alinsettJuly 12, 20121min09
နောက်ဆုံးသော အသုဘရုှု ထွက်သွားပြီမို့ ဗလီထဲတွင် မိုက်ခရိုဖုန်းဖြုတ် နေသော ဘာသာရေးဆရာမှလွဲ၍ လူသူမရှိ။ ဘာသာရေးဆရာသည် ကိုရန်ကျမ်းကို အစိမ်းရောင်အဝတ်စဖြင့် ပတ်သည်။ နေစောင်းချိန်တွင် ဗိုလ်ချုပ်ကြီးနှင့် ကျွန်တော် ဗလီမှထွက်၊ လှေကားထစ်များအတိုင်းဆင်း၍ ဟိုတစ်စုသည်တစ်စု ဆေးလိပ် သောက်နေသော လူများကိုဖြတ်လာခဲ့ရာ ပြောနေကြသောစကားများ တစ်စွန်းတစ်စ လွင့်လာသည်။ နောက်အပတ်ကစားမည့် ဘောလုံးပွဲ … စန်တာကလာရာတွင် အသစ်ဖွင့်လိုက်သော အာဖဂန်စားသောက်ဆိုင် … ။ ဘဝသည် ဘာဘာ့ကို ချန်ထားရစ်ကာ မနေမနား တသွားတည်းသွားလျက် ရှိနေပြီ။ ………………………………… …………………………………… ___________________________ ”နေကောင်းရဲ့လား” ဟု ဗိုလ်ချုပ်ကြီးမေးသည်။ တစ်နေ့လုံးခြိမ်းခြောက်နေသော မျက်ရည်များကို ကျွန်တော်အံကြိတ်ပြီး သိမ်းဆည်းထားသည်။ ”စိုးရာယာကို သွားရှာလိုက်ဦးမယ်” ဗလီ၏ အမျိုးသမီးဘက်ဆီကို ကျွန်တော်သွားရာ လှေကားထစ်တွင် အမေနှင့်အတူ […]


kophoe kaungJuly 12, 20121min012
အချိန်ကောင်း အခါကောင်း အခွင့်ကောင်း အဲ နေရာကောင်းလေးလဲလိုတယ်ဗျ… ဒီလိုပါပဲဗျာ ဘယ်အရာမဆို ကောင်းတာလေးတွေ လိုအပ်တယ်ဗျ… အပြောကောင်း အဆိုကောင်း ဟန်ကောင်း မှင်မောင်းကောင်း အား… အားလုံးကောင်း… ကောင်း အဲလိုကောင်းနေမှကို လူ့အဆင့်တန်းက အဆင်ပြေတာဗျ…အင်း ကောင်းလွန်းနေရင်လည်း ကြောက်ရတယ်ဗျ… ဒီလိုပဲဗျ… အဆင့်တန်းကောင်းကောင်း မှင်မောင်းကောင်းကောင်း နေရာကောင်းကောင်းလေးရထားတဲ့ သူတစ်ယောက်အကြောင်း တွေးမိတယ်ဗျ…  မိသားစုကလည်း ပြည့်စုံပြီးသား စီးပွားရေးက လိုလေသေးမရှိ ငွေမပူ ရွှေမရှား အဲအဲ… ကြော်ငြာတွေအရမ်းများနေတယ် တည့်တည့်ပဲပြောကြပါစို့ဗျာ ရှေ့နေတစ်ယောက်ဆိုပါတော့ တော်လည်းတော်တယ်ဗျ အားလုံးမသိသူမရှိဘူးလေ ဟဲဟဲ… အိမ်တွင်းအိမ်ပြင်မထွက်တဲ့ ကျနော်တောင် သိလိုက်သေးတယ် သူ့ကို လူတော်တော်များများ အားကိုးကြတယ်ဗျ… ဘယ်လိုလူတွေလည်းဆိုတော့ မျက်စိ တစ်ဖက်လပ် နားလေး နားကန်း လက်တစ်ဖက်တို ပုခုံးရွဲ့ ခြေတို… အစုံတကာ့ […]


