alinsettJuly 3, 20121min07
”ကောလိပ်တက်ဖို့ ကားလိုမယ်လေကွာ” ကျွန်တော် မျက်ရည်ဝိုင်းရပြီ။ ဘာဘာ့လက်ကို ကျွန်တော်ဆွဲယူပြီး ဖျစ် ထားသည်။ မျက်နှာများကိုကွယ်ထားသော မှောင်ရိပ်ကိုသာ ကျေးဇူးတင်မိတော့သည်။ ”ကျေးဇူးတင်ပါတယ်၊ ဘာဘာ” ကျွန်တော်တို့ကားထဲမှ ထွက်ပြီး ဖို့ဒ်ကားထဲဝင်သည်။ အပြာရင့်ရောင် ဂရင်းတော်ရီနိုကားဟု ဘာဘာဆိုသည်။ တိုက်တန်းကိုပတ်ပြီး ကျွန်တော် ကားမောင်း သည်။ ဘရိတ်၊ ရေဒီယိုနှင့် အချိုးအကွေ့ပြခလုတ်တို့ကို စစ်ဆေးသည်။ တိုက်တန်း မြေကွက်လပ်တွင် ကားရပ်ပြီး အင်ဂျင်ကို စက်သတ်သည်။ ”ကျေးဇူးတင်ပါတယ် ဘာဘာ” ……………………… ………………………. ………………………….. ____________________________________- ”ကျေးဇူးတင်ပါတယ် ဘာဘာ” တကယ်တော့ သည့်ထက်များများ ပြောပြချင်ပါသည်။ ဘာဘာ့မေတ္တာ အတွက်၊ ဘာဘာလုပ်ပေးခဲ့သမျှ အဝဝအတွက် ကျွန်တော် မည်မျှတန်ဖိုးထားကြောင်း၊ မည်မျှစိတ်ထိခိုက်ရကြောင်း ပြောပြချင်ပါသည်။ သို့သော် ”ကျေးဇူးတင်ပါတယ်” ဟုသာ ပြောထွက်ခဲ့သည်။ […]


htet wayJuly 2, 20121min010
အိမ်မဲမြို့နယ် အသင်းက အိမ်မဲ မြို့နယ် တွင်းမှာ နောင်ရိုး တိုက်ပွဲဖြစ်ပွားခဲ့တယ် ဆိုတဲ့ ကျောင်းသုံး စာအုပ် ပြဋ္ဌာန်း ချက်အပေါ်မှာ သမိုင်း သုသေသနတွေ လုပ်ဖို့ စိတ်အား ထက်သန်ခဲ့ကြပါတယ်။သမိုင်ပညာရှင်ကြီးတွေကို ချည်းကပ်ပြီး ကွင်းဆင်းလေ့လာခဲ့ကြပါတယ်။ သမိုင်းပညာရှင်ဒေါက်တာ သန်းထွန်း ထံ အကူညီတောင်း လို့ ၂၀၀၅ ခုနှစ်မှာ အိမ်မဲမြို့ နယ်ကို ကွင်းဆင်းလေ့လာမူတွေ ပြု လို့ သမိုင်း အချက်အလက်သဲလွန်စကို ရှာဖွေ ကြပါတယ်။ ဆရာကြီး ဒေါက်တာသန်းထွန်း နဲ့အတူ သမိုင်းပညာရှင် ဒေါက်တာတိုးလှ ဒါရိုက်တာ စာရေးဆာ အောင်စိုးဦးနဲ့ အိမ်မဲမြို့နယ် အသင်း ဥက္ကဋ္ဌ ဆရာကြီး ဦးမြင့်စိုး ဦးဆောင်တဲ့ အိမ်မဲမြို့နယ် အသင်း က နယ်မြကို သူသေသန လုပ်ဖို့ […]


