mickylayApril 20, 20101min04
1-ရယ်မောပါ သင့်အနေနဲ့ အူလှိုက်သည်းလှိုက် ရယ်မောပြီးနောက်ပိုင်းမှာ ပိုပြီးနေလို့ ထိုင်လို့ကောင်းလာတာမျိုး ခံစားဖူးမှာပါ ။ ရယ်မောပြီးချိန်မှာ ပုံမှန်အနေထား ပြန်ရောက်သွားပြီဆိုရင် သင့်ရဲ့စိတ်ညစ်စရာ ပြသနာတွေထဲက ခဏတာ လွတ် မြောက်ခွင့် ရသွားလို့ ပိုပြီးလန်းဆန်းသစ်လွင်လာတာကို ခံစားမိမှာပါ။ဒါဟာ လတ်ဆတ်တဲ့ အမြင်သစ် ၊ အတွေးသစ် တွေရရှိဖို့ နည်းကောင်းတစ်ခုပါပဲ။ 2-အနားယူချိန် သတ်မှတ်ပါ.. တစ်ခဏတာ စိတ်ကိုအနားပေးပြီး သင့်ရဲ့စိတ်ကူးတွေထဲမှာ မျောနေပါစေ။ ဒါမှမဟုတ် ( 10 )မိနစ်လောက် ကိုယ်နှစ် သက် ရာ ဘလော့ဂ်တွေကို ဝင်ကြည့်တာဖြစ်ဖြစ် ၊ စိတ်ရှင်းသွားအောင် လမ်းလျှောက်တာဖြစ်ဖြစ် လုပ်ပေးပါ။ ဒီလို အနားယူချိန်လေး ထားပေးခြင်းအားဖြင့် သင့်စိတ်ကို တစ်ဖန်ပြန်လည် လန်းဆန်းစေနိုင်ပါတယ်။ 3-သင့်မှာ အရာအားလုံးတော့ မရှိနိုင်တာ သဘောပေါက်ပါ ပိုကောင်းတဲ့အရာကို […]


BayoteApril 9, 20101min03
ဒီလိုနဲ့ ကျနော် အများပြောကြတဲ့ စင်္ကာပူ ဆိုတာကို ရောက်ခဲ့တော့တယ်။ သူငယ်ချင်းက လာကြိုပါတယ်။ ပြီးတော့ Passport တောင်းပြီး ကဒ်လေးတစ်ခုလုပ်လာတယ်။ပြီးတော့ သူတို့ခေါ် MRTပေါ် တက်ခဲ့တော့တယ်။ ကျနော်တွေ့ခဲ့တာ တစ်ခု က စည်းကမ်းကြီးတာတစ်ခု ပါ။ ဘယ်အရာမဆို စည်းနဲ့ ဘောင်နဲ့မှ တိုးတက်တယ်ဆိုတာသိခဲ့ရတယ်။ ကျနော် တခြားနိုင်ငံရောက်နေပါပြီ။ ကျနော့်ရင်ထဲမှာ ငါဒီနိုင်ငံသားလေးဖြစ်ယင်ကောင်းမှာပေါ့။ ကဒ်တွေလည်း အမျိုးမျိုးပေါ့။ Spass, EP, PR, Citizen ပေါ့။ ကျနော်က တော့ တစ်လနေခွင့်ကဒ်ပေါ့။ တိုက်တာတွေကလည်း အမြင့်ကြီးပေါ့။ မီးတွေကလည်း ညဆို ထိန်ထိန်လင်းလို့။ နိုင်ငံချမ်းသာတာကိုတွေ့လိုက်ရတယ်။ အဲကျနော် ပြောချင်တာ က နိုင်ငံသားအခွင့်အရေး။ သူတို့နိုင်ငံသားဆို အကြွေးဝယ်လို့ရတယ်။ ဆေးရုံ အလကားတက်လို့ရတယ်။ လစဉ်လေးနဲ့ ဝယ်လို့ရတယ်။ ဪ […]