TTNUJuly 11, 20121min039
တစ်နေကွယ် သေနယ်ကူးကြမဲ့အရေး တစ်နေ့တစ်နေ့ နေထွက်လာလိုက်၊ နေဝင်သွားလိုက်နဲ့ ကျွန်မတို့ မဆုံးတေးတွေသီနေသလိုပါပဲ။ ကိုစိန်သော့ရိုက်တဲ့ နေဝင်ချိန်ကိုကြည့်ပြီးတော့ ကျွန်မ စဉ်စားနေမိတာပါ။ နောက်ကိုပေါက်ရဲ ့ နေထွက်ချိန်ကိုကြည့်ပြီးတော့လည်း ထပ်မံ အတွေးတွေ ပွားမိပါတော့တယ်။ ( ဒါကြောင့် ဒီပုံလေးနှစ်ပုံကို ကျေးဇူးတင်စကားပြောပြီးယူသုံးခွင့်ပေးပါနော်။) ဟို အပေါ်ဆုံးပုံကတော့ ပိုင်ရှင်မသိတော့ပါ။ ဆိုက်တစ်ခုခုက ကူးမိပါတယ်။ မသိသူရေ..ကျေးဇူးပါနော်။ အင်ထရိုကကြာနေပြီ။ ဒီလိုပါ။ကျွန်မ ဆရာကြီးမင်းသုဝဏ်ရဲ့ဒီကဗျာလေးဖတ်ပြီး ခံစားမိတာလေးမျှဝေချင်လို့ပါ။ ဝေးလျက်ပင်...တဲ့။ ဒီကဗျာလေးကို ဆရာကြီးမင်းသုဝဏ် (၁၉၈၄) မှာရေးခဲ့တာပါ။ ကျွန်မတို့ ငယ်ငယ်တုန်းက စာမကြိုးစားရင် မြန်မာစာဆရာကြီး ဦးမြသန်းက “မင်းတို့တွေ ငယ်စဉ်အခါပညာ ကြိုးစားရမှာကွ။ အသက်ကြီးမှ ကျောင်းနေချင် စာဖတ်ချင်နေလို့ မရဘူး။ ခွင့်သာခိုက်မှ မလိုက်ချင်ရင် အမိုက်နင့်ပြင်ရှိသေးရှာလိမ့်လား။ ခွင့်သာဆဲမှ မခဲချင်ရင် တစ်လွဲ နင့်ပြင်ရှိသေးရှာလိမ့်လား။ […]


alinsettJuly 11, 20121min07
‘ ‘ဒီကိစ္စကြောင့် စိတ်ပြောင်းသွားပြီလား” ”ဟင့်အင်း။ နည်းနည်းလေးတောင် မပြောင်းပါဘူး။ စိုးရာယာ ဘာပြောပြော ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး။ ကျွန်တော်တို့ လက်ထပ်ချင်ပြီ” စိုုးရာယာ ချုံးပွဲချငိုသည်။ သူမကို ကျွန်တော် မနာလိုဖြစ်မိသည်။ သူမကတော့ လျှို့ဝှက်ချက်ကို ပြောထုတ်လိုက်နိုင်ပြီ။ ကိုင်တွယ်ဖြေရှင်းလိုက်နိုင်ပြီ။ ဟက်ဆန့်ကို ကျွန်တော်လိမ်ခဲ့ပုံ၊ သစ္စာဖောက်ခဲ့ပုံ၊ နှင်ထုတ်ခဲ့ပုံ၊ ဘာဘာနှင့် အလီတို့၏ နှစ်လေးဆယ်သံယောဇဉ်ကို ဖျက်ဆီးခဲ့ပုံ … ကျွန်တော် စိုးရာယာကို ဖွင့်ပြောမိတော့မလိုဖြစ်ပြီးမှ ပြောမထွက်ခဲ့။ စိုးရာယာတာဟီရီသည် နည်းလမ်းပေါင်းများစွာဖြင့် ကျွန်တော့်ထက် ပိုပြီး လူပီသ နေမလား ကျွန်တော် သံသယရှိသည်။ ထိုအထဲတွင် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ သတ္တိသည်လည်း တစ်ခုအပါအဝင် ဖြစ်၏။ xxxxxxxxxxxx အခန်း(၁၃) နားဖောက်ပွဲအခမ်းအနားအတွက် တာဟီရီအိမ်သို့ နောက်တစ်နေ့ညနေတွင် ကျွန် တော်တို့ရောက်လာသောအခါ ကားကို […]