ယခုတလော ကျနော်တို့ရွာ မန်းဂေဇက်မှာ ဟိုအရေး ဒီအရေး ဘာအရေး ညာအရေးတွေကြောင့် ငြင်းကျ ခုံကျ ဆဲကြ ဆိုကြနဲ့ တော်တော်လေး ရှုပ်ရှက်ခက်နေတယ်။ မန်းဂေဇက်ဆိုတာ လူတော်တော် များများရဲ့ စိတ်ဝင်စားမှုကို ခံရပီး လက်တဲ့စမ်းချင်သူတွေ သွေးတိုးစမ်းချင်သူတွေပါ လှုပ်လှုပ်ရှားရှား အုတ်အော် သောင်းတင်း ဖြစ်လာပါတယ် ပြောချင်တာက ကျနော်တို့ရေးတာတွေပဲဖတ် ခင်ဗျားတို့ မလုပ်ရဘူးလို့ ခွဲခြားပြောဆို ချင်တာမဟုတ်ပါ လာပါ ဖတ်ပါ ဆွေးနွေးပါ ဘယ်သူ့မှ သောက်ဂရု မစိုက်တောင် ဆာဗာလေးတာလေးတော့ ဂရုစိုက်စေချင်တယ် ခုတလော ဝင်လာတဲ့ သူတွေ တော်တော်များများက မန်းဂေဇက်ကို သူတို့မြင်ခဲ့ တွေခဲ့ ဝင်ခဲ့ ဆဲခဲ့ ရေးခဲ့ဖူးကြတဲ့ ဆိုဒ်တကာ ဆိုဒ်တွေလို ဝင်လာကြ ဆွေးနွေးတာထက် ထင်ရာမြင်ရာပြောပီး ဆဲကြ အပေါ်ကရေးထားတဲ့ […]


alinsettJuly 1, 20121min05
____________________- –”သားလေး … အသက်လည်းမရှူဘူး။ အလာဟ်အရှင် … သားလေးအသက်ရှူလာအောင် ကယ်တော်မူပါ” ဘာဘာက အနီးတွင် ဒူးထောက်ထိုင်ချပြီး ငိုကြွေးနေသူ၏ ပခုံးကိုသိုင်း ဖက်သည်။ သို့သော် ကာမဲ၏ဖခင်သည် ဘာဘာ့ထံမှလွှဲဖယ်ပြီး ယာဉ်မောင်းကာရင် ဆီ ဝုန်းခနဲရောက်သွားသည်။ အဖြစ်အပျက်သည် မြန်ဆန်လွန်းအားကြီး၍ အသတ် အပုတ်ဟုပင်ပြော၍မရ။ ကာရင်သည် တစ်ချက်သာအော်လိုက်နိုင်ပြီး မြောက်သွား သောလက်တစ်ဖက်နှင့် ခြေတစ်ချက်ကန်အထုတ်ကိုသာ ကျွန်တော်မြင်လိုက်သည်။ ကာမဲဖခင်ကြီး၏ လက်ထဲတွင် ယာဉ်မောင်းကာရင်၏သေနတ်။ ”မပစ်ပါနဲ့” ဟု ကာရင်အော်သည်။ ဘယ်သူမှမတားလိုက်နိုင်ခင် ကာမဲ၏အဖေသည် သေနတ်ပြောင်းဝကို သူ့ပါးစပ်ထဲ သူပြန်ငုံလိုက်သည်။ ထိုသေနတ်ပေါက်ကွဲသံကို ကျွန်တော် သည်တစ် သက် ဘယ်တော့မှမမေ့နိုင်တော့ပြီ။ ဝင်းခနဲမီးပွင့်ကာ ဖြန်းခနဲပန်းထွက်လာသော သွေးများ …။ ……………………….. _______________________________ အခန်း (၁၁) ဖရီးမောင့်၊ […]