lu ta loneApril 3, 20101min01
ရှေ့လာမည့် ကပွဲအတွက် ဆယ်ကျော်သက်အရွယ် ကောင်မလေးတယောက်သည် ဆံပင်ကို ပုံစံသစ်အမျိုးမျိုးဖြင့် ဆင်ယဉ်ထုံးဖွဲ့ကြည့်နေပါသည်.. နောက်ဆုံး သူမ အကြိုက်ဆုံးပုံစံတမျိုးဖြင့် ထုံးဖွဲ့ပြီးသောအခါ သူမက  သူမဧ။် အဖေကို သဘောထားမှတ်ချက် တောင်းပါသည်.. ထို့နောက် သူမဧ။် အိပ်ခန်းသို့ ပြန်သွားသောအခါ သူမက သူမဧ။် အချစ်ဆုံး သူငယ်ချင်းကို ပြောလိုက်သည်မှာ      ” အဖိုးကြီးနဲ့ အဖွားကြီးတယောက်မှ မကြိုက်ဘူး ဆိုတော့၊ ဒါ ခေတ်မှီ ပုံစံပဲဖြစ်မယ်.. ဒီပုံပဲ ကောင်းပါတယ်..” ဆိုပဲဗျ… သဘောတရားကတော့ဗျာ..လူကြီးနဲ့ လူငယ်ကြားက Generation Gap ကို ဘယ်လို ဖယ်ရှားမလဲ ဆိုတာပါပဲ…


lu ta loneApril 3, 20101min01
Myinttar ရပ်ခံချက်တွေကို ငြင်းဖို့ အကြောင်းပြချက်ကောင်းတွေ ရှိပါတယ်.. ဥပမာ တခုခုကို ဘာလုပ်ရမှန်းမသိဘူး.. အလုပ်တွေ အရမ်းများနေလို့၊ ဒါ ကျွန်တော့်အလုပ်နဲ့ မဆိုင်ပါဘူး.. ဒါမှမဟုတ် အခြားတယောက်လုပ်ရင် ပိုပြီးတော့ အဆင်ပြေပါလိမ့်မယ် ဆိုတာမျိုးတွေ ပြောနိုင်ပါတယ်… လူအတော်များများက ငြင်းရခက်နေကြတယ်.. သူတို့စိတ်ထဲမှာ အဲသည်လိုငြင်းရတာကို သဘောထားသေးသိမ်တယ်.. ကူညီချင်စိတ်မရှိဘူး.. မိတ်ဆွေတွေက ကြိုက်မှာ မဟုတ်ဘူးလို့ ခံစားတတ်ကြတယ်.. ဒါပေမဲ့ ထိုက်သင့်တဲ့ အကြောင်းတရားကြောင့် နည်းလမ်းတကျငြင်းလိုက်တဲ့အတွက် သင်အချိန်ကုန် သက်သာလိမ့်မယ်.. တခြားလူတွေ ကျေနပ်စေဖို့ အရေးမပါတဲ့ အလုပ်တွေ လုပ်နေရတာမျိုး ရှိမှာ မဟုတ်တော့ဘူး.. ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီး ပီပီပြင်ပြင် လုပ်နိုင်လိမ့်မယ်.. မိတ်ဆွေတယောက်ရဲ့ အလုပ်ကို အခုမလုပ်နိုင်ဘူးဟု ပြောလိုက်တာက အခုလုပ်မယ်လို့ ပြောပြီးတော့မှ မလုပ်နိုင်တာနဲ့ စာရင် ပိုကောင်းပါသေးတယ်… […]


lu ta loneApril 3, 20101min09
မေး…        လက်ရေးတိုနှင့် လက်နှိပ်စက် လုံမငယ်လေးတဦးသည် ထမင်းစားချိန်တွင် ကုမ်ပဏီဧ။်နားနေခန်းတွင် နှုတ်ခမ်းနီဆိုးနေခိုက်၊ နောက်ပြန်လန်ကျသဖြင့် ယင်းအတွက် သူမသည် တာဝန်ထမ်းဆောင်နေခိုက် ဒဏ်ရာရမှုအနေဖြင့် လျော်ကြေးတောင်းခံနိုင်ပါသလား…? ဖြေ…        ဟုတ်ကဲ့၊ တောင်းခံနိုင်ပါတယ်.. စိန့်လူးဝစ်အယူခံရုံးက ပြောပါသည်… စီးပွားရေးလုပ်ငန်းဧ။် ရှင်းပြစရာမလိုဘဲ၊ မှန်နေတဲ့၊ နဂိုမှန်အဆို Axiom တခုက သက်တောင့်သက်သာရှိသော ဝန်ထမ်းများသည် သူတို့ဧ။် တာဝန်များကိုပိုပြီး ကျွမ်းကျင်စွာ ထမ်းဆောင်နိုင်သည်ဟူပြီး ဖြစ်ပါသည်…ထို့ပြင် အလှပြင်ဆင်မွမ်းမံခြင်းသည် အမျိုးသမီးလုပ်သားများအဖို့ သက်တောင့်သက်သာရှိရာရှိကြောင်း နည်းလမ်းကောင်းတခုဖြစ်ပါသည်…နှုတ်ခမ်းနီဆိုးခြင်းသည် လုပ်ငန်းခွင်တွင် အလုပ်ရှင်အား အကျိုးရှိစေပါသည်… သဘောကျရဲ့လားဗျာ..Post လေးကို…အတည်လိုလို နောက်ထားတာပါ…  😛