အဇဋာJuly 10, 20121min012
ဤစာစုကိုရေးရတာ စိတ်ထဲတွင် မလုံလှပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကိုယ်ပိုင်ဇာတ်လမ်း၊ ကိုယ်ပိုင်စိတ်ကူးမဟုတ်သလို ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ဇာတ်လမ်းလည်း မဟုတ်သောကြောင့်ဖြစ်ပါသည်။ ထို့ပြင် ယခုဇာတ်လမ်းတွင် ပါဝင်သည့်သူသည် ကျွန်တော်တို့အားလုံးနှင့် ရင်ခုန်သံချင်းရင်းနှီးခဲ့သော၊ လေးစားခဲ့ရသော၊ အရေးတယူပြုခဲ့ရသောသူတစ်ဖြစ်လည်း ကျွန်တော်တို့ သိနေခဲ့ရသည့်သူတစ်ယောက် ဖြစ်နေသောကြောင့်ဖြစ်သည်။ ကျွန်တော်နှင့်အလုပ်တူ သူငယ်ချင်းတစ်ယောက်က ပြောပြခဲ့သဖြင့်  ယခုဇာတ်လမ်းကို ပြန်လည်ခံစား ရေးသားရခြင်းဖြစ်ပါသည်။ ဇာတ်လမ်းကိုပြောပြခဲ့သည့် သူငယ်ချင်း ကိုကိုအောင် ကိုလည်းယခုစာစုဖြင့် ကျေးဇူးတင်အပ်ပါသည်။ သူက ကျွန်တော့်ကိုပြောသည်။ “အဲဒီတုန်းက ငါသူ့အိမ်ကိုရောက်ခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် တော်တော် ဝမ်းနည်းတယ်၊ ယူကြုံးမရလည်းဖြစ်တယ်၊ ငါရောက်တဲ့အချိန်က တကယ့်နောက်ဆုံးအချိန်ဖြစ်နေပြီလေ” “အဲဒီအဖြစ်အပျက်ကို ငါတစ်ယောက်ယောက်ကို ပြောပြချင်တယ်၊ ပြီးတော့ ရေးလည်းရေးပစ်လိုက်ချင်တယ်၊ ဒါပေမယ့် ငါက စာရေးတာနဲ့ပတ်သက်ပြီး အားနည်းတယ်ကွ” “ခု မင်းနဲ့တွေ့တော့ မင်းကလည်း သူ့ရဲ့စာတွေဖတ်ဖူးတယ်ဆိုတော့ ငါမင်းကိုပြောပြချင်တယ် ပြီးတော့ […]