black chawJuly 1, 20123min063
ကြွားတယ် ထင်ရင်လည်း ခံရတော့မှာပဲ ကျောင်းဒကာရေ…။ ထူးအိမ်သင်ဆိုတဲ့ ပုဂ္ဂိုလ်အကျော်အမော်ကြီး နဲ့ ဘလက်ဆိုတဲ့ အညတြပုဂ္ဂိုလ်လေး တစ်ယောက်တို့ဟာ တစ်စားပွဲထဲထိုင်ပြီး စကားတွေ ပြောခဲ့ဘူးတယ်ဆိုရင် ကြွားတယ်ထင်ကြမှာလား ဟင်င်င်င်…။ ကဲ မြန်မာကားတွေလို နောက်ကြောင်းနည်းနည်း ပြန်ကြမယ်ဗျာ…။ တစ်ခါသားမှာပေါ့ ထူးအိမ်သင်ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းစာရင်းဝင် ကိုကြွက်နီ (ခေါ်) သိမ်းတင်သား ဟာ အင်တာဗျူး ဂျာနယ်ရဲ့ တာဝန်ခံအယ်ဒီတာ ဖြစ်ခဲ့ဘူးပါသတဲ့…။ အဲဒီအချိန်မှာပဲ အင်တာဗျူးဂျာနယ်ရဲ့ တာဝန်ခံ အယ်ဒီတာ သိမ်းတင်သား နဲ့ အင်မတန်အဖွဲ့ကျနေခဲ့တဲ့ ပုဂ္ဂိုလ်လေးတစ်ယောက်ကတော့ ကျွနုပ်ဘလက် ပဲပေါ့ခင်ဗျာ…။ အမှတ်မမှားဘူးဆိုရင် ၂၀၀၁ ခုနှစ်လောက်ကပေါ့…။ တစ်ခုသောညနေခင်းတစ်ခုမှာ အင်တာဗျူးဂျာနယ်တိုက်ရဲ့ တာဝန်ခံအယ်ဒီတာစားပွဲရှေ့မှာ တစ်စုံတစ်ခုသော ကိစ္စနဲ့ ဘလက်ကျွန်ုပ်ဟာ ရောက်ရှိနေခိုက်ပေါ့…။ (အဲဒီတုန်းက အင်တာဗျူးဂျာနယ်တိုက်ဟာ ယုဇနဟိုတယ်ဘေးလမ်းကြားက တိုက်တန်းမှာ […]


same kyawJuly 1, 20121min05
အခုအခါ မြန်မာ နိုင်ငံသူား တို့ဟာ ကမာ္ဘအနှံ့ရှိနေကြပါပြီ မလေးရှားလို နေရာ တော့ပြောမနေနဲ့ ဘယ်နေရာကြည့်ကြည့်မြန်မာတွေ ရှိတယ်။ ဒါကြောင့်အခုရေးတာ အရင်ကလည်းတခြားသူရေး ကောင်းရေးပါလိမ့်မယ်။ဒါပေမဲ့စာကြေတယ် သဘောထားပြီး  အားပေးပါ။ မလေးရှားနိုင်ငံရဲ့စတုထ္ထမြောက် ဝန်ကြီးချူပ် ဒေါက်တာ မဟာသီယာ ဘင် မိုဟာမက် ဟာ မြန်မာတို့အတုယူရမဲ့ဝန်ကြီးချူပ် တယောက်ဖြစ်တယ်ဆိုတာ မမေ့အပ်ဘူး။သူဟာ ၁၉၈၁-၂၀၀၃ခုနှစ်အထိ မလေးရှားကို ၂၂နှစ်အုပ်ချူပ်ခဲ့တဲ့  သက်တန်းအရှည် ဆုံးဝန်ကြီးဖြစ်တယ်။၂၀၀၃ခုနှစ်မှာ ပြည်သူတွေ ဆန္ဒ အရ ရာထူးမှ ဆင်းပေးခဲ့တဲ့သူပါ။  သူ့လက်ထက် မလေးရှား အာစီယံ ဥက္ကဌ ဖြစ်တုံးက  အနောက်အုပ်စုတွေ ကန့်ကွက်တဲ့ကြားထဲ နေ မြန်မာပြည်ကို အာစီယံနိုင်ငံအဖြစ် သွင်းပေးခဲ့သူပါ။အဲ့ဒါေြကာင့် အနောက်အုပ်စုတွေ စီးပွားရေးပိတ်ဆို့မှု့ကြောင့် စီးပွားရေး အခက်တွေ့ခဲ့ပါသေးတယ်။ဒါပေမဲ့ သူ့ရဲ့ဥဏ်အမျော်အမြင် ကြီးတဲ့အတွက် ဒါကိုကြိုးစားပြီး ရုန်းထွက်နိုင်ခဲ့တယ်။ ၂၂နှစ်ကာလ […]