lu ta loneApril 2, 20101min02
တနေ့တွင် မုဆိုးတဦးသည် အီစွတ် (Aesop) ထံ အလည်လာသောအခါ အင်မတန်ကျော်ကြားသောလူက သူဧ။် အိမ်မွေးစာကလေး (Pet Sparrow) ဖြင့် ဆော့ကစားနေသည်ကို တွေ့သဖြင့် အလွန်အံ့ဩသွားသည်.. သို့နှင့် အီစွတ်အား “ကစားခြင်းဖြင့် ဘာကြောင့် အချိန်ဖြုန်းတီးနေသလဲ..? စာကလေးလို အသုံးမဝင်လှတဲ့အရာကို ဘာကြောင့် အချိန်ပေးရသလဲ..? “ ဟုမေးလိုက်သည်.. အီစွတ်သည် သူ့အား အံ့ဩစွာကြည့်ပြီး “ ခင်ဗျားရဲ့ လေးပေါ်က ကြိုးက ဘာကြောင့်တင်းမနေတာလဲ..? “ ဟု ပြန်မေးလိုက်သည်… “ တချိန်လုံး တင်ထားလို့ မရဘူးဗျ “ မုဆိုးက ရှင်းပြသည်.. “ သို့မဟုတ်က ၎င်းဟာ တင်းအားလျော့သွားပြီး မြားပစ်ရာမှာ အသုံးမဝင် ဖြစ်သွားမှာပေါ့ “ ဟုပြောလိုက်သည်… “ သူငယ်ချင်း […]


lu ta loneApril 1, 20101min09
လက်ရှိမြန်မာများ သုံးစွဲနေသော                                                       ဆင်းသက်ရာမူရင်းနိုင်ငံနှင့် ဝေါဟာရ အမည်                                                                                 လူမျိုးစကား ဘိုကေ                   […]


lu ta loneApril 1, 20101min04
ညကမှ ဖတ်မိတာပါ..ဆောင်းပါးလေးက မဆိုးဘူးပြောရမယ်ဗျ.. အိုင်ဒီယာတမျိုးပေါ့.. သူပြောသလိုလေး တွေးကြည့်တော့ ဟုတ်သလိုလိုပဲ.. အုန်းမြင့်(ကော့သောင်း-၁) ရေးထားတာပါ.. ဖိနပ်တရန်ကို လူတယောက်စီးရသည့် ရည်ရွယ်ချက်မှာ ခြေဖဝါးတစုံအား အန်တရာယ်အမျိုးမျိုးမှ အကာအကွယ်ပေးရန် အတွက်သာ ဖြစ်သည်တဲ့…ကားတာယာဖိနပ်ဖြစ်ဖြစ်၊ ရော်ဘာဖိနပ်ဖြစ်ဖြစ်၊ သားရေတုဖိနပ်ဖြစ်ဖြစ်၊ အကောင်းစားသားရေစစ်ဖိနပ်ဖြစ်ဖြစ်  ဖိနပ်တရန်ရဲ့ ဖြည့်ဆည်းပေးနိုင်မှုက လမ်းလျှောက်ရန် လူတယောက်အတွက် ခြေဖဝါးတစုံသာပါပဲတဲ့… လူတကိုယ်လုံးရဲ့ အောက်ဆုံးခြေဖဝါးမှာ ချနင်းခံရတဲ့ ဖိနပ်တရန်ရဲ့ တန်ဖိုးအနည်းအများက လူတယောက်ရဲ့ ဂုဏ်သိက်ခါမဟုတ်လို့ သူကယုံကြည်ပါတယ်တဲ့..ဖိနပ်ပေါ်က ခြေထောက်အစုံရဲ့ အရည်အချင်းကသာ ထိုသူရဲ့ ဂုဏ်သိက်ခါကို မြှင့်တင်ပေးနိုင်လိမ့်မည်တဲ့… တကယ်တမ်း အစစ်အမှန်လိုအပ်တာက ကိုယ့်ခြေထောက်အပေါ်မှာ ကိုယ့်ဂုဏ်သိက်ခါရှိစွာ မားမားမတ်မတ် ရပ်နိုင်တဲ့ လူတယောက်ဖြစ်ဖို့သာ အဓိက မဟုတ်ပါလားတဲ့… အဲလိုလေး သူကရေးထားပါတယ်ဗျာ…ထုံးစံအတိုင်း Comment လေးပေးကြပါဦး.. ပရိသတ်က အားဆေးပါ…ဟဲ…


