုသိုလ်အလုပ်ကို စိတ်ပါလည်း လုပ်၊ စိတ်မပါလည်း လုပ်ပါ တဲ့။

တခါတလေမှာ လုပ်ရင်းနဲ့မှ စိတ်ပါသွားတာမျိုးလည်း ရှိတယ် တဲ့လေ။


ရွေးချယ်မှုမှန်ကန်ဖို့ အရေးကြီးသလို ရွေးချယ်ထားတဲ့အပေါ်မှာလည်း ကြိုးစားအားထုတ်ဖို့ လိုပါသေးတယ်။CAM03249

လူဆိုတာ နေရာတကာ တတ်သိဖို့ မလွယ်ပေမယ့်………….

ကျွမ်းကျင်ရာလိမ္မာဆိုသလို လုပ်ငန်း (သို့) အတတ်ပညာတစ်ခုခုကို တစိုက်မတ်မတ် လုပ်ခြင်းဖြင့်

ကိုယ်အသက်မွေးဝမ်းကြောင်းပညာ တခုခုကို ကျွမ်းကျင်အောင် တတ်ကျွမ်းအောင် ကြိုးစားဖို့လိုတယ်လို့ ဆိုလိုချင်တာလို့ ထင်မိပါတယ်။ 🙂

 

CAM03250

ဒီကာတွန်းကတော့ အာတီဒုံဦးဆောင်သော ကိုယ်အပါအဝင် ဂေါက်ပါတီဝင်တွေအတွက်လို့ ထင်မိတယ်။ :p:

 

ကလေးတွေကိုစာသင်တဲ့ တရုတ်ကာတွန်းမှာ တွေ့ဖူးတာ တိုသွားတဲ့ ခဲတံကို တစ်ယောက်က လွှင့်ပစ်တယ်။

နောက်ကလေးတစ်ယောက်က ကောက်ယူပြီး ဘောပင် (သို့) ဖောင်တိန်အဖုံးလေးစွပ်ပြီး သုံးတယ်။

 

အဲဒါကိုတွေ့တော့ တခြားကလေးတွေကလည်း အတုခိုးပြီးလိုက်လုပ်ကြတော့

ခဲတံလွှင့်ပစ်တဲ့ကလေးက ရှက်သွားတဲ့ပုံလေး ဆွဲထားတယ်။

 

အကျင့်ကောင်းကို ကလေးအရွယ်ကတည်းက ဆရာမိဘပူးပေါင်းပြီး သင်ကြားပြသ လေ့ကျင့်ပျိုးထောင်ပေးသင့်တယ်။

 

ကိုယ့်သဘောနဲ့ကိုက်ညီလို့ ထောက်ခံအားပေးတာဖြစ်ပေမယ့်….

အဘဖောကတော့ ချွေတာတတ်ဖို့ထက် ငွေရှာတတ်ဖို့က ပိုအရေးကြီးတယ် လို့ ဆိုဘူးတယ်။

 

အဲဒီအယူအဆကိုလည်း လက်ခံပါတယ်။ 🙂

 

CAM03251

လူပြောမသန်၊ လူသန်မပြောလို့ဆိုတယ် မဟုတ်လား။

 

ကိုယ်ကတော့ အသားမပါ စကားဖွာတဲ့အထဲကလို့ပဲ ပြောရမယ်။ 😆

 

CAM03252

လူအများစုကို နှိပ်စက်တာ စဉ်းစားခြင်းဆိုတာကို ထောက်ခံတယ်။

 

ကာယကံ၊ ဝစီကံ၊ မနောကံ မှာ မထိန်းနိုင်ဆုံး၊ ထိန်းကအခက်ဆုံးက မနောကံလို့ဆိုတဲ့ စိတ်လို့ပြောကြတယ်။

 

အတွေးလွန် အလွန်တွေးလို့ ကောင်းတာရဖို့ထက် အဆိုးဖြစ်ဖို့က ပိုများမယ်လို့ထင်ပါတယ်။

 

 

တဖြေးဖြေးနဲ့ ပြက္ခဒိန်ရက်အတိုင်း မီဖို့ နီးလာပြီ။

 

ယုန်နဲ့လိပ်အပြေးပြိုင်သလို………..

