ကျနော် ဘာလို့ နိုင်ငံ အလံကို အလေးပြုသလဲ။ နိုင်ငံသား ဖြစ်ရတာ ဘာလို့ ဂုဏ်ယူမိသလဲ။ (အပိုင်း ၁)

BayoteMarch 26, 20101min02

ကျနော်က လူကန့်လန့် တစ်ယောက်ပါ။ ငယ်ငယ် ကဆို အရမ်းဆိုးတာပေါ.။ ဘုကလန့် လေးတွေ အမြဲ လုပ်တာပါ။ တစ်နေ့ အိမ်က ရုပ်ရှင် ကြည့်ဖို့ သွားပါလေရော။ ကျနော်လည်း အမေ့လက်ကိုတွဲပြီး ပါသွားတယ်။ “ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။” ဆိုတာပြပါလေရော။ ပြီးလဲပြီးရော နိုင်ငံတော် အလံ ကို အလေးပြုပါပေါ.။ လူတွေ ထတာကို တွေ့လိုက်ရတယ်။ ကျနော် က ထဆို ထိုင်တဲ့ကောင်။ ထိုင်ဆို ထတဲ့ လူစားမျိုး။ ကျနော်ကတော့ အိမ်က ပြောလို့ မထချင် ထချင် နဲ့ ထလိုက်ရတယ်။ စုံတွဲ တွေကို ချောင်းကြည့်တော့ မထဘူးဗျ။ အမေက ခေါင်းခေါက်လို့ လျှာထုတ်ပြီး အရှေ.ပြန်ကြည့် လိုက်ရတယ်။ ကျနော် နိုင်ငံတော် အလံသာ အလေးပြုလိုက်ရတယ်။ စိတ်ထဲ ဘာခံစားချက်မရှိခဲ့ဘူး။

ဒီလိုနဲ့ ကျနော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့တယ်။ မှတ်ပုံတင် ဆိုတာ လိုသေးလို့လား။ ဘာ တန်ဖိုး ရှိလို့လဲ ပေါ့။ ဒီလိုစိတ်လေး ဝင်ခဲ့မိဘူးပါတယ်။ ကျနော် နောင်လူငယ်တွေကို ကျနော်လို အမြင်၊အထင် မမှားစေဖို့ပါ။

ကျနော့ကို အလင်းတွေ ပေးခဲ့တာကတော့ နိုင်ငံခြား သွားအလုပ်လုပ် ဖို့ကြိုးစားခဲ့စဉ်ကပေါ့။ ကျနော ခံစားချက်တစ်ခုဖြစ်ခဲ့တယ်။ ပတ်စ်ပို့ လုပ်စဉ်ကပေါ့။ ပတ်စ်ပို့ လူကြီးက ကျနော့်မှတ်ပုံတင်ကို စားပွဲကို ကောင်းကောင်းမွန်မွန် မပေးပဲ စားပွဲပေါ် လှမ်းပစ်ပြီး ပေးပါတယ်။ ကျနော် သူ့ကို လက်နှစ်ဘက်နဲ့ ကောင်းကောင်းမွန်မွန် ပေးခဲ့တာပါ။ သူကတော့ တန်ဖိုးမထားသလိုပေါ့။ တခြားလူတွေကို လည်း သူဒီလိုလုပ်ခဲ့တာ တွေ့ရပါတယ်။ ကျနော့ရင်ထဲမှာ က နိုင်ငံ ဝန်ထမ်းဆိုတာ ပြည်သူတွေထက် နိုင်ငံ ကို ပိုချစ်ရမယ်။ ပြည်သူတွေကို ပိုချစ်ရမှာ မဟုတ်လား။ နိုင်ငံ မှတ်ပုံတင်ကို လေးစားသင့်တယ်လေ။

ကျနော်လေယာဉ်တက်ခဲ့တယ်။ စင်္ကာပူကို ပါ။ စင်္ကာပူ ဆိုတာ မြန်မာဆို နှိမ်တယ် လို့သူငယ်ချင်း တွေက ပြောပါတယ်။ ကျနော် လေယာဉ်ကွင်းရောက်ခဲ့တယ်။ စတွေ့ တာကတော့ “QUE” ဆိုတာပေးပါ။ မြန်မာလို “တန်းစီ”ပေါ့။ ကျော် လို့မရပါဘူး။ ကျနော့ ပတ်စ်ပို့ ပြရပါတယ်။ စင်္ကာပူ Spass, EP, PR တွေကတော့ ရင်ကော့ပြီး ဝင်သွားတာပေါ့။ ကျနော့မှာတော့ သူတို့ ယစ်တာကို ခံယင်း နှင့် Officer နဲ့ တွေ့ရတော့တာပဲ။ နောက်ဆုံးတော့ White Card မှာ ၁ လပေးတော့တယ်။                   (ဆက်လက်ဖော်ပြပါမည်။)

2 comments

  • cum min

    June 21, 2012 at 5:05 pm

    bar ko pyaw tar la’ hin

    Reply

  • Mobile

    October 20, 2012 at 6:10 pm

    ဟုတ်ကဲခင်ဗျ နောက်ဆတ်တွဲကိုထပ်ဖတ်ချင်စိတ် ကုန်ခန်းမိပါတယ်

    Reply

Leave a Reply

Your email address will not be published.