lu ta loneApril 1, 20101min00
ကဗျာလေးက ရသအနေနဲ့ ကြည့်ရင် ကောင်းပါတယ်.. ဘာသာရေးဘက်ကကြည့်ရင်တော့ နည်းနည်းလေးများ ရိုင်းနေမလားပဲ.. ဒါပေမဲ့ Creation လို့ပဲ ယူဆလိုက်ပါတယ်.. ပရိသတ်ကြီးကရော ဘယ်လိုထင်ပါသလဲ..ပြောပြပေးကြပါဦး.. God’s Little Creature When God had made the earth and sky The flowers and the trees, He then made all the animals The fish, the birds and bees. And when at last He’d finished Not one was quite the same. He said, […]


BayoteMarch 26, 20101min02
ကျနော်က လူကန့်လန့် တစ်ယောက်ပါ။ ငယ်ငယ် ကဆို အရမ်းဆိုးတာပေါ.။ ဘုကလန့် လေးတွေ အမြဲ လုပ်တာပါ။ တစ်နေ့ အိမ်က ရုပ်ရှင် ကြည့်ဖို့ သွားပါလေရော။ ကျနော်လည်း အမေ့လက်ကိုတွဲပြီး ပါသွားတယ်။ “ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။” ဆိုတာပြပါလေရော။ ပြီးလဲပြီးရော နိုင်ငံတော် အလံ ကို အလေးပြုပါပေါ.။ လူတွေ ထတာကို တွေ့လိုက်ရတယ်။ ကျနော် က ထဆို ထိုင်တဲ့ကောင်။ ထိုင်ဆို ထတဲ့ လူစားမျိုး။ ကျနော်ကတော့ အိမ်က ပြောလို့ မထချင် ထချင် နဲ့ ထလိုက်ရတယ်။ စုံတွဲ တွေကို ချောင်းကြည့်တော့ မထဘူးဗျ။ အမေက ခေါင်းခေါက်လို့ လျှာထုတ်ပြီး အရှေ.ပြန်ကြည့် လိုက်ရတယ်။ ကျနော် နိုင်ငံတော် […]


kaiFebruary 9, 20101min00
Who Dat? From Wikipedia Who dat? is a chant of team support by sports fans, used especially by fans of the New Orleans Saints, an American football team. The entire chant is: “Who dat? Who dat? Who dat say dey gunna beat dem Saints?” နယူးအော်လင်းက ပရိသတ် စူပါဘောမှာ စိန့် အသင်းကို အားပေးတဲ့ ကြွေးကျော်သံပါ။ အသံထွက်ပြီး လိုက်ဆိုကြည့်ပါဦး..။ ခံစားလို့ ရနိုင်ပါလိမ့်မယ်။ […]


kaiJanuary 19, 20101min06
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မှာ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဆိုရမှာပါ။ ၁။ နောက်သင်တန်းများအတွက် စာရင်းသွင်းနိုင်ပါကြောင်းနဲ့ ကျောင်းက ဆရာ၊ ဆရာမတွေ မြန်မာပြည်မှာလို ကြိမ်လုံးကိုင်ထားပုံမရပါကြောင်း…။ ၂။ နေ့အစားအသောက်ပါတာဝန်ယူထားပုံရတာမို ့နေ့ကလေးထိန်းကျောင်းနဲ့ မှားပြီး လာအပ်ကြမှာ စိုးရိမ်ရပါကြောင်းနဲ့…။ ၃။ ယူအက်စ်ရောက်တာ တော်တော်ကြာသွားလို ့( ၃-၄နှစ်လောက်) မြန်မာစာ၊စကားမေ့သွားပြီဆိုတဲ့ အင်္ဂလိပ်လူဝင်(လူထွက်မဟုတ်) ကလေးများ တက်ကြစေလိုပါကြောင်း။(နောက်တာနော) မှတ်ချက်။  ။  အင်္ဂလိပ်လူထွက်ကလေးများ – အင်္ဂလိပ်ကျောင်းတွင်နေ အင်္ဂလိပ်ကဲ့သို့ဝတ်ဆင်ကာ အင်္ဂလိပ်စကားကိုသာပြောသူများ။ အင်္ဂလိပ်လူဝင်ကလေးများ – မြန်မာပြည်ပြင်ပသို့ အသက်ကြီးမှ ထွက်ခွာလာခဲ့သော်လည်း ဘိုလိုဝတ်ကာ ဘိုစကား(သာ)ပြောပြီး မြန်မာစာ၊စကားမေ့သွားပြီပြောသူများ။