alinsettJuly 9, 20121min06
”ဟေး … ဒီမှာလာကယ်ပါဦး” ဖိလစ်ပိုင်သား၏ ထိတ်လန့်တကြား ထအော်သံ။ ကျွန်တော် ချာခနဲ လှည့်ကြည့်လိုက်ရာ မြေပြင်ပေါ်လဲကျနေသော ဘာဘာ။ ခြေလက်များ အကြောဆွဲ နေသည်။ ”ကယ်ကြပါဦး” ကျွန်တော် အော်ဟစ်ပြီး ဘာဘာ့ထံပြေးသည်။ ဘာဘာ့ပါးစပ်မှ အမြှုပ် တစီစီထွက်နေသည်။ မျက်ဖြူလန်ကာ မုတ်ဆိတ်များလည်း စိုရွှဲနေပြီ။ ကျွန်တော်တို့ ထံ လူတွေအပြေးအလွှား ရောက်လာကြသည်။ လေသင်တုန်းဖြတ်တာဟု ပြောသံ ကြားသည်။ ”၉၁၁ ကိုခေါ်” ဟု အော်သူကလည်းအော်ကြသည်။ ပြေးလွှားလာသော ခြေသံများ။ လူအုပ်ကြီးကြောင့် မှောင်ကျသွားသောကောင်းကင်။ ………………….. ………………………………… __________________________ လူအုပ်ကြီးကြောင့် မှောင်ကျသွားသောကောင်းကင်။ ဘာဘာ့တံတွေးများ နီစွေးလာသည်။ လျှာကိုကိုက်ထားသော ဘာဘာ့အနီး ကျွန်တော် ဒူးထောက်၍ ဘာဘာ့လက်မောင်းများကို ကိုင်ကာ ”ကျွန်တော်ရှိတယ် ဘာဘာ၊ ကျွန်တော်ရှိတယ်” […]


alinsettJuly 8, 20121min024
March ..လ . 7 ရက်… ကားပေါ်မှ ဖုတ်ခနဲ..ခုန် ဆင်းလိုက်သည်နှင့် တပြိုင်နက်… ကျွန်တော့် ခန္ဒာကိုယ်ထဲကို ခွန်အား တစ်ခုခု စီး ဝင်လာသည် ။ မနက်ဖြန်ဆိုလျှင် ဖေဖေရှိသော ကျွန်းကလေးဆီ ရောက် ပြီ..။ တောင်ကုတ်မြို ့သည် ကျွန်တော် နှင့် သိပ်..စိမ်း မနေပါ ။ ပြီးတော့…. အေးချမ်း ငြိမ် သက်သော…ဤမြို ့ကလေးကို..ကျွန်တော် သဘောကျသည် ။ တောင်တန်းကြီးတွေ…၊ မြစ်..၊ ချောင်း..၊ ပင်လယ် တွေ…ကြားမှ ဤမြိုူ ့ကလေးသည်…ကျွန်တော် ချစ်သော ဖေဖေ ရှိရာ.ကျွန်းကလေးဆီ သွားဖို ့…. ကြားခံ နယ်မြေ ပင် ဖြစ်သည် ။ ကျွန်တော် ငယ်စဉ်က ဤ […]


alinsettJuly 7, 20121min06
တနေ့တော့ ဆိုင်တွင် စိုးရာယာနှင့် ကျွန်တော် နှစ်ဦးတည်း ထိုင်စကား ပြောနေကြသည်။ ဖရီးမောင့်၊ အိုလုန်းကောလိပ်တွင် ကျောင်းတက်ပုံကို စိုးရာယာက ပြောပြနေသည်။ ”ဘာမေဂျာယူလဲ” ”ကျွန်မက ဆရာမဖြစ်ချင်တာ” ဟု စိုးရာယာဆိုသည်။ ”တကယ်၊ ဘာကြောင့် ဆရာမဖြစ်ချင်တာလဲ” ________________________________ ‘တကယ်၊ ဘာကြောင့် ဆရာမဖြစ်ချင်တာလဲ” ”အမြဲတမ်း ဖြစ်ချင်ခဲ့တာ။ ဗာဂျီးနီးယားမှာနေတုန်းက ကျွန်မ ESL အောင်လက်မှတ်ရတယ်လေ။ အခုဆို စာကြည့်တိုက်မှာ တစ်ပတ်ကိုတစ်ည ကျွန်မ စာပြတယ်။ အမေကလည်း ဆရာမပဲဟာ။ ကဘူးမှာနေတုန်းက မိန်းကလေးအထက် တန်းကျောင်းမှာ ဖာစီစာနဲ့ သမိုင်းသင်တယ်” သမင်လိုက်ဦးထုပ်ဆောင်းထားသော ဗိုက်ရွှဲရွှဲလူဝကြီးတစ်ဦး ငါးဒေါ်လာ တန် ဖယောင်းတိုင်စိုက်ညှာတံကို သုံးဒေါ်လာပေးသည်။ စိုးရာယာ ရောင်းလိုက်သည်။ ခြေရင်းမှ ဘူးကလေးထဲ ပိုက်ဆံထည့်ပြီး ကျွန်တော့်အား ရှက်ရွံ့စွာကြည့်သည်။ […]