Mr. MarGaJuly 1, 20128min0
အမှတ်လေးကို ရောက်လာပါပေါ့ တစ်ခန်းထက်တစ်ခန်း ကဗျာတွေကလဲ ပိုလို့ ပိုလို့ ကောင်းလာတယ်လို့တောင် ပြောရမလား မသိ ဒီ ပြခန်းမှာ ကဗျာ ဆယ့်ခြောက်ပုဒ် ထည့်သွင်း ပြသထားပါတယ်ဗျို့ အဲ……..အဲ မေ့တော့မလို့ ဒီအပတ် ပြခန်းပို့စ် တင်တဲ့ အမွန်က ပေးထားတဲ့ ကဗျာဆောင်းပါး တစ်ပုဒ် ရှိသေးတယ် ရှေ့ပို့စ်မှာ နေရာမလောက်လို့ ဒီမှာ ထည့်ပေးလိုက်ပါတယ်ခင်ဗျ။ ၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလ ထုတ် “တော်လှန်ကဗျာ” စာအုပ်မှာ ပါတဲ့  ဆရာကြီး ဒဂုန်တာရာ ရဲ့  အမှာစာပါ ခင်ဗျ။ (၁) ခေတ်ပေါ်ကဗျာသည် ဘာလဲ။ ခေတ်သစ်ကဗျာဟု ဆိုသူက ဆိုကြသည်။ မျက်မှောက်ခေတ်ကဗျာဟု ဝေဘန်ရေးဆရာတချို့က နာမည်ပေးကြသည်။ ယနေ့ လက်ရှိ ကဗျာရေးနေကြသူများရော၊ စာဖတ်ပရိသတ်ကပါ ယင်းဝေါဟာရသစ်ကို ပြဿနာမလုပ်ကြ။ ယင်းဝေါဟာရသစ်ကို ဘယ်ကဗျာဆရာကမှ အငြင်းပွါးမနေကြတော့။ သူတို့အားလုံးရင်ထဲက ကဗျာသစ်ပါတကားဟု ခံစားကြသောကြောင့် ဖြစ်သည်။ […]


naywoon niJune 29, 20121min017
ဆဲတဲ့ အကြောင်းနဲ့ ပတ်သက်ပြီလိုက်ရှာကြည့်တော့ သုခမှတ်စု စာမျက်နှာ 205 နဲ့ 206 မှာ ဒီလိုတွေ့တယ်…။ ရဟန်းတို့ ဆဲရေးခြင်း ၁ဝ ပါး။ ၁။ ဇာတိ = ယုတ်မာသောအမျိုးဟု ဇာတိကိုပြ၍ ဆဲရေးခြင်း ၂။ နာမ = ယုတ်မာသောအမည်ကို ဖော်ခြင်း ၃။ ဂေါတ္တ= ယုတ်မာသောအနွယ် ၄။ ကမ္မံ = ယုတ်မာသောအမှု ၅။ သိပံ္ပ = ယုတ်မာသောအတတ် ၆။ အာဗာဓ= ယုတ်မာသောအနာ ၇။ လိင်္ဂ ိ ကံ = ယုတ်မာသောအသွင် ၈။ ကိလေသာ = ယုတ်မာသောကိလေသာ ၉။ အာပတ္တိ = ယုတ်မာသောအာပတ် ၁၀။ အက္ကောသော= […]


