အမြီးအမောက် မတည့်တဲ့ တင်ပြပုံကို ကြည့်ချင်ရင် တနေ့ပြီးတနေ့ ပိုစ့်တွေကို ကြည့်ပါလို့ ပြောရမယ်ထင်တယ်။ :bb: အစီအစဉ်မကျပဲ ကိုယ်ပြောချင်တာကို ပြောချင်သလို ပြောရင်းနဲ့မှ….. အော်ရီဒူးကာတွန်းပြက္ခဒိန်ရဲ့ မျက်နှာဖုံး ကာဗာလေးကိုလည်း မှတ်တမ်းတင်ချင်လို့ အပိုင်း ၄ ရောက်မှပဲ ရှေ့ဆုံးစာမျက်နှာကို တင်လိုက်ပါတယ်။ :a: ဒါကတော့ ဖေဖော်ဝါရီလ တစ်လလုံးကို ခြုံငုံကြည့်နိုင်ဖို့ ဖြစ်ပါတယ်။ သဂျီးဆာဗာကို အားနာသောအားဖြင့် ပုံတွေကို ဆိုဒ်ပြန်ချုံ့ပြီးမှ တင်ပေမယ့်……. အထဲကပုံတွေ သေသေချာချာ မမြင်ရမှာစိုးလို့ ဒီပုံကိုတော့ ဆိုဒ်အကြီးတင်လိုက်ပါတယ်။ ဖေဖော်ဝါရီလ ၁ရက်နေ့က တနင်္ဂနွေနေ့ဖြစ်တာအပြင် ၂၈ရက်ပဲရှိတဲ့လမို့ ပျော်စရာလလို့ ပြောရမယ်ထင်တယ်။ :)) ဆရာအော်ပီကျယ်ကတော့ အလုပ်ပင်ပန်းတဲ့ပုံကို ဆွဲထားတော့ မောချင်ချင်။ […]