TTNUJuly 7, 20125min018
ဆည်းပူးသန့်ရှင်းကြွယ်စေမင်း လောကသာရပျို ့အပိုဒ်(၁၃)မှာ ထုံးတည်းနည်းနာ၊ အဖြာဖြာ၌၊ ပညာရှာမှီး၊ မကြီးသက်ရွယ်၊ အငယ်သော်က၊ ကြိုးလုံ့လလျက်၊ တုတ်ကွပုဆစ်၊ ဆရာစစ်၌၊ ကြောက်ချစ်ရိုသေ၊ လုပ်ကျွေးထွေဖြင့်၊ စာပေတတ်ကြောင်း၊ တစ်ချောင်းချောင်းလျှင်၊ ခြိမ်းမောင်းသည်းခံ၊ ဆရာ့ထံ၌ ၊ သင်အံကျက်လေ၊တစ်နေ့တစ်ပါး၊ မှတ်သားလေလေ၊ ဝမ်းထဲခွေ္ပ္ပ၍၊ အထွေအထူး၊ ဂုဏ်ကျေးဇူးကို၊ ဆည်းပူးသန့်ရှင်း၊ ကြွယ်စေမင်း။ လိုက်နာကြရမဲ့ စည်းကမ်းတွေ၊ ထုံးစံတွေ၊ ဓလေ့တွေကို ရှေးရှေးတုန်းကတော့ မိဘနဲ့ အတူ ဆရာသမားများထံမှာ ဆည်းပူးကြရတယ်။ ရွာထိပ်က ဘုန်းတော်ကြီးကလည်းသင် ပေးတယ်။ အမြင်မတော်တာတွေ့ရင် ရွာထဲက ဘယ်လူကြီးကမဆို ဆုံးမပေးကြတယ်။ ဒီလိုနဲ့ ပညာ ဗဟုသုတ ယဉ်ကျေးမှု အစုစုတို့ကို ဆည်းပူးကြပြီး လူတော် လူလိမ္မာလေးတွေ ဖြစ်အောင် အားထုတ်ကြပါတယ်။ ဒီတစ်ပတ်တော့ ဆည်းပူးသင့်ကြတဲ့ အလေ့အကျင့်လေးတွေထဲက (၁) […]


ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ (ဓါတ်ပုံ .. ko Htoo facebook) ၁၉၆၂ မတ်လ(၂)ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီအမည်ခံသည့် အာဏာသိမ်းမှုကို မတ်လ (၄) ရက်တွင် တကသ ၊ ရကသ ၊ဗကသ တို့က ကန့်ကွက်ကြောင်း ပူးတွဲကြေငြာချက် ထုတ်ပြန်ခဲ့ကြသည်။ သို့သော် မတ်လ (၆) ရက်နေ့တွင် ဗကသများအဖွဲ့ချုပ်ခေါင်းဆောင် ကိုခင်မောင်အုန်းက တော်လှန်ရေးကောင်စီကို ထောက်ခံကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့် ဗကသများအဖွဲ့ချုပ်က အမှုဆောင် အစည်းအဝေးခေါ်ယူ၍ ဥက္ကဌ ကိုခင်မောင်အုန်းကို ထုတ်ပယ်ကာ ဒု-ဥက္ကဌ ကိုသက်ကို ဥက္ကဌ တင်မြောက်လိုက်ကြသည်။ ထို့နောက် တော်လှန်ရေးကောင်စီကို ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ၁၉၆၂ မေလ(၉) ရက်နေ့တွင် ဒတ်ချ် သံရုံး ဆန္ဒပြမှုကြောင့် တပ်ဦးမှ […]