Ko out of...June 29, 20121min039
ဘာသာရေးဆိုတဲ့… ကိုယ်းကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး ငယ်ငယ်တုံးက သိပ်စိတ်မဝင်စား ခဲ့ပေမဲ့ အသက် နည်းနည်းကြီးလာတော့ ဘာသာရေးဆိုတာ ဘာဖြစ်လို့ပေါ်ပေါက်လာရသလဲ ဆိုတဲ့ အဖြေကိုရှာလာတယ်..မေးမြန်းမှုတွေပြုလာတယ်.. ကိုယ်ထက်ကြီးတဲ့ မိဘဆရာသမား ကိုမေးတော့ ဘာသာရေးဆိုတဲ့ ကိုယ်းကွယ်ယုံကြည်မှု ဟာ အကြောက်တရားကနေစတာ..စသည်ဖြင့် မှတ်သားခဲ့ရဘူးတယ်… နောက်ဘာသာရေး စာအုပ်တွေဖတ်ပြန်တော့လည်း အမေတို့ပြောသလို အကြောက်တရား ကစခဲ့တာ မှန်နေတာကိုလည်းတော်တော်များများတွေ့ရတော့.. ဟုတ်ပေမှာဘဲလေဆိုပြီး ဒီလိုဘဲ အီးယောင်ဝါးနေလာခဲ့တာ..အချိန်တွေလည်းတော်တော် ကုန်လွန်ခဲ့ရတယ်.. ဒီလို အချိန်ကုန်ရာကနေ… တနေ့မှာတော့ မိတ်ဆွေတစ်ယောက်က အမေရိကန်စာရေးဆရာဝီဒူးရတ်( အရှေ့တိုင်းယဉ်ကျေးမှုကို အနှစ် လေးဆယ်ခန့်လေ့လာသူ)ရေသားတဲ့စာအုပ်ကို ..ဗိုလ်မှုးချုပ်ဝင်းမြင့် ဘာသာပြန်ထားတဲ့ လူ့ယဉ်ကျေးမှုသမိုင်းအရှေ့တိုင်းကရသောအမွေ စာအုပ်ကိုပေးဖတ်တော့ အဲဒီစာအုပ်ဖတ်ပြီး အသိတရားတွေ တော်တော်ရသွားတယ်.. အဲဒီစာအုပ်ကို ဖတ်ပြီးတော့ ဘယ်လို သုံးသပ်မိလည်း ဆိုတော့ အော်..ဘာသာရေးဆိုတာ အကြောက်တရား ကနေဘဲစတယ်လို့ထင်နေတာ.. အခုတော့ ဘာသာရေးဆိုတာ […]


alinsettJune 29, 20121min05
သေနတ်သံမြည်ဟိန်းသွားသည်။ ပြီးပြီ။ သွားပြီ။ ကျွန်တော့်အသက် တစ်ဆယ့်ရှစ်နှစ်။ လောကကြီးထဲ တစ်ကောင်ကြွက်တစ်မျက်နှာ။ ဘာဘာကွယ်လွန်ပြီ။ ဘာဘာ့သက်မဲ့ခန္ဓာကို မြှုပ် ရတော့မည်။ ဘယ်မှာများသွားမြှုပ်ရပါ့။ ပြီးလျှင် ကျွန်တော်က ဘယ်စခန်းမြန်းရပါ့။ မျက်ခွံကို ကယောင်ချောက်ခြားဖွင့်ကြည့်ရာ………………….. _______________________ မျက်ခွံကို ကယောင်ချောက်ခြားဖွင့်ကြည့်ရာ မတ်တပ်ရပ်နေဆဲဘာဘာနှင့် အခြားရုရှားအရာရှိတစ်ယောက်ကို တွေ့ရသည်။ ကျွန်တော့်ခေါင်းထဲမှ ချားရဟတ် လည်နေသော အတွေးများ ရပ်တန့်သွားသည်။ စောစောကသေနတ်သံမှာ ထိုအရာရှိ မိုးပေါ်ထောင်ထားသော သေနတ်ပြောင်းဝမှ ထွက်ပေါ်လာခြင်းဖြစ်၏။ ပြောင်းဝတွင် ယမ်းငွေ့လူနေသည်။ ဘာဘာ့ကို သတ်မလိုလုပ်ခဲ့သောစစ်သားသည် သူ့ပစ္စတိုကို သေနတ်အိတ်ထဲ ပြန်သိမ်းပြီးနေပြီ။ ခုတော့လည်း ခြေထောက်ကို ဟိုရှပ်သည်ရှပ် တောင်တိုက်မြောက်တိုက်။ ကျွန်တော့်မှာတော့ ရယ်ရအခက်ငိုရအခက်။ ကျွန်တော်တို့အား ဖာစီလို မတောက်တစ်ခေါက်နှင့် ငယ်သားများ၏အပြု အမူအတွက် တောင်းပန်နေသော ရုရှားအရာရှိသည် ဆံပင်များဖြူ၍ ကိုယ်ခန္ဓာခိုင်ဖြီး […]


mamanoyarJune 29, 20121min019
မိုး မိုးဆိုတာနဲ့ သန်းထွဏ်းလေးရဲ့ “ မိုးရွာမှ ပျိုးသာနိုင်မလေ ………… “ ဆိုတဲ့ သီချင်းစာသားလေးကို အမှတ်ရမိပါတယ်။ မှန်ပါတယ် မိုးရွာမှ တောင်သူလယ်သမားများအတွက် အဆင်ပြေမှာပါ။ ဒါပေမယ့် အခုအရမ်းကို မိုးနည်းနေလို့ တောင်သူလယ်သမားတွေ အရမ်းစိတ်ညစ်နေရပါတယ်။ နောက်တစ်ခုက ရွာဘက်တွေမှာ အရမ်းရေရှားပါတယ်။ မိုးရွာလို့ ဆယ်မြောင်းတွေ ပြည့်မှ သောက်ရေ သုံးရေ ရရှိကြတာဖြစ်ပါတယ်။ အခုလို မိုးမရွာတော့ တောင်သူလယ်သမားတွေနဲ့ ရွာသူရွာသားတွေအဖို့ ရင်လေးစရာပါ။ တောင်သူမရှိတဲ့ ရန်ကုန်မှာတော့ နေ့တိုင်းလိုလို မိုးရွာနေတယ်လို့ ကြားရပါတယ်။ အင်းးးးးးးးးးး မိုးမင်းကြီးကို ဂေဇက်ရွာသူ ရွာသားများ  မိုးရွာအောင် ဝိုင်းပြီးဆုတောင်းပေးကြပါဦးလို့ တောင်းဆိုပါတယ်ရှင်။ ပြောမယ့်သာပြောရတယ် ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်……………………………………………………………………………………


“စာပေ” ၏ ဝိသေသနဖြစ်သော “ဂန္ထဝင်” ဟူသော ဝေါဟာရကို အဘိဓာန်များတွင် မည်သို့ ဖွင့်ဆိုထားကြောင်း လေ့လာကြည့်သောအခါ “ဂန္ထဝင်” သည် ပါဠိ “ဂန္ထ + ဝံသ” မှ ဆင်းသက်ကြောင်း၊ “ဂန္ထ” သည် “ကျမ်းဂန်” ဟု အဓိပ္ပါယ်ရ၍ “ဝံသ” သည် “အစဉ်” ဟု အဓိပ္ပါယ်ရကြောင်း ရှင်းလင်းပြီး “ဂန္ထဝင်” ကို “စာပေသမိုင်း၊ ကျမ်းဂန်သမိုင်း၊ သမိုင်းဝင်စာပေ” ဟူ၍ ဖွင့်ဆိုကြသည်ကို တွေ့ရပါသည်။ တစ်ဖန် “ဂန္ထဝင်” ကို “Classic” ဟူသော အနောက်တိုင်း စာပေဝေါဟာရ နှင့်လည်း သဘောတူ အဓိပ္ပါယ်တူ သုံးနှုန်းတတ်ကြသည်ကို တွေ့ရပါသည်။ “Classic” ကို “ဂန္ထဝင်စာပေ” ဟူ၍ လည်းကောင်း၊ “ဂန္ထဝင်မြောက်စာပေ” […]