ပြက္ခဒိန်ကတော့ တနေ့ပြီးတနေ့ မှန်မှန်သွားနေတယ်။

 

ကိုယ်ကတော့ ခေတ်ဟောင်းပုံပြင်ထဲက ယုန်ပဲဖြစ်လေမလား

ခေတ်သစ်ပုံပြင်ထဲက ယုန်ပဲ ဖြစ်လေမလားးးးးး

 

ပုံ/

ယုန်မမ

 

 

 

12 comments

  • Alinsett@Maung Thura

    March 4, 2015 at 3:36 pm

    .”ခေါင်းဆောင်ကို လူတွေက အရှိထက်ပိုပြီး မျှော်လင့်ထားတတ်တယ်” ဆိုတဲ့ စာသားကိုလည်း
    ကျနော်သာဆိုရင်..
    ”လူတွေက ခေါင်းဆောင်ကို အရှိထက်ပိုပြီး မျှော်လင့်ထားတတ်တယ်”
    သို့မဟုတ်
    ”ခေါင်းဆောင်ကို အရှိထက်ပိုပြီး လူတွေက မျှော်လင့်ထားတတ်တယ်” လို့ ရေးမိမှာ..
    :k:

    ဘာပဲဖြစ်ဖြစ်… ဒီဖန်တီးမှုလေးတွေ မြင်ရတာ… တွေးစရာတွေ အများကြီးရတယ်..
    .ဝေမျှ ပေးနေတဲ့အတွက် ကျေးဇူးပါ အန်တီမမ

    Reply

  • စဉ်​းစားဆင်​ခြင်​မှုနည်​း​လေ စကားများ​လေ
    ကိုကြိုက်​ပါတယ်​အန်​တီမမ
    စဉ်​းစားဆင်​ခြင်​မှုဆိုတာမှာ ပညာတတ်​တိုင်​းလည်​းမပြည်​့ဝပါ။

    Reply

  • padonmar

    March 5, 2015 at 12:43 am

    ဝါသနာမပါတဲ့ အလုပ်ကို လုပ်ရတော့ မအောင်မြင်ရင် ဝါသနာမပါလို့ ဆိုပြီး လွှဲချလို့ရတာပေါ့။

    Reply

    • etone

      April 1, 2015 at 5:01 pm

      ဝါသနာဆိုတာ အလေ့ကျင့်နဲ့များသက်ဆိုင်မလားပဲ အာတီဒုံရယ် …. ။
      ဝါသနာမပါတဲ့ အလုပ်ကို မဖြစ်မနေ၊ နှစ်နဲ့ချည် လုပ်ခဲ့ရတဲ့အခါ …. အရမ်းကို ဝါသနာပါတဲ့ အလုပ်ဖြစ်လာခဲ့တယ် ။

      Reply

  • Ma Ei

    March 5, 2015 at 1:00 pm

    .စဉ်းစား ဆင်ခြင်မှု နည်းလေ စကားများလေ…တဲ့
    .ကိုယ်က စကားနည်းတယ်…
    .ဒါပေမယ့် …
    .မဆင်ခြင်ဘဲ လုပ်တတ်ပါတယ်…

    Reply

  • pooch

    March 5, 2015 at 2:17 pm

    လူအများစုကို နှိပ်စက်တဲ့ အရာက စဉ်းစားခြင်းလည်း ဟုတ်တယ်
    တခါတလေကျတော့ အစဉ်းစားလွန်တော့ သံသယဝင်ပြီး ပြသာနာ အကြီးကြီးတတ်တတ်တယ်
    အဲ့ပြက္ခဒိန်တောင်းနေတာ ခုထိမရသေးဘူး :((

    Reply

  • Mike

    March 5, 2015 at 2:46 pm

    .ကြိုက်တယ်…ဒီတစ်ခါ သိပ်အကြိုက်ဆုံးတော့မပါဘူး..