zaw winJuly 5, 20121min04
ငါ့ဘေးနားကလူတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်သွားကြပြီ ငါရော ဘယ်နေ့ပျောက်မှာလဲ သူတို့တွေ ဘာတွေယူသွားကြသလဲ ကုသိုလ်တွေလား အကုသိုလ်တွေလား ဘယ်ကိုရောက်သွားကြမှာလဲ ငါရော ဘာတွေယူသွားရမလဲ ဒါန သီလ ဘာဝနာ ဒါတွေယူသွားရင်ကောင်းမယ် မင်းသုတ 13:25 5.7.2012


alinsettJuly 5, 20121min07
” ဘာဘာ ကျွန်တော့်အား လေးလေးနက်နက်ပြောနေပုံမှာ စိုးရာယာ တွင် ရင်သားကင်ဆာပဲ ရှိနေတော့သယောင် အတည်ကြီးဖြစ်နေသည်။ ”ဖြစ်ရလေ …” ”ကောင်မလေးက သိက္ခာရှိတယ်လို့ကြားတယ်။ အလုပ်လုပ်တယ်။ စိတ်သဘော နူးညံ့တယ်။ ဒါပေမယ့် ချစ်ရေးဆိုတဲ့လူ မရှိတော့ဘူူး။ ဗိုလ်ချုပ်ကြီးရဲ့ အိမ်တံခါးကို ဘယ်သူမှ လာမခေါက်တော့ဘူး” ဘာဘာ သက်ပြင်းချသည်။ _______________________ ဗိုလ်ချုပ်ကြီးရဲ့ အိမ်တံခါးကို ဘယ်သူမှ လာမခေါက်တော့ဘူး” ဘာဘာ သက်ပြင်းချသည်။ ”လောကကြီးဟာ မတရားဘူး။ သုံးလေးရက်အတွင်း ဖြစ်ခဲ့တဲ့ကိစ္စကြောင့် တစ်ဘဝလုံး ပြောင်းလဲသွားတယ်။ တစ်ခါတလေများ တစ်ရက်ထဲဖြစ်ခဲ့တဲ့ ကိစ္စကြောင့် တစ်ဘဝ လုံး ပြောင်းလဲသွားတယ်” ထိုညက ကျွန်တော်သည် အိပ်ယာထဲ မျက်လုံးကြောင်တောင်နှင့် စိုးရာယာ၏ တံဇဉ်ပုံ မွေးရာပါအမှတ်ကလေးကို သတိရနေသည်။ ကျွန်တော့်ရင်က ပရမ်းပတာ။ ပြေပြေကလေး […]


၁။ ””မေ့တတ်လိုက်ပုံများ”” စိတ်ရောဂါကုပါရဂူကြီးသည် သူ၏ခြံထဲတွင်စိုက်ထားသောသစ်ပင်မ ျား ရေမလောင်းရသည်မှာ အတော်ကြာနေပြီဖြစ်သဖြင့် ရေပုံးလေးဆွဲ၍ အပြင်သို့ ထွက်မည်အပြုတွင် မိန်းမဖြစ်သူမှ လှမ်းအော်ပြောလေသည်။ မိန်းမ…” ဟဲ့..ယောကျင်္ား ဒါကဘယ်တုန်း ” ယောကျင်္ား… ” ခြံထဲဆင်းပြီး ပန်းပင်ရေလောင်းမလို့လေကွာ” မိန်းမ…” ရှင်ရူးနေလား …အပြင်မှာ မိုးရွာနေတာကို ” ယောကျင်္ား…” အော်အေ..မင်းပြောမှဘဲသတိရတော့တရ်…ထီးယူဖို့မေ့နေတရ်..”