    Reply

  • မြစပဲရိုး

    March 7, 2015 at 2:25 am

    ၁ဝ ရက်မြောက်နေ့ ပုံ
    ကလိန်ကကျစ် ဉာဏ်များပြီး အာဏာရှင်ဆန် လဲ ခေါင်းဆောင် ဖြစ်ကြတာဘဲ။ အဲလို လူ တွေ ပေါက် လာတဲ့ မြေ ရဲ့ ကံ ဘဲ ပေါ့။

    ၁၄ရက်မြောက် ကတော့
    ထိုလူကြီး ကို သာ ပြေး ပြီး လွမ်းမိတော့ တယ်။ သူပြောခဲ့တာလေး
    You’ve got to find what you love. And that is as true for your work as it is for your lovers.
    Your work is going to fill a large part of your life, and the only way to be truly satisfied is to do what you believe is great work.
    And the only way to do great work is to love what you do.
    Steve Jobs
    တစ်ချိန်ကတော့ အမေ့ရဲ့ အိမ် နေချိန် ကိုယ်လဲ ထမင်းမေ့ ဟင်းမေ့ အိမ်မေ့ အလုပ်လုပ်ခဲ့ဘူးပါ့။
    အခုတော့ ကိုယ်တိုင် က အမေ့အိမ် ဖြစ်နေပြီ။
    အလုပ်များနေသူ အတွက် အချိန်ပေးနေရပြီ။
    အဲဒီ အိမ်ရှင်မ အလုပ်ကို လုံးဝ မချစ်ပါဘူး။
    လုပ်နေရမိပြီ ဆိုတော့ ချစ်ရတော့တာပေါ့။
    ဒါပေသည့် လုပ်နေရင်းလဲ စိတ်မပါတာတော့ သေချာတယ်။

    ၁၆ရက်မြောက်မှာ {ခဲတံလွှင့်ပစ်တဲ့ကလေးက ရှက်သွားတဲ့ပုံလေး ဆွဲထားတယ်။}
    ရှက်စရာမလိုပါဘူးလေ။ ဂုဏ်တောင်ယူသင့်တယ်။
    သူသာ လွှင့်မပစ်ရင် အဲဒီ အကြံ ဘယ်ထွက်လာနိုင်ပါ့မလဲ။ နော။
    ခဲတံ အတို လေးတွေ ပြန်ရောင်းစားဖို့ကောင်းတယ်။ (အဘ ဖောစကား ပေါ့)

    ယုန်မမ ထက် ပိုခေတ်မှီအောင် ကွန်မမ လို့။ (သများပြောတဲ့ ကွန် က ကွန်နက်ရှင် နော်)
    lol:-)))

    Reply

  • ခင်ဇော်

    March 7, 2015 at 7:13 am

    ခုဂစ
    စဂါးးးမပေါဒေါ့ဘူးးး ချစ်မ
    :mrgreen:

    Reply

  • manawphyulay

    March 7, 2015 at 10:36 am

    လူအများကို နှိပ်စက်ဖို့ကို ဒီလူတွေက တကယ်ရော စဉ်းစားလို့လား။ မစဉ်းစားပဲ နှိပ်စက်နေကြတာမလား။ စဉ်းစားမိရင် နှိပ်စက်ပါ့မလားဟင်…. (ဉာဏ်မီသလောက် စဉ်းစားမိတာပါ)

    Reply

  • black chaw

    March 7, 2015 at 12:25 pm

    တိတ်တိတ်ကလေးပဲ ဖတ်သွားပါတယ်ဗျာ…။

    Reply

  • etone

    April 1, 2015 at 4:59 pm

    ချွေတာခြင်းနဲ့ ဝီရိယရှိခြင်း အားနည်းတာကြောင့် ငမွဲဖြစ်ရသူရယ်ပါ ။ 😥

    Reply

Leave a Reply

Your email address will